ဘတစ်ပြန်ကျားတစ်ပြန် အသည်းအသန်
Author: lubo601 |
9:33 AM |
No မှတ်ချက် |
Nay La Minn added 6 photos.
ဘတစ်ပြန် ကျားတစ်ပြန်၊ အသည်းအသန်၊ သူနိုင်ကိုယ်နိုင်
အပြိုင်နွှဲကြတဲ့ ဇွဲနဘဲကြီးလွန်းသောရန်ပွဲတစ်ပွဲ ကို အမှတ်
မထင် ကိုယ်တိုင်ကြုံတွေ့ ခဲ့ရပါတယ်။ ကျွန်တော့်အတွက်
တော့ ဒီလိုသတ္တဝါနှစ်ကောင်ရဲ့ တိုက်ပွဲကို ပထမဦးဆုံးအ
တစ်ကောင်နဲ့တစ်ကောင် တစ်ဘက်နဲ့တစ်ဘက် တိုက်ကြ
ခိုက်ကြ ၊ သတ်ကြ ဖြတ်ကြတာဟာ လောကကြီးအတွက်
တော့ အဆန်းတကြယ်မဟုတ်တော့ပါဘူး။
ဘုရားတန်ဆောင်း မျက်နှာကျက်ပေါ် မှ ကြမ်းပြင်ပေါ်သို့
ဘုတ်ကနဲ လုံးထွေး ကျလာတဲ့ အရာကို ကြည့်လိုက်တော့
တောက်တဲ့တစ်ကောင်နဲ့ မြွေတစ်ကောင်၊ မြွေက တောက်
တဲ့ရဲ့ ဘယ်ဖက်လက်ကိုကိုက်ထားပြီး မြွေရဲ့ခေါင်းတစ်ခြမ်း
ကို တောက်တဲ့ကပြန်ပြီး ခဲထားတာကိုတွေ့လိုက်ရပါတယ်။
အနားမှာရှိတဲ့ ဘုရားဝန်ထမ်းတချို့က ဖြန်ဖြေခြောက်လှန့်
ကြပေမယ့် ဘယ်သူကမှဘယ်သူ့ကို အလျှော့မပေး ခဲမြဲခဲ၊
ကိုက်မြဲကိုက်လျှက်။ သေခါမှသေ အလျှော့မပေးကြေး ဆို
တဲ့ မာန်မာနနဲ့ ဇွဲနဲ့ ။ တစ်နာရီကျော် အချိန် ကြာတဲ့အထိ
တွန်းလိုက် တိုက်လိုက် ၊ ကန်လိုက် ကျောက်လိုက် ၊ လုံး
လိုက် ထွေးလိုက် ပုံစံ အမျိုးမျိုး ၊ အနေအထား အမျိုးမျိုး
ပြောင်းလဲ တိုက်ခိုက်နေကြပေမယ့် ကိုက်ထား ခဲထားတာ
ကိုတော့ လုံးဝမလွှတ် အနေအထားမပြောင်းတာကိုအံ့သြ
စွာ တွေ့ခဲ့ရပါတယ်။
သူပြိုင် ကိုယ်ပြိုင် ရင်ဆိုင်တိုက်ပွဲရဲ့ အဆုံးအဖြတ်ကို စိတ်
ဝင်စားမိပေမယ့်လည်း ခရီးဆက်ရန် အတွက်အချိန်ကိုငဲ့ရ
တာကြောင့် သတ္တဝါ နှစ်ကောင်ရဲ့ စစ်မြေပြင်ကို ကျောခိုင်း
ခဲ့ရပါတယ်။ လမ်းခရီး တစ်လျှောက်မှာတော့ ဒီ သတ္တဝါနှစ်
ကောင်ရဲ့ ရန်ပွဲကိုပဲ မြင်ယောင်မိနေပါတော့တယ်။ အတွေး
ထဲမှာတော့ဒီနှစ်ကောင် တစ်ကောင်နဲ့တစ်ကောင် အလျှော့
မပေးပဲ ရေကုန်ရေခန်း အညှိုးတကြီးနဲ့ ကိုက်ခဲထားကြမယ်
ဆိုရင်တော့ တချိန်ချိန်မှာ နှစ်ကောင်စလုံး အသက်ဆုံးရမှာ
လို့ တွေးထင်မြင်ယောင် မိနေပါတော့တယ်။
ကိုယ့်အတွက်လည်း အကျိုးမရှိ ၊ သူ့အတွက်လည်း အကျိုး
မရှိ ၊ တပါးသူ ကြားလူအတွက်လည်း အကျိုးမရှိ ၊ ဘယ်သူ့
အတွက်မှအကျိုးမရှိတဲ့အပြင်....
သူလည်း အသက်ဆုံး ၊ ကိုယ်လည်း အသက်ဆုံး ၊ တပါးသူ
ကြားလူများလည်း စစ်ရဲ့ အနိဌာရုံများကို ခံစားကြရမယ့် အ
ဖြစ်မျိုးကို ဘယ်လိုအကြောင်းတရား၊ ဘယ်လိုအတိတ်ရဲ့ကံ၊
ဘယ်လို အမုန်းတရား၊ ဘယ်လို မာန်မာနများရဲ့ လွှမ်းမိုးစေ
စားမှုကြောင့်များ ရှောင်လွှဲ၍မရနိုင်၊ ရပ်တန့်၍မရနိုင်၊ တား
ဆီး၍မရနိုင် ဖြစ်ကြရပါသနည်း ..... ဟုလည်းတွေးတော၍
မရနိုင်ဖြစ်ခဲ့ရပါသည်။
ယခုတော့ ထိုအဖြေကို ကျွန်တော်ရရှိခဲ့ပါပြီ။ စစ်ပွဲတွေ၊ တိုက်
ပွဲတွေ၊ ရန်ပွဲတွေကို ရပ်တန့်၍ မရနိုင်အောင် ဖြစ်ရခြင်းသည်
အသိဥာဏ်မရှိသော၊ စဉ်းစားနိုင်စွမ်း တွေးခေါ်နိုင်စွမ်း မျှော်
မြင်နိုင်စွမ်း မရှိသော တိရစ္ဆာန်နှစ်ကောင် ဖြစ်နေခြင်းကြောင့်
ပင်။
အကယ်၍သာအသိဥာဏ်ရှိသော၊ စဉ်းစားနိုင်စွမ်းသော၊ တွေး
ခေါ်နိုင်စွမ်းသော၊ မျှော်မြင် နိုင်စွမ်းသော၊ အရှည်ကို မျှော်မြင်
တွေးတောနိုင်စွမ်းသော ဦးနှောက်ရှိသူများ ဖြစ်ပါလျှင်မူ ရန်ပွဲ
များ၊ စစ်ပွဲများဟူသည် ရှိနိုင်တော့မည်ဟု မထင်မိပါကြောင်း..။
(ေ န လ မ င်း ၊ ၂ ၀ ၁ ၃ နို ဝ င် ဘာ ၂ ရ က် )
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment