Saturday, April 5, 2014

မိုက်တဲ့ကောင် ထွက်ခဲ့

မြန်မာပြည်မှာ ဒီအတိုင်း ရိုးရိုးသားသား လုပ်ကိုင်စားနေလို့တော့ တစ်သက်လုံး ကြီးပွားဖို့ မလွယ်ဘူး။ မြန်မြန်လုပ်၊ မြန်မြန်သူဌေးဖြစ်အောင် ဆိုမာလီယာသွားပြီး အုပ်စုဖွဲ့ ပင်လယ်ဓားပြ လုပ်စားရင်ကောင်းမယ်... စိတ်ကူးမိပြီး အနီးအနားရှိတဲ့ တပည့်နှစ်ယောက်ကို အရည်အချင်း စစ်ကြည့်တယ်။

"တပည့်ပြည့်ဖြိုး...၊ တပည့်က သင်္ဘောသားလုပ်လာတာဆိုတော့... ရေကောင်းကောင်း ကူးတတ်တယ် ဟုတ်" ဆိုတော့...
"ကူးတတ်ပါတယ်ဆရာ" တဲ့...၊
"ဒါပေမယ့် ရိုးရိုးရေထဲမှာတော့ မဟုတ်ဘူး။


အယ်လ်ကိုဟောလ်ပမာဏ ၄၃ ဆရှိတဲ့ ရေမျိုးမှာပဲ ကူးတတ်တယ်ဆရာ" တဲ့။

"အာ... ဒီတပည့်နဲ့တော့ မဟုတ်သေးပါဘူး" ဆိုပြီး
နောက်တပည့်တစ်ယောက်ကို လက်ရဲဇက်ရဲ ရှိမရှိ ထပ်ပြီး စမ်းသပ်ဖို့ လုပ်ရတယ်...။
"တပည့်ဇော်မောင်....၊ သွား...၊ ဆင်စွယ်တစ်ချောင်း ၂၄ နာရီအတွင်း ရအောင်ရှာခဲ့၊
ခိုးသင့်ခိုး၊ တိုက်သင့်တိုက်၊ ဘယ်လိုနည်းနဲ့ ရရ၊ ရဖို့က အဓိက" ဆိုတော့....
"ဟုတ်ကဲ့ဆရာ" ဆိုပြီး ထွက်သွားတယ်။
သူ ဘာများလုပ်လေမလဲ နောက်က လိုက်ကြည့်တော့..
အနှီတပည့်က သာကေတလိုင်းကားစီး၊ တိုင်းရင်းသားကျေးရွာဝင်၊ မျှော်စင်နောက်က ဆင်ရုပ်ကြီးတစ်ရုပ်ဆီ သွားပြီး ဆင်စွယ်ကို လွှနဲ့သွားတိုက်နေလို့ ရဲတွေ ရောက်မလာခင် မနည်းဆွဲခေါ်လာရတယ်။ (ကျောက်ဆင်စွယ်ကြီးကတော့ ဒီအတိုင်း ကျိုးပဲ့ကျန်ခဲ့လေရဲ့...)။

ညံ့လိုက်တဲ့ တပည့်တွေနှယ်...၊ ဆရာ့အရည်အချင်း မီဖို့ ဝေးလွန်းလှသေးတယ်။ အဲဒီလို ကျွန်တော် ညည်းရင် ခင်ဗျားတို့က ကျွန်တော်ကိုပါ အရည်အချင်းစစ်ချင်ကြဦးမယ်...၊ "ဆရာလုပ်မယ့်သူကရော ဘယ်လောက် မိုက်လို့လဲ" ဆိုပြီး...။

ကျွန်တော်က ဇ...ရှိပြီးသား....၊ ပြောစရာမလိုဘူး။
မနေ့ကမှ လှည်းကူးသွားပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးထဲ ရောယောင်ဝင်ပြီး "မိုက်တဲ့ကောင် ထွက်ခဲ့" လို့ (ခပ်တိုးတိုး) တစ်ချက် အော်လာခဲ့ပြီးပြီ....။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...