Sunday, November 24, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၁)

သစ်ထူးလွင်



Posted: 24 Nov 2013 01:41 AM PST

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ဒီကရီ ကောလိပ်၊ ကောလိပ်အသီးသီး၏
ပထမနှစ် သင်တန်းများကို ဒီဇင်ဘာ ၅ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပထမနှစ် သင်တန်းဝင်ခွင့်ရသူများ စာရင်းကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ် အသီးသီး တွင် ကြေညာထားသည်။

ဒုတိယနှစ်နှင့် အထက် သင်တန်းများအားလုံးကို ဒီဇင်ဘာ ၂ ရက်မှ စတင်ကာ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အသီးသီးတွင် ဖွင့်လှစ်မည်ဖြစ်သည်။

MOI Webportal Myanmar
Posted: 24 Nov 2013 01:18 AM PST
ကျွန်မသည် (၂. ၁၁. ၂၀၁၃) ရက်နေ့က ယာဉ်တိုက်မှုဖြင့် သေဆုံးသော မောင်အောင်စိုးဦး၏ မိခင်အရင်းဖြစ်ပါသည်။ထိုနေ့က မောင်အောင်စိုးဦးသည် နံနက်ပိုင်း ပိုက်မှလာသောရေကို ကျောက်စည်ထဲသို့ ရေဆွဲထည့်နေစဉ် မျိုးဝင်းအောင်၊ အောင်ဟိန်း တို့မှ သင်ပုန်းဆည်သို့ ငါးမျှားသွားရန်ခေါ်သဖြင့် လိုက်ပါသွားခဲ့ပါသည်။ ညနေ ၆ နာရီအချိန်ခန့်တွင် သရက်အုပ် အလွန် ၌ ဆိုင်ကယ်ချင်းတိုက်မိကြောင်း ကျွန်မ၏သားမှာ ၄င်းနေရာ၌ပင် သေဆုံးသွားကြောင်းကို ဖုန်းဖြင့် မောင်အောင်ဟိန်းမှ သူ၏မရီးဖြစ်သူထံ အကြောင်းကြားခဲ့ပါသည်။

သေဆုံးသူနှင့်လူနာများအား ရန်အောင်မြင်နာရေးကားဖြင့် (၁) ဦးလှဝင်း (၂)ဦးဘူးသီး (၃) ကိုသိန်းထွန်းအောင် (သေဆုံးသူ၏ယောက်ဖ) တို့ ၃ ဦးသယ်ယူခဲ့ပါသည်။၎င်းကားပေါ်တွ
င် အခင်းဖြစ်ချိန်က ဆိုင်ကယ်မောင်းလာသူမှာ မျိုးဝင်းအောင် ဖြစ်ပြီး အလယ်မှထိုင်သူမှာ အောင်ဟိန်းဖြစ်၍ နောက်ဆုံးမှစီးလာသူမှာ ကျွန်မ၏သား အောင်စိုးဦးဖြစ်သည်ဟု သိရပါသည်။ ၄င်းကားပေါ်တွင် လိုက်ပါလာသူ ဦးလှဝင်းမှာ ၄င်း၏မိန်းမဖြစ်သူနှင့် မျိုးဝင်းအောင်တို့မှာ အမျိုးများတော်စပ်သဖြင့် အမှန်တကယ် ဆိုင်ကယ်မောင်းလာသူမှာ မျိုးဝင်းအောင်ဖြစ်သော်လည်း သေဆုံးသူအောင်စိုးဦးစီးသည်ဟု လိမ်ညာထွက်ဆိုရန် တိုင်ပင်နေသည်ကို ကိုသိန်းထွန်းအောင်မှ ကြားသိခဲ့ရပြီး ရင်ခွဲရုံသို့ အလောင်းပို့သောအခါမှာလည်း သေဆုံးသူမှာ ဦးလှဝင်းမှ ၄င်း၏ယောက်ဖတော်စပ်ကြောင်း လိမ်ညာပြောဆို၏ ရင်ခွဲရုံသို့ ပေးပို့ခဲ့ပါသည်။ အလယ်တွင်ထိုင်သူအောင်ဟိန်းမှာ ခါးကျိုးပြီး အူခွဲစိတ်ရပါသည်။ ဆိုင်ကယ်မောင်းသူ မျိုးဝင်းအောင်မှာ ဒူးတစ်ဖက် ဂုံညင်းရိုးကွဲသည်ဟုသိရပါသည်။ နောက်ဆုံးတွင်စီးနင်းလာသူ ကျွန်မ၏သား အောင်စိုးဦးသည် နေရာ၌ပွဲချင်းပြီးသေဆုံးသည်ဟု သိရှိရပါသည်။

သေဆုံးသူ အောင်စိုးဦးတွင် ဇနီးဖြစ်သူ စောစန္ဒာလင်း(ခ) မိစံနှင့် သားတစ်ဦး ကျန်ရစ်ခဲ့ပါသည်။ ဆိုင်ကယ်မောင်းသူမျိုးဝင်းအောင်
မှာ ကျွန်မ၏ချွေးမ စောစန္ဒာလင်း(ခ) မိစံ၏ ဦးလေးဝမ်းကွဲတော်စပ်ပါသည်။ ကျွန်မသား၏ နာရေးရက်လည် (၈.၁၁.၂၀၁၃) ရက်နေ့ပြီးဆုံးသည့် အချိန်က ချွေးမဖြစ်သူမှာလည်း သေဆုံးပုံအား ရေရေရာရာ ပြောပြနိုင်ခြင်းမရှိသည့်အတွက် အလည်တွင်ထိုင်၍ ဒဏ်ရာရရှိ သွားသော မောင်အောင်ဟိန်းအား သွားရောက်မေးမြန်းသောအခါမှ မျိုးဝင်းအောင်မှာ ဆိုင်ကယ်စီးလာသူဖြစ်ပြီး သေဆုံးသူ ကျွန်မသားမှာ နောက်ဆုံးမှလိုက်ပါလာသည်ဟု တိတိကျကျသိခဲ့ရပါသည်။

မောင်အောင်ဟိန်းမှပြောပြသည်မှာ သင်ပုန်းဆည်မှာ ငါးမျှားသည်။ ညနေပြန်လာသောအခါ အောင်စိုးဦးမှ မောင်းသည်ဟု သိခဲ့ရပြီး ဆိုင်ကယ်ချိန်းကြိုးပျက်သဖြင့် ဆိုင်မှာဝင်ရောက်ပြင်ဆင်နေစဉ် မျိုးဝင်းအောင်နှင့် အောင်ဟိန်းတို့မှ အရက်သောက်ကြပြီး၊ အောင်စိုးဦးမှာ မိန်းမနှင့်ပြန်လည်ပေါင်းသင်း
သည်မှာမကြာသေးသည့်အပြင် စည်းခုံကြီးရပ်ကွက်ရ၌ခံဝန်ကတိဖြင့် အရက်မသောက်ရန် လက်မှတ်ထိုးထားသူဖြစ်သောကြောင့် အချိုရည်တစ်ဘူးနှင့် ပေါင်မုန့်တစ်လုံးသာ စားသည်ဟု သိရပါသည်။ အရက်ဆိုင်မှ စားသောက်ပြီးအထွက်တွင် သေဆုံးသူအောင်စိုးဦးက \"မင်းတို့အရက်သောက်ထားတာ မူးနေပြီ၊ ငါမောင်းမည်\" ဟု ပြောသောအခါ မျိုးဝင်းအောင်မှ \"ငါ့ဆိုင်ကယ်အကြောင်း ငါပဲသိတယ် ၊ မမောင်းနဲ့\" ဟုဆိုပြီး ဆိုင်ကယ်ကို ကိုယ်တိုင်မောင်းခဲ့ပါသည်။ မျိုးဝင်းအောင်မှ ဆိုင်ကယ်မောင်းပြီးနောက် ထွက်လာကြရာ သရက်အုပ်မရောက်ခင် ပေတရာ မော့တက်လေးတွင် ဆိုင်ကယ်ချင်းတိုက်မိ၍ ကျွန်မသား အောင်စိုးဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပါသည်။ မောင်အောင်ဟိန်းမှ \"အောင်စိုးဦးစီးရင် ဒီလိုဖြစ်မှမဟုတ်ဘူး ၊ မျိုးဝင်းအောင် အရက်သောက်ပြီးစီးလို့ ဒီလိုဖြစ်ရတာ၊ အောင်စိုးဦးကိုအရမ်းသနားတယ်\" ဟုပြောပြသဖြင့် ကျွန်မ ဇာတ်လမ်းစုံသိခဲ့ရပါသည်။ အိမ်နီးချင်းများကလဲ အောင်ဟိန်းကို လူနာလာမေးသောအခါ အောင်ဟိန်းက အထက်ပါပြောခဲ့သည့် အတိုင်းပင် ပြောပြခဲ့ပါသည်။

(၁၆. ၁၁ ၂၀၁၃) နေ့တွင် မောင်အောင်ဟိန်း ၏ ဇနီးဖြစ်သူ စန္ဒာထွေးမှ ကျွန်မအိမ် သို့ ရောက်ရှိလာပြီး မောင်အောင်စိုးဦး အရက်သောက်စား မူးရူးပြီး ကိုယ်တိုင်စီး၍ သေဆုံးသွားကြောင်း လိမ်လည်ထွက်ဆိုရန်အတွက် အမှန်တစ်ကယ် ဆိုင်ကယ်မောင်းသူ၏ အမ မမြရီမှ လာရောက် ပြောကြား သည့်အပြင် သေဆုံးသူ ဇနီး စောစန္ဒာလင်း၏ ဦးလေးတော်စပ်သူ ဦးလှဝင်း မှလဲ အလယ် တွင်ထိုင်၍ လိုက်ပါလာသော အောင်ဟိန်း ၏ နေအိမ်သို့ သွား ရောက်ပြီး ယခုအမှုအား အမှန်အတိုင်း မပြောရန် ၊ ပြောခဲ့လျှင် လျော် လည်းလျှော်ရမည် ၊ ထောင်လည်းကျမည် ဟု ခြိမ်းခြောက် စကားပြောခဲ့ ကြောင်း ပြောပြသဖြင့် ကျွန်မ သိခဲ့ရပါသည် ။

အထက်ပါကိစ္စရပ်များအား အဖြစ်မှန်ကို ဖုံးကွယ်၍ လိမ်လည် ထွက်ဆို နေကြ သည်ဟု ကျွန်မသိရသဖြင့် အမှုဖွင့်ထားသော အမှတ် (၁) ရဲစခန်းကို သွား ရောက်စုံစမ်း ခဲ့ပါသည် ။ ထိုနေ့က စခန်းမှုး နှင့် မတွေ့ခဲ့ရသဖြင့် (၂၁.၁၁.၂၀၁၃) နေ့တွင် ထပ်မံသွားရောက်ခဲ့ရာ စခန်းမှုးနှင့် တွေ့ဆုံ ခဲ့ရပြီး အမှုကို အမှန်အတိုင်းပေါ်ပေါက်ရန် စစ်ပေးမည်ဟု ပြောပြပါသည်။ စခန်းမှ ပြန်လာပြီး အဖြစ်အပျက် အမှန်အတိုင်း ထွက်ဆိုသူ မောင်အောင်ဟိန်း အိမ်သို့ ထပ်မံသွားရောက်သော အခါ အခြား တစ်ဖက်မှ တိုက်ခဲ့သောဆိုင်ကယ်မှ တရားစွဲထားတယ်ထင်လို့ အမှန်အတိုင်း ထွက်မည်ဟု ပြောခဲ့ကြောင်း ၊ ယခုအခါ ထိုသို့ မဟုတ် သဖြင့် ဆေးရုံမှ ထွက်ဆိုထားသည့် အတိုင်း လိမ်လည်၍ ထွက်ဆို မယ် ၊ အမှန်အတိုင်းမပြောနိုင်ဘူး ၊ ကြိုက်သလိုလုပ် ဟု ပြောပြပါသည်။

ကျွန်မသားဖြစ်သူ အောင်စိုးဦးမှာ အရက်သေစာ သောက်စားခြင်း မရှိသည့် အပြင် အမှန်တစ်ကယ် ဆိုင်ကယ်မောင်းခဲ့ခြင်းမရှိဘဲ အသေဆိုးဖြင့် သေရသည့်  ကိစ္စ တွင် ကျွန်မ၏သားအား အရက်သေစာ သောက်စားမူးယစ်ပြီး ဆိုင်ကယ်မောင်းသည်ဟု လိမ်လည်ထွက်ဆိုနေကြသဖြင့် နေ့စဉ်နှင့် အမျှ ရင်ထဲတွင် ခံစားနေရပါသောကြောင့် အမှုမှန် ပေါ်ပေါက်ရန် အတွက် စစ်ဆေးပေးပါရန် တိုင်ကြားရခြင်းဖြစ်ပါသည်။

တိုင်ကြားသူ
ဒေါ်မြတ်မွန် (ဘ) ဦးမြင့်သန်း
၉/စကတ (နိုင်) ၀၁၁၆၉၉
စက်ကြီးဆည်မြောင်း ၊ ၀န်ဇင်းရပ်ကွက်
မိတ္ထီလာမြို့

Posted: 24 Nov 2013 01:11 AM PST

မန္တလေး နိုဝင်ဘာ ၂၀ ရက်

လက်လုပ်ဗုံးအပါအဝင် လက်နက်ကိရိယာပစ္စည်းမျိုးစုံ တပ်ဆင် စုဆောင်းထားသော ဂိုဒေါင်တစ်ခုနှင့် နေအိမ်တစ်ခုမှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဖမ်းခံရသူ လူငယ် လူလတ်နှစ်ဦးလုံးမှာ မူဆလင် အစ္စလာမ်များဖြစ်နေကြောင်း တွေ့ရှိရသည်။

၎င်းတို့မှာ ကိုဆန်းဝင်း (ခ) ဆိုင်ယဒ်အလီ (၃၇)နှစ် (ဘ) ဦးအောင်သန်း (၁၇×၂၈)လမ်းကြား၊ (၈၃×၈၄)လမ်းကြား၊ ကြယ်တိုက်ဝင်း၊ ချမ်း/လယ်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် ကိုသိန်းတန် (ခ) ရှရီ၊ (၂၉)နှစ် (ဘ) ဦးခင်မောင် (၂၇×၂၈)လမ်းကြား၊ (၈၃×၈၄)လမ်းကြား၊ ကြယ်တိုက်ဝင်း၊ ချမ်း/လယ်ရပ်ကွက်၊ မေမန်ဂျမာအသ်တိုက်တန်း၊ အခန်း (၁၂) တို့ဖြစ်ပြီး ကိုသိန်းတန် (ခ) ရှရီ၊ ကုန်ပစ္စည်းအရောင်းဆိုင်လုပ်ကို
င်သူ၏နေအိမ်မှ
၁။ ဂျင်ဂလိလက်နက် (၁၅)ပိဿာပါ ပီနံအိတ်တစ်လုံး၊
ကိုဆန်းဝင်း (ခ) ဆိုင်ယဒ်အလီပိုင်သောဂိုဒေါင်အတွ
င်းမှ
၁။ နှစ်ခွချွန် ခရင်းခွ (၁၂)ချောင်း၊
၂။ လှံတစ်ချောင်း၊
၃။ ဓားဦးချွန်မျိုးစုံ (၅)ချောင်း၊
၎။ ဓာတ်ဆီစိမ်ထားသည့် ပုလင်းကွဲများ သံတိုသံစများထည့်ထားသော ကော်ဇလုံ (၁)လုံးနှင့် ပီနံအိတ် (၁)လုံး၊
၅။ ပုလင်းကွဲများ သံတိုသံစများရောထောင်းရာတွင်အသု
ံးပြုသည့် သံငရုတ်ဆုံ (၁)ခုတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယမ်းပျော့ကြိုး (၁၅)ကိုက်ပါ ကြိုးခွေ (၄)ခွေ၊ မိုင်းအဆင့်ပြုလုပ်ထားသော ပိုက်လုံး (၇)လုံးတို့လည်း ပါဝင်ကြောင်း သိရသည်။
၎င်းတို့ကို အမှတ် (၈) ရဲစခန်းမှ ဖမ်းဆီးထားကြောင်း သိရသည်။

အမှတ် (၈) ရဲစခန်း= 02-36994

ဦးဝီရသူ (မစိုးရိမ်း)










Posted: 24 Nov 2013 12:53 AM PST

မန္တလေးမြို့တော်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့က နေရာသုံးနေရာ၌ လုယက်မှု သုံးမှု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အချိန်ပိုင်းအတွင်း အမှုနှစ်မှုမှ တရားခံများကို ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင် ရပ်ကွက် (၆၃x၃၁) လမ်းထောင့် နယူးစီပီလိုင်း ဈေးတွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် သားငါးရောင်းသူ၏ ပိုက်ဆံအိတ်အား အမျိုးသမီးနှစ်ဦးက ဆိုင်ကယ်ဖြင့် ဆွဲယူထွက်ပြေး သွားသဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Nov 2013 12:44 AM PST

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေ ဝက်မှေးရွာဟောင်းရှိ ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည့် သပိတ်စခန်း ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် လက်ပံတောင်း တောင် သပိတ်စခန်း ဖြိုခွင်းခံခဲ့ရမှု၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် သံဃာရှစ်ပါးအား ဗုဒ္ဓကုရဆု (ဘုရားလောင်း သူရဲကောင်းဆု) ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း ဆရာတော် ဝီရသူက မိန့်ကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Nov 2013 12:35 AM PST

ကသာခရိုင်၊ ၀န်းသိုမြို့နယ်၊ မယ်ဇလီကျေးရွာအုပ်စု၊ မယ်ဇလီကျေးရွာနေ ဒေါ်နှင်းနွယ်ဦးသည် (၂၉၈)ကြိမ်အောင်ဘာလေထီ သိန်း (၁၅၀၀)ဆုပေါက်သော်လည်း ထီလက်မှတ် ပျောက်ဆုံးနေကြောင်း သိရသည်။ ၂၀၁၃-ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက် ၀န်းကျင်ခန့်က အသက်(၂၀)ခန့် လူငယ် (၂)ဦး မှ ဆိုက်တွဲ (နံပါတ်မသိ) ဖြင့် သီချင်းဆို၍ ရွာစဉ်လှည့်လည် ထီရောင်းချသူများထံမှ ဓ -၈၆၅၅၄၈ ဂဏန်းအပါအ၀င် (၅)စောင်တွဲထီအား တစ်စောင်လျှင် (၈၀၀ိ/-)ကျပ်နှုန်းဖြင့် (၄၀၀၀ိ/-)ကျပ်ဘိုးထီထိုးခဲ့သည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Nov 2013 12:10 AM PST
မြိတ်မြို့ မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ် မီးသွေးဖောင်းတောင်ပေါ် စိန်ပန်းပြာလမ်း ဒေါ်နီကွေးနှင့် ဒေါ်သန်းနုတို့ မွေးမြူထားသော ၀က်ခြံမှ ၀က်မကြီးတစ်ကောင်မှာ နိုဝင်ဘာ ၂၃ ရက် ညတွင် သားပေါက် ကိုးကောင်ပေါက်ဖွားရာ အထီး ခုနစ်ကာင် အမနှစ်ကောင် ပါရှိခဲ့သည်။

အဆိုပါ ၀က်သားပေါက်များတွင် ဦးနှောက်ပွင့်လျက် ဦးခေါင်းတစ်လုံးတွင် ရင်ချင်းဆက်၊ ခြေလက်အစုံပါသော ၀က်နှစ်ကောင် ပေါက်ဖွားခဲ့သည်။

၎င်းဦးခေါင်းတစ်လုံးနှင့် ရင်ချင်းဆက်လျက် ပေါက်ဖွားလာသော ၀က်နှစ်ကောင်မှာ နာရီဝက်ခန့်သာ အသက်ရှင်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း၊ ယခုကဲ့သို့ ပေါက်ဖွားသည်ကို တစ်ခါမှ မကြုံတွေ့ ခဲ့ရကြောင်း ၀က်ပိုင်ရှင်များက ပြောကြားခဲ့သည်။

ရိုက်ကူးပေးပို့သူ - ခိုင်ထူး

The Mirror Daily
Posted: 23 Nov 2013 11:56 PM PST
ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်း မြို့ နယ်အတွင်းရှိ ရွှေလင်းချောင်း နွားစားကျက်မြေနှင့် မိုးကုတ် စားကျက်မြေ အတွင်း နွားဝင်ကျောင်းသော လူငယ်၇ဦးအား ထောင်ဒဏ် ချမှတ်ခံရခြင်းကို ပြန်လည် ပြင်ဆင်ရန်အတွက် ဆန္ဒဖော်ထုတ် မည် ဖြစ်ကြောင်း ဦးဆောင်သူ ဦးဝင်းမြင့်က ပြောကြားသည်။ နိုဝင်ဘာ ၂၂ ရက်နေ့ တွင် ညောင်တုန်းမြို့ နယ် တရားရုံးမှ နွားကျာင်းသား ၇ဦးကို ပိုင်နက်ကျူးလွန်မှု၊ သီးနှံဖျက်ဆီးမှု တို့ဖြင့် ထောင်ဒဏ် ၃လစီ ချမှတ်ခဲ့ခြင်းအား ဆန့်ကျင်ကန့် ကွက်ပြီး ပြန်လည် ပြင်ဆင်ပေးရန်အတွက် ခရိုင်တရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထား မည်ဖြစ်ပြီး ပြန် လည် မပြင်ဆင်ပေး ပါက သံဃာအပါး၁၀၀ကျော် အပါအ၀င် ကျေးရွာ၁၁ ရွာမှ ဒေသ ခံနှစ်ထောင်ကျော် စုပေါင်း ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Nov 2013 11:12 PM PST

အထည်ချုပ်လုပ်ငန်းများမှ လုပ်သားများက တစ်ရက်လျှင် အခြေခံလစာငွေ ကျပ် ၂၅၀၀ မှ ၅၀၀၀ ကျော်အထိ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော် အလုပ်ရှင်များက အခြေခံလစာငွေ တစ်ရက်လျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ ကျော်အထိ သတ်မှတ်ပေးရန် ပြန်လည်တောင်းဆိုခဲ့သည်။ “အလုပ်ရှင်တွေဘက်ကတော့ ၀င်ဝင်ချင်း နှစ်ထောင်ပေးမယ်။ သူတို့အလုပ်အပေါ် ကြိုးစားရင်ကြိုးစားသလောက်ပေး
မယ်။ အလုပ်သမားတွေဘက်ကလည်း ၀င်ဝင်ချင်း ဘာပဲဖြစ်ဖြစ် ငါးထောင်လောက်လိုချင်တယ်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Nov 2013 11:07 PM PST

နေပြည်တော်- ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ကျင်းပမည့် ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များမှ ပရိသတ်များကို ရထား၊ ကားဖြင့် နေပြည်တော်သို့ လာရောက်ရန် စီစဉ်ပေးမည် ဖြစ်သော်လည်း နေပြည်တော်တွင် လူစုလူဝေးကြီး ဖြစ်မည်ကိုမူ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက စိုးရိမ်လျက်ရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Nov 2013 10:28 PM PST

ပဲခူးမြို့၊ အမှတ်(၃)နယ်မြေ ရဲစခန်းအပိုင်၊ အနောက်တောင်ဘက်(၇)မိုင်ခန့် အကွာ ၀ါးမရမ်းကျေးရွာအုပ်စု၊ ဆက်ချောင်းကျေးရွာတွင် (၂၂.၁၁.၂၀၁၃) နေ့ ည(၁၂း၃၀)အချိန်ခန့်တွင် ဆင်းနင်း၍ အမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ် ပွားခဲ့သည်။  ၿဖစ္ပြားပံုမွာ(၂၂.၁၁.၂၀၁၃)ေ
န့ည (၁၂း၃၀ )အချိန်ခန့်၌ ဆက်ချောင်းကျေးရွာနေ ဒေါ်ကျင်မေ ရာဘာခြံတွင်နေပြီး အလုပ်လုပ်ကိုင် လျှက်ရှိသော အလုပ်သမား အောင်မြတ်(၂၀)နှစ်၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Nov 2013 10:17 PM PST

ပဲခူးမြို့နယ်၊ ဘုရားကြီး ရဲစခန်းအပိုင်၊ ပဒေသာ(၂)ရပ်ကွက်၊ မင်းလမ်းနေ ဦးသောင်းအေး(၆၂)နှစ်၊ (ဘ)ဦးစိန်အေး၏ မြို့မစားသောက်ဆိုင်နှင့်KTVဆိုင်တွင် (၂၃.၁၁.၂၀၁၃)နေ့ ည(၆း၀၀)အချိန်ခန့်ကမီးလောင်ကျွမ်းမှုတစ်ခုဖြစ် ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြို့မစားသောက်ဆိုင်သည် သစ်သားညှပ်၊ အုပ်ကာ၊ သွပ်မိုးဖြင့် တည်ဆောက်ထား သော အခန်းအမှတ် R5မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၄င်းအခန်းနှင့်ကပ်လျှက် ဖြစ်သော စတိုခန်း၊ စက်ပစ္စည်းထိန်းချုပ်ခန်း၊ လူနေခန်း R3၊R4အခန်းများပါ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး မီးညွှန့်မှာ ခေါင်မိုးအထက်(၄)ပေခန့်အထိ မြင့်တက်သွားပြီး တိုင်းမီးသတ်ဦးစီးမှူး ရဲသူရိန် လှမြင့်ဦးစီး၍ ဘုရားကြီးမီး သတ်ဌာနမှ မီးသတ်ကား(၂)စီး၊ ဝေါမီးသတ်ဌာနမှ မီးသတ်ကား(၂)စီး၊ ပဲခူးမီး သတ်ဌာနမှ(၄)စီး စုစုပေါင်းမီးသတ်ကား(၈)စီးနှင့် မီးသတ်သန္ဂေ/အရန်အင်အား(၃၆)ဦးတိ
ု့ရောက်ရှိခဲ့ပြီး မီးငြိမ်းသတ်ခဲ့ရာ ည(၆း၄၅)အချိန်တွင်မီးငြိမ်းသွားခဲ့ပြီး ကာလတန်ဖိုးငွေ စုစုပေါင်း(၁၆၅၀၀၀၀ိ/)(ဆယ့်ခြောက်သိန်းငါးသောင်း)ကျပ်ခန့် ပျက်ဆီးဆုံးရှုံးသွားပြီး လျှပ်စစ်အား မဆင်မခြင်သုံးစွဲသူ ဦးသောင်းအေးအား ဘုရားကြီးရဲစခန်းမှ (ပ)၁၅၅/၂၀၁၃ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅(မီးကိုပေါ့လျှော့စွာ သုံးစွဲမှု ကြောင့် မီးလောင်ကျွမ်းခြင်း)အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

by Thit Htoo Lwin

Posted: 23 Nov 2013 10:09 PM PST

ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ် ၊ အင်းစိန်လမ်းမ ၊ဘာတာမှတ်တိုင် ၊ ရှိမီးသတ်ဦးစီးဌာန (လှိုင်မီးသတ်စခန်း)မှ ၀န်ထမ်းတစ်ဦးပါ။

ကျွန်တော်နေထိုင်ရာ သမိုင်းလမ်းဆုံမှနံနက် အလုပ်ဆင်းလျှင် ၃မှတ်တိုင်အကွာ ဘာတာမှတ်တိုင်(အင်းစိန်လမ်း) ကို ဘတ်စ်ကားခ (၅၀ ကျပ်) ဘဲပေးရပါတယ်။ နေ့လည်ထမင်းစားချိန်အိမ်ပြန်စား
ရင်လဲ (၅၀ ကျပ်) ပါပဲ။

ဒါပေမယ့် ညဖက် ၆ နာရီခွဲခန့် လှိုင်မီးသတ်မှ သမိုင်းလမ်းဆုံမှတ်တိုင်သို့ ၅၀/ကျပ် ရိုးရိုး လိုင်းကားများစောင့်စီးရာမှ (ယဉ်လိုင်းအားလုံးမှ) စပယ်ယာများက ၅၀ ခရီးကို ၁၀၀ ကျပ်တောင်းပါတယ်။

၅၀ ခရီးကို ၁၀၀ တောင်းလို့ပြောတဲ့သူရှိရင်စပယ်
ယာမှရိုင်းစိုင်းစွာအော်ဟစ်ငေါက်ငမ်းပါတယ်။
''ခင်ဗျားတို့ကိုမတက်ခင်တည်းက ဟိုနားဒီနား ၁၀၀ ပြောပြီးသား ၊ မစီးနိုင်ရင်ပြန်ဆင်း'' စသည့်ဖြင့်ပြောဆိုပါတယ်။ ခရီးသည်များမှာလည်း တနေ့လုံးအလုပ်ပင်ပန်းပြီးပြန်လာ
သူ လက်လုပ်လက်စားနှင့်ဝန်ထမ်းများဖြစ်ကြကာ စကားနဲရန်စဲ သဘောမျို့း ၁၀၀ ပေးစီးနေကြရသည်မှာ လချီ ရှိပါပြီ။ ထို့ပြင်အလုံ ၊ ကြည့်မြင်တိုင်ဘက်မှလာသောမှော်ဘီ ၊ တိုက်ကြီး ဟိုင်းလတ်ကားများမှာလည်း ၅၀ ခရီးကို ၁၀၀ ၊ ၁၀၀ ခရီးကို ၂၀၀ ယူနေကြသည်မှာ ၅ နှစ်ခန့် ရှိခဲ့ပြီးဖြစ်သော်လည်း ယခုအခါ ၅၀ ခရီးကို ၂၀၀ စတင်ယူနေကြပြီ ဖြစ်ပါတယ်။

သို့ဖြစ်သောကြောင့် ရန်ကုန်မြို့တွင်လိုင်းကား ၊ ဘတ်စ်ကားဖြင့် ခရီးသွားလာ နေကြသော လုပ်သားပြည်သူများ၏ ယာဉ်စီးခ မှန်ကန်စွာဖြင့် စီးနင်းသွားလာနိုင်ရေး သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

        ခရီးသည်ဝန်ထမ်းတစ်ဦး
        (လှိုင်မီးသတ်စခန်း)
        အင်းစိန်လမ်းမကြီး
        ၁၂ ရပ်ကွက် ၊ လှိုင်မြို့နယ်
        ရန်ကုန်မြို့

by Thit Htoo Lwin
Posted: 23 Nov 2013 09:57 PM PST
ဦးအောင်မင်း(ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း) မှ အများပိုင်ကိုမြေကို သိမ်းဆည်းထားရာမှ ရပ်ကွက် ပြည်သူများနှင့် အငြင်းပွားမှုဖြစ်ပွား

မြစ်ကြီးနားမြို့၊ အေးမြသာယာ ရပ်ကွက်တွင် ယခင်အစိုးရ လက်ထက်က ဆေးပေးခန်း မြေနေရာ အဖြစ်သတ်မှတ်ခဲ့သော မြေယာအား လက်ရှိအစိုးရ တက်ရောက်ရန် ကူပြောင်းစဉ်ကာလအတွင်း ဦးအောင်မင်း(ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း) မှ ၄င်း၏ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြည်သူပိုင် ဆေးပေးခန်းမြေနေရာအား တရားမ၀င်သိမ်းပိုက်ခဲ့သည်။

ထိုမြေနေရာအား ဦးထွန်းကျော်(ပမ္မတီး အုပ်ချုပ်ရေးမှူး)အား ခြံစည်းရိုးများ ကာရံစေကာ ပုပ္ပလိကပိုင်ပြုလုပ်ပြီး ရောင်းချရာ မှ ရပ်ကွက်နေ ပြည်သူများနှင့် ယနေ့ ၂၃.၁၁.၂၀၁၃ရက် ၊ နေ့လည်ခင်းတွင် အငြင်းပွားမှုများ ဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိ ဖြစ်သွားနေသော ပြသနာများကို သက်ဆိုင်ရာ အစိုးရ အဖွဲ့ကလဲ တိကျသော ဖြေရှင်းချက်ကို မဖြေရှင်း နိုင်သေးကြောင်းလဲ သိရှိရပါသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (မြစ်ကြီးနား)

by Thit Htoo Lwin

Posted: 23 Nov 2013 09:38 PM PST

အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ နှုန်းထား သတ်မှတ်ပြဋ္ဌာန်းနိုင်ရန် ကြာမြင့်ဦးမည် ဖြစ်ကြောင်း ယင်းသတ်မှတ်ချက် ပေါ်ထွက်ရန် ပါဝင် ဆောင်ရွက်နေသည့် မြန်မာ့ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ သုတေသီ ဦးအောင်ဟိန်းက ပြောကြားသည်။
“မြန်မြန် လုပ်လိုက်ပြီး မှားရင် ပြန်ပြင်ဖို့ မလွယ်တဲ့ သဘောမို့” ဟု ၎င်းကဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Nov 2013 09:35 PM PST

မြန်မာနိုင်ငံက နှစ်ပေါင်း ၄၄ နှစ်အကြာမှ ပြန်လည် ကျင်းပခွင့်ရသည့် SEA Games ပြိုင်ပွဲသည် ပြောင်းလဲလျက်ရှိသည့် မြန်မာ့ဒီမိုကရေစီ အရေးတွင် အထောက်အကူတစ်ခု ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းသည် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲဝင်မည့် လက်ရွေးစင် ကစာသမားများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ နိုဝင်ဘာလ ၂၃ ရက်က ပထမဦးဆုံးအကြိမ် လာရောက် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Nov 2013 09:30 PM PST

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဦးပါရဲစေတီတော် ဈေးဆိုင်တန်းတွင် ဆိုင်ပိုင်ရှင်မှ ဆိုင်အလုပ်သမားအရွယ်မရောက်သေးေ
သာ မိန်းကလေးငယ်ကို တခြားဆိုင်မှ ပစ္စည်းများကို ခိုးယူစေရန် ခိုင်းစေမှု (၁၇-၁၁-၂၀၁၃) တော်သလင်းလပြည့်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ တော်သတလင်းလပြည့်နေ့ည၌ ဒေါ်ဝင်း အသုတ်ဆိုင်ပိုင်ရှင်သည် သူ၏ဆိုင်အလုပ်သမား အရွယ်မရောက်သေးသော မိန်းကလေးငယ်ကို ဆိုင်ခန်းတစ်ခန်းကျော်ရှိဆိုင်မှ ပစ္စည်းများကို ခိုးယူရန် ခိုင်းစေခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Nov 2013 09:07 PM PST

၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး ကျင်းပရန်အတွက် အားကစားရွာဖွင့်ပွဲကို
၂၄.၁၁.၂၀၁၃ နံနက်ရှစ်နာရီ တစ်မိနစ်အချိန်တွင် အားကစားရွာကို နိုင်ငံတော်ဒုတိယသမ္မတ
ဦးဥာဏ်ထွန်းမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါ
သည်။

အဲဒီနောက် ဒုသမ္မတဦးဥာဏ်ထွန်းမှ ပြိုင်ပွဲများ မှတ်ပုံတင်ခြင်းနှင့် နည်းစနစ်ကော်မတီမှ ဦးစီး ဆောင်ရွက်လျက်ရှိသော Accreditation Card များအား မြန်မာနိုင်ငံမှ Computer Operator (၂၉)ဦးနှင့် တရုတ်နိုင်ငံမှ Computer Operator ပညာရှင်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ATHLETE VILLAGE MAIN ACCREDITATION CENTER သို့  ၀င်ရောက်ကြည့်ရှု့ခဲ့ပါသည်။

Accreditation Card သည် SEA GAMES ပြိုင်ပွဲအတွင်း လုံခြုံမှုရှိရေးနှင့် အာဆီရန် (၁၀)နိုင်ငံမှ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာပါက ပြည်ဝင်ခွင့် ဗီဇာဖြင့် အသုံးပြုခွင့်ရမည်ဖြစ်ပြီး  ယနေ့  နိုဝင်ဘာ ၂၄ မှ ဒီဇင်ဘာလ ၂၄ ရက်နေ့ အထိ နေထိုင်ခွင့် အသုံးဝင်မည်ဖြစ်ပါသည်။

(သူလေး) Accreditation office

by Thit Htoo Lwin
Posted: 23 Nov 2013 08:56 PM PST

နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေခြင်းကြောင့် ဝေဖန် ခံနေရသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေလေ့ ရှိသော်လည်း မည်သည့် ပါတီကိုမျှ ဘက်လိုက်မည် မဟုတ်ကြောင်း ပြောကြားသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်ရှင် မဟာဗျူဟာ စီမံကိန်းအတွက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။--

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Nov 2013 08:53 PM PST

မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သော ဦးတေဇအပေါ် ဝေဖန်ပုတ်ခတ် ရေးသားမှုနှင့် စပ်လျဉ်း၍ သူရိယနေဝန်း ဂျာနယ်တိုက် အမှုဆောင် အရာရှိချုပ်ကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ထူးထရေးဒင်း ကုမ္ပဏီအုပ်စု၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တရားစွဲမယ်ဆိုတာ ဟုတ်ပါတယ်” ဟု ၎င်းက ဆိုသည်။ နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သူ ဦးတေဇ၏ Facebook စာမျက်နှာတွင် “ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ် စော်ကားမှုများ အတွက်လည်း လူကြီးလူကောင်း ပီသစွာ ဥပဒေဘောင် အတွင်းမှပဲ စကား ပြောပါမယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Nov 2013 08:40 PM PST

မန္တလေးတိုင်း ဒေသကြီး ၊ စဥ့်ကူးမြို့နယ် ကံတောင်ကျေးရွာတွင် ရွှေတူးဖော်ရေး ကုမ္မဏီများ၏ အတင်း
အကျပ်တားဆီးမှုကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေး အခက်တွေ့နေရ ကြောင်းသိရပါတယ်။  ကံတောင်ရွာသည် အိမ်ခြေပေါင်း (၁၁၀၀)ကျော်ခန့် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ ဘုန်း တော်ကြီးကျောင်း၊ ရွာလည်ဘုရားကျေးရွာ စာကြည့်တိုက်၊ တို့ ရှိပြီး အစိုးရလျှပ်စစ်မီး လည်းရရှိနေသော ရွာဖြစ်ပါတယ်။  ကျေးရွာသူရွာသားများ၏ (90%ခန့်) မှာ ရွှေလုပ်ငန်းဖြင့် အသက်မွေးသော အလုပ်သမား လူတန်းစားများ ဖြစ်သည်ဟုသိရပါတယ်။ ရွှေတူးဖော်ရေးကုမ္မဏီများ ၀င်လာပြီးနောက် ဒေသခံများကို ရွှေလုပ်ငန်း လုပ်စားပိုင်ခွင့်မပေး တော့ပေ။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စဥ့်ကူးမြို့နယ် ကံတောင်ကျေးရွာတွင် ရွှေတူးဖော်ရေး ကုမ္မဏီများ ၀င်လာပြီးနောက် ဒေသခံများကို ရွှေလုပ်ငန်း လုပ်စားပိုင်ခွင့်မပေး တော့ပေ။

Posted: 23 Nov 2013 07:40 PM PST

ရခိုင်ပြည်နယ်တွင်းရှိ ကျောက်ဖြူမြို့နယ် အပိုင်၊ အုန်းတော်ကြီး ကျေးရွာအုပ်စု အနီးမှာ ရဲတပ်ရင်း ချဖို့ မြေဧက ၂၀၂ ဧက ကို သိမ်းပိုက်မယ့် အခြေအနေ ကြောင့်၊ ရွာသား ၁၃၃ ယောက် မှ လက်မှတ်ထိုးပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ထံ ဒီလ ၁၈ ရက်နေ့ က စာရေးတိုင်ကြား လိုက်ပါတယ်။ ရွာသားတွေ အနေနဲ့ ဒီမြေ တွေ အသိမ်းခံရရင်၊ စိုက်ပျိုး လုပ်ကိုင် စားစရာ မရှိမှာ စိုးတဲ့ အကြောင်း၊ ဘိုးဘွားပိုင် လယ်မြေတွေ ဖြစ်တာ တကြောင်းမို့၊ အထက် အာဏာပိုင် ကို အသိပေး တိုင်ကြားကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။ ဒါ့အပြင် ရဲတပ်ရင်း ချဖို့ အတွက် မြေဧက ၂၀၂ ဧက လိုအပ်ပါသလား ဆိုတာလည်း သိလိုကြောင်း ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စိုက်ပျိုးမြေဧက


Posted: 23 Nov 2013 07:35 PM PST
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ NLD အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သမ္မတ ဦးသိန်းစိန် ကို စာနဲ့ မေတ္တာ ရပ်ခံ ပန်ကြားမယ်လို့ သိရပါတယ်။ ဒီလို စာရေးသား ပန်ကြားဖို့ကို စနေနေ့က ကျင်းပခဲ့တဲ့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ မေလက လူထုဆန္ဒ ခံယူပွဲလုပ်ပြီး အတည်ပြုခဲ့


Posted: 23 Nov 2013 07:25 PM PST

တိုင်းပြည်မှာ အဓိကအကျဆုံးကိစ္စရပ်ဖြစ်တယ်လို့ ဆိုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်
ပြီး သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးနိုင်ရေး စာနဲ့မေတ္တာရပ်ခံဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ အစိုးရဘက်ကတော့ တွေ့ဆုံဖို့ ပန်ကြားတဲ့စာ ရောက်မလာသေးတဲ့အတွက် သဘောထားတစုံတရာ မပေးသေးပါဘူး။ အပြည့်အစုံကို ရန်ကုန်မြို့အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...