Saturday, November 2, 2013

သစ်ထူးလွင်သတင်းစုစည်းမှု (၂-၁၁)

သစ်ထူးလွင်


Posted: 02 Nov 2013 07:23 AM PDT

ကေအိုင်အေဌာနချုပ် လိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ ညီလာခံ မှာ တက်ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲမှုဆိုင်ရာ ဘုံသဘောတူညီချက် ၉ ချက်ကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ လိုက်ကြပါတယ်။ ဒါပေမယ့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ကတော့ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိဘူးလို့ အာစီအက်စ်အက်စ် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းလှက RFA ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Nov 2013 06:49 AM PDT

မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသော တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် Krosa အမည်ရှိ တိုင်ဖုန်းမုန်တိုင်း သည် နိုဝင်ဘာ ၄ ရက်နေ့ နောက်ပိုင်းတွင် လမ်းကြောင်းပြောင်း၍ မြန်မာနိုင်ငံ တောင်ဘက် ကပ္ပလီပင်လယ်ထဲသို့ ဝင်ရောက်မည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်း ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Nov 2013 06:46 AM PDT


ရန်ကုန်၊ နိုဝင်ဘာ ၂

၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၅အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ ရပ်ကွက်၊ မင်းဓမ္မဆင်ဖြူတော်ဝင်းရှိ ဆင်ဦးစီး ဦးသိန်းစိန် ၊ ဆင်ဖြူတော်နင်း၍ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်ထားပါသည်။

ဆင်ဦးစီးတစ်ဦး အင်းစိန်ဆေးရုံသို့ ဆင်နင်းခံရ၍ ရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဦးသိန်းစိန် (ဘ)ဦးကောင်းစံ(ဆင်ဦးစီး)၊ တိရိစ္ဆာန်ဥယျာဉ်ဝန်ထမ်းလိုင်း၊ ဗဟန်းမြို့နယ်နေသူဖြစ်ကြောင်း သိရှိခဲ့တာ ဖြစ်ပါသည်။

၂.၁၁.၂၀၁၃ရက်နေ့ ၀၆၃၀အချိန်မှစ၍ ဆင်ဖြူတော် ရာဇအဂ္ဂသီရိပစ္စယဂရောဇာ(စွယ်စုံအထီး)ဆင်အား သေဆုံသူဆင်ဦးစီးမှ ယဉ်ပါးအောင် ကြံကျွေး၍လမ်းလျှောက် လေ့ကျင့်ပေးနေစဉ် ၀၇၃၀အချိန်တွင် ဆင်ဖြူတော်မှ စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့်ထိုး၍ ဦးသိန်းစိန်တွင် ၀ဲဘက်ရင်အုံ ညိုမဲဒဏ်ရာ(၁)ချက်ရရှိကာ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါ အမှုအား အင်းစိန်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၇၄/၂၀၁၃)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

by Thit Htoo Lwin



Posted: 02 Nov 2013 06:36 AM PDT

ရည်းစားခေါ်ဆောင်ရာ တည်းခိုခန်းသို့ လိုက်ပါခဲ့သူ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ရည်းစားက တည်းခိုခန်းတွင် တစ်ပတ်ကြာ အတူပေါင်းသင်း နေထိုင်ခဲ့ပြီး ပြည့်တန်ဆာအိမ်ပို့ကာ ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်စေမှုအတွက် အဆိုပါ အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက မြို့နယ် ရဲစခန်းတွင် တိုင်တန်းထားကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှူး ရဲအုပ်ဌေးဝင်းက The Voice သို့ ပြောကြားသည်။ လှိုင်သာယာမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ ဒေါ် …. က အောက်တိုဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Nov 2013 06:11 AM PDT

ရန်ကုန်တိုင်း ဒေသကြီး နယ်မြေအတွင်းရှိ မြို့နယ်များ၌ အထက်အကြီး အကဲများ၏ အမည်အားအသုံးပြုကာ အယောင်ဆောင်လိမ်လည်မှု ကျူးလွန် နေသူအား ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းထုတ်ပြန်ထားပါသည်။  လိမ်လည်မှု ကျူးလွန်သူသည် ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက်၊ အောင်ဇေယျအိမ်ယာ၊ တိုက် (၂၂)ပထမထပ်တွင် နေထိုင်သူ ကျော်မိုးနိုင်(ခ) ကျော်ကျော် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ  အတည်ပြု စုံစမ်းသိရှိရသည်ဟု ဆိုပါသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - Yangon Police

Posted: 02 Nov 2013 05:54 AM PDT

တရုတ်နိုင်ငံမှ အသက် ၁၀ နှစ် အရွယ် ကျောင်းသား တစ်ဦးသည် အတန်းဆရာ၏ ညွှန်ကြားချက်အရ အထပ် ၃၀ တိုက် အမြင့်မှ ခုန်ချသေဆုံးသွားကြောင်း အစိုးရ သတင်းမီဒီယာကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတွင် ဖေါ်ပြသည်။ ၎င်းသတင်းအား အစိုးရပိုင် သတင်းမီဒီယာတွင် အောက်တိုဘာလ ၃၁ ရက်နေ့က ဖေါ်ပြထားကြောင်း အေအက်ဖ်ပီ သတင်းက ဆိုသည်။ တိုက်ပေါ်မှ ခုန်ချ သေဆုံးသူ (၅) တန်း ကျောင်းသားငယ်အား ၎င်း၏ ဆရာမှ မိမိကိုယ်ကို ဝေဖန်ထားသော စာတစ်စောင်ရေးသားရန် အတန်းထဲတွင် ညွှန်ကြားခဲ့ကြောင်း၊ မရေးနိုင်ပါက တိုက်ပေါ်မှ ခုန်ချရန် ညွှန်ကြားခဲ့ကြောင်း သူ၏ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ကိုးကားပြီး တရုတ် အမျိုးသား ရေဒီယို၏ သတင်း ၀က်ဆိုက်တွင် ဖေါ်ပြထားဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Nov 2013 05:51 AM PDT

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီ အသီးသီးက စတင် လုပ်ဆောင်နေပြီဖြစ်သော အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အစွန်းရောက်ခြင်းကို ရှောင်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် မိမိဖြစ်လိုသော ဆန္ဒထက် မြန်မာနိုင်ငံ အတိတ်သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် အနာဂတ် ကောင်းကျိုး ဆိုးကျိုးများကို စဉ်းစား တွက်ဆပြီး ဓမ္မဓိဋ္ဌာန်ကျကျ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Nov 2013 05:46 AM PDT

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသော မြန်မာနိုင်ငံတွင် လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေသေးသည့်အတွက် မတရားအသင်း အက်ဥပဒေကို ပယ်ဖျက်မည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားသည်။ ၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ အချိန်မီ ဆောင်ရွက်နိုင်ရန် ကိစ္စနှင့် ပတ်သက်၍ မူဆယ် မဲဆန္ဒနယ်မှ ဦးစိုင်းဘိုးအောင်က နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Nov 2013 07:26 AM PDT
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့ နယ်၊ တည်းခိုခန်း တစ်ခုတွင် အောက်တိုဘာလ ၃၁ ရက်နေ့က အသက်၂၆ အရွယ်ရှိ ရခိုင်အ မျိုးသမီးတစ်ဦး အသတ်ခံခဲ့ရသည်။ အသတ်ခံရသူ သူအမျိုးသမီးမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ သဲတန်း ရပ်ကွက်မှ ဦးသိန်းထွန်း၏ သမီး မမိမိစံ (၂၆) နှစ် ဖြစ်ကြောင်း သိရသည်။ မမိမိစံ အသက်ခံရမူနှင့် ပတ်သက်ပြီး ကိုယ်တိုင်သွားရောက် ကြည့်ခဲ့သူ  မြောက်ဥက္ကလာမြို့ နယ် သာရေးနာအသင်းမှ အတွင်းရေးမှူး ဦးသန်းကြည်က နိရဉ္စရာသို့ ယခုလိုပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 02 Nov 2013 05:31 AM PDT
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း တောင်ငူ၊ ရေတာရှည်နှင့် အုတ်တွင်းမြို့နယ် သုံးမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး စစ်တောင်းမြစ်ရေ စံချိန်တင်တက်မှုကြောင့် ယနေ့အထိ လူသုံးဦး သေဆုံးခဲ့ပြီး ရေဘေးသင့် အိမ်ထောင်စု ၇၇၁၁ စု၊ လူဦးရေ ၃၁၁ဝ၉ ဦး ရှိကြောင်း သိရသည်။ အောက်တိုဘာ ၂၈ ရက်မှစ၍ မိုးအဆက် မပြတ် ရွာသွန်းခဲ့မှုကြောင့် စစ်တောင်းမြစ်ရေလျှံ ကာ တောင်ငူမြို့ပေါ်ရှိ ရပ်ကွက် ခြောက်ခုနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁ဝ အုပ်စုတို့မှ  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ- Ko Kyaw Swar
တောင်ငူ ရေကြီးမှု မြင်ကွင်း 

Posted: 01 Nov 2013 05:22 PM PDT

ဆာဟာရ သဲကန္တာရ ကြီးထဲမှာ ခရီးသွားတုန်း ကားပျက်သွားပြီးတဲ့နောက် Niger နိုင်ငံသား ၈၇ ယောက် ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က ရေငတ်ပြီး သေဆုံးခဲ့တာ တွေ့ခဲ့ကြရ ပါတယ်။ အဲဒီ ထိတ်လန့် ကြောက်မက်ဖွယ်ရာ အဖြစ်ကနေ အသက် မသေဘဲ ကျန်ခဲ့ တဲ့ အသက် ၁၄ နှစ် အရွယ် Shafa ဆိုတဲ့ မိန်းကလေးက သူ့ရဲ့ ခါးသီးတဲ့ အတွေ့ အကြုံတွေအကြောင်း ဘီဘီစီကို ပြောပြခဲ့ပါတယ်။ 'သူတို့ က အာယ်လ်ဂျီးရီးယားက အမျိုးတွေဆီ အလည် သွားကြတာ၊ လူ ၁၀၀ ကျော်ပါတဲ့ ကား နှစ်စီး အတူ သွားကြရင်း သူလိုက်လာတဲ့ ကားက လမ်းမှာ ပျက်သွားတော့ ပြင်ရတာ တစ်နေကုန် ကြာတယ်၊ အဲဒီ အချိန်မှာပဲ သူတို့ သောက်ရေ ပြတ်သွားတယ်'လို့ Shafa က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Nov 2013 05:19 PM PDT

ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တခုနီးပါးကြာ ကြုံခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ဆက်နွယ်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မယ့် ဥပဒေကြမ်း တခုကို အောက်လွှတ်တော်က ဒီကနေ့ သောကြာနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ ကိုယ်စားလှယ် ၅၀၀ ပါဝင်တဲ့ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို ၁၉ နာရီကြာ အချေအတင် ဆွေးနွေးပြီး အတည်ပြုခဲ့ပေမဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေ ကတော့ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို သပိတ်မှောက်တဲ့ အနေနဲ့ ညီလာခံကနေ ထွက်သွားခဲ့ကြတာပါ။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Nov 2013 05:13 PM PDT

အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက အခုအချိန်ထိ တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၀၈ ခုနှစ် မတရားအသင်းအက်ဥပဒေကို မဖျက်သိမ်းဘဲ ပြင်ဆင်ဖြည့်စွက်သင့်ကြောင်း ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောလိုက်ပါတယ်။ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က ၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေကို လိုအပ်သလိုပြင်ဆင်ဖြည့်စွက်ဖို့၊ ပယ်ဖျက်ဖို့ ရှိမရှိ မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြန်လည်ဖြေကြားခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Nov 2013 05:08 PM PDT

ကေအိုင်အိုဌာနချုပ် တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ရဲ့ ဆွေးနွေးပွဲကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ရေဒီယိုက ထုတ်လွှင့်တဲ့ လစဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအနေနဲ့ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Nov 2013 04:55 PM PDT

လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသာလက်နက်ကိုင် အင်အားစုတွေရဲ့ ထိပ်သီးညီလာခံမှာ မြန်မာ အစိုးရ စစ်တပ်နဲ့ အပစ်ခတ်ရပ်ပြီး တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေချိန်မှာ ဒီနှစ် နှစ်ဆန်းပိုင်းက မြန်မာစစ်တပ်နဲ့ ကေအိုင်အေတဲ့ အပြင်းအထန်တိုက်ပွဲတွေဖြစ်ခဲ့တဲ့ လယ်ဂျားယန် ရှေ့တန်းစခန်းတွေမှာ အခြေအနေတွေက တဖက်နဲ့ တဖက် တပ်ဖွဲ့တွေ အော်ဟစ် လှမ်းစကားပြောတဲ့ အနေအထားမှာ ရှိနေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကင်းလှည့်နေတဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ


Posted: 01 Nov 2013 04:48 PM PDT
ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများရဲ့ ညီလာခံ တတိယနေ့မှာ တစ်နိုင်ငံလုံး အပစ်ရပ်ရေးနဲ့ ပတ်သက်တဲ့ သဘောတူချက် မူကြမ်း တစ်ခုကို ချမှတ်နိုင်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်း အားလုံး သဘောတူထားတဲ့ မူကြမ်းထဲမှာ ဖယ်ဒရယ်စံနစ် ပြည်ထောင်စုဖွဲ့စည်းခွင့်နဲ့ ဖယ်ဒရယ်တပ်မတော် ဖွဲ့စည်းခွင့်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် စစ်တပ်ဟာ အရပ်သားအုပ်ချုပ်ရေး လက်အောက်မှာ ရှိရမယ်ဆိုတဲ့ မူတွေအပြင် အကျိုးစီးပွားပိုင်ဆိုင်ခွင့် စတဲ့ စီးပွားရေးဆိုင်ရာ အချက်လက်တွေလည်း ထည့်သွင်းထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ တက်ရောက်



Posted: 01 Nov 2013 04:23 PM PDT
အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် - ၄၆၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Nov 2013 04:22 PM PDT

အောက်တိုဘာလ(၃၁)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ် - ၈၉၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...