Thursday, April 3, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၄)

သစ်ထူးလွင်


Posted: 03 Apr 2014 05:15 AM PDT
ကေအိုင်အို ဌာနချုပ် လိုင်ဇာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယား ရောက်ရှိခဲ့တဲ့ နေ့မှာဘဲ ကေအိုင်အိုင်အေနဲ့ အစိုးရတပ်ကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ကေအိုင်အို ဌာနချုပ် လိုင်ဇာကို ဒုတိယအကြိမ် ရောက်လာခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှာဘဲ တိုက်ပွဲ ၃ ကြိမ်ြ
Posted: 03 Apr 2014 05:12 AM PDT
လားရှိုး၊ ဧပြီ ၂ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်လုံးကျေးရွာအုပ်စု တာလတ်ကျေးရွာတွင် ပလောင် စကားပြော လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က အဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ်နေပြီး စစ်မှုထမ်းရန် ငြင်းဆန်သူများကို သတ်ပစ်သဖြင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ကာယကံရှင် လီဆူး တိုင်းရင်းသားများထံမှ သိရှိရသည်။ အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ တာလတ်ကျေးရွာက အိမ်တစ်အိမ်လျှင်
Posted: 03 Apr 2014 05:30 AM PDT
မြေသိမ်းခံ မရမ်းကုန်း ၆ ရပ်ကွက်ပြည်သူတွေက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့မှာ သွားရောက်တွေ့ဆုံ။ ဓာတ်ပုံ - ကောင်းထက်ကျော် DVB TV News ဧပြီ ၃ ရက်နေ့မှာ မြေသိမ်းခံရတဲ့ မရမ်းကုန်း ၆ ရပ်ကွက်နေ ပြည်သူတွေက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း
Posted: 03 Apr 2014 05:05 AM PDT
ရန်ကုန်၊ ဧပြီ ၂ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းများတွင် ရောင်းချပေး နေသည့် တန်ဖိုး နည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ်ကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဆင်းမ်ကတ်များကို ယခင်ကဲ့သို့ ပိုက်ဆံမဖြတ်တော့ဘဲ ငွေဖြည့်ပါက သက်တမ်းတိုးသည့် စနစ်ကို ကျင့်သုံးနေကြောင်း ၎င်းကဆိုသည်။ “ငွေတော့ မဖြတ်တော့ဘူး။
Posted: 03 Apr 2014 04:55 AM PDT
အိပ်၍ မပျော်သောည ချို့ယွင်းနေသော ကျန်းမာ ရေးနှင့် အသက်အရွယ်ကြောင့် လွန်ခဲ့သောညက ကျွန်တော် အိပ်မ ပျော်။ ထို့ကြောင့် အင်တာနက် စာမျက်နှာတွေကို လျှောက်ဖတ်မိ ရာမှ သတင်းဆန်းတစ်ခုကို ဖတ် မိ၍ တအံ့တသြဖြစ်ရသည်။ ထို သည်ကား ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက သမ္မ တဦးသိန်းစိန်ထံ တိုက်ရိုက်တယ် လီဖုန်းဆက်သည့် သတင်းဖြစ်၏။ ဖုန်းဆက်ရသည့် အဓိကအချက် နှစ်ရပ်မှာ နိုင်ငံတကာ အင်န်ဂျီအို များအပေါ် ဆက်ဆံရေးနှင့်
Posted: 03 Apr 2014 04:52 AM PDT
မတ်လဆန်းမှစတင်ကာ မြန်မာနိုင်ငံ ဒေသအနှံ့ အပူချိန် သိသိသာသာ မြင့်တက်လာသည်။  မကွေးတိုင်း ဒေသကြီး ချောက်မြို့တွင် မတ်လ ၂၉ ရက်က ၄၃ ဒီဂရီစင် တီဂရိတ်အထိ ရောက်ရှိခဲ့ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန် ခဲ့သည်။ ယင်းမှာ ၂၀၁၄ နွေဦး တွင် အမြင့်ဆုံးအပူချိန် ကျရောက် မှုလည်းဖြစ်သည်။ ချောက်မြို့၏ ပျမ်းမျှအပူချိန် မှာ ၃၉ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ထို့အပြင် မတ်လ ၃၁ ရက်တွင် ညောင်ဦး၊ ကျောက်တော်၊ ကလေးဝ မြို့များတွင် နှ
Posted: 03 Apr 2014 04:31 AM PDT
Photo By Ko Zaw Latt  ပုသိမ်၊ ဧပြီ ၂ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ပုသိမ်မြို့တွင် ကျင်းပမည့် ၂၀၁၄ ခုနှစ် မဟာ သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အတွက် ပုသိမ်မြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များက အလှူငွေကျပ် သုံးသိန်းစီ ထောက်ပံ့ခဲ့ရကြောင်း ပုဂ္ဂလိကဘဏ် မန်နေဂျာတစ်ဦးက ပြောကြားသည်။ “နှစ်စဉ်တော့ ထည့်နေရတာပါပဲ။ ဒီနှစ်က ငွေပမာဏလည်း ပါတယ်။ နောက်ဆုံး သတ်မှတ်ရက်လည်း ပါတယ်ဗျ” ဟု ၎င်းကဆိုသည်။ ပုသိမ်မြို့သည့်
Posted: 03 Apr 2014 04:26 AM PDT
သန်းခေါင်စာရင်း ကောက်ခံသည့်အဖွဲ့ ကျွေးမွေးရန် အတွက်ဟု ဆိုကာ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း မြို့နယ် နန့်တုတ်ကျေးရွာ အုပ်စုတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ငွေကောက်ခံ ခိုင်းသည်ဟု ယင်းကျေးရွာနေ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးထွန်းချစ်က ဧပြီ ၂ ရက်တွင် ပြောသည်။ “တစ်အိမ်ထောင်ကို ကျပ် ၅၀၀ ကောက်တယ်။ ပေးရတာ အခက်ခဲမရှိပါဘူး။ ဒါကို ကောက်ခံပိုင်ခွင့် ရှိ လား၊ မရှိလားဆိုတာ သိချင်တာပါ”ဟု ဆိုသည်။
Posted: 03 Apr 2014 04:22 AM PDT
ဧပြီ ၂ ရက်နေ့မှာ အခြေအနေ ဆိုးဝါးခဲ့တဲ့ ရန်ကုန် ဆေးရုံကြီး အထူးကြပ်မတ် ကုသ ဆောင်မှာ ကုသခံနေရတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်‌ရဲ့ ကျန်းမာရေး အခြေအနေဟာ ဧပြီ ၃ ရက်နေ့မှာ ပြန်လည်သက်သာလာတယ်လို့ မိသားစုဝင်နဲ့ မိသားစု ဆရာဝန်တွေက ပြောပါတယ်။ ဧပြီ ၁ ရက်နေ့မှာ အခြေအနေကောင်းလာတဲ့ အတွက် အသက်ရှုစက်ကို ဖြုတ်ခဲ့သလို မျက်လုံးဖွင့် ခေါင်းငုံစတာတွေ လုပ်ဆောင်လာခဲ့ပေမယ့် ဧပြီ ၂ ရက်နေ့ မနက် ၅ နာရီလောက်မှာ
Posted: 03 Apr 2014 04:17 AM PDT
မန္တလေး၊ ဧပြီ ၂ ကမ္ဘာ့ခရီးသွား ဧည့်သည် အများဆုံး လာရောက် လည်ပတ်လျက်ရှိသော မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ ရှေးဟောင်းသမိုင်းဝင် လောကသရဖူ စေတီတော်ကြီး မြေငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို တစ်နှစ်ကျော် ကြာသည်အထိ မပြုပြင်နိုင်ခြင်းမှာ မန္တလေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနနှင့် စေတီတော် ဂေါပကအဖွဲ့တို့ ပြုပြင်ရေး သဘောထား ကွဲလွဲချက်များကြောင့်
Posted: 03 Apr 2014 04:14 AM PDT
ရန်ကုန်၊ ဧပြီ ၂ လှိုင်သာယာမြို့နယ် အမှတ် (၁၅) ရပ်ကွက် ယုဇနလမ်းတွင် နှလုံးလေဟပ် သေဆုံးသည်ဟုဆိုကာ သဂြုင်္ိဟ်တော့မည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ရုပ်အလောင်းကို သမီးဖြစ်သူက စစ်ဆေးခဲ့ရာမှ ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်ဒဏ်ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ် အမှတ် (၁၆)
Posted: 03 Apr 2014 04:38 AM PDT
လူပျိုပေါက် အရွယ် လောက်က မုန်တိုင်း ဇာတ်သဘင်အဖွဲ့၏ ပြဇာတ်တစ်ပုဒ် ကြည့်ခဲ့ဖူး၏။ ပြဇာတ် မင်းသားက ဒို့တင်ဌေးဟု မှတ်မိနေသည်။ ပြဇာတ်အမည် ကိုလည်း မမှတ်မိ။ ဇာတ်လမ်းကို လည်း သတိမရတော့။ သို့သော် ဇာတ်လမ်းထဲက ဇာတ်ကွက်တစ် ခုကိုတော့ သံမှိုစွဲသကဲ့သို့ အသည်းထဲမှာ စွဲနေသည်။ ဇာတ် လမ်းအရ ဇာတ်ဆရာက မင်းသား ၏ အကစွမ်းရည်ကို စမ်းသပ် သည်။ ပထမစင်ပေါ်မှာ လွတ် လွတ်လပ်လပ် ကစေသည်။ မင်းသားက ပြေးလွှားခုန်ပေါက် ကကာ ရှေ့ကျွမ်း၊
Posted: 03 Apr 2014 04:07 AM PDT
တိုက်ပုံအဖြူရောင် ၀တ်ထားသည့် အသက်ခြောက်ဆယ်ကျော် အမျိုးသားကြီး တစ်ဦး၏ တိုင်တည် ရေရွတ်သံတွင် အခန်းတွင်းရှိ နေသူတွေ ခေတ္တမျှငြိမ်နေသည်။ မောင်းထုသံ တဒူဒူ၊ မြင်းချူဆွဲသံ တချွင်ချွင်ကလည်း ၁၅ ပေ အကျယ်ရှိမည့် အခန်းထဲကနေ ဆက်တိုက်ထွက်ပေါ်လာပြန်သည်။ မြို့ခံအများစုက တစ်မြို့လုံးကို စောင့်ရှောက်ပေးနေသည်ဟု ယူဆထားသည့် မန္တလေးဘိုးဘိုးကြီးအား ရှင်ပြုအလှူမလှည့်မီ လှူမည့်သားသမီး၊ ဆွေမျိုးများအား
Posted: 03 Apr 2014 03:41 AM PDT
နိုင်ငံပိုင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းဟာ ပုံမှန်အားဖြင့် ၁ လကို ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ် ၃ သိန်းခွဲကို ခွဲတမ်းနဲ့ ရောင်းချပေးနေရာကနေ အခု ဧပြီလ က စပြီး အရည်အတွက် ၄ သိန်း တိုးမြှင့်ရောင်းချပေးမယ့်အပြင် စည်းကမ်း သတ်မှတ်ချက် တချို့ကိုလည်း လျော့ပေါ့ပေးမည် ဖြစ်ကြောင်း ကြေညာပါတယ်။ အခုလမှာ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် ဖုန်း ၃ သိန်း ၄ သောင်းနဲ့ ကျန် ၆ သောင်းကတော့ ဂျီအက်စ်အမ်စနစ်
Posted: 03 Apr 2014 03:39 AM PDT
လာမယ့် ဧပြီ ၁၂ ရက်နေ့ကနေ ၂၁ ရက် သင်္ကြန်ကာလ အတွင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်တဲ့ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ကျပ် ၁ သောင်းတန် ၀ယ်ယူသူတွေဟာ အပိုအဖြစ် နောက်ထပ် ငွေကျပ် ၂၀၀၀ ဖိုး ပြောဆိုနိုင်မယ်လို့ ဆက်သွယ်ရေးမိုဘိုင်းဌာန အင်ဂျင်နီယာ တ ယောက်က ပြောပါတယ်။ မြန်မာ့ဆက်သွယ်ရေးဟာ မိုဘိုင်းဖုန်း ဆင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ ရောင်းချခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်အတွင်း ခုလို အပိုဆောင် ၀န်ဆောင်မှုပေးတာဟာ
Posted: 02 Apr 2014 09:19 PM PDT
ရန်ကုန်၊ ဧပြီ ၂ ရေးမြို့ ဟံဂံကျေးရွာ ဘုန်းကြီးပျံပွဲ၌ ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၌ မြန်မာ့ရိုးရာ လက်ဝှေ့သမား ပဲပြားမောင်မောင်မှာ ထိုင်းလက်ဝှေ့သမားနှင့် ယှဉ်ပြိုင် ထိုးသတ်စဉ် ပထမအချီ၌ပင် ဒဏ်ရာရပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က ပြောကြားသည်။ ဧပြီလ ၁ ရက်နေ့က ထိုးသတ်ခဲ့သည့် ပဲပြားမောင်မောင်နှင့် ထိုင်းလက်ဝှေ့သမား
Posted: 02 Apr 2014 09:18 PM PDT
စစ်တွေမြို့တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှု၌ ပါဝင် ပတ်သက်သည်ဟု ယူဆပြီး ဖမ်း ဆီးစစ်ဆေးနေသူများတွင် ရခိုင် အမျိုးသားပါတီမှ ဗဟိုကော်မတီ ဝင်တစ်ဦး ပါဝင်နေကြောင်း သ တင်းရရှိသည်။ မကြာသေးမီ ရက်ပိုင်းက စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ကုလအပါအဝင် အိုင်အင်န်ဂျီအို အဖွဲ့များ၏ နေအိမ်၊ ရုံး၊ ဂိုဒေါင်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုး သားခြောက်ဦးနှင့် အမျိုးသမီး ခြောက်ဦးကို ရဲတပ်ဖွဲ့မှ ဧပြီ ၁
Posted: 02 Apr 2014 09:37 PM PDT
ပြီးခဲ့တဲ့ လကုန်က စစ်တွေ မြို့မှာ ပြည်ပ အန်ဂျီအို တွေနဲ့ ကုလသမဂ္ဂ အဖွဲ့တို့ရဲ့ နေအိမ်တွေနဲ့ ပစ္စည်း သိုလှောင်ရုံတွေ ဖျက်ဆီး ခံရတာနဲ့ ပတ်သက်ပြီး သမ္မတက ဖွဲ့စည်းပေးထားတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့က ကွင်းဆင်း စစ်ဆေး နေပါတယ်။ ဒါပေမယ့် ပြဿနာ ဖြစ်လာခဲ့တဲ့ အကြောင်းရင်းဖြစ်တဲ့ သာသနာ့ အလံ ကို ဖြုတ်ချပြီး မဖွယ်မရာ လုပ်တယ်လို့ စွပ်စွဲခံရတဲ့ မာလ်တီဆာ Malteser International အဖွဲ့က Yvonne Dunton ကိုတော့ ဒေသ
Posted: 02 Apr 2014 09:02 PM PDT
ခေတ်အဆက်ဆက် ဝေဖန်ခံခဲ့ရ သော ၀န်ထမ်းလစာကို အစိုးရ သစ်လက်ထက်တွင် မြန်မြန်ဆန် ဆန် တိုးပေးခဲ့သည့်အတွက် ၀န် ထမ်းများ ပျော်ရွှင်ဝမ်းသာခဲ့ရ သည်။ သို့သော် ဌာနတစ်ခု၏ အမြင့်ဆုံးရာထူးဖြစ်သည့် ညွှန် ကြားရေးမှူးချုပ် လစာသည်ပင် သမ္မတအပါအ၀င် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်ကြီးများ၏ လစာ ခံစားခွင့် အဆောင်အယောင်နှင့် ယှဉ်လိုက်ပါက အ ဆပေါင်းများစွာ ကွာခြားနေပြီး မိသားစုဘ၀ ရပ်တည်ရေး အ တွက် ရုန်းကန်နေရဆဲဖြစ်သည်။
Posted: 02 Apr 2014 08:49 PM PDT
ရန်ကုန်၊ ဧပြီ ၂ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ငါးရက်တိုင် ၂၄ နာရီ စောင့်ရှောက်မှု ခံယူနေရသော အသက် ၈၄ နှစ်ရှိ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိတ်မချရသေးကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။ ဦးဝင်းတင်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ အဆုတ်မှတစ်ဆင့် အူနံရံ ကြွက်သားများအတွင်း လေဝင်သွားခြင်းကြောင့် အနာဖြစ်လာပြီး
Posted: 02 Apr 2014 08:24 PM PDT
ရန်ကုန်၊ ဧပြီ ၂ သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် မှားယွင်း ထည့်သွင်း ကောက်ယူခြင်း ခံရပါက သန်းခေါင်စာရင်း ကာလအတွင်း ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ စာရင်းကောက် ဆရာမထံတွင် သွားရောက် ပြင်ဆင်နိုင်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စာရင်းကောက် ကောက်ယူသည့် သန်းခေါင်စာရင်းကို စာရင်းစစ်က စိစစ်ရပြီး မှားယွင်းမှုများ တွေ့ရှိပါက ပြန်ပြင်ခိုင်းမည် ဖြစ်ကြောင်း၊
Posted: 02 Apr 2014 07:26 PM PDT
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ ရှိကြတဲ့ ကုလသမဂ္ဂနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေအပေါ် မကြာသေးခင်တုန်းက တိုက်ခိုက်မှုတွေကြောင့် အရေးပေါ် အကူအညီပေးရေး အစီအစဉ်တွေမှာ အကြီးအကျယ် ထိခိုက်နေရတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (OCHA) က သတိပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေ၊ အလှမ်းဝေးတဲ့ ကျေးရွာတွေနဲ့ လူမှုအသိုင်းအ၀ိုင်းတွေအတွက် အသက်တွေကို ကယ်တင်နိုင်မယ့် အကူအညီတွေ
Posted: 02 Apr 2014 04:12 PM PDT
မြန်မာနိုင်ငံရဲ့ စီးပွါးရေး တိုးတက်မှုကို တိုင်းတာရာမှာ အဓိကကျတဲ့ ပြည်တွင်း ထုတ်ကုန် ပမာဏဟာ ပြီးခဲ့တဲ့ ဘဏ္ဍဍာနှစ်က 7.8 ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီးတော့ လာမဲ့နှစ်တွေမှာလည်း တိုးတက်ဖို့ ရှိတယ်လို့ အာရှဖွံ့ ဖြိုးရေးဘဏ် က ထုတ်ပြန်တဲ့ အစီရင်ခံက ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ စီးပွါးရေး ဖွံ့ ဖြိုးမှုကို တိုင်းတာရာမှ အရေးပါတဲ့ ပြည်တွင်း ထုတ်ကုန် ပမာကဏဟာ မနှစ်က တိုးလာခဲ့သလို ရှေ့နှစ်မှာလည်း
Posted: 02 Apr 2014 03:59 PM PDT
သမီးလေးကျေးရွာအပါအဝင် ပြောင်းရွှေ့ခံရတဲ့ရွာတွေ က ကျေးရွာသူ ရွာသား ၃ဝဝ ကျော်လောက်ကို နေထိုင် ခွင့်ပေးထားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အလံနီကျေးရွာက အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းကို မနေ့ကညပိုင်းက ပဲခူးမြို့နယ် ဆည်မြောင်းဦးစီးဌာနက အလံနီဆည်နယ်နမိတ်အတွင်းမှာ ရှိတာကြောင့် ဖယ်ရှားပေးဖို့ အကြောင်းကြားခဲ့ပါတယ်။ အရင်ကလည်း အောင်သိဒ္ဓိဘုန်းကြီးကျောင်း ရွှေ့ပေးဖို့ အသိပေးတာ ရှိခဲ့ပေမဲ့
Posted: 02 Apr 2014 03:41 PM PDT
အက်ဒမန်ပင်လယ်ကမ်းစပ်မှာ ခဏတာ လိပ်ဥသောင်ရွာထိပ် တောင်ကုန်းပေါ်ရှိစေတီမှာ ကျနော်တို့ကျောင်းသားတွေ ဘုရားထိုင်ရှိခိုးနေတဲ့ ပုံ ကိုလည်း သူက အမိအရရိုက်ပါတယ်။ ဟုတ်တယ်လေ။ ဒါဟာ မင်းသမီးစခန်းကနေ ထွက်လာတဲ့ သတင်းတပတ်ကျော်ကာလအတွင်း ပထမဆုံးတွေ့ရတဲ့ စေတီပါပဲ။ လေတိုက်လို့လွင့်နေ တဲ့ ခေါင်း လောင်းသံက သူရဲ့ရိုက်ချက်ကို ပိုအသက်ဝင်စေပါတယ်။ စစ်ယူနီဖောင်း အပြည့်အစုံ ၀တ်ထားသူတွေ က စစ်ဖိနပ်ကိုချွတ်၊ AK သေနတ်ကိုေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...