“မှန်ရာကို သစ္စာဆိုပါမည်”
Author: lubo601 | 10:17 AM | No မှတ်ချက် |
ဦးမဲလုံး ဒေါသထွက်နေတယ်။
သူ့သား ခြောက်ယောက်စလုံးကို တန်းစီခိုင်းထားပြီး စစ်မေးနေတယ်… …
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”
ဘယ်သူမှ ပြန်မဖြေဘူး။ ထပ်မေးတယ်… …
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”
ဒါလည်း ဘယ်သူမှ ပြန်မဖြေဘူး
ဆိုတော့ ဦးမဲလုံးက ဆက်ပြောတယ်… …
“မင်းတို့ကို ဟိုဘက်အိမ်က မောင်ကျေးညိုလေးအကြောင်း ပြောပြမယ်၊ တခါက
အဲဒီမောင်ကျေးညိုလေးဟာ သူ့အိမ်ရှေ့က တမာပင်ကို ဓားနဲ့ခုတ်လှဲပစ်တယ်၊
သူ့အဖေက ဘယ်သူခုတ်တာလဲလို့မေးတော့ မောင်ကျေးညိုလေးက သူခုတ်တာပါလို့
အမှန်အတိုင်း ဖြေလိုက်တယ်၊ အဲဒီလို အမှန်ပြောတော့ သူ့အဖေက မရိုက်ဘူးကွ”
ပြီးတာနဲ့ ခုနမေးခွန်းကို ပြန်မေးတယ်… …
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”
အဲဒီမှာ တတိယ အငယ်ဆုံးသားက ပြန်ဖြေတယ်.. …
“ကျနော် တွန်းလှဲတာပါ”
…ဆိုတော့ ဦးမဲလုံးက အဲဒီသားကို ဆွဲထုတ်ပြီး ရိုက်ပါလေရော
သားလေးက ငိုရင်းနဲ့ မေးတယ်… …
“ကျေးညိုအပြစ်လုပ်တယ်၊ အမှန်ကို သူဝန်ခံတယ်၊ သူ့အဖေ မရိုက်ဘူး၊ ကျနော်အပြစ်လုပ်တယ်၊ အမှန်ကိုဝန်ခံတယ်၊ ကျနော့်ကို အဖေရိုက်တယ်”
ဒီတော့ ဦးမဲလုံးက ပြန်ပြောတယ်… …
“ကျေးညို တမာပင် ခုတ်လှဲတုန်းက သူ့အဖေက တမာပင်ပေါ်မှာ ငုတ်တုတ်ထိုင်မနေဘူးကွ”… တဲ့
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/ thanlayko
[ကျနော့်ရဲ့
Page ဖြစ်တဲ့ "ဟာသဗိမာန်-ဆရာသန်" မှာ ဒီနေ့ Fan တစ်သောင်းပြည့်ပါတယ်။
အဲဒီအထိမ်းအမှတ်အတွက် ဘာရေးရမှန်းမသိလို့ မျက်စေ့အောက်တွေ့တဲ့ ဟာသလေးကို
မြန်မာမှုပြုပြီး တင်လိုက်ပါတယ်]
ဦးမဲလုံး ဒေါသထွက်နေတယ်။
သူ့သား ခြောက်ယောက်စလုံးကို တန်းစီခိုင်းထားပြီး စစ်မေးနေတယ်… …
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”
ဘယ်သူမှ ပြန်မဖြေဘူး။ ထပ်မေးတယ်… …
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”
ဒါလည်း ဘယ်သူမှ ပြန်မဖြေဘူး
ဆိုတော့ ဦးမဲလုံးက ဆက်ပြောတယ်… …
“မင်းတို့ကို ဟိုဘက်အိမ်က မောင်ကျေးညိုလေးအကြောင်း ပြောပြမယ်၊ တခါက အဲဒီမောင်ကျေးညိုလေးဟာ သူ့အိမ်ရှေ့က တမာပင်ကို ဓားနဲ့ခုတ်လှဲပစ်တယ်၊ သူ့အဖေက ဘယ်သူခုတ်တာလဲလို့မေးတော့ မောင်ကျေးညိုလေးက သူခုတ်တာပါလို့ အမှန်အတိုင်း ဖြေလိုက်တယ်၊ အဲဒီလို အမှန်ပြောတော့ သူ့အဖေက မရိုက်ဘူးကွ”
ပြီးတာနဲ့ ခုနမေးခွန်းကို ပြန်မေးတယ်… …
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”
အဲဒီမှာ တတိယ အငယ်ဆုံးသားက ပြန်ဖြေတယ်.. …
“ကျနော် တွန်းလှဲတာပါ”
…ဆိုတော့ ဦးမဲလုံးက အဲဒီသားကို ဆွဲထုတ်ပြီး ရိုက်ပါလေရော
သားလေးက ငိုရင်းနဲ့ မေးတယ်… …
“ကျေးညိုအပြစ်လုပ်တယ်၊ အမှန်ကို သူဝန်ခံတယ်၊ သူ့အဖေ မရိုက်ဘူး၊ ကျနော်အပြစ်လုပ်တယ်၊ အမှန်ကိုဝန်ခံတယ်၊ ကျနော့်ကို အဖေရိုက်တယ်”
ဒီတော့ ဦးမဲလုံးက ပြန်ပြောတယ်… …
“ကျေးညို တမာပင် ခုတ်လှဲတုန်းက သူ့အဖေက တမာပင်ပေါ်မှာ ငုတ်တုတ်ထိုင်မနေဘူးကွ”… တဲ့
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/
[ကျနော့်ရဲ့ Page ဖြစ်တဲ့ "ဟာသဗိမာန်-ဆရာသန်" မှာ ဒီနေ့ Fan တစ်သောင်းပြည့်ပါတယ်။ အဲဒီအထိမ်းအမှတ်အတွက် ဘာရေးရမှန်းမသိလို့ မျက်စေ့အောက်တွေ့တဲ့ ဟာသလေးကို မြန်မာမှုပြုပြီး တင်လိုက်ပါတယ်]
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment