Friday, November 8, 2013

အရေးကြီးပြီ ( သို့မဟုတ် ) ပြိုင်ပွဲရောက်ရန် လက်တစ်ကမ်းအလို


အားလုံးသိကြတဲ့အတိုင်း ..
အခုဆို Miss Universe Myanmar မိုးစက်ဝိုင်အနေနဲ့ ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၃ ခုနှစ် မယ်စကြ၀ဌာပြိုင်ပွဲမှာ မနက်ဖြန် ၉ .၁၁.၂၀၁၃ မှာဆိုရင် ဖိုင်နယ်နေ့ရောက်ပါပြီ ။

ဲအဲဒီမှာ အနိုင်ရသူဟာ .. ကမ္ဘာတ၀ှမ်းမှာရှိတဲ့ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရမှာအပြင် အဖိုးထိုက်တန်လှတဲ့ စိန်သရဖူနဲ့တကွ မယ်စကြ၀ဌာ စလွယ်ကိုလည်းဆင်မြန်းခွင့်ရမှာအပြင် ...
ဒေါ်လာ 1 million တန်တဲ့ ရေကူးဝတ်စုံကိုပါဝတ်ဆင်ခွင့်ရမှာဖြစ်ပါတယ် ။

ဒီထက်အရေးကြီးတာက ၅၃ နှစ်တာကာလအတွင်း
ပထမဆုံးပွဲ
ပထမဆုံးယှဉ်ပြိုင်မှု
ပထမဆုံး ကျွန်တော်တို့အားလုံးကြိုးစားမှု နဲ့အတူ လင်းလက်လာမယ့်ကြယ်တစ်ပွင့်
မြန်မာဆိုတာ ကမ္ဘာက ဒီထက်ပို အာရုံစိုက်သိနိုင်မယ့်အခွင့်အရေးမို့ ...ကျွန်တော်တို့အားလုံးကြိုးစားရမှာပါ ။

ဒီတော့ Miss Universe Myanmar အနေနဲ့ Top 16 ထဲမှာ ပါနိုင်ဖို့ကအလွန်ကိုအရေးကြီးနေပါပြီ ။

စည်းမျဉ်းစည်းကမ်းတွေသတ်မှတ်ထားချက်အရတော့ ဆယ့်ငါးယောက်ကို ဒိုင်တွေကရွေးချယ်ပေးမှာဖြစ်ပြီး
နောက်ဆုံးတစ်ယောက်ကိုတော့ အွန်လိုင်းက မဲပေးမှုအများဆုံး Voting result အများဆုံးရတဲ့သူက အလိုအလျောက် ဆီမီးဖိုင်နယ်ကိုဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ် ။

လင့်တွေ တော်တော်များများမှာ မြန်မာကအသာစီးရနေတယ်ဆိုပေမယ့်လည်းတကယ်အရေးကြီးတဲ့ လင့်တွေကို မမေ့ကြဖို့လိုပါတယ် ။

အရေးကြီးဆုံး Link ၂ ခုကို Highlight လုပ်စေချင်ပါတယ် ။

================================

ပထမလင့်ကတော့ မဲအရေအတွက်အများဆုံးလူဟာ ဆီမီးဖိုင်နယ်ကို တိုက်ရိုက်တက်ရောက်ခွင့် Top finalist 16 ယောက်ထဲ တိုက်ရိုက်ဝင်ခွင့်ရမယ့်လင့်ဖြစ်ပါတယ် ။

အဆင့် ၁ ။ အောက်ပါလင့်ကိုဖွင့်ပါ

http://www.missuniverse.com/members/profile/657643/year:2013

အဆင့် ၂ ။ ပုံအောက်မှာရှိတဲ့ Vote ကိုနှိပ်ပါ Pop-up ပေါ်လာပါလိမ့်မယ် ။

အဆင့် ၃ ။ အဲဒီ Pop up မှာ Vote for the next Miss Universe ဆိုတဲ့စာတမ်းနဲ့ ဖြည့်ရမယ့်အကွက်တွေရှိပါတယ်

Enter email ဆိုတဲ့အကွက်မှာ ကိုယ့်မေးလ်းကိုထည့်ပါ ။ Pick a country မှာ Myanmar ကိုရွေးပါ

အောက်က ၁ ကနေ ၁၀ အထိအကွက်လေးတွေဟာ scale သတ်မှတ်ချက်တွေပါ ။ နှစ်သက်သလောက်ပေးပါ အများဆုံးကိုပေးရင်တော့အကောင်းဆုံးပဲပေါ့ ။

ပြီးရင် Enter the code နေရာမှာ Captcha ပေါ်က စာကိုရိုက်ပါ

အောက်ဆုံးက I certify that i m 16 years or older Send me info from the Miss Universe Organization ဆိုတာကို အမှန် ခြစ်ပါ ။

ပြီးရင် Vote ကိုနှိပ်လိုက်ရင်ရပါပြီ ။ တစ်နေ့ကို အကြိမ်တစ်ရာအထိမဲပေးနိုင်ပါတယ် မနက်ဖြန်နောက်ဆုံးပါပဲ ဒီနေ့ကသိပ်ကို အရေးကြီးပါတယ် ။

====================================

ဒုတိယလင့်ကတော့မြန်မာဒုတိယရောက်နေရာကနေ အခုထို ထိုင်းကိုဖြတ်ပြီးပထမရနေတဲ့လင့်ဖြစ်ပါတယ် ။ Russia နိုင်ငံက ပြုလုပ်တဲ့ ဆိုက်ဖြစ်ပါတယ် ။ အများဆုံးရတဲ့လူကို ဆုပေးမှာဖြစ်ပါတယ် ။

http://missuniverse.woman.ru/?module=content_chl_view&id=112&c_id=0

ပုံအောက်မှာရှိတဲ့ ခရမ်းရောင်စာတမ်းကိုနှိပ်ပေးယုံပါပဲ ။ Refresh လုပ်ပြီးထပ်ခါထပ်ခါပေးလို့ရပါတယ် ။ ထိုင်းကထပ်ချပ်မကွာ လိုက်လာပါတယ် မဲအရေအတွက်ကွာဟမှုသိပ်မရှိပါဘူး ။ ရာဂဏန်းလောက်ပဲရှိပါတယ် ။

=============================

တခြား Voting တွေရဲ့နောက်ဆုံးအဖြေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ။

၁ ။ People's Choice Awards 2013 by Beauty Pageant Grand Slam
Myanmar : 643421 , Phillipine : 382932

၂ ။ Miss Universe Poll by Kattera
Myanmar : 74.79% , Phillipines : 13.97%

၃ ။ Beauty Pageant Grand မှ ချီးမြှင့်သော People Choice Award
Myanmar : 57% , Phillipines : 11%

သက်တန့်ချို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...