Sunday, November 24, 2013

"အဖိုနဲ့ အမ"

ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ၊ ဘင်္ဂလီပြဿနာနဲ့ ပြည်မက ကုလား-ဗမာ အဓိကရုဏ်းတို့ ရဲ့ တကယ့် ရင်းမြစ်ကို (Gender Issue) လိင်ခွဲခြားမှုရှုထောင့်က ချဉ်းကပ်နိုင်ဖို့ အများကြီးလိုတယ်ထင်မိတယ်...။ ပဋ္ဋိပက္ခတစ်ခုဟာ (Gender Violence) လိင်အကြမ်းဖက်မှု ကို မကိုင်တွယ်သရွေ့ တရားမျှတမှု (justice) ကိုမဖေါ်ဆောင်နိုင်သလို ကြာရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဆိုတာ(lasting peace) အမျိုးသမီးထုရဲ့ ပူပေါင်းပါဝင်မှု မရဘဲမဖြစ်နိုင်ဘူး။ စစ်ပွဲတိုင်း ပဋ္ဋိပက္ခတိုင်းမှာ အမျိုးသမီးထုဟာ တိုက်ရိုက်ရော၊ သွယ်ဝိုက်ရော မလွတ်တမ်း...ထိခိုက်ခံစားရလေ့ရှိလို့ ပဲ...။ လူမှုရေးမျှတမှု (social justice) ဆိုတာ ဒီကမ္ဘာမှာ ဘာသာတရားတွေ ပေါ်ပေါက်လာကတည်းက အမျိုးသမီးတွေ ထောင် စုနှစ်နဲ့ ချီ ခံစားလာခဲ့ရတဲ့ နာလွန်းလို့ ပျောက်သွားတဲ့ အသံပဲ (diminished voice)။
မွတ်စလင်မတွေ (အထူးသဖြင့် ဘင်္ဂလီမတွေ)၊ ဗမာမတွေ၊ ရခိုင်မ၊ ကချင်မ၊ ကရင်မ၊ ရှမ်းမ၊ မွန်မ၊ ကယားမ၊ စသဖြင့် မိန်းမ တွေကို လွတ်လွတ်လပ်လပ် တွေးခေါ်စေ၊ ပညာသင်စေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်စေ လိုက်ပါ။ ဘုန်းကြီးတွေ၊ ဖာသာတွေ၊ ဗလီဆရာတွေ၊ စစ်သားတွေ လုပ်နေတဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးတွေထက် အဆရာထောင် ထိရောက်တာကိုတွေ့ ရပါလိမ့် မယ်။ တကယ်တော့ ယောကျာင်္းကြီးစိုးတဲ့ကမ္ဘာမှာ ယောကျာ်းဝါဒ (masculinity) က စစ်မက်တိုက်ခိုက်လိုခြင်း၊ ပဋ္ဋိပက္ခဖြစ်ပွားရခြင်းရဲ့ သဘာဝ ဖန်တီးချက်ဖြစ်နေတာပဲ..။ အမျိုးသမီးတွေကို ဘာအကြောင်းကြောင့်မှ (ဘာသာရေးအားဖြင့်၊ လူမှုရေးစံနုန်အားဖြင့်၊ ရုပ်ပိုင်းအားဖြင့်) ကန့် သတ်မထားပဲ လှုပ်ရှားခွင့်ပြုလိုက်ပါ..။ ယောကျာ်းတွေ နောက်ဆုတ်ပေးလိုက်တဲ့ နေရာတွေမှာ မိန်းမတွေ နဲ့ အစားထိုးလိုက်ပါ...။ ရေရှည်ခိုင်မြဲတဲ့ အဖြေ (durable solution) ကိုရလာပါလိမ့်မယ်။ အမျိုးသမီးတွေကိုယ်တိုင်က ယဉ်ကျေးမှုအတားအဆီးတွေကို ရဲရဲရင့်ရင့် တွန်းလှန်နိုင်ဖို့ တော့လိုမှာပေါ့..။...အဲ.. နောက်ဆုတ်ပေးသွားတဲ့ ယောကျာ်းတွေကလည်း ဒီ လူမှုရေးတရားမျှတမှု (social justice) ကို ဘာသာရေးမျက်နှာဖုံး၊ လူမှုရေးမျက်နှာဖုံး စသဖြင့် မျက်နှာဖုံးမျိုးစုံတပ်ဖျက်ဆီးထားတဲ့ စည်းမျဉ်းတွေ၊ သွန်သင်ချက်တွေ၊ ကျင့်ထုံးတွေ၊ ဓလေ့တွေကို တိုက်ဖျက်ရာမှာ တတပ်တအား ပါဝင်ပူးပေါင်းဖို့ ကလည်းမရှိမဖြစ်ပဲ..။ မောင်တစ်ထမ်း မယ်တစ်ရွက်၊ အေးအတူ ပူအမျှလို့ ဆိုတယ်မို့ လား..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...