ယနေ့ ကမ္ဘာပေါ်တွင်ရှိကြသောနိုင်ငံများ (Nation States) တွင် လူမျိုးတစ်မျိုးတည်း
နေထိုင်ကြသည် မဟုတ်ပါ။ ယဉ်ကျေးမှုအရသော်လည်းကောင်ဘာသာစကားနှင့်စာပေ အရသော်လည်းကောင်း၊ နိုင်ငံရေး အယူဝါဒယုံကြည်မှုအရ
သော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း မတူကွဲပြားကြသူများ နိုင်ငံ
တစ်ခုအတွင်း စုပေါင်းနေထိုင်နေကြသည်။
ထိုကွဲပြားခြားနားသောကျောထောက်နောက်ခံရှိသည့်လူမျိုးများစုပေါင်းနေထိုင်သည့်
လူ့ အဖွဲ့ အစည်းကို ဗဟုဝုဒ် လူ့ အဖွဲ့ အစည်း (Plural society)ဟုခေါ်သည်။
မြန်မာနိုင်ငံသည်တိုင်းရင်းသားလူမျိုးပေါင်းစုံစုပေါင်းနေထိုင်သည့် ဗဟုဝုဒ်လူ့ အဖွဲ့ အစည်းရှိ နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။နိုင်ငံတစ်ခုတွင်ကွဲပြားသောကျောထောက်နောက်
ခံရှိသည့်လူမျိုးများစုပေါင်းနေထိုင်ခြင်းကြောင့် နိုင်ငံရေးပြသာနာများလည်းပေါ်ပေါက်လာခဲ့ရသည်။
ကွဲပြားခြားနားသောလူမျိုးများစုပေါင်းနေထိုင်မှုကြောင့်ဖြစ်သောပြဿနာနှင့် ယင်း၏အနိဌါရုံများကို ယနေ့ ကမ္ဘာ့နိုင်ငံများတွင်မျက်ဝါးထင်ထင်တွေ့ မြင်နေကြရပါ
သည်။ယူဂိုဆလားဗီးယားနိုင်ငံမှမျိုးပြုတ်လူသက်ပွဲကြီးများ၊တောင်အာဖရိကနိုင်ငံမှလူဖြူလူမည်းပြသာနာ၊အရှေ့ အလယ်ပိုင်းမှ"ကဒ်"လူမျိုးများ၏
ဒုက္ခ၊မြန်မာနိုင်ငံမှနှစ်၆၀ကျော်ရှည်ကြာလှသောပြည်တွင်းစစ်၊အစရှိသောပြဿနာ
များသည်နိုင်ငံတစ်ခုအတွင်း မတူကွဲပြားခြားနားသောလူမျိုးများစုပေါင်းနေထိုင်ခြင်း
ကြောင့်ဖြစ်ပေါ်လာရသောနောက်ဆက်တွဲပြဿနာများဖြစ်ပေသည်။
ဗဟုဝုဒ်လူ့ အဖွဲ့ အစည်းနှင့်ပါတ်သတ်၍ ပညာရှင်အများစုလက်ခံထားသောယေဘူယျ
အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ---
"လူမှုရေးကွဲပြားမှုများ(segmental cleavages)အဖြစ်ခွဲခြမ်းနိုင်သောလူ့ အဖွဲ့ အစည်း
ကိုဗဟုဝုဒ်လူ့ အဖွဲ့ အစည်းဟုခေါ်သည်။လူမှုရေးကွဲပြားမှုများသည် ဘာသာရေး၊နိုင်ငံ
ရေးအတွေးအခေါ်၊ဘာသာစကား၊ဒေသန္တ၊ယဉ်ကျေးမှု၊လူမျိုးစသည်တို့ ကြောင့်ဖြစ်
နိုင်သည်။ထို့ အပြင် လူမှုရေးကွဲပြားမှုများသည် နိုင်ငံရေးပါတီများ၊အကျိုးစီးပွားအုပ်စုများ၊သတင်းလောကဆက်သွယ်ရေးများ၊စာသင်ကျောင်းများ၊အခြားသောအသင်းအဖွဲ့ များကြောင့်လည်းဖြစ်နိုင်ပေသည်။လူမှုရေးကွဲပြားမှုရှိသော
အုပ်စုများစုပေါင်းနေထိုင်သောလူ့ အဖွဲ့ အစည်းသည် ဗဟုဝုဒ်လူ့ အဖွဲ့ အစည်းများ
ဖြစ်လာပေသည်။"
ဗဟုဝုဒ်လူ့ အဖွဲ့ အစည်းတစ်ခုတွင်ပြဿနာများပေါ်ပေါက်နေခြင်းမှာအဆန်းတကျယ်မ
ဟုပ်ပေ။နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးကွာဟမှုတစ်မျိုးမျိုးဗဟုဝုဒ်လူ့ အဖွဲ့ အစည်းအတွင်းပေါ်ပေါက်လာလျှင်အကျိုးဆက်အနေဖြင့်ပြဿနာများပေါ်ပေါက်လာရမည်သာဖြစ်သည်။ထိုဗဟုဝုဒ်လူ့ အဖွဲ့ အစည်းအတွက်ပြဿနာများတတ်နိုင်သမျှလျော့နည်းလာစေရန်ကွဲပြားသောကျော
ထောက်နောက်ခံရှိသည့်အုပ်စုများကို ညီညွတ်မှုတစ်ခုဖြင့်ဖွဲ့ စည်းရန်အထူးလိုအပ်လာသည်။ထိုသို့ စုစည်းနိုင်ခြင်းကိုမတုကွဲပြားခြားနားမှုများအတွင်းသဟဇာတဖြစ်မှု(harmony in diversity)ဟုခေါ်သည်။
နိုင်ငံတစ်ခုအတွင်းရှိဗဟုဝုဒ်လူ့ အဖွဲ့ အစည်းအတွက်မတူကွဲပြားခြားနားမှုများ၏သဟ
ဇာတဖြစ်မှုကိုဖေါ်ထုတ်တည်ဆောက်နိုင်သောနည်းလမ်းများရှိသည်။အချို့ နိုင်ငံများတွင်အထူးအောင်မြင်လျှက်ရှိပြီး အချို့ နိုင်ငံများတွင်အသင့်အတင့်အောင်မြင်လျက်ရှိသည်ကိုတွေ့ ရသည်။ အထင်ရှားဆုံးနည်းလမ်းကား"ကွန်ဆိုစီရေးရှင်းဒီမိုကရေစီ(CONSOCIATIONAL DEMOCRACY)ကို ဗဟုလူ့ အဖွဲ့ အစည်းအတွင်း ကျင့်သုံးခြင်းပင်ဖြစ်သည်
...................
ကွန်ဆိုစီရေးရှင်း ဒီမိုကရေစီ (၂)
နိုင်ငံရေးသိပ္ပံပညာရှင်ရောဘက်-ဒေါလ် (RobertA.Dah) က နိုင်ငံအသီးသီး၏ခေတ်အပိုင်းအခြား အလိုက်ပေါ်ပေါက်ခဲ့သောနိုင်ငံရေးစံနစ်များအပါအဝင်နိုင်ငံပေါင်း (၁၁၄) ခု၏
နိုင်ငံရေးစံ
နစ်များ ကို လေ့လာခဲ့ရာ (၁၈) ရာခိုင်နှုန်းမျှသည်ထင်ရှားလေးနက်သည့်ဗဟု
ဝုဒ်လူ့ အဖွဲ့ အစည်းရှိနိုင်ငံများဖြစ်ပြီး (၃၆)% သည် အသင့်အတင့်သောဗဟုဝုဒ် လူ့ အဖွဲ့ အစည်းအသွင်သဏ္ဍန်ကိုဆောင်ကြကြောင်းတွေ့ ရှိ ခဲ့သည်။
ထိုနိုင်ငံများအနက်မှဗဟုဝုဒ်လူ့ အဖွဲ့ အစည်းရှိနိုင်ငံများဖြစ်သောသြစ
တြီးယား၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နှ
င့်ဆွစ်ဇာလန်နိုင်ငံများတွင်ကွန
်ဆိုစီရေးရှင်းဒီမိုကရေစီ
ကိုကျင့်သုံးနေပြီးတည်ငြိမ်သည့်
နိုင်ငံရေးစနစ်ရှိသည်ကိုလေ့လာတေ
ွ့ ရှိရသည်။အခြားသောဗဟုဝုဒ်လူ့ အဖွဲ့ အစည်းရှိသည့်နိုင်ငံများတွင်မှ
ု ထိုလေးနိုင်ငံလောက်နိုင်ငံ
ရေးတည်ငြိမ်မှုမရှိသည်ကိုတွေ့ ရှိရပါသည်။အထူးသဖြင့်ကွန်ဆိုစီ
ရေးရှင်း ဒီမိုကရေစီ
ကိုမတူကွဲပြားသောလူမျိုးများစုေ
ပါင်းနေထိုင်သောဗဟုဝုဒ်လူ့ အဖွဲ့ အစည်းတွင် ကျင့်သုံးပါက နိုင်ငံေ
ရးတည်ငြိမ်မှုအတွက်ကောင်းစွာအထေ
ာက်အကူပြုပြီး
အောင်မြင်မှုများရရှိသည်ကိုလေ့လ
ာချက် များအရသိရှိရသည်။
သို့ ရာတွင်ကွန်ဆိုစီရေးရှင်းဒီမိုက
ရေစီကိုကျင့်သုံးနိုင်ရန်ကျော်ြ
ဖတ်ရမည့်အဆင့်များ
ကိုအလွယ်တကူပင်လွန်မြောက်နိုင်သ
ည်ဟုကား မမှတ်ယူနိုင်ပါ။ဒီမိုကရေစီအနည်း
အ
ကျဉ်းမျှပင် ကျင့်သုံးခွင့် မရသေး
သောလူ့ အဖွဲ့ အစည်းတစ်ရပ်တွင်ဒီမိုကရေစီအုပ်
ချူပ်
ရေးတစ်ရပ်အတွက်၊ မရှိမဖြစ်လိုအပ်
သောအခြေအနေများကိုအရင်ရယူဖန်တီး
ခြင်း၊ကျင့်သုံးခြင်းတို့ ကိုဦးစွာကျော်ဖြက်ရန် လိုအပ်ပေ
သည်။
ကွန်ဆိုစီရေးရှင်းဒီမိုကရေစီကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်း
ကွန်ဆိုစီရေးရှင်းဒီမိုကရေစီသည် ပါလီမန်ဒီမိုကရေစီ၊သမ္မတဦးသျှောင်ဒီမိုကရေစီ၊ များကဲ့သို့ ပင် အစိုးရဖွဲ့ စည်းရာတွင် ကျင့်သုံးသောဒီမိုကရေစီမျိုးဖြစ်သည်။ဆိုရှယ်ဒီမိုကရေစီ၊လစ်ဘရယ်ဒီမိုကရေစီ၊ပြည်သူ့ ဒီမိုကရေစီတို့ ကဲ့သို့ နိုင်ငံရေးအတွေးအခေါ်ဖြင့်ဒီမိုကရေစီကို အထူးပြုထားခြင်း လုံးဝမဟုပ်ပေ။
ကွန်ဆိုစီရေးရှင်းဒီမိုကရေစီသည်အများစုဆန္ဒအရအုပ်ချူပ်ရေး(Majority rule) ဟူ
သော ဒီမိုကရေစီစစ်စစ်မဟုပ်တော့ဘဲ ဗဟုဝုဒ်လူ့ အဖွဲ့ အစည်းနှင့်ကိုက်ညီစေမည့်
အစိုးရပ်တစ်ရပ် ဖွဲ့ စည်းနိုင်ရေးကို အထောက်အကူပြုရန် ဒီမိုကရေစီကိုအထူးမွမ်းမံ
ကျင့်သုံးခြင်းဖြစ်သည်။
အများစု ဆန္ဒအရ အုပ်ချူပ်ရေးဆိုသည့်ဒီမိုကရေစီ၏အရိုးရှင်းဆုံးနှင့်အခြေခံအကျဆုံး
သဘောတရားများ သတ်သတ်ဖြင့် ဗဟုဝုဒ် လူ့ အဖွဲ့ အစည်းအတွင်း အောင်မြင်စွာကျင့်သုံးခြင်းမပြုနိုင်သဖြင့် ဗဟုဝုဒ်လူ့ အဖွဲ့ အစည်းနှင့်ကိုက်ညီအောင်
ဒီမိုကရေစီကိုမွမ်းမံကျင့်သုံးခြင်းသည် ကွန်ဆိုစီရေးရှင်း ဒီမိုကရေစီပင်ဖြစ်ပါသည်။
ထို့ ကြောင့်ကွန်ဆိုစီရေးရှင်းဒီမိုကရေစီသည် ဗဟုဝုဒ်လူ့ အဖွဲ့ အစည်း အတွက်သင့်
တော်သောအစိုးရဖွဲ့ စည်းရေးပင်ဖြစ်သည်။ ထိုသို့ ဖွဲ့ စည်းရာတွင် ဒီမိုကရေစီသဘော တရားကို စစ်စစ်မှန်မှန်မဟုပ်ဘဲ အတတ်နိုင်ဆုံးနီးစပ်အောင် ကျင့်သုံးခြင်းသာဖြစ်၍ ထိုအခြေအနေ ကို ရောဘက်-ဒေါလ်က Polyarchy သို့ မဟုပ် မတူကွဲပြားသူများစုပေါင်း၍အုပ်ချူပ်ခြင်းဟုခေါ်ဆိုသည်။
ကွန်ဆိုစီရေးရှင်းဒီမိုကရေစီသည် လူမှုရေးကွဲပြားမှုများအကြား နိုင်ငံရေးယှဉ်ပြိုင်မှုထက်၊
ပူပေါင်းဆောင် ရွက်ခြင်းကိုအဓိကထား၍အစိုးရဖွဲ့ စည်းရေးဖြစ်ပြီးထိုအစိုးရအဖွဲ့ တွင်
အုပ်စုအားလုံးကိုကိုယ်စားပြုသောခေါင်းဆောင်များပါဝင်ရေးပင်ဖြစ်ပါသည်။ ထိုသို့ သောအစိုးရမျိုးဖွဲ့ စည်းနိုင်ရန်ကွန်ဆိုစီရေးရှင်းဒီမိုကရေစီ တွင်အောက်ပါဂုဏ်အင်္ဂါရပ်
(၄)ရပ်ပါဝင်ရန်လိုအပ်ပါသည်---
၁။ ညွန့် ပေါင်းအစိုးရဖွဲ့ စည်းရေး (Grand coalition cabinet)
၂။ အုပ်စုများ၏ ကိုယ်ပိုင်အုပ်ချူပ်ရေးမြင့်မားမှု (Hight degree of segmental autonomy)
၃။ အတုံ့ အလှည့်ဗီတိုအာဏာ(ဝါ) အပြန်အလှန်ကျင့်သုံးနိုင်သောဗီတိုအာဏာ။
၎။ အချိုးကျကိုယ်စားပြုမှု (Proportional representation)
အထက်ပါဂုဏ်အင်္ဂါလေးရပ်အရ အစိုးရတစ်ရပ်ဖွဲ့ စည်းခြင်းသည် ကွန်ဆိုစီရေးရှင်းဒီမို
ကရေစီကို ကျင့်သုံးခြင်းပင်ဖြစ်ပါသည်။
Peace Man
ဆက်လက်တင်ပြပါမည်။
မူရင်းစာရေးသူဦးခင်မောင်ရှိန်၏စာအုပ်မှထုတ်နှုတ်တင်ပြပါသည်။
0 comments:
Post a Comment