Friday, April 18, 2014

ဒေါသမောဟ ပေါများသောခေတ် သရ၀ဏ် (ပြည်)



ရွှေတိဂုံဘုရားသို.ဧည်.လမ်းညွှန်တစ်ယောက်အနေဖြင်.ကျွန်တော်မကြာမကြာရောက်ပါသည် ။ ထိုသို.ရောက်တိုင်းလည်း ဗုဒ္စဘာသာဝင်တို.သဘောထား ၊ မြတ်စွာဘုရား ၏ ဂုဏ်တော် တို.ကို တတ်နိုင်သမျှရှင်းပြပါသည် ။
သို.သော် နိုင်ငံခြားသားအတော်တော်များများမှာ ဗုဒ္စဘာသာမဟုတ်သော ဘာသာခြားများဖြစ်သဖြင်. ဂုဏ်တော်တွေ ၊ မြတ်စွာဘုရား၏ ဆံတော်တွေ ၊ဓါတ်တော်တွေကိုစိတ်မ၀င်စား ၊ သူတို.စိတ်ဝင်စားသည် မှာ ရွှေတိဂုံဘုရားပေါ်မှ ကျောက်မျက်ရတနာများဖြစ်သည် ။ ဘုရားပါတ်လည် ၀င်းဝင်းလက်အောင် ချထားသော ရွှေပြားများကို သူတို.စိတ်ဝင်စားကြသည် ။ သူတို.စိတ်ဝင်စားတော.လည်း ကျွန်တော်တို. ဧည်.လမ်းညွှန်များကဝေေ၀ဆာဆာရှင်းပြရသည်
“ ဒီရွှေတိဂုံဘုရားကြီးရဲ.စိန်ဖူးတော် ၊ ငှက်မြတ်နား ၊ဆပ်သွားဖူး ၊ ထီးတော် ၊ ငှက်ပျောဖူး(ပန်းလည်တိုင်) တွေမှာ ဗုဒ္စဘာသာဝင်များခေတ်အဆက်ဆက်ကလှူးဒါန်းထားတဲ. အဖို.တန်ကျောက်မျက်ရတနာတွေများစွာရှိပါတယ် …. စိန်ဖူးတော်မှာဆိုရင် စိန်အလုံးရေ ၄၃၅၁ ပွင်.ရှိပြီး အကြီးဆုံးစိန် ဟာ ၇၆ ကာရက် ရှိပါတယ် ၊ ငှက်မြတ်နားတော်မှာတော. စိန်လုံးရေ ၁၀၉၈ ပွင်.ရှိပြီးအခြားပတ္တမြား၊နီလာ ၊ မြ ၊ စတဲ.အဖိုးတန်ကျောက်မျက်တွေကတော. ၁၃၃၈ လုံးရှိပါတယ် ၊ ဆပ်သွားဖူးပေါ်မှာတော. ကျောက်မျက်မျိုးစုံ ၈၈၆ လုံးရှိပါတယ် ၊ စေတီတော်ကြီးကို တစ်ပေ ပါတ်လည် ရွှေပြား ပေါင်း ၃၃၆၉၉ ပြားနဲ. ရွှေချထားတာမို. ရွှေတိဂုံဘုရားမှာရှိတဲ. ရွှေသင်္ကန်းအလေးချိန်ချည်းပဲ ၃.၀၈ တန် ( ၂၀၃၄.၆၈ ပိသာ ) ရှိပါတယ် ၊ ထီးတော်မှာရွှေဆည်းလည်း ၄၀၁၆ လုံး ၊ငွေဆည်းလည်း ၄၇၄ လုံး ၊ရွှေညောင်ရွက် ၁၈၀၅ ရွက် ၊ရတနာကြုတ် ၉ခု ရှိပါတယ် “ ဟု ရှင်းပြလိုက်လျင် နိုင်ငံခြားသားများမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြပါသည် ။ ထို.ထက်အလွန် ရတနာပစ္စည်းများကိုလက်တွေ.မျက်မြင် ဗဟုသုတရစိမ်.သောငှာ စေတီတော်ရင်ပြင် ရာဟုထောင်.ရှိ ဓါတ်ပုံပြတိုက် သို.၀င်ရောက်ကာ စိန်ဖူးတော် နှင်.ငှက်မြတ်နားပေါ်မှကျောက်မျက်ရတနာများ၏အနီးကပ်ဓါတ်ပုံကို ပြလိုက်သောအခါ နိုင်ငံခြားသားများ သည် အအံ.သြကြီး အံ.သြလျက် သူတို.အားလုံးတစ်ညီတစ်ညွတ်ထဲမေးကြသောမေးခွန်းမှာ
“ ဒီရတနာပစ္စည်းတွေကိုဘယ်သူမှ မခိုးကြဘူလား “ ဟူ၍ ဖြစ်သည် ။
ထိုသို.မေးတိုင်းကျွန်တော် ဂုဏ်ယူစွာပြန်ဖြေ မိသည်မှာ ဘုရားကိုလှူထားတဲ.ပစ္စည်းတွေကို ကာယကံမြောက် ခိုးဖို.မပြောနဲ. စိတ်နဲ.တောင်ဘယ်သူမှမပြစ်မှားကြဘူး ၊ငါတို.လူမျိုးက ဆင်းရဲပေမယ်. လှူဖို.ပဲစဉ်းစားတယ် ခိုးဖို.ကိုစိတ်ကူးထဲမှာတောင်မရှိဘူး “
ထိုစကားကိုကြားလိုက်လျင် နိုင်ငံခြားသားများးသည် ခေါင်းတရမ်းရမ်းနှင်.
“ မင်းတို.နိုင်ငံမှာတော.ဟုတ်မှာပေါ . ၊ ငါတို.အနောက်တိုင်းမှာဆိုရင် တော. ကုန်တာကြာလှပြီ ၊ဒီလောက်အဖိုးတန်တာမဆိုထားနဲ. ဘုရားကျောင်း က ပ၇ိဘောဂနဲ. အခြားပစ္စည်းတွေတောင် အခိုးခံရလွန်းလို. Church ကို အမြဲသော.ခတ်ထားရတယ် “
“ အင်း ..ခုထက်ထိတော.ခေတ်ကြီးကကောင်းနေသေးတယ် ၊ ငါတို.မျိုးဆက် ကိုကျော်လွန်ပြီး နောက်မျိုးဆက်တွေမှာ ဘာတွေဖြစ်မလဲ ငါတို.မသိဘူး ၊ အင်္ဂလိပ်ခေတ်ကရော ၊ဂျပန်ခေတ်ကပါ ငါတို.ဘိုးဘေးတွေဟာ ဘုရား ဌာပနာတွေ မပျောက်ပျက်ရအောင် အသက်ပေး ကာကွယ်ခဲ.တယ် ၊ ငါတို.ခေတ်အထိလဲကာကွယ်နိုင်ဆဲပါပဲ ၊ နောင်အနာဂါတ်ကိုတော. ငါတို.လဲ မပြောနိုင်ဘူး ၊တကယ်တော. ဒီလို ဘုရားပစ္စည်းကိုမခိုးဘူးဆိုတာလဲ ဥပဒေကြောင်.ဘာကြောင်. ဆိုတာထက် လူတွေရင်ထဲမှာရှိနေသေးတဲ. ရတနာသုံးပါးပေါ်ရှိနေတဲ.သဒ္ဒါတရား ကြောင်.ပါပဲ သဒ္စါတရားဆိုတာမရှိတဲ.နေ.ကတော. အကုသိုလ်အလုပ်တွေ ဖြစ်လာကြမှာပေါ. ။ အရင်ကနဲ.စာရင်တောင် မြန်မာနိုင်ငံမှာအခုအခါ ရာဇ၀တ်မှုတွေပေါများလာပြီ ။ တိုးတက်တာကိုလက်ခံပေမယ်. တိုင်းသူပြည်သားးတွေရဲ. စိတ်ဓါတ်နဲ. စာရိတ္တပျက်လာ တာကိုတော.ငါစိုးရိမ်တယ် “
ဤစကားသည် အမှန်ဖြစ်ပေ၏ ။ခပ်ဝေးဝေးကိုမကြည်.နှင်. ကျွန်တော်တို.ငယ်စဉ်က ( ၁၉၇၀ ပြည်.လွန်ကာလများ ) ဆိုလျင် လူတို.သည် လောဘ ဒေါသ ယခုထက်များစွာနည်းသေး၏ ။ခိုးမှု ၊၀ှက်မှု ၊ လုယက်မှုဆိုသည်မှာမေ.လောက်မှတစ်ခါကြားရ၏ ။ မုဒိန်းမှုဆိုသည်မှာ မကြားဝံ.မနာသာကိစ္စကြီးတစ်ခုဖြစ်ပြီး ထိုအမှုမျိုးမှာလည်း ဆယ်နှစ်တွင်တစ်ခါကြားရခဲသည် ။ လိင်တူခြင်းလက်ထပ်ဖို.နေနေသာသာ အခြောက်နှင်.တွဲသွားတွဲလာလုပ်ဖို.ကိုပင် အရပ်ကမသတီကြပေ ။ ညစ်ညမ်းရုပ်ပုံများကိုမဆိုထားဘိ အမျိုးသမီးတစ်ဦး၏ မလုံ.တလုံဓါတ်ပုံပင်လျင် အတော်ကို ရှားရှားပါးပါးဖြစ်သည်။သင်္ကြန်တွင်မိန်းမပျိုတစ်ဦး အရက်မူး၍လဲနေသည်ကို ကျွန်တော်တို.ခေတ်သင်္ကြန်တွင် တစ်ခါမှမကြားဖူးပါ။ ကလေးအရွယ်လူမမည်မိန်းကလေးများကို အဓမ္မကျင်.ကြံမှုဆိုသည်ကား လုံးဝပင်မကြားဖူးခဲ.ချေ ။ ကိုယ်.အဖေကိုယ်ပြန်သတ်ခြင်း ၊ကိုယ်.အမေကိုယ်ပြန်၍ အန္တရာယ်ပြုခြင်းဆိုသည်များမှာ မည်သည်.နေရာတွင်မှ မကြားရမသိရသော အမှုများဖြစ်သည် ။ ဖအေကသမီးအရင်းကိုပြန်၍ ကျင်.ကြံခြင်းမှာမူကား ကျွန်တော်.ကလေးဘ၀တွင် လုံးဝမကြားဖူးချေ။ကျွန်တော်တို.မြို.တွင် ဘုရားပစ္စည်းခိုးသဖြင်.ထောင်ကျသွားသော ဘုရားဂေါပက တစ်ဦးရှိရာ ထိုဂေါပကသည်ထောင်ထဲတွင်သေဆုံးသွားပြီး ကျန်ရစ်ရှာသောသူ. မိသားစုမှာ မြို.တွင် လူတောတိုး၍မရတော.ပေ ။
ကျွန်တော်နေထိုင်သော ပြည်မြို. ၊ဆံတော်ရပ်ကွက်တွင် အိမ်များသည် တစ်အိမ်နှင်. တစ်အိမ် ခြံစည်းရိုး မရှိပေ ။ ကျွန်တော်တို.သည် ကိုယ်.အိမ်ထဲသို.အိမ်ရှေ.ပေါက်မှဝင်လာပြီးနောက်ဖေးပေါက်မှ သူများ အိမ်ကိုဖြတ်၍ပြန်ထွက်သွားလျင်လဲရသည် ။ ကိုယ်.အိမ်ကိုယ်ပြန်သောအခါ အိမ်ရှေ.ဘက်မှ မလာပဲ နောက်ဖေးဘက်ရှိသူများအိမ်ထဲသို.ခပ်တည်တည်ဝင်သွားကာ ကိုယ်.အိမ်သို.ပြန်လာလျင်လဲ ရသည် ။ အခြားကလေးများသည်လည်း ရပ်ကွက်အတွင်းသူ. အိမ်ငါ.အိမ်မခွဲခြားပဲ ၀င်ကြထွက်ကြ ဖြတ် သန်းကြသည် ။ တစ်ခါတစ်ရံဘေးတိုက်တန်းစီနေသော အိမ်များသို.တစ်အိမ်ပြီး တစ်အိမ်ဝင် ထွက်သွားလာကြရာ ညောင်စင်တန်းလမ်းမှ စာတိုက်တန်းလမ်းသို.ပင်ရောက်သွား၏ ။ အိမ်များကို မဆိုထားဘိ ဆံတော်ဂါတ်ဟူသော ပြည်(၂) ရဲစခန်းသို.ပင် လူကြီးလူငယ်မရွေး တံခါးမရှိ ဓါးမရှိ ၀င်ထွက်နိုင်ကြသည် ။ တခါတစ်ရံကျွန်တော်တို.ကလေးများသည် ပျင်းပျင်းရှိလျင် တရားခံကို အမှုစစ်တာရဲစခန်းထဲသို.သွားကြည်.ကြသည် ။ လူတို.သည် ကလေးများကိုမြင်သည်နှင်.မည်သူ၏ သားသမီး ၊ မည်သည်.လမ်းကစသည်ဖြင်.သိကြသည် ။ တစ်ယောက်အိမ်မှ သစ်ပင်များကိုအခြားတစ်အိမ်မှ ခူးဆွတ်ကြသည် ။ လူတို.တွင်လောဘ ဒေါသနည်းကြသေး၏ ။ ။ အိမ်တံခါးဖွင်.၍ထားခဲ.သော်လည်းသူခိုးကားမရှိပေ ။
ဤအခြေအနေသည် ၁၉၈၈ တွင်စတင်ပြောင်းလဲသွား၏ ။ လူတို.၏ကောင်းမြတ်သောစိတ်ဓါတ်များစတင်ကွယ်ရာတွင် ကြောက်ရွံ.ခြင်းမှစတင်မြစ်ဖျားခံသည် ။ ၁၉၈၈ စက်တင်ဘလ (၁၈ )ရက်နေ.တွင်တပ်မတော်မှ အာဏာသိမ်းလိုက်ကြောင်းကြေငြာပြီးနောက် ခေတ်ပျက် သလိုဖြစ်သွား၏ ။စစ်သားးများသည် အာဏာသိမ်းသည်. ညက မြို.ခံဆန္ဒပြသမားများအား ပစ်ခတ်နှိမ်နှင်း သဖြင်. လူတို.သေဆုံးကြသည်ကိုမြို.ခံများသည် မျက်မြင်ဒိဌတွေ.ကြုံရသည်မှစ၍ မိမိနှင်. မိမိမိသားစု ထိုသို.သတ်ဖြတ်ခံရမှာကိုကြောက်လာ၏။ ညမထွက်ရ စစ်အုပ်ချုပ်ရေးအမိန်.ကြောင်. လူတို.သည် စစ်သားများအပါအ၀င်လူစိမ်းမြင်လျင်ကြောက်ရွံ.နေကြရ၏ ။ ထိုအခါကလေးများလည်းလွတ်လပ်စွာကစားခွင်.မရပြီ ။ အိမ်များသည် ခြံစည်းရိုးစတင်ခတ်လာကြသည် ။ ဟိုစဉ်ကလို တစ်အိမ်မှတစ်အိမ် ကူးလူးဆက်ဆံ ဖြတ်သန်းသွားလာ၍မရတော. ။ လူတို.၏စိတ်ထဲတွင် မိမိနှင်.မိမိ မိသားစု အသက်ရှင်ရေးကွက်ကွက်ကိုသာကြည်.သော အတ္တဗဟိုပြုဝါဒမသိမသာ ထွန်းကားလာ၏ ။ ထိုထက်ပို၍ စိတ်ဓါတ်ပျက်ပြားလာရခြင်းမှာ စစ်အုပ်ချုပ်ရေးကာလအတွင်း စစ်တပ်နှင်. ပလဲနံပသင်.သောလူများသည် စီးပွားရေးလုပ်ကွက်များ ၊ အခွင်.အရေးများကိုသူများထက်ပိုရ၏ ။ သင်သည်ပညာတတ်သည်ဖြစ်စေ ၊အတန်းပညာမဲ.သည်ဖြစ်စေ ဒေသတွင်အာဏာရှိသော စစ်တပ်မှ အရာရှိတစ်ဦးဦးနှင်. ပါတ်သက်ကြောင်း၊ပိုင်နိုင်ကြောင်းပြနိုင်လျင် သင်၏စီးပွားရေးလုပ်ငန်းမှာမည်မျှ ၀ိသမလောဘ နှင်.ဥပဒေဘောင်အပြင်ဘက်မှဖြစ်စေ မည်သည်. ဥပဒေဘက်တော်သားကမျှ ထိရဲတို.ရဲမည်မဟုတ် ဟူသော မသမာသည်.အယူအဆများပြန်.နှံ.လာသည် ။ ကျွန်တော်.အသိတစ်ယောက်သည် ဘခင်လက်ထက်တွင် မိရိုးဖလာ ရွေအရောင်းအ၀ယ် လုပ်ရာ တွင်ချောင်ချောင်လည်လည်မရှိသော်လည်း သူ.လက်ထက်တွင် ခိုးရာပါရွှေများကိုအရည်ကျို ပစ္စည်းဖျက်သည်.လုပ်ငန်းကိုလုပ်ကိုင်ရာမှနေ.ချင်းညခြင်း ချမ်းသာသွားသည် ။ ထိုသို.လုပ်နိုင်ရန် သူသည် တိုင်းမှူးနှင်.ခင်မင်ခွင်.ရဖို. စနေ တနင်္ဂနွေတိုင်း ဂေါက်ရိုက်ထွက်သည် ။ တောဘက်မှရောက်လာသော ထိုပုဂ္ဂိုလ် သည် ဂေါက်သီးတွေဘာတွေရိုက်သည်ဆိုတော.အကြောင်းသိများကရယ်ကြသည် ။ သို.သော်ကိစ္စမရှိ စစ်တပ်နှင်.ပိုင်ကြောင်းသက်သေပြနိုင်ဖို.ကအရေးကြီးသောခေတ်ဖြစ်၍ အရှက် မရှိကြိုးစားလိုက်ရာ အတော်ပင်အခြေအနေကောင်းသွားသည် ။ ကောင်းရောင်းဝယ်လုပ်စားသူများ ထမင်းမ၀ပဲ စစ်တပ်ကိုဖားနိုင်သူများပညာမတတ်သော်လည်းအလုပ်ဖြစ်သည်.ခေတ်ဖြစ်ရာ လူတို.၏ ကံကံ၏အကျိုးကိုယုံကြည်သည်.စိတ်များ ၊ကောင်းမြတ်သည်.စိတ်ထားများ ၊ မကောင်းမှုကိုရှောင်ကျဉ် လိုသည်.စိတ်ထားများသည် စစ်အစိုးရလက်ထက်တွင် ကုန်းကောက်စရာမရှိအောင်ပျက်စီးသွားကြသည် ။ ပညာမဲ.မျာသည် စစ်တပ်ကျောထောက်နောက်ခံဖြင်. လောက၀ယ်လူရာဝင်တွင်ကျယ်လာ၏ ။ ရိုးသားသူများကျဆုံးသောခေတ် ၊ သူခိုးများတွင်ကျယ်သောခေတ်ဖြစ်လာသည် ။ ဤသည်ပင်လျင် လောဘ ၊ဒေါသ ၊မောဟတရားများ စတင်ကြီးစိုးသောအမှောင်ခေတ်၏ အစဖြစ်တော.သည် ။ မေတ္တာ ၊ကရုဏာ ၊ မုဒိတာ ဟူသောကောင်းမြတ်သောစိတ်တို.အစား အာဏာ ၊ငွေကြေး နှင်. ခက်ထန်မှု တို.ကြီး စိုးသောခေတ်၏ အစဖြစ်တော.သည် ။
ဒီမိုကရေခေတ်သို.ရောက်ပါပြီဟုပြောကြသောယနေ.ခေတ်အခါသမယ၀ယ် ငယ်စဉ်က ကျွန်ုပ်တို.ကြုံခဲ. ရသော မုဒိတာခေတ်သို.ရောက်ပါပြီလောဟုဆန်းစစ်ကြည်.သောအခါ အောက်ပါအတိုင်းတွေ.ရလေသည် ။ ဘုရားခိုးဂိုဏ်းများသည် အနယ်နယ်အရပ်ရပ်မှ ရှေးဟောင်းဘုရားရုပ်ပွားတော်များကို လိုက်လံ ခိုးဝှက်နေသဖြင်. ဘုရား ဆင်းတုတော်များနေရာအနှံပျောက်ဆုံးနေလေသည် ။ နေပြည်တော် ကောင်စီ နယ်မြေ၀ယ် ဆည်မြောင်းဌာနပိုင်မြေနှင်.မလွတ်၍ဆိုကာ ဘုန်းတော်ကြီးကျောင်းများကို ဖျက်သိမ်းခိုင်းရုံ သာမကဘုန်းကြီးများကို ထောင်ချပစ်လေသည် ။တရားရုံးသို.မလာသော သံဃာတော်များကို တရားခံပြေးကြေငြာလိုက်လေ၏ ။ ရတနာသုံးပါးတွင်တစ်ပါးအပါအ၀င်ဖြစ်သော သံဃာများကား ဦသိန်းစိန်အစိုးရနှင်.တွေ.ကာမှ တရားခံပြေးဖြစ်ရပေကုန်၏ ။ ဘာသာခြားတို.ကဖျက်ဆီးစရာမလိုပဲ လုံထိမ်းတို.၏လက်ချက်ဖြင်. ဘုန်းတော်ကြီးကျောင်းများ ပျက်ဆီးပပျောက်သွားပေ၏ ။ ပုဂံသူပုဂံသားတို.လွန်ခဲ.သောနှစ်ပေါင်း ကိုးရာ ၊တစ်ထောင်ကတည်ထားခဲ.သော ဘုရားစေတီအချို.မှာ ယခုအခါ ပုဂံရှိဟိုတယ်ကြီး အချို.၏ အုတ်တံတိုင်းအတွင်းရောက်ရှိသွားကာ မည်သူမျှဖူးခွင်. မရသော ကြိတ်ပုန်းဘုရားများဖြစ်ကုန်ကြပြန်၏ ။အနှစ်နှစ်ဆယ်ကျော် တပ်မတော်သာအမိ တပ်မတော်သာ အဖ ဟုကြွေးကြော်ခဲ.ရာမှ စိတ်ကူးပြောင်းကာပြည်သူသာအမိ ၊ပြည်သူသာအဖဟု ကြွေးကြော် သံပြောင်းပါတော.မည်ဟုပြောသော်လည်း မိဘပြည်သူများနှင်.တူသော ပြည်သူလူထု၏မြေများကို ယခင်ကသိမ်းခဲ.သည်ကိုလုံးဝပြန်မပေးနိုင်ပါဟု မိကျောင်းကန် အပိုင်း (၂) ပြည်သူများ၏ သပိတ်စခန်း ကိုဖြိုခွင်းအပြီးတပ်မတော်က ဗြောင်ကြေငြာလိုက်လေသည် ။
ပြည်သူကိုအခြေပြုသော ဒီမိုကရေစီခေတ်ကြီးရောက်ပါပြီဟု ရေဒီယိုမှ တစ်လတစ်ခါပုံ မှန် ကြေငြာသော်လည်း ယခင်စစ်အာဏာရှင်အစိုးရလက်ထက်က လုပ်ရပ်အတိုင်း နံနက်မိုးမလင်းမီ အမင်္ဂလာအချိန်တွင် ဆန္ဒပြသူများ၏သပိတ်စခန်းကို ဘယ်ကမှန်းမသိသော လက်ပါတ်အနီဝတ် အရပ်သားများကိုခေါ်လာကာ ဖျက်ဆီးစေသော လုပ်ရပ်များလည်း နှစ်ရက်ဆက်တိုက်ဖြစ်ခဲ.ပေ၏ (လုပ်ပုံကိုင်ပုံမှာ ဒီပဲယင်းအရေးအခင်းတွင်အရပ်ဝတ်လူမိုက်များကိုသုံးကာ လုပ်သွား ပုံနှင်. ခပ်ဆင်ဆင်ဖြစ်၏) ။ တည်မိသည်.ဘုရား ဠင်းတပဲနားနားဟုမြန်မာစကားပုံရှိသော်လည်း ရဟန္တာ ကိုယ်တော်မြတ်ကြီးဟု နာမည်ကျော်သော လယ်တီဆရာတော်ဘုရားကြီးသီတင်းသုံးခဲ.ရာ သိမ်ကျောင်းကို ဘူဒိုဇာနှင်.ထိုးချဖျက်ဆီးခဲ.သည်မှာလည်း ရှေးအင်္ဂလိပ်ခေတ်ကမဟုတ် ယခုခေတ်ပင်ဖြစ်ပါသည် ။ သစ်တစ်ပင်ခုတ်အချုပ်သုံးနှစ် ဟုဆင်းရဲသားများကြောက်လန်.အောငတောစပ်တွင် စာသားများ ချိတ်ဆွဲထားသော်လည်း သစ်လုံးကားကြီးများ နေ.စဉ်တရုတ်ပြည်သို.ဗြောင်ခို (မှောင်မခိုပဲဗြောင် လုပ်နေကြသဖြင်. ဗြောင်ခိုဖြစ်ပါသည်) ထွက်နေကာ စီးပွားဖြစ်သူတို.ပန်းပန်နေဆဲ မှာလည်း ဖက်ဆစ်ဂျပန်ခေတ်မဟုတ် ယခုခေတ်ပင်ဖြစ်ပါသည် ။ အရက်ဆိုင်များမီးတထိန်ထိန်နှင်.ဆောင်းဘောက်များဖွင်.ကာခြိမ်.ခြိမ်.သဲသဲရောင်းချလာကြသည်မှာလည်း ယခုခေတ်ဖြစ်သည်။လူတို.၏လောဘ ၊မောဟများကား တစ်နေ.ထက်တစ်နေ.ပျက်လာကြပေပြီ ။
ယခင်ကဆိုလျင်ကျွန်တော်တို.သည် တပ်မတော်နှင်.ရဲတပ်ဖွဲ.အပေါ်တွင် အတော်ပင်စေတနာရှိကြပေ၏ ။တပ်မတော်နှင်.ရဲတပ်ဖွဲ.ကလည်းပြည်သူလူထုကိုအတော်ပင်ယုံကြည်အားထားခဲ.ပါသည် ။ရှေ.တန်းပြန်တပ်မတော်သားများကိုပြည်သူလူထုကကြိုဆိုကြသည် ။ ရဲစခန်းထဲသို.မည်သူမဆိုအစစ်ဆေးအမေးအမြန်းမရှိပဲ ၀င်နိုင်၏။ တပ်မတော်တွင်လည်း တက္ကသိုလ်ကျောင်းသားများ ပါဝင်နိုင်သော တက္ကသိုလ်လေ.ကျင်.ရေးတပ် ( University Training Corps ) ဆိုတာရှိသည် ။ ရန်ကုန်တက္ကသိုလ်သို.ကျွန်တော်စရောက်ကာစက စစ်ယူနီဖောင်းဝတ်ထားသော လူငယ် များကိုကျောင်းထဲ၌မကြာခနတွေ.ရာ စစ်သားတွေတက္ကသိုလ်ထဲဘာလာလုပ်သလဲဟုမေးမိတော.မှ ထိုသူများမှာ UTC တွင်တက်ရောက်လေ.ကျင်.နေသော တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြောင်း သိရပါသည် ။ ယခုအခါတပ်မတော်သည် ကျောင်းသားများကိုမယုံတော.၍လားမသိ တက္ကသိုလ်လေ. ကျင်.ရေးတပ်ဆိုတာကို ဘယ်တော.မှပြန်ဖွဲ.မပေးတော.ပေ။ ကျောင်းသားကို မယုံသည် မှာ ပြည်သူ လူထုကို မယုံဟုပြောသလိုဖြစ်နေပေသည် ။ ပြည်သူလူကိုမယုံသည် မှာ ကိုယ်.မိဘကိုကိုယ် မယုံတော.သော အဖြစ်ဖြစ်သည်။ အဘယ်.ကြောင်.ဆိုသော် ပြည်သူသာအမိ ပြည်သူသာအဖ ဟုပြောထားခဲ.သည်မဟုတ်ပါလား ။
ပြည်သူ.ရဲများကိုလည်းယခင်ကလူတို.သည်အတော်ပင်အားကိုးခဲ.ကြပါ၏ ။ သို.သော် အရာရာ ကားပြောင်းလဲခဲ.ပြီ ။ တရားခံကိုနှိပ်စက်ရာမှလက်လွန်သေဆုံးသောအမှုများစွာကြားလာရသည် ။ ရဲကကျူးလွန်သောမုဒိန်းမှုများပင်ဖြစ်လာသည် ။ လော ၊ဒေါသများးလာသောခေတ်ဖြစ်သည် ။ မကြာမီက လှည်းကူးတွင် အဓီကရုန်းဆန်ဆန် အုပ်စုဖွဲ.ရုန်းရင်းဆန်ခတ်မှုတ်ခုဖြစ်သည် ။ ထိုရုန်းရင်းဆန်ခတ်မှုတွင် လူအုပ်က ခဲဖြင်.ပေါက်သောကြောင်.ရဲတစ်ယောက်ခေါင်းပေါက်သွားသောသတင်းကိုကြားရသည် ။ ထို.အတူပင် ထွက်မပြေးပါပဲလက်မြောက်အဖမ်းခံနေသောလူတစ်ယောက်ကို ရဲက နံပါတ် တုတ်ဖြင်.အငြိုးတကြီး ရိုက်နှက်နေသော ဓါတ်ပုံကိုလည်း 7 Day Daily သတင်းစာ( ၆.၄.၂၀၁၄ ) မျက်နှာဖုံးတွင်တွေ.မြင်ရရာ စိတ်မကောင်းစရာဖြစ်သည် ။အရိုက်ခံရသောလူငယ်အတွက်လည်း စိတ်မကောင်း၊ ဥပဒေဘက်တော်သားဟပြည်သူလူထုကကျွေးသော ရိက္ခာလစာခံစားနေပါလျက် ရဲတပ်ဖွဲ. နာမည်ပျက်သိက္ခာကျအောင် စစ်အာဏာရှင်ခေတ်ကလိုလူမိုက်ဂိုဏ်းဆန်ဆန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ.၀င်အတွက်လည်းစိတ်မကောင်းပါ ။ လောဘ ၊ဒေါသ ၊မောဟ လွန်ကဲသောခေတ်ဖြစ်လာပေပြီ ။ ဤသို.မကောင်းသောစိတ်ထားများကိုသာဆက်၍ လွှတ်ပေးထားပါက မြန်မာနိုင်ငံသည် အနောက် တိုင်းနိုင်ငံသားများ မကြာခနမေးလေ.ရှိသော ရွှေတိဂုံဘုရားမှ အဖိုးတန်ရတနာများအခိုးမခံရဘူးလားဟူသော စိုးရိမ်ကြောင.်ကြမှုသည် အကုသိုလ်ကွင်းဆက်လိုက်ကာ တစ်နေ.နေ.တွင်ဖြစ်လာလိမ်.မည် ။ရတနာသုံးပါးအပေါ် ယုံကြည်မှုသဒ္စါတစ်ရားမရှိတော.သောအခါ ဘာသာရေးတန်ဖိုးထားမှုများလည်း ကွယ်ပျောက်သွားပါလိမ်.မည် ။ ထိုအခါ မကောင်းမှုကို လုပ်ရမှာ ရှက်ကြ ကြောက်ကြတော.မည်မဟုတ်ပါ ။
ယခုအခါအစိုးရဘက်ကရော တိုင်းသူပြည်သားဘက်ကပါ ကောင်းမြတ်သော စိတ်ထားများ နည်းသထက်နည်းလာပေပြီ ။ အစိုးရဘက်မှဝန်ကြီး ၀န်ကလေး ၊ အရပ်ဘက် ၊စစ်ဘက်၊ ရဲဘက်မှပုဂ္ဂိုလ်များ သည် ငါနှင်.ငါသာနှိုင်းစရာ ၊ငါတို.သာနိုင်ငံတော်ကိုချစ်သည် ၊နိုင်ငံတော်ကို ကာကွယ်စောင်.ရှောက်နေသည် ဟူသော တစ်လမ်းသွားလောဘ မောဟ မာန်မာနများကိုလျှော.ချ၍ ဘာသာ သာသနာ ၊ တိုင်းပြည်နှင်.လူမျိုးအကျိုးအတွက်ကောင်းမြတ်သောစိတ်ဓါတ်ကိုမွေးမြူကာ ဟီရိသြတပ္ဖတရားတို.ဖြင်. နှစ်သစ်ကိုလျောက်လှမ်းနိုင်ပါစေကြောင်း မြန်မာနှစ်ဆန်းတစ်ရက်နေ. မင်္ဂလာအခါသမယ၀ယ် မျှော်လင်.ဆုတောင်းလိုက်ရပါသည် ။

သရ၀ဏ်(ပြည်)
ကိုးကား
မောင်ဆုရှင် (မြတ်ဘုရားရွှေတိဂုံ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...