အလျော့၊ အတိုးနဲ့ ကြိုးစားလိုစိတ်
Kyar Phyu Nwe and Min Zaw Swe were tagged in True Man's photo.
ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ကျောင်းသားလေး (၃) ယောက်ရှိပါတယ်။ မောင်လှ၊ မောင်မြ၊ မောင်ထွေး တဲ့။ ဆရာတော်ကြီးကပဲ ဒီကျောင်းသားလေးတွေကို စာသင်ပေးပြီး ကျောင်းမှာပဲ ထားရတာပေါ့။ သူတို့ အားလုံးထဲမှာ မောင်လှက စာအတော်ဆုံး ဥာဏ်လည်း အကောင်းဆုံးပါ။
လုံးလ အားစိုက်မှုလည်း သိပ်ကောင်းတော့ ဆရာတော် ကြီးကလည်း အနာဂါတ်အတွက် မောင်လှကို အားထားတာပေါ့။ မောင်မြနဲ့ မောင်ထွေးကတော့ ဆရာတော်ကြီးကို ကြောက်လို့ သာ စာကို လုပ်နေရတာ အပျင်းလည်းထူတတ်တယ်၊ ကြိုးစားချင်စိတ်လည်း မရှိကြဘူး။ ဒီလိုနဲ့ တစ်နေ့  ဆရာတော်က သင်္ချာ (၅) ပုဒ်ကို တွက်ခိုင်းပြီး ကျောင်းသားတွေရဲ့ တတ်မြောက်သင်ယူမှုကို စမ်းကြည့် သတဲ့။ အားလုံးဖြေ ဆိုလို့ အပြီးမှာ မောင်လှက (၄) ပုဒ် မှန်ပြီး မောင်မြနဲ့ မောင်ထွေးက (၂) ပုဒ်သာ မှန်ကြပါတယ်။ ဒီတော့ ဆရာတော်ဘုရားက မောင်မြကို (၃) ချက်၊ မောင်ထွေးကို (၃) ချက် ကြိမ်နဲ့ သမပါလေရော။ မောင်လှကိုကြတော့ (၄) ချက် ရိုက် ပါသတဲ့။ မောင်လှလည်း သူ့ ကျ ဘာလို့ (၄) ရိုက်မှန်း နားမလည်ဘူးပေါ့။ ကျန်တဲ့ကျောင်းသား နှစ်ယောက်လည်း ဆရာတော်ရဲ့ လုပ်ရက်ကို အံ့သြနေ ကြတာပေါ့။ ဒါကို မောင်လှက မနေနိုင်ပဲ ဆရာတော်အား သိလိုတာတွေ လျှောက်တင် မေးမြန်းလိုက်ပါတယ်။ " အရှင်ဘုရား..တပည့်တော်က အားလုံးထဲမှာ မှန်တာ အများဆုံးပါ။ ဘာလို့ တပည့်တော်ကို လျှော့မရိုက်ပဲ တစ်ချက် ပိုရိုက်ရသလဲဘုရား " " ငါ့တပည့်..တကယ်ဆို မင်းက ပုစ္ဆာ (၅) ပုဒ်လုံးတောင် မှန်နိုင်တဲ့ကျောင်းသားပါ။ ငါ့တပည့်ရဲ့ ကြိုးစားနိုင်စွမ်းနဲ့ ဆို အကုန်လုံး မှန်သင့်တာ ပေါ့။ မင်းရဲ့ ပေါ့ဆမှုလေး အနည်း ငယ်ကြောင့်သာ ပုစ္ဆာ တစ်ပုဒ် ဆုံးရှုံးလိုက်ရတာ ဖြစ်တယ်။ ဒါကြောင့် မင်းလို လူတော် တစ်ယောက် အ တွက် အလားတူ အမှားမျိုးတွေ ထပ်မဖြစ်အောင် ပိုရိုက်ခြင်းဖြင့် အမှတ်ရလေအောင် ဆုံးမလိုက်ခြင်းပါ" " အရှင်ဘုရား...မောင်မြနဲ့ မောင်ထွေး တို့ က (၂) ပုဒ်သာ မှန်ပါတယ် ဘုရား...ဘာကြောင့် သူတို့ ကို လျှော့ပြီး ရိုက်ရပါသလဲ ဘုရား " " သူတို့ နှစ်ယောက်ရဲ့ ဥာဏ်နဲ့ ဆို (၁) ပုဒ်လောက်သာ မှန်မှာပါ။ ဒါပေမယ့် သူတို့ ရဲ့ မလျှော့တဲ့ လုံ့ လ၊ ကြိုးစားအားထုတ်လိုတဲ့ စိတ်ကြောင့် (၂) ပုဒ် များတောင် မှန်ခဲ့တယ်။ ဒါကြောင့် သူတို့ ရဲ့ ကြိုးစား အားထုတ်မှုကို အသိမှတ်ပြုတဲ့ အပြင်၊ နောက်ထပ် ကြိုးစားချင်စိတ်တွေ ထပ်ဖြစ် သွားအောင် လျှော့ရိုက်ပြီး ဆုံးမလိုက်ခြင်းပါ " ဒီတော့မှပဲ ကျောင်းသားလေးတွေဟာ ဆရာတော်ရဲ့အမျှော်အမြင်ကြီးမှုကို သိရပါတော့တယ်။ သူတို့ တွေရဲ့ စိတ်ထဲမှာလည်း ဒီထက် ကြိုးစား ချင်တဲ့ ဆန္ဒတွေ စိတ်တွေ ကိန်းအောင်းသွားတာပေါ့။ ဆရာတော်ရဲ့ မေတ္တာကြီးမားပုံကိုလည်း နားလည်သွားပါတော့တယ်။
ဆရာတော် ဆုံးမသလိုပါပဲ၊ အောင်မြင်မှု လမ်းစကို ဖွင့်မည့်သူဟာ အရာရာကို ပေါ့ပေါ့တန်တန် တွေးပြီး လုပ်လို့ မဖြစ်ပါဘူး။ သူ့ ရဲ့ ကြိုးစားမှုဟာ အမြဲတမ်း ပြောင်းလဲမှုတွေနဲ့ အတူ တိုးတက်နေရပါမယ်။ အချိန်တွေပြောင်းလဲလာလေလေ ထိုသူရဲ့ အတွေးအခေါ်တွေ မှန်ကန်စွာ ဖွံ့ ဖြိုးလာလေ လေဖြစ်ရမှာပါ။ ဒါမှာ လူတော်၊လူကောင်း တစ်ယောက်ဖြစ်တော့မှာပေါ့။ ပျက်စီးယိုယွင်းမှုဟာ ခန္ဓာအတွက်သာ ဖြစ်သင့်ပြီး ဦးနှောက်အသိအတွက် မဖြစ်သင့်ပေ။
True Man
0 comments:
Post a Comment