Wednesday, November 6, 2013

ခါးထောက်တဲ့ပုံစံများ ...


လက်တစ်ဘက်နဲ့ ခါးထောက်တဲ့ပုံစံနဲ့ လက်နှစ်ဘက်နဲ့ခါးထောက်တဲ့ပုံစံမှာ တစ်ဘက်လူကိုပေးချင်တဲ့အဓိပ္ပာယ်ချင်း မတူဘူးဆိုတာကို "You say more than you think"ဆိုတဲ့ body language စာအုပ်ကိုရေးသား တဲ့ စာရေးဆရာမ Janine Driverက အခုလို ရေးသားထားပါတယ်။ ကျွန်မ ဘာသာပြန်နေဆဲစာအုပ် တစ်အုပ်ပါ.. ဖတ်ရတာ အဆက်အစပ်မရှိနိုင်ပေမယ့် စိတ်ဝင်စားသူတွေအတွက် ရည်ရွယ်မျှဝေပါတယ်။

ပြင်းထန်ပေမယ့် သိပ်မကောင်းတဲ့ကိုယ်နေဟန်ထား---- လက်တစ်ဘက်တည်းနဲ့ ခါးထောက်ခြင်း

ဒီလိုကိုယ်နေဟန်ထားကို ကျွန်မသိပ်မနှစ်သက်ဘူး။ လက်တစ်ဘက်တည်းနဲ့ ကျွန်မခါးထောက်ထားတဲ့အခါ ကပျက်ကချော် မယဉ်ကျေးတဲ့အချက်ကို ထုတ်လွတ်ပေးတတ်ပါတယ်။ ဒီကိုယ်နေဟန်ထားက လက်နက်အဖြစ်အသုံးပြုနိုင်တဲ့ အပြုအမူဖြစ်ပါတယ်။ ကိုယ့်ဆီအတင်းကပ်လာတဲ့လူကို ဒီကိုယ်နေဟန်ထားနဲ့ ကျွန်မတို့မောင်းထုတ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆန့်ကျင်တုန့်ပြန်တဲ့အခါ၊ တစ်ခြားလူနဲ့ ခပ်ခွာခွာနေချင်တဲ့အခါ ဒီအပြုအမူကို ပြုလုပ်နိုင်ပါတယ်။

ဒီလိုကိုယ်နေဟန်ထားကို အသုံးပြုသူက မိမိကိုယ်ကိုယ်ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ချင်တာဖြစ်တယ်။ ဒါပေမယ့် တခြားသူရဲ့အမြင်မှာတော့ ဆန့်ကျင်တုန့်ပြန်နေပုံပေါက်ပါတယ်။ ဒီအပြုအမူက ခန္ဓာကိုယ်ကိုပတ်ချာလှည့်နေတဲ့ ခလောက်မြွေနဲ့တူပါတယ်။ “နင်တစ်လှမ်းထပ်တိုးလာရင် ငါတိုက်ခိုက်တော့မှာနော်” လို့ တစစအသံပြုပါတယ်။ တကယ့် မိမိကိုယ်ကိုယ်ယုံကြည်မှုဆိုတာ ကျန်လက်တစ်ဘက်ကိုလည်း ခါးပေါ်ထားရပါတယ်။ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားတဲ့ ပုံစံမျိုးပေါ့။
ကျွန်မတို့ အတိုက်ခိုက်ခံရမှာကို မကြောက်ဘူး။ ကျွန်မတို့ကို ထိခိုက်အောင် ဘယ်အရာမှမလုပ်နိုင်ဘူး။ တကယ်လို့ အပျက်ဆောင်ပြီးတိုက်ခိုက်တဲ့အချက်မျိုး ထုတ်လွတ်တာကို သင်မလိုချင်ဘူးဆိုရင် လက်တစ်ဘက်တည်းနဲ့ ခါးထောက်တဲ့အပြုအမူကနေ မိမိကိုယ်ကိုယ်ပိုယုံကြည်မှုရှိတဲ့ လက်နှစ်ဘက်နဲ့ခါးထောက်တဲ့အနေအထားကို ပြောင်းလဲလိုက်ပါ။

အင်အားပါတဲ့ကိုယ်နေဟန်ထား--- လက်နှစ်ဘက်နဲ့ ခါးထောက်ခြင်း

ကိုယ်နေဟန်ထားအမျိုးပေါင်း သောင်းကျော်ကို ကျွန်မတို့ပြုမူနိုင်ပေမယ့် အင်အားပါတဲ့ကိုယ်နေဟန်ထားက တစ်ဘက်သားကိုဖတ်ရှုနားလည်နိုင်ဖို့ သင့်ကိုကူညီနိုင်ရုံတင်မက သင်စကားပြောဆိုချိန်မှာလည်းသင့်ရဲ့မိမိကိုယ်ကိုယ်ယုံကြည်စိတ်၊ သတ္တိနဲ့ခွန်အားကိုပါ လင်းလက်စေပါတယ်။ လက်နှစ်ဘက်နဲ့ခါးထောက်တဲ့ ကိုယ်နေဟန်ထားကို စူပါမန်းဟန်ထားလို့လည်း ခေါ်ပါတယ်။ ဒါဟာ ကျွန်မတို့ပထမဆုံးဆွေးနွေးမယ့် အင်အားပါတဲ့ကိုယ်နေဟန်ထားဖြစ်ပါတယ်။
လူတစ်ယောက်ဟာ လက်နှစ်ဘက်နဲ့ခါးထောက်ထားချိန်မှာ ဒီလိုအပြုဆောင်ကိုယ်နေဟန်ထားက အဲဒီလူဟာ ရှေ့ဆက်တိုးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အချက်ကို ထုတ်လွတ်ပေးပါတယ်။ ဒါဟာ မိမိကိုယ်ကိုယ်ယုံကြည်မှုကိုဖော်ဆောင်တဲ့ သင်္ကေတဖြစ်ပါတယ်။ ဒီလိုနည်းက လူကို ပိုအင်အားရှိ၊ ပိုခန့်ညားစေပါတယ်။ ဒီလိုကိုယ်နေဟန်ထားက တက်တက်ကြွကြွလှုပ်ရှားဖို့ သင်အဆင်သင့်ဖြစ်ပြီဆိုတဲ့အကြောင်း လူတွေကိုသိစေပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...