Monday, November 11, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၁၁)

သစ်ထူးလွင်




Posted: 11 Nov 2013 05:20 AM PST
ဒီနေ့ ကျင်းပတဲ့  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ  ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို  ဆွေးနွေးရာမှာ  မှတ်ပုံမတင်ဘဲ ပုံနှိပ်ထုတ်ဝေလုပ်ငန်း လုပ်ကိုင်သူတွေအတွက် မူလက သတ်မှတ်ထားတဲ့  ထောင်ဒဏ်တွေကို ပယ်ဖျက်လိုက်ပြီး ငွေဒဏ်တွေကိုလည်း လျှော့ပေါ့ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဥပဒေမူကြမ်းမှာ တိုင်းရင်းသား အချင်းချင်း၊ လူမျိုးရေးနဲ့ ဘာသာရေး ထိခိုက်နစ်နာစေ နိုင်တဲ့ အကြောင်းအရာတွေကို မဖော်ပြဖို့ နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ အများ ပြည်သူ အေးချမ်းသာယာရေး၊ နိုင်ငံသားတွေရဲ့ တန်းတူမှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေကို ထိခိုက်တဲ့ အကြောင်းအရာတွေကို မဖော်ပြဖို့ သတ်မှတ် ထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Nov 2013 04:52 AM PST
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုအတွက် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကျပ် ၁၀ ဘီလီယံကျော် သုံးစွဲမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ဇံထွေးက ပြောကြားသည်။ အဆိုပါ ပမာဏသည် နိုင်ငံတစ်ဝန်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် သုံးစွဲမည့် ဘဏ္ဍာငွေ ကျပ် ၇၅ ဘီလီယံကျော်၏ ခုနစ်ပုံ တစ်ပုံကျော် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Nov 2013 04:49 AM PST
ဆူပူ လှုံဆော်မှုဖြင့် တရားစွဲဆိုခံနေရသည့် မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီဝင် ရခိုင်လူငယ် တစ်ဦး ဖြစ်သည့် ကိုရဲမင်းဦးကို ယနေ့ နိုဝင်္ဘာလ ၁၁ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးသည်ဟု သတင်းရ ရှိသည်။ ကိုရဲမင်းဦးက နိုဝင်္ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် သာကေတမြို့နယ်တရားရုံး၌ တရားသူကြီး ဦးကျော်ကျော်ဝင်းက စစ်ဆေးခြင်း ဖြစ်သည်ဟု သူနှင့် အဖွဲ့တစ်ခုတည်း အတွင်း လုပ်ကိုင်နေသူ ရခိုင်လူငယ်အဖွဲ့ အဖွဲ့ဝင် ကိုဖိုးသားက နိရဉ္စရာသို့ ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Nov 2013 04:45 AM PST
ပဲခူးမြို့၊ ရွှေစေတီဘုရား လမ်းသွယ်၊ အိုးလေးစု၊ မဇင်းရပ်ကွက်၊ အိမ်အမှတ် (မရှိ)နေသူ လှကြိုင်(ခ)သခင်လှကြိုင်၊ (၉၂)နှစ်၊ (ဘ)ဦးအောင်ပွင့်(ကွယ်)၊ (မိ)ဒေါ်တိုး(ကွယ်)မှ ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ ခရစ်ယာန် ဘုရားကျောင်းရှိ ပဲခူးမြစ်ကူးတံတား၊ လူကူးစင်္ကြံ လမ်းမှနေ၍ ဖြတ်သန်း သွားလာသူ ပြည်သူ
လူထုအား ငွေကြေးတောင်းရမ်း စားသောက်နေမှုနှင့် ပတ်သက်၍ (၉.၁၁.၂၀၁၃)နေ့ နေ့လည်(၁၂း၀၀)အချိန်ခန့်က ၄င်းနေထိုင်ရာ အိမ်သို့ ပဲခူးမြို့ပေါ်ရှိ စိတ်ဝင်စားသူ အချို့မှ သွားရောက် မေးမြန်းခဲ့ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တိမ်မြုပ်နေသော ကြယ်တစ်ပွင်၏့ (သို့) သခင်လှကြိုင်
Posted: 11 Nov 2013 03:35 AM PST
အမြင့်ဆုံး နိုင်ငံရေး ပုဒ်မဖြစ်သော နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီးခံထားရသော ဦးနေ၀င်း မြေးနှစ်ဦး ဒီဇင်ဘာတွင် လွတ်ငြိမ်း ချမ်းသာခွင့် ရရှိမှုသည် သမ္မတပေါ်မူတည်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံမှ စုံစမ်းသိရရှိသည်။ “ကော်မတီအနေနဲ့ စစ်ဆေးတွေ့ရှိချက်ကိုပဲ တင်ပြနိုင်တာ လွှတ်ဖို့က သမ္မတပေါ်မှာပဲ မူတည်တယ်”ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ဦးဘိုကြည်က ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Nov 2013 03:26 AM PST
မြန်မာနိုင်ငံတွင် ၂၃ နှစ်ကြာ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရက ရေးဆွဲ ခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် အချက်များကို ကိုယ်ပိုင် သီးခြား ပြုလုပ်ထားသည်ဟု သူရဦးရွှေမန်းက နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြောကြားသည်။ မန္တလေးမြို့ (တယက) ရုံးဟောင်း အစည်းအဝေးခန်းမတွင် ကျင်းပသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Nov 2013 04:11 AM PST
နာမည်ကြီး ဟောလီဝုဒ် အကျော်အမော် သရုပ်ဆောင် တစ်ဦးဖြစ်သော အင်ဂျလီနာဂျိုလီသည် ကျင်းပဆဲဖြစ်သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း အဆိုပါ စကားဝိုင်း ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ အကြီးတန်း ညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက ပြောကြားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Nov 2013 03:16 AM PST
နယ်စပ် များတွင် တာဝန်ထမ်းဆောင် နေ သည့်ရဲတပ်ဖွဲ့ဝန်ထမ်းများ ကိုနည်းပညာမြင့် လက်နက်များတပ်ဆင်ပေးတော့ မည်ဖြစ်ကြောင်း နိုင် ငံဖြတ်ကျော်မှုခင်း ဌာနမှ သိ ရသည်။ ယင်းကဲ့သို့နည်းပညာ မြင့်လက်နက်များတပ်ဆင်ပေး ရ ခြင်းမှာ တချို့အရပ်ဒေသများတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အရေးပေါ်အခြေအနေ ကြုံလာပါက ကာကွယ်နိုင်မည့် လက်နက်များမှာ ဟောင်းနွမ်းပျက်စီးနေ သောကြောင့်ယင်းကဲ့သို့အစားထိုး လက်နက်များ တပ်ဆင်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Nov 2013 03:09 AM PST
ယခင်စစ် အစိုးရလက်ထက်မှ လူကြီးများ၏ သားသမီးများနှင့် ပတ်သက်ဆက် နွှယ်သူများ ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုများရှိပါက အထောက်အထားခိုင်လုံစွာဖြင့် တိုင်းဒေသကြီးအစိုးရရုံးသို့ တိုင် ကြားနိုင် ကြောင်း ရန်ကုန်တိုင်း ကြီး နယ်စပ်ရေးရာလုံခြုံရေးဝန် ကြီးဗိုလ်မှူးကြီးတင်ဝင်းက ပြော သည်။ ယင်းကဲ့သို့တိုင်ကြားရာတွင် တိုင်ကြားသူများသည် ကိုယ်တိုင် နစ်နာမှုများကို ကြုံတွေ့ခံစားရ သူများဖြစ်ရမည်ဖြစ်ပြီး အထောက် အထားခိုင်လုံရမည်ဖြစ်ကြောင်း သိရသည်။ ဗိုလ်မှူးကြီးတင်ဝင်းက ''ရဲ အရေးပိုင်မှုဆိုတာလဲ ရှိတယ်။ တခိျု့ ကိစ္စတွေ ကျတော့ ရဲစခန်း ကို တိုက်ရိုက်တိုင်ရတာလဲရှိတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 11 Nov 2013 02:52 AM PST
ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံက  အကျဉ်းသား ၃ ထောင်လောက် ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုဝင်ဘာဘာ ၁၁ ရက်နေ့မှာ ကျင်းပတဲ့  ပထမအကြိမ်  ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က  မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ ရှိတဲ့ အကျဉ်းသားများကိစ္စနဲ့ စပ်လျဉ်းပြီး မေးမြန်းရာမှာ  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်စွာမြင့်က တုံ့ပြန်ပြောဆို လိုက်တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Nov 2013 02:36 AM PST
ဧရာဝတီမြစ် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်အတွင်း တရားမဝင် ငါးရှော့ခ်တိုက် ဖမ်းသည့် လှေစီးရေများ ပိုတွေ့ရလာကြောင်း မြန်မာနိုင်ငံ သားငှက် ထိန်းသိမ်းရေးအဖွဲ့ စီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်းက ပြောကြားသည်။ စစ်ကိုင်းတိုင်း ဒေသကြီး မင်းကွန်းဒေသမှ ကျောက်မြောင်း ဒေသအကြား မတ္တရာနှင့် စဥ့်ကူး မြို့နယ်တို့ရှိ ဧရာဝတီ မြစ်အတွင်း ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဇုန်တွင် ယခင်က ငါးရှော့ခ်တိုက် ဖမ်းသည့် လှေခြောက်စီးခန့် ရှိရာမှ လက်ရှိ ကိုးစီးခန့် ရှိနေကြောင်း ၎င်းကဆိုသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Nov 2013 02:32 AM PST
မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော မန္တလေးမဟာမြတ်မုနိ ဘုရားကြီး ဘယ်ဘက်မျက်လုံးတော် ပွင့်တော်မူသည်ဟူသော ကောလာဟလများ နိုဝင်ဘာလ ၁၀ ရက်နေ့က ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ဘုရားကြီးမျက်နှာတော် အနီးရှိ လုံခြုံရေး ကင်မရာကို စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဘုရားကြီး ဂေါပက အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ “မဟာမြတ်မုနိဘုရား ဘယ်ဘက် မျက်လုံးတော် ပွင့်တယ်လို့ မနက် ၁၀ နာရီ ကျော်လောက် ကတည်းက ကြားလိုက်မိတယ်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ဓာတ်ပုံတွေ တွေ့လိုက်ရတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Nov 2013 09:28 PM PST
အမှုအခင်းများအတွက် ပြစ်မှုကျုးလွန်သူဟု သံသယရှိထားသူများ၊ စွပ်စွဲခံထားရသူများအား ရဲစခန်းများ ၌ ဖမ်းဆီးစစ်ဆေးကြရာတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ရှိနေဆဲဖြစ်ပြီး ပြည်သူ့ရဲဝန်ထမ်းများ အနေဖြင့် ဥပဒေကို အထူးလိုက်နာရန် လိုအပ်နေပေသည်။ လက်ရှိတွင် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ဦးဆောင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရည်အသွေးများ မြင့်မားလာစေရန် ဥရောပသမဂ္ဂနိုင်ငံများဖြင့် ချိတ်ဆက်၍ သင်တန်းပေး မှုများ ပြုလုပ်လျက်ရှိသော်လည်း တရားခံဟု သံသယရှိထားသူများ၊ ဖမ်းဆီးစစ်ဆေးခံရသူများအပေါ် ရဲဝန်ထမ်းများ၏ ဆက်ဆံပုံများ၊ အပြုအမူများနှင့်ပတ်သက်၍ လက်ရှိတွင် ပြည်သူများက ဝေဖန်မှုများ ရှိနေသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Nov 2013 09:00 PM PST
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်မြို့နယ် တာ့တွန့် ကျေးရွာအုပ်စု ဟွေ့ဆန်ကျေးရွာ အနီး တောအုပ်ထဲတွင်
မြန်မာဖက်က ၀င်ရောက်လာ သည်ဟု ယူဆရသည် အမည်မသိ လက်နက်ကိုင် အဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မူးယစ် ဆေးဝါးများနှင့်အတူ လူလေးဦးကို အသေဖမ်းဆီး ရမိကြောင်း ချင်းမိုင်အခြေစိုက် သတင်းထောက်က သတင်း ပေးပို့ထားသည်။ အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နှင့် နိဝင်ဘာလ ၉ရက်နေ့က ည၈နာရီခန့်က မိနစ်၂၀ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အလောင်း လေးလောင်း၊ လက်လုပ်မိုင်း တစ်လုံးနှင့် ကာလတန်ဖိုးဘတ် သန်း၂၀၀ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား လေးသိန်းကို ကျောပိုးအိပ် လေးအိပ်ထဲကနေ သိမ်းဆည်း ရမိကြောင်း ရဲက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Nov 2013 08:48 PM PST
ဘင်္ဂလာဒေခ်ျ့  နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီမှ မြန်မာနှင့် ဆက်စပ်နေသော နယ်စပ်ကို ပိတ်မည်ဟု သူ့နိုင်ငံ၏ ပါလီမန်တွင် လွန်ခဲ့သော ကြာသပတေးနေ့က ထုတ်ဖေါ် ပြောဆိုသော်လည်း နယ်စပ်တွင် တရားမ၀င် ၀င်ထွက်သွားလာမူများ ဆက်လက် ရှိနေဆဲဟု သိရသည်။ “ ပိတ်တာကို မတွေ့ရသေးဘူး။ ဟိုဘက် ဒီဘက် လှေတွေနဲ့ နတ်မြစ်ကို ဖြတ်ကူးပီး သွားလာနေကြတုန်း ဖြစ်ပါတယ်” ဟု မြစ်နားရွာ ဒေသခံ တစ်ဦးက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Nov 2013 08:38 PM PST
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ မတရားသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဒေသခံလယ်သမားတွေ ဒီနေ့မနက် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြ လယ်သမားတွေဟာ တပ်သိမ်းလယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ မတရားသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ မှတ်ပုံတင်ခွင့် ရရှိရေး၊ သိမ်းဆည်းမြေတွေပေါ် အဆောက်အအုံ ဆောက်လုပ်နေမှုတွေ ချက်ချင်း ရပ်ပေးရေး၊ တပ်သိမ်းမြေ ပြန်လည်ရရှိရေး စတဲ့အချက်တွေကို ကြွေးကြော်ပြီး ချီတက် ဆန္ဒပြခဲ့ပါတယ်။

လယ်သမား ၁၀၀ ပါဝင်တဲ့ ဒီဆန္ဒပြပွဲကို ဒီနေ့မနက်ပိုင်း ကမြောကင်းလမ်းဆုံကနေ မြို့တပတ် လမ်းလျှောက် ဆန္ဒဖော်ထုတ်တာဖြစ်ပြီး မြို့လူထုတွေကလည်း ထောင်ချီပြီး လိုက်ပါကြည့်ရှုခဲ့ပါတယ်။

by ဒီဗွီဘီ

Posted: 10 Nov 2013 08:30 PM PST
ထိုင်းနိင်ငံ တောင်ပိုင်း ဖူးကတ်မြို့အနီးရှိ အပန်းဖြေ ကျွန်းကို ခရီးထွက်သည့် မြန်မာကျောင်းသားများ
လိုက်ပါလာသော ကားတစ်စီး တိမ်း မှောက်မှုကြောင့် ကျောင်းသူ ၅ယောက်အပါအ၀င် ၃၄ယောက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု ထိုင်းအခြေစိုက် သတင်းထောက်က သတင်းပေးပို့ထားသည်။ မြန်မာကျောင်းသူကျောင်းသားတွေ
အပါအ၀င် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိ Asian Institute Of Technology ကျောင်းတွင် ပညာသင် ကြားနေကြသူများ လိုက်ပါလာသည့် ကားတစ်စီး ထိုင်းနိုင်ငံ ဖူးကတ်မြို့အနီးက အပန်းဖြေကျွန်းကို ခရီးထွက်စဉ် နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၂ နာရီ အချိန်က တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Nov 2013 08:01 PM PST
ပြဿနာတွေ ဖြစ်ပွားပြီး လူသေမူတွေ ရှိခဲ့တဲ့ ပေါက်တောမြို့နယ် ဆင်တက်မော် စခန်းက ဒုက္ခသည်တွေကို စနေနေ့က စပြီး သူတို့ ယခင်နေထိုင်ရာ ငှက်ချောင်း ဒုက္ခသည် စခန်းကို ရွှေ့ပြောင်း ပေးနေရာမှာ ဒီကနေ့ နံနက် အချိန်ထိ လူပေါင်း ၄၀၀၀ ကျော်ကို ပြောင်းရွှေ့ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ စနေနေ့ ညနေ ၃ နာရီခန့်က စက်လှေ (၁၆) စီးနဲ့ အတူ ရဲတွေ အစောင့်အရှောက်ယူပြီး လိုက်လံ ပို့ဆောင်ရာမှာ ကျား (၃၅၀) နဲ့ မ ( ၃၆၀) ကို စတင်ပို့ဆောင်နိုင်ခဲ့တယ်လို့ ဒေသအတွင်းက အရာရှိ တစ်ဦးက ပြောပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Nov 2013 07:56 PM PST
နိုဝင်ဘာ ၁၀ ရက်က ညနေခြောက်နာရီခန့်က စတင်ဖွင့်လှစ်ခဲ့သော တောင်ကြီး မီးပုံးပျံပွဲတော်တွင် လုံခြုံရေးအင်အားကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်ထားသည်ဟု တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ဆပ်ကော်မတီဝင် အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ထူးက မဇ္ဈိမကို ပြောသည်။ “ကျွန်တော်တို့အနေနဲ့ လုံခြုံရေးအတွက် ရဲတပ်အင်အားကို ယခင်နှစ်အင်အားထက် နှစ်ဆချထားပါ တယ်။ သည်နှစ်မှာ ရဲတပ်သားအင်အား ၁,၀၀၀ ၀န်းကျင် ချထားပါတယ်၊ လုံခြုံရေးအတွက်လည်း ပွဲမစခင် ၁၀ ရက်လောက် ကြိုတင် ပြင်ဆင်ထားတယ်”ဟု မဇ္ဈိမကို ပြောသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲကို နိုဝင်ဘာလ ၁၀ရက် ညနေခြောက်နာရီက ဖွင့်ပွဲကို တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာ မီးပုံပျံကွင်းတွင် ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ) မီးပုံးပျံပွဲတော်တွင် လုံခြုံရေးအင်အားကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်ကာ ရဲတပ်သားအင်အား ၁၀၀၀ဝန်းကျင် ချထားသည်ဟု တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ဆပ်ကော်မတီ ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး မြင့်ထူးက ပြောသည်။
Posted: 10 Nov 2013 07:47 PM PST
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေဒေသရှိ ကျေးရွာအုပ်စုလေးခုကို ပေါင်း၍ ငပလီမြို့အဖြစ် ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက နိုဝင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။ ယင်းသို့ သတ်မှတ်ရခြင်းမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဖြစ်ကာ ယင်းကမ်းခြေဒေသကို ငပလီမြို့အဖြစ် ပြောင်းလဲသတ်မှတ်ရန် ပြီးခဲ့သည့် အောက်တိုဘာလဆန်းက သမ္မတ၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ညွှန်ကြားထားခြင်းဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက စတင် အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာနိုင်ငံ၏ အထင်ကရကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေအလှကို တွေ့ရစဉ်
Posted: 10 Nov 2013 07:32 PM PST
ဒီကနေ့ ဟာ ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံး သွားတဲ့ နေ့ အထိမ်းအမှတ် နေ့ အဖြစ် ကမ္ဘာတဝန်း ရှိ ဓနသဟာရ အဖွဲ့ဝင် နိုင်ငံတွေ မှာရော၊ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ မှာပါ၊ စစ်ဖက် ဆိုင်ရာ တာဝန် ထမ်းဆောင်ယင်း ကျဆုံးသွားတဲ့ စစ်သည် ရဲဘော်တွေ အတွက် အမှတ်တရ နေ့ အဖြစ်၊ အလေးပြုတဲ့ အခန်းအနားတွေ၊ ဆုတောင်းဝတ်ပြုပွဲ တွေ ကျင်းပ ကြပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာတော့ မြန်မာ့ မြေပုံ ကို ကမ္ဘာ က အသိအမှတ် ပြုရလေအောင်၊ လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်ဟောင်း မော်ကွန်းဝင် သခင်လှကြိုင် အသက် ၉၃ နှစ် ဟာ ပဲခူးမြို့ တံတားထက် တောင်းရမ်း စားသောက်နေရတဲ့ ဘဝ ရောက်နေရတာ ဟာ ရင်နာစရာ၊ ရှက်စရာ၊ ဝမ်းနည်းစရာ ကောင်းတဲ့ အကြောင်း ဒိန်းမတ်နိုင်ငံ ဘွန်ဟွန် ပြည်နယ် မှ မွန်တိုင်းရင်းသား မင်းသိန်းဦး က ဘီဘီစီ ကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အပယ်ခံဘဝထဲက လွတ်လပ်ရေး သူရဲကောင်း ဦးလှကြိုင်

Posted: 10 Nov 2013 02:54 PM PST
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ထောက်ကြံ့ကျေးရွာ၌ ကပြဖျော်ဖြေလျက်ရှိသည့် ရွှေဝေလျှံ ဇာတ်ပွဲခင်းတွင် ရဲတပ်သားဦးသည် အရက်မူးနေပြီး ရဲတပ်ဖွဲ့ဝင်မဟုတ်သူ လူတစ်ယောက်မှလည်း ရဲဝတ်စုံများ ၀တ်ဆင်ထားလျက်ရှိကြောင်း ထောက်ကြံ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းမှ သက်ဆိုင်ရာသို့ အတည်ပြုပြောကြားသည်။ အဆိုပါ ပွဲဈေးခင်း၌ အရက်မူးနေသည့် ရဲတပ်သားမှာ ဇော်မိုးဆိုသူဖြစ်ကြောင်း သွားရောက်စစ်ဆေးခဲ့သည့် ရဲအုပ် ၀င်းထွဋ် ရှိန်နှင့် အဖွဲ့မှ ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Nov 2013 02:30 PM PST
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် လုံခြုံရေးစီမံချက်အရ ညပိုင်းအချိန် သွားလာသူများအား လမ်းများ ပိတ်ဆို့ စစ်ဆေးခြင်းကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ နယ်မြေအလိုက် ခွဲခြားပြီး နေ့စဉ်နီးပါး ပြုလုပ်ဆောင်ရွက်လျှက် ရှိသည်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်၊ ည (၁၀း၃၀)အချိန်ခန့် ကန်ဖျားနယ်မြေ၊ ပိတောက်ပင်လမ်းဆုံ၌ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေစဉ် အမျိုးသမီးတစ်ဦး တင်ဆောင်မောင်းနှင်လာသော ဆိုင်ကယ်တစ်စီး ပိတ်ဆို့စစ်ဆေးရာသို့ ဖြတ်သန်းရောက်ရှိလာသဖြင့် လုံခြုံရေးစီမံချက်အရ စစ်ဆေးမှုပြုလုပ်ခံရန် ပြောဆိုသည့်အခါ ဆိုင်ကယ်မောင်းနှင်လာသူမှ အစစ်ဆေး မခံနိုင်ကြောင်း ငြင်းဆန်ပြောဆိုပြီး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Nov 2013 02:23 PM PST
ပဲခူးမြစ်နဲ့ ရန်ကုန်မြစ်အကြား ရေအောက်မှာ ပျောက်ဆုံးနေတယ်လို့ ယုံကြည်ယူဆနေတဲ့ ဓမ္မစေတီခေါင်းလောင်းနဲ့ပတ်သက်ပြီး စာတမ်းဖတ်ပွဲမှာ ဓမ္မစေတီခေါင်းလောင်း တကယ်ရှိ မရှိဆိုတဲ့နဲ့ပတ်သက်ပြီး နိုဝင်ဘာ ၉ရက်နေ့က ရန်ကုန်မြို့မှာ အခြေအတင် အငြင်းပွားခဲ့ကြပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Nov 2013 02:19 PM PST
လျှပ်စစ်ဓာတ်အား သုံးစွဲခတွေ ရုတ်တရက် မြင့်တက်လိုက်တဲ့အပေါ် ရန်ကုန်နဲ့ မန္တလေးမှာ ၃ရက်ကြာ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ထွက်လာ အပြီးမှာတော့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ပြည်သူကို တောင်းပန်တယ်လို့ နိုဝင်ဘာ ၁ဝရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...