တစ်ခါက (၁)
တစ်ခါက
မြို့တစ်မြို့မှာ ပညာရှိလို့ကျော်ကြားတဲ့သူတစ်ယောက်ရှိတယ်။ သူဟာ စာပေ
ကျမ်းဂန်တွေသာမက လူမှုဆက်ဆံရေးနဲ့ အခြားကိစ္စတွေမှာပါ ထူးချွန်သတဲ့။
များသောအားဖြင့် ဈေးရောင်းမကောင်းတဲ့လူတွေ စီးပွားရေးမကောင်းတဲ့လူတွေက သူတို့နေရာကိုဖိတ်ပြီးတော့ အကြံပေးခိုင်းတယ်။
အကြံပေးတဲ့အတိုင်း လိုက်လုပ်ကြရင်လဲ အောင်မြင်ကြပါတယ်။တစ်နေ့တော့ သူ့ကိုအဒေါ်ကြီးတစ်ယောက် လာဖိတ်ကြားပါတယ်။ သူတို့ကတော့ အသားတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ကပါတဲ့။ အရင်တုန်းကတော့ သားသတ်လုပ်ငန်းပဲလုပ်ကိုင်ပြီးတော့ အခုမှ ဆိုင်စဖွင့်ပါတယ်။ ဆိုင်ဖွင့်တာ သိပ်မကြာသေးပါဘူး။ ၀ယ်တဲ့လူလဲမရှိသလောက်ဖြစ်နေပါတယ်။ အဲဒါကြောင့် သူ့ကိုလာခေူပြီး ဈေးရောင်းကောင်းဖို့ နည်းလမ်းလာတောင်းတာပေါ့လေ။
ပညာရှိက ဆိုင်ကိုလိုက်သွားတယ်။ ဆိုင်က အခင်းအကျင်းလဲ သပ်သပ်ရပ်ရပ်နဲ့ အထဲက အပြင်အဆင်တွေကလဲ ကောင်းတယ်။ ဆိုင်ထဲမှာ ရောင်းချနေတဲ့အသားတွေ အသားထွက်ကုန်တွေကလဲ အလွန်ကို လတ်ဆတ်ပြီးတော့ ပြင်ဆင်ထားတာလဲ သန့်ရှင်းပါတယ်။ အဲဒီမှာ ပညာရှိကို နေ့လည်စာကျွေးတယ်။ ညနေရောက်တော့ ဘာအကြံပေးချင်လဲလို့ မေးကြပါတယ်။
ပညာရှိကတော့ လွယ်လွယ်လေးပဲဖြေပါတယ်။
" ဆိုင်ကတော့ အားလုံးပြည့်စုံနေပါတယ် ဒါပေမယ့် တစ်ခုထဲလိုတယ် အဲဒါကတော့ အပြုံးပါ။ နောက်ဆိုမှတ်ထားကြ မပြုံးပြချင်ရင် ဆိုင်လုံးဝမဖွင့်ပါနဲ့ "
မောင်စိုင်း
www.kanaung.net

0 comments:
Post a Comment