Tuesday, November 12, 2013

သစ်ထူးလွင် သတင်းစုစည်းမှု ( ၁၂-၁၁)

သစ်ထူးလွင်



Posted: 12 Nov 2013 03:43 AM PST
လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၃၆ ခု၊ ၀န်ကြီး ၃၆ ယောက်၊ ဒုဝန်ကြီး အယောက် ၆၀ စုစုပေါင်း ၉၆ ယောက်ရှိနေတာဟာ များနေတယ်၊ တချို့ ၀န်ကြီးဌာနတွေ မလိုအပ်ဘူးလို့ နိုဝင်ဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ်က အမတ် ဒေါက်တာဗညားအောင်မိုးက ဝေဖန်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 12 Nov 2013 03:41 AM PST
အောက်တိုဘာ ၂၉ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံအနေနဲ့ အရံရွှေ ပမာဏ ၇ ဒဿမ ၁၅၃၉ တန်နဲ့ နိုင်ငံခြားအရံငွေ ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၁၃ ဘီလီယံ ရှိတယ်လို့ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။ ရွှေစင်တွေကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ သိမ်းဆည်းထားပြီး နိုင်ငံခြားငွေတွေ ကိုတော့ ဗဟိုဘဏ်နဲ့ ပြည်တွင်းဘဏ်တွေမှာ ငွေသားအနေနဲ့ သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်တွေမှာ ဘဏ်အကောင့်တွေအနေနဲ့ လည်းကောင်း ထားရှိတယ်လို့ သူက ရှင်းပြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 12 Nov 2013 03:38 AM PST
ပါတီရုံးဖွင့်ရာတွင် မတော်တဆဖြစ်စဉ်ကြောင့် လက်နှစ်ဖက်ဆုံးရှုံးသွားသော ပါတီဝင်တစ်ဦးအား ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံမှုကြောင့် ဂျာမနီအစိုးရက လက်နှက်ဖက် အစားထိုးပြန်လည်တပ်ဆင်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း အင်းစိန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးရုံးဖွင့်လှစ်ရန်အတွက် ပါတီအလံ တက်ရောက်တပ်ဆင်ရာတွင် အနီးရှိ ဗို့အား ၃၃၀၀ ခန့်ရှိ လျှပ်စစ်ဝိုင်ယာကြိုးဖြင့် ငြိမိကာ အင်းစိန်မြို့နယ် ကမ်းနားလယ်ရပ်ကွက် ရပ်ကျေးအသင်း အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဇင်မင်းဦးသည် လက်နှစ်ဖက်စလုံး တံတောင်ဆစ်နေရာမှ ပြတ်တောက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၁၀ ရက်က ပြန်လည်ရောက်ရှိလာစဉ် ဓာတ်ပုံ-နစ်ကီ 7DAY DAILY

Posted: 12 Nov 2013 03:37 AM PST
အသက် (၇၀) နှစ် အထက် သက်ကြီးရွယ်အိုများအား လူမှုရေးအကူအညီ အထောက်အပံ့ပေးရန်အတွက် အမျိုးသားစီမံကိန်းဥပဒေ(မူကြမ်း)တွင် ထည့်သွင်းရေးဆွဲထားကြောင်း သတင်းရရှိသည်။ ထိုကဲ့သို့ ထည့်သွင်းရေးဆွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်က နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်၌ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘ၀နေ၀င်ချိန်တွင် ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းနေရသည့် အဘိုးအိုတစ်ဦး ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 7DAY DAILY

Posted: 12 Nov 2013 03:29 AM PST
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လျှပ်စစ်ဝန်ကြီးဌာနက တင်ပြလာတဲ့ မီတာခ တိုးကောက်မယ့် အစီအစဉ်ကို ပယ်ချလိုက်ပြီး လာမယ့် ဘဏ္ဍာရေးနှစ်ကျမှ အသစ် ပြန်လည် တင်ပြဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆုံးဖြတ်လိုက်ပါတယ်။ ဒါကို လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူတာတော့ မလုပ်ခဲ့ပါဘူး။ နိုဝင်ဘာ ၁၂ ရက် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မီတာခ တက်ရတာနဲ့ ပတ်သက်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 12 Nov 2013 03:25 AM PST
နိုဝင်ဘာ ၁၂ ရက်နေ့ မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတဲ့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မှာ ဒီနေ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားရှေ့မှာ သံဃာတော်တွေနဲ့ ရာနဲ့ချီတဲ့ လူပုဂ္ဂိုလ်တွေက အိုအိုင်စီ ကိုယ်စားလှယ်တွေရဲ့ မြန်မာပြည် ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ နေရာ ၂ နေရာ ခွဲပြီး ဆန္ဒပြ ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာနိုင်ငံကို အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) လာရောက်လေ့လာမှာကို ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့မနက် ၂ နာရီက သံဃာတော်များနဲ့ ပြည်သူ ၅ဝဝ ကျော်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးကနေ ဆူးလေဘုရားအထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
photo: RFA/ Kyaw Zaw Win

Posted: 12 Nov 2013 03:15 AM PST
စက်တင်ဘာလဆန်းအထိ အရောင်းအ၀ယ်ကောင်းခဲ့သည့် ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် နိုဝင်ဘာ လဆန်းတွင် အရောင်းအ၀ယ်အအေးဆုံး အခြေအနေဖြစ်နေကြောင်း အိမ်ခြံမြေလုပ်ငန်း အသိုင်းအ၀ိုင်း က ပြောသည်။ အစိုးရအသစ် တက်လာပြီးနောက်တွင် အိမ်ခြံမြေဈေးနှုန်း မတန်တဆကြီး မြင့်မှုနှင့်အတူ အရောင်း အ၀ယ်သွက်ခဲ့သော်လည်း တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ပြီးနောက်တွင် ဈေးကွက်ပိုမိုအေး လာခြင်းဖြစ်သည်ဟု ယင်းတို့က ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Nov 2013 02:00 AM PST
ရန်ကုန်မြို့ အတွင်း ယာဉ်မရပ်ရ နေရာများတွင် ယာဉ်များ ရပ်နားပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အရေးယူ သွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့မှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို သတ်မှတ်ရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှလည်း မည်သူကမှ ကော်မတီက သတ်မှတ် ထားတဲ့ နေရာမှအပ အခြား မည်သည့် နေရာတွင်မျှ ယာဉ်ရပ်နားခြင်း မပြုရန်နှင့် အများပြည်သူ ဆိုင်ရာ လမ်းနယ်နိမိတ်များ မှလည်း ယာဉ်များ အကြောင်းမဲ့ ကြာမြင့်စွာ ရပ်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်းများ မပြုရ ဟုလည်း ပြဋ္ဌာန်း ထားတယ်လို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 12 Nov 2013 01:28 AM PST
သာကေတမြို့နယ် အမှတ် (၁) ထူပါရုံ ရပ်ကွက် (၁၃) လမ်းတွင် နိုဝင်ဘာလ ၈ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်က မောင်းနှင်နေသည့် မ.ထ.သ ၄၉ (အဝါ) ဒိုင်နာယာဉ် ပေါ်သို့ ယာဉ်မောင်းနှင့် ပြဿနာဖြစ်သော အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက တွယ်တက်ကာ ယာဉ်မောင်းကို ဓားရှည်ဖြင့် ခုတ်ရာ ယာဉ်ပေါ်မှပြုတ်ကျကာ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။ သာကေတမြို့နယ် (၁၀) တောင် ရပ်ကွက်တွင် နေသူ အသက် ၃၁ နှစ်အရွယ် ကိုသက်နိုင်ထွန်း မောင်းလာသော ခရီးသည်များ တင်ဆောင်လာသော ဒိုင်နာယာဉ်သည် နိုဝင်ဘာလ ၈ ရက် ည ၈ နာရီဝန်းကျင်ခန့် သာကေတ ရုပ်ရှင်ရုံဘက်သို့ ဇင်ကမာလမ်း အတိုင်း မောင်းနှင်လာစဉ် ယာဉ်ရှေ့ လမ်းလယ်ပိတ်ကာ စက်ဘီးနင်းလာသော ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 12 Nov 2013 01:14 AM PST
မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းတွင် မန္တလေးမှ ထီးချိုင့်သို့ ထွက်ခွာမည့် စန္ဒာမင်းမော်တော်တွင် ဆီပေပါတင်ဆောင်ရာမှ နိုဝင်ဘာ ၁၂ရက် မွန်းလွဲ၁၂နာရီ၁၅တွင် မတော်တဆမီးလောင်ကျွမ်းမှုဖြစ်ပွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ) ယင်းသို့ မီးလောင်ခဲ့ခြင်းကြောင့် သင်္ဘောပိုင်ရှင် အပါအဝင် ရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေရသည်ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်က ပြောသည်၊
မန္တလေးမြို့တွင် ဂေါ်ဝိန်ဆိပ်ကမ်း(မရမ်းခြံဆိပ်)၌ မန္တလေးမှ ထီးချိုင့်သို့ထွက်မည့် စန္ဒာမင်းမော်တော်တွင် ဆီပေပါတင်ဆောင်ရာမှ မတော်တဆမီးလောင်ကျွမ်းမှု နိုဝင်ဘာ ၁၂ရက် မွန်းလွဲ၁၂နာရီ၁၅တွင် ဖြစ်ပွားခဲ့ရာ မော်တော်ပိုင်ရှင်အပါအဝင် ရှစ်ဦး မီးလောင်ဒဏ်ရာများရရှိသောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည်ဟု အဆိုပါဆေးရုံကြီးမှ သိရသည်။
ဒဏ်ရာရရှိသူများသည် မော်တော်ပိုင်ရှင် ဒေါ်တင်ဆွေမြင့်၊ ကိုကုလား(ခ)ကျော်သူစိုး၊ စက်ကိုင် ကိုကျော်မောင်၊ ကိုမျိုး၊ ကိုချမ်းငြိမ်း၊ ကိုဂျစ်တူး၊ ကိုတင်ယုနှင့် ကိုဝဲကျော်တို့ဖြစ်ပြီး ကိုချမ်းငြိမ်းနှင့် ကိုတင်ယု မှာစိုးရိမ်ရသည်ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်က ဆိုသည်၊

အဆိုပါ မီးလောင်မှုကို မွန်းလွဲ၂နာရီခွဲတွင်ငြှိမ်းသတ်
နိုင်သည်။ အသေးစိတ်အချက်လက်ကိုမူ မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။
Written by  အောင်ကိုဦး
Mizzima - News in Burmese
Posted: 12 Nov 2013 12:55 AM PST
ဂျပန်နိုင်ငံ အနုပညာ လောကမှာအောင် မြင်မှု ရရှိနေ တဲ့ မြန်မာလူမျိုး မော်ဒယ် အမျိုးသမီးတဦး ရဲ့ အကြောင်း ကိုတော့ ဦးဇော်ဇော်လှိုင် သတင်းပေးပို့ ထားပါတယ်။ DVB TV News သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Nov 2013 12:41 AM PST
မန္တလေး၂၆လမ်း၊ ကမ်းနားလမ်း ထောင့်ရှိ မရမ်းခြံ ဆိပ်ကမ်းတွင့် ၊ နိုဝင်ဘာ ၁၂ ရက်နေ့လယ် ၁၂နာရီခန့်က မော်တော်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ စန္ဒာမင်းအမည်ဖြင့် သစ်သား မော်တော် အမျိုးအစားဖြစ်ပြီး ကနဦး သတင်းများအရ အထက်သို့ ဆန်တက်ရန် ဆီဖြည့်စဉ် စက်နှိုးရာမှ မီးလောင်သည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိပြီး အတိကျ မသိ ရှိရသေးပေ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မန္တလေးမရမ်းခြံဆိပ်ကမ်းတွင် ကုန်တင်မော်တော်တစ်စီး မီးလောင်
Posted: 12 Nov 2013 12:36 AM PST
ပညာရေး ဝန်ကြီးဌာနမှ ဆရာ ၊ ဆရာမ များ ငွေကောက်ခံခြင်း မပြုရဆိုသည့် ပေါ်လစီချမှတ် ထားခြင်းသည် မှားယွင်းနေပြီး ကျောင်းသားမိဘ နှင့် ဆရာများကို ရန်တိုက်ပေးထား သလိုဖြစ်နေကြောင်း အခြေခံ ပညာ မူလတန်းကျောင်း အုပ်တ ချို့ က ဝေဖန်ပြောဆိုလိုက်သည်။ ''ဆရာမကြီးတို့တွေကို ချ မှတ်ပေးထားတဲ့ ငွေကြေးက မလုံ လောက်ဘူး။ ပြီးတော့ ကျောင်း တွေကို တစ်ပြေးညီ ငွေကြေးချ မှတ်တာကလဲ မှားနေ တယ်။ အ မှန်က ကျောင်းတစ်ကျောင်းရဲ့တစ် နှစ်စာ ကုန်ကျစရိတ်ကို တွက်ပြီး တော့မှ ချပေးရမယ်လို့မြင်တယ်။ အခုဟာက ကျောင်းသား ၁ဝဝရှိ တဲ့ ကျောင်းဆိုလဲ သုံးသိန်း၊ တစ် ထောင်ရှိတဲ့ကျောင်းဆိုလဲ သုံး သိန်း ဆိုတော့ ဘယ်ကျောင်းက ပိုကုန်မလဲ။ ချမှတ်လိုက်တဲ့ မူ ကြောင့် ကျောင်း သား မိဘတွေ ကလဲ အဲ့ဒါနဲ့ကိုင်ပြီး တိုင်ကြတော့ မလိုလားတဲ့ပြဿနာတွေ က ဖြစ် နေရတယ်''ဟု ဗဟန်းမြို့နယ်မှ မူလတန်းကျောင်းကျောင်းအုပ် တစ်ဦးက ပြောသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 12 Nov 2013 01:01 AM PST
အခြေခံပညာ စာသင်ကျောင်း မုန့်ဈေးတန်းများတွင် ရောင်းချနေသော အစားအသောက်များ ကျန်းမာရေး ဘေးအန္တရာယ် ကင်းဝေးရေးအတွက် သက်ဆိုင်ရာ မြို့နယ်များ၌ လာမည့် ဒီဇင်ဘာလ နှောင်းပိုင်းမှ စတင်ကာ ဈေးကွက်စစ်တမ်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Nov 2013 12:21 AM PST
မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့အား ဥရောပသမဂ္ဂမှ ပြည်သူပူးပေါင်းပါဝင်သော ရဲ လုပ်ငန်းစနစ်(Community Policing) သင်တန်း ပို့ချပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့ရေးစု-၃မှ ရဲမှူးကြီးသက်လွင်က ပြောသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူတန်းစား အလွှာပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်လျက်ရှိ ခြင်းနှင့်အတူ ဘာသာရေးအဆောက်အအုံများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများစွာရှိခြင်းတို့ ကြောင့် ယင်းမြို့နယ်ရဲတပ်ဖွဲ့အား သင်တန်းပို့ချ ပေးရန် ရွေးချယ်ရခြင်းဖြစ်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 12 Nov 2013 12:17 AM PST
မြောင်းမြ မြို့တွင် အသက်  ခုနစ်နှစ်အရွယ် ကလေးတစ်ဦးကို အသက် ၁၄ နှစ်အရွယ်ရှိ ကလေးတစ်ဦးမှ လူသတ်၍ အလောင်းဖျောက်ခဲ့ မှုကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့ ပြီဖြစ်ကြောင်း မြောင်းမြမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ပြောသည်။ နိုဝင်ဘာ ၅ရက်က မြောင်း မြမြို့ အမှတ်(၆)ရပ်ကွက် အောင်မင်္ဂလာ(-)လမ်းနေ မ-----လှိုင် အသက်ခုနစ်နှစ်သည် နေအိမ် အတွင်း ဆော့ကစားနေစဉ်တွင် ရုတ်တ ရက်ပျောက်ဆုံးသွားကြောင်း ဖခင်ဖြစ်သူ ဦးရဲနိုင်ဦးမှ မြောင်း မြရဲစခန်းသို့ လာရောက် တိုင်ကြား ပြီးနောက် သုံးရက်အကြာတွင် ကျောက်အိုင်ရွာအနီး မြောင်းမြ မြစ်ကမ်းတွင် အဆိုပါကလေး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက် သံသယရှိသူများကိုစစ် ဆေးရာမှ တရားခံဟုဆိုသူက ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 11 Nov 2013 11:58 PM PST
တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကျွန်းစုများပေါ်တွင် နေထိုင်သော ဆလုံ လူမျိုးများကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရန် ၄င်းတို့နေထိုင်သည့် ကျွန်းစုများအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ "လောလောဆယ် ရာသီဥတု မကောင်းလို့ ခဏနားထားတယ်" ဟု ၄င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Nov 2013 11:55 PM PST
နိုင်ငံခြား ငါးဖမ်းသင်္ဘောများကို ငါးဖမ်းဆီးခွင့် ပြုထားသည့် မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်းရေပြင် (မြန်မာ့ရေပိုင်နက် သီးသန့်စီးပွားရေးဇုန်မျဉ်း၏ အပြင်ဘက်) တွင် နိုင်ငံခြား သင်္ဘောများ၏ ပင်လယ်ပြင် ငါးဖမ်းဆီးခွင့် (Fishing Right) ကို လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 11 Nov 2013 11:34 PM PST
ရန်ကုန်တိုင်းတွင် ယခုနှစ်အတွင်း တစ်လလျှင် ယာဉ်တိုက်မှု ၂၃၀ ကျော်ရှိပြီး သေဆုံးသူလစဉ် ၃၀ ဦးခန့် ရှိသည်ဟု အမှတ် (၂ ) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက နိုဝင်ဘာ ၁၁ ရက်တွင်မဇ္ဈိမ သို့ပြောသည်။ ၂၀၁၃ ခုနှစ်ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ရန်ကုန်တိုင်းတွင် ယာဉ်တိုက် မှုပေါင်း ၂၃၀၀ ကျော်ဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုများအတွင် သေဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရသူ ၃,၅၀၀ နီးပါးရှိခဲ့ရာ “ပျမ်းမျှတစ်လကို ယာဉ်တိုက်မှု ၂၃၀ ကျော်ဖြစ်ပွားတယ်” ဟု ရဲအုပ်ဇော်မျိုးထွန်းက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 11 Nov 2013 11:27 PM PST
သတ်ခြင်းများနှင့် အခြားသော အမှုအခင်းကြီးများအား ကျူးလွန်ကြသူများမှာ ထောင်မှလွတ်မြောက်လာသူများ အများ ဆုံးပါဝင်နေကြောင်း မှုခင်းမှတ်တမ်းများအရ တွေ့ရှိရသည်။ ယင်းသို့သော အကြောင်းအရင်းမှာ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ လုံခြုံရေး အားနည်းခြင်းနှင့် ပြစ်မှုကျူး လွန်သူတို့၏ စာရိတ္တပြုပြင်ပေးရေး၊ နောင်အလားတူ ပြစ်မှုမျိုး ထပ်မံကျူးလွန်မှု မရှိစေရန် ပြုပြင်ပေးရ သော အကျဉ်းထောင်များ၏ အားနည်းချက်များကြောင့် ဖြစ်ပေသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 11 Nov 2013 06:12 PM PST
တိုင်ဖွန်း မုန်တိုင်း ဟိုင်ယန် ဝင်ရောက် တိုက်ခတ် သွားခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပိုမို ထိရောက် မြန်ဆန် နိုင်ဖို့ အတွက် လိုအပ်နေပြီ ဖြစ်ပါတယ်။ သမ္မတ ဘန်နီနို အာကွီနိုကလည်း အရေးပေါ် အခြေအနေကြေညာ ထားပါတယ်။ သူ့ရဲ့ ကြေညာချက်ထဲမှာဆိုရင် လေတီနဲ့ ဆမာ ဒေသတွေမှာ အသေအပျောက်နဲ့ အပျက်အစီး အများဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီ ဒေသတွေက ဒုက္ခသည် ထောင်ပေါင်းများစွာမှာလည်း အရေးပေါ် အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သမ္မတကိုယ်တိုင် ကယ်ဆယ်ရေးလုပ်
Posted: 11 Nov 2013 06:04 PM PST
Organization of Islamic Cooperation အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံကိုလာရောက်ပြီး ရခိုင်ပြည်နယ်နဲ့ ပဋိပက္ခဖြစ်ပွားခဲ့ရာနေရာတွေ သွားရောက်ကြမှာကို နိုဝင်ဘာ ၁၂ရက်နေ့ ဒီကနေ့ ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို အခုတပတ်အတွင်းမှာလာ ရောက်ဖို့ရှိနေတဲ့ OIC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဖြေရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှု အခြေ အနေတွေကိုသိရှိနိုင်အောင် စီစဉ်ပေးနိုင်ဖို့ အတွက်သာ လာရောက်တာဖြစ်ပြီး OIC ရုံးခန်းဖွင့်လှစ်ရေးနဲ့ ပတ်သက်ခြင်းမရှိဘူးလို့ သမ္မတရုံးပြန်ကြားရေးဝန်ကြီး ဦရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မနေ့ညနေပိုင်းက ဖော်ပြထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 11 Nov 2013 06:01 PM PST
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ၀င်မွှေခဲ့တဲ့ ဟိုင်ယမ် မုန်တိုင်းကြောင့် လူပေါင်း ၁ သောင်းကျော်သေဆုံးခဲ့ရသလို လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းမှာ နောက်ထပ် မုန်တိုင်း တခု ဒီကနေ့ နှောင်းပိုင်းမှာ ၀င်ရောက်ဖို့ ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 11 Nov 2013 02:37 PM PST
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲများတွင် ယခင် တပ်မတော် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးများ၏ ဆိုးကွက်များအား ထည့်သွင်းပြောဆို နေသော်လည်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေးအရ အမုန်းပွားမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် တရားလွှတ် တော်ရှေ့နေ ဦးကိုနီက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 11 Nov 2013 01:41 PM PST
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၂ဝ၁၃ ခုနှစ်အတွက် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ(၁၀) ရက် မနေ့ကစပြီး ကျင်းပနေပါပြီ။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...