သစ်ထူးလွင် သတင်းစုစည်းမှု (၄-၁၁)
သစ်ထူးလွင် |
- ရောယှက် နေကြတ်မှု
- လှေနစ်မြုပ်တဲ့အတွက် ရိုဟင်ဂျာ ၆၀ နီးပါးသေဆုံး ပျောက်ဆုံး
- ဆင်တက်မော် ဒုက္ခသည် စခန်းတွင် ဆူပူမှု ဖြစ်ပွားသောကြောင့် လူစုခွဲခဲ့ရ
- ဟန်းဆန်း အထည်ချုပ် စက်ရုံလုပ်သားများ ဆန္ဒပြ တောင်းဆိုနေမှုကို စက်ရုံအရာရှိများ ဆွေးနွေးနေဟုဆို
- ရိုဟင်ဂျာ စက်လှေ တိမ်းမှောက်
- ဓာတုဆေးရောရောင်းတဲ့ ပဲဆီအတု များပြားလာနေ
- နိုဝင်ဘာလ(၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- နိုဝင်ဘာလ(၄)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၉
Posted: 03 Nov 2013 05:18 PM PST
ရှားရှားပါးပါး နေကြတ်မှု တမျိုးကို ကြုံတွေ့ဖို့ ကမ္ဘာ တလွှားက နက္ခတ် တာရာ စိတ်ဝင်စားသူ တွေနဲ့ ပညာရှင်တွေ ကမ္ဘာလှည့် ခရီးသွားတွေ စုရုံး စောင့်ဆိုင်း နေကြပါတယ်။ ကမ္ဘာ့ တခိျု့ ဒေသတွေမှာ နေလုံးဝကြတ် တာကို တွေ့ရမှာ ဖြစ်ပြီး တခြား နေရာတွေ မှာတော့ တစိတ်တပိုင်း ပဲ ကြတ်မှာ ဖြစ်ပါတယ်။ ကင်ညာ နိုင်ငံ မြောက်ပိုင်းမှာ နေလုံးဝကြတ် မှာကို ကြည့်ဖို့ ခရီးသွား ကုမ္ပဏီ တွေက စီစဉ် ပေးနေကြ ပါတယ်။ နှစ်ပေါင်း များစွာမှာ တခါ နေကို လငပုပ်က ဖမ်းစား တယ် ဆိုတဲ့ ပုံပြင်ကို ဒေသခံတွေက ယုံကြည်ကြ ကြောင်း သတင်းထောက် တွေက ဆိုပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
Posted: 03 Nov 2013 05:03 PM PST
မြန်မာနိုင်ငံ ကမ်းရိုးတမ်းဒေသကနေ တခြားနိုင်ငံကို ခိုလှုံခွင့်တောင်းဖို့ လှေတွေနဲ့ ထွက်ခွာကြတဲ့ ရိုဟင်ဂျာ အယောက် ၇၀ နီးပါးရဲ့ လှေတိမ်းမှောက်ခဲ့ပြီး လူပေါင်း ၆ ယောက်ကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်။ မလေးရှား သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 03 Nov 2013 05:00 PM PST
ဘင်္ဂလီ ဒုက္ခသည်အများစု နေထိုင်သော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ဆင်တက်မော် ဒုက္ခသည်စခန်းရှိ ဘင်္ဂလီ ခြောက်ဦး ပျောက်ဆုံးသွားခြင်းကြောင့် ယင်းစခန်းမှ ဒုက္ခသည် ၅၀၀ ခန့် စုရုံးကာ ဆူပူသည့် ပုံစံ ဖြစ်ပေါ်လာပြီး လုံခြုံရေး ရဲဝန်ထမ်းများက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်ဟု စစ်တွေမြို့နယ် မင်းဂံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၃ ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောသည်။ နိုဝင်ဘာ ၂ ရက်က ဆင်တက်မော် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ခြောက်ဦး ထင်းရှာရန် သွားရာ ပျောက်ဆုံးနေသည်ဆို၍ ဒေသခံ ရဲဝန်ထမ်းများက သွားရောက်ရှာဖွေခဲ့ပြီး ဘင်္ဂလီအမျိုးသား တစ်ဦးမှာ ဒါဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကာ ကျန်ငါးဦးမှာ ပျောက်ဆုံးနေသည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 03 Nov 2013 04:54 PM PST
ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဟန်းဆန်း(Handsome) အထည်ချုပ်စက်ရုံ အလုပ်သမားများသည် အလုပ်သမားခေါင်းဆောင်အား အကြောင်းပြချက်မရှိ အလုပ်မှထုတ်ရာမှ စတင်ကာ အလုပ်သမား ၂၀၀ကျော်က စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုနေခြင်းနှင့် စပ်လျဉ်း၍ စက်ရုံတာဝန်ရှိသူများက ဆွေးနွေးမှုများပြုလုပ်နေသည်ဟု စက်ရုံမန်နေဂျာ ဒေါ်မြတ်ကေသီက မဇ္ဈိမကိုပြောသည်။ ဟန်းဆန်း အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြတောင်းဆိုနေမှုကို စက်ရုံအရာရှိများ ဆွေးနွေးနေဟုဆို ဟန်းဆန်း အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြတောင်းဆိုနေမှုကို စက်ရုံအရာရှိများ ဆွေးနွေးနေဟုဆို --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 03 Nov 2013 04:40 PM PST
မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန် ပင်လယ် မှာ ရိုဟင်ဂျာ လှေစီး ခရီးသည် ၇ဝ တင်ဆောင် လာတဲ့ စက်လှေ တစင်း တိမ်းမှောက် မှု ကြောင့် လူ ၆ ယောက် လောက်ပဲ ဆယ်ယူ ရရှိ ပါတယ်။ ဒီစက်လှေ ဟာ ရခိုင် ကနေ ဘင်္ဂလားဒေ့ရှ် သို့မဟုတ် မလေးရှားကို ဦးတည် ခုတ်မောင်း ရင်း နစ်မြုပ် ခဲ့တာလို့ ယူဆရပြီး ဒီလူတွေဟာ စစ်တွေ အနီး တဝိုက်က ဒုက္ခသည် စခန်း တွေက ဖြစ်ဖို့ များတယ်လို့ ရဲ အရာရှိ တယောက်ကို ကိုးကား ထားပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 03 Nov 2013 04:28 PM PST
မြန်မာနိုင်ငံ ပြည်တွင်း ဈေးကွတ်မှာ ဓာတုဆေးရောပြီး ရောင်းတဲ့ ပဲဆီအတု ထုတ်လုပ်မှုတွေ များပြားလာနေပြီးတော့ ဒီပဲဆီ အတုတွေကို ဈေးကွတ်က ကောက်ယူ စုဆောင်းနေပြီး ဓာတ်ခွဲ စမ်းသပ် ပြီးရင် စားသုံးရန် သင့် မသင့် သတင်းထုတ်ပြန် သွားမယ်လို့ သိရပါတယ်။ ဈေးကွတ်မှာ တွေ့ရတဲ့ ပဲဆီအတု ဆိုတာကတော့ စားအုံးဆီ ဒါမှ မဟုတ် ပြန်ကျော်ဆီကို ဓာတုဆေး တစ်မျိုးသုံးပြီး အရောင်အနံ့က စလို့ ပဲဆီနဲ့ တူအောင် လုပ်ထားတာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 03 Nov 2013 04:01 PM PST
| ||
Posted: 03 Nov 2013 03:47 PM PST
| ||
Posted: 03 Nov 2013 03:44 PM PST
|
0 comments:
Post a Comment