Saturday, November 9, 2013

မြန်မာပြည်၏ ထိပ်သီးခရိုနီတဦးအကြောင်း တစေ့တစောင်း (အပိုင်း-၂)

img_2370


DK၊     ၊ ဦးတေဇ ဆိုသည်မှာ ဘယ်လိုလူမျိုးဖြစ်ပါသလဲ ?
ဦးတေဇအား ဗိုလ်တေဇ ဟူ၍လည်း အမည်ရသော မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သော စစ်ဘက်အရာရှိတဦးမှ (၁၉၆၄) ခုနှစ်တွင် မွေးဖွားခဲ့သည်။ တေဇဆိုသည်မှာ သင်္ကရိုက် ဘာသာစကားမှဆင်းသက်လာခြင်းဖြစ်ပြီး လင်းလက်မှု (သို့) တောက်ပမှု ဟုအဓိပ္ပာယ်ရလေသည်။


ဗြိတိသျှ အင်ပါယာမှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါနီးဆဲဆဲ (၁၉၄၇) ခုနှစ်တွင် ဗိုလ်ချုပ်
အောင်ဆန်း အား နိုင်ငံရေးပြိုင်ဘက်တဦး ဖြစ်သည့် ဂဠုန်ဦးစောမှ လုပ်ကြံခဲ့သည်။ သို့သော်လည်းမိသားစုနှစ်စု၏ ဆက်ဆံရေးမှာ ယခင်အတိုင်းပင် ထဲထဲဝင်ဝင် ရှိနေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ မြန်မာ့ ဒီမိုကရေစီရေး နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူနောက်ပိုင်းတွင် ဖခင်ဖြစ်သူ ထက်ပင် ကမ္ဘာ တဝှမ်း လုံး ၌ ထင်ရှား ကျော်ကြား လာခဲ့ လေသည်။

စစ်အရာရှိ တဦးဖြစ်သည့် ဖခင်၏ ခြေရာနင်းရန် အတွက် ဦးတေဇသည် စစ်တက္ကသိုလ် (DSA) အားတက်ရောက်ခဲ့သည်။ သို့သော်လည်း စစ်တက္ကသိုလ်၊ တတိယနှစ် အရောက် တွင် နှစ်ဖက်မိဘများကန့်ကွက် နေသည့် ကြားမှ ၄င်း၏ ချစ်သူ ဒေါ်သီတာဇော် အား လက်ထပ်ခဲ့၍ ကျောင်းမှထွက်ခဲ့ရသည်။ (ဦးတေဇသည် ဇနီးဖြစ်သူနှင့် ၂၀၀၀ ခုနှစ်တွင် ကွာရှင်းခဲ့သည်။)

ထို့နောက် ၁၉၈၈ အရေးအခင်းတွင် ပါဝင်ပတ်သက်ခြင်း မပြုမီထိ စီးပွားရေး အနည်းအကျဉ်း
လုပ်နေခဲ့၏။ (၁၉၈၈) တွင် မြန်မာနိုင်ငံတွင်း၌ စစ်အာဏာရှင် ဗိုလ်ချုပ်ဟောင်း နေဝင်း၏
အုပ်စိုးမှုအား ပြည်သူလူထုမှ အုံကြွတော်လှန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း
အတိုက်အခံအင်အားစု ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာခဲ့သည်။ “ အဲဒါကျနော်တို့မျိုး
ဆက်ပါပဲ ” ဟု လမ်းပေါ်ဆန္ဒ ပြပွဲများတွင် ပါဝင်ခဲ့သူတဦး ဖြစ်သူ ဦးတေဇမှ ဆိုသည်။

နောက်ပိုင်းတွင် (၁၉၈၉ ၌ ဗိုလ်ချုပ်ဟောင်း စောမောင်ဦးဆောင်သော စစ်အာဏာသိမ်း
အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား မတရား ဖမ်းဆီးထိန်းသိမ်းခြင်း မပြုမီအချိန်ထိ)
ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်မြို့ပြင် ရှိ ဦးတေဇတို့ မိသားစု၏ နေအိမ်တွင် နေထိုင်
ခဲ့ပြီး သူမအား မိမိ၏ကားဖြင့် လိုက်လံ ပို့ဆောင်ပေးလေ့ ရှိခဲ့သည်ဟု ဦးတေဇမှဆို၏။

၁၉၆၂ တွင် စတင်အာဏာသိမ်းကာ လူပေါင်းများစွာကို ဖမ်းဆီး၊နှိပ်စက်၍ ထောင်ချခြင်း၊
သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့သော ပထမမျိုးဆက် စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း
ဦးဆောင်သော ဆိုရှယ်လစ် အမည်ခံ စစ်အစိုးရလက်အောက် တွင် မြန်မာ ပြည်သူများ၏
ဘဝများ အစစအရာရာ နိမ့်ကျခဲ့ပြီး အတိဒုက္ခရောက်ခဲ့ကြရသည်။ အာဏာရှင် ဦးနေဝင်း
သည်လည်း ၄င်းစင်တင်ပေးခဲ့သည့် ဗိုလ်ချုပ်သန်းရွှေ၏ လက်စာမိကာ အသေထွက်ထွက်
သွားပြီးနောက် သားမက်ဖြစ်သူ အေးဇော်ဝင်းနှင့် မြေးများဖြစ်သော အေးနေဝင်း၊
ကျော်နေဝင်း၊ ဇွဲနေဝင်း တို့အား အင်းစိန်ထောင်တွင်းရှိ သီးသန့်ထောင်၌ ယခုချိန်ထိ
အကျဉ်းချထိန်းသိမ်း ခံနေရသည်။ တချိန်က မောက်မာလှခဲ့သော ဦးနေဝင်း ၏သမီးဖြစ်
သူ စန္ဒာဝင်းသည်လည်း နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး နောက်၊ ယခင်အိမ်
မကြီးတွင်ပင် မနေရပဲ အလုပ်သမားတန်းလျားတွင် ဆင်းရဲချို့တဲ့စွာ နေထိုင်နေရသည်ဟု
ပြည်ပမီဒီယာများတွင် သတင်းထွက်ပေါ်လာခဲ့သည်။

၁၉၈၈ စစ်အာဏာသိမ်းအဖွဲ့၏ ထိပ်တန်းစစ်ဗိုလ်ချုပ်များ

၁၉၈၈ တွင် အနည်းဆုံး မြန်မာပြည်သူ တသောင်းကျော်အား ပစ်ခတ်သတ်ဖြတ်၍ လူပေါင်း
များစွာတို့အား မတရားထောင်ချ နှိပ်စက်၍ အာဏာသိမ်းခဲ့သော န.ဝ.တ – စစ်အစိုးရ၏
ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်စောမောင်အား ရူးသွပ်နေသည်ဟု ၄င်း၏လက်ထောက်ဖြစ်
သူ ဗိုလ်ချုပ် သန်းရွှေမှ ပရိယာယ်ဆင်ဖြုတ်ချခဲ့ပြီး၊ မထင်မရှားဇာတ်သိမ်းခဲ့သည်။ န.ဝ.တ
(အတွင်းရေးမှူး-၂) ဖြစ်သူ ဗိုလ်ချုပ်တင်ဦးသည် ရဟတ်ယာဉ် ပျက်ကျပြီး သေဆုံး၍ ၄င်း
၏သမီးမှာလည်း ပါဆယ်ဗုံး ကြောင့်သေဆုံးခဲ့ရသည်။

၁၉၈၈ စစ်အာဏာသိမ်းအဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်စောမောင် (ဝဲ) နှင့် လက်ထောက်ဖြစ်သူ ဗိုလ်ချုပ်သန်းရွှေ (ယာ)
အာဏာ ပါးကွက်သား ဟု နာမည်ဆိုးနှင့် ကျော်ကြားပြီး မြန်မာ ပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် စစ်အရာရှိများ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြရသည့် န.ဝ.တ (အတွင်းရေးမှူး-၁) ဖြစ်သူစစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီး ချုပ်ဖြစ်သည့် ဗိုလ်ချုပ်ခင်ညွန့်မှာလည်း (၂၀၀၄)တွင် ရာထူးမှဖယ်ရှားခံရပြီး ယခုချိန်ထိနေအိမ် အကျယ်ချုပ် ကျခံနေရပြီး ခြံဝင်းထဲ ပန်းစိုက်၍ရသောဝင်ငွေ နှင့် ခက်ခက်ခဲခဲ အသက်မွေးနေရသည်။ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ၄င်း၏သားနှစ်ဦး ဖြစ်သော ဒုဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် ဒေါက်တာရဲနိုင်ဝင်း နှင့် သားမက်ဖြစ်သူ တို့မှာ
လည်း သတင်း အစအန ပျောက်နေဆဲဖြစ်သည်။


စစ်အစိုးရ၏ရှေ့ထွက်ဗိုလ်ချုပ်တဦးဖြစ်သူ၊ ထောက်လှမ်းရေးအကြီးအကဲနှင့် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်နှင့်ဇနီးဒေါ်ခင်ဝင်းရွှေ တို့၏ လက်ရှိ အကျယ်ချုပ်ကျခံနေရပုံ
(၁၉၉၀) တွင် လူအများလေးစားမှုရှိသော ကုန်သည်များဖြစ်သည့် ဇနီးဘက်မှမိသားစု၏ နာမည်ကိုယူ၍ ထူးထရေးဒင်းကုမ္ပဏီအား ဦးတေဇမှ စတင်တည်ထောင်ခဲ့သည်။ (ဇနီးဘက်မှမိသားစု၏ စီးပွားရေးလုပ်ငန်းများသည် (၁၉၆၂) နောက်ပိုင်း အတုအယောင် ဆိုရှယ်လစ်ခေတ်တွင် ဆုတ်ယုတ်ခဲ့ရသည်။) ဦးတေဇသည် ယောက္ခမဖြစ်သူ ထံမှ ဆန်စက်တလုံးကို ငှားရမ်း၍ လုပ်ငန်းစတင်ခဲ့သည်။
ထို့နောက် ထိုင်းနယ်စပ်အနီးတွင် သစ်ထုတ်ယူခွင့် အား လေလံများချပေးသည့် အချိန်တွင် သစ်လုပ်ငန်းဘက်သို့ ကူးပြောင်းခဲ့သည်။ ထိုင်းနယ်စပ်အနီးရှိ အလွယ်တကူသွားရောက် နိုင်သော နေရာများရှိ သစ်ကွက်များအား ထိုင်းလုပ်ငန်းရှင်များ နှင့်အပြိုင် လေလံ ဆွဲယူခြင်းပြု မည့်အစား ဦးတေဇအနေနှင့် မြန်မာ-ထိုင်းနယ်စပ်နှင့် ဝေးလံသော နေရာများတွင် သစ်ထုတ်ခွင့်ရရန် လေလံဆွဲခဲ့သည်။ ထို့နောက် သစ်လုံးတလုံးလျှင် အမေရိကန် (၁၀) ဒေါ်လာတန်သော ခုတ်လှဲပြီးသစ်လုံးများကို ဒေါ်လာ (၅၀၀) နှင့် အထက်ဈေးဖြင့် သစ်လုံး တလုံးလျှင် ဒေါ်လာ (၄၉၀) နှင့်အထက် အမြတ်တင်၍ ပြန်လည်ရောင်းချ ခဲ့ပြီး၊ မိမိသည် မြန်မာပြည်တွင် အကြီးဆုံး သစ်ထုတ်လုပ်သူ လုပ်ငန်းရှင်ဖြစ်လာခဲ့သည်ဟု ဦးတေဇမှဆိုခဲ့သည်။

ဦးတေဇမှ ပါးပါးနပ်နပ်ဖြင့် မြိုးမြိုးမြက်မြက် ဝါးခဲ့ရသော ထိုတပွဲသည် နိုင်ငံရေး အဆက်အသွယ်များ၏ကောင်းမှုကြောင့် ဖြစ်ခဲ့၏။ မြန်မာစစ်တပ်မှ အငြိမ်းစားယူခဲ့သော ဒုဗိုလ်မှူးကြီးဟောင်းနှင့် စက်မှုဝန်ကြီးဋ္ဌာနမှ အရာရှိဟောင်းတဦးဖြစ်သူ ဖခင်မှ ဦးတေဇအား လုပ်ငန်းပါမစ်များကို ရယူရန် တိုက်တွန်းခဲ့သည်။
စစ်အစိုးရ၏ သစ်လုပ်ကွက် ကြမ်းခင်းဈေး သတ်မှတ်ချက်သည် ဈေးချိုလွန်း၍ ရှိသမျှငွေအားလုံးကိုရင်းနှီးရန် သူ၏ဖခင်မှ တိုက်တွန်းခဲ့သည်ဟု ဦးတေဇမှပြောပြခဲ့သည်။ သစ်ထုတ်လုပ်ငန်းသည် ဦးတေဇ၏ထူးလုပ်ငန်းစုအတွက် အရေးပါလှသော လုပ်ငန်းတရပ် ဖြစ်နေခဲ့လေ၏။ ဝီကီလိခ်စ်မှ ထွက်ပေါ်လာသော အမေရိကန်အစိုးရ၏ ကြေးနန်းတစောင် အရ (၂၀၀၇) အတွင်း ထူးလုပ်ငန်းစုအနေနှင့် သစ်လုပ်ငန်းမှအမေရိကန်ဒေါ်လာ (၇၅) သန်းခန့် အမြတ်ရခဲ့သည်။ မြန်မာနိုင်ငံ၏ သစ်တောဧရိယာ ကျုံ့ဝင်လာမှုအား
အလေးထားမိသောကြောင့် သဘာဝပတ်ဝန်းကျင်အား မပျက်စီးစေရန် ယခုအခါတွင် သူ့အနေနှင့်မြန်မာနိုင်ငံ၏ အကြီးဆုံး သစ်တင်ပို့သူ မဟုတ်တော့ပါဟု ဦးတေဇမှဆိုသည်။ မယုံလျှင်ပုံပြင်လို့မှတ်ပါ။

သစ်ထုတ်လုပ်တင်ပို့ရောင်းချခြင်းမှ အကြီးအကျယ် ပွပေါက် တိုးခဲ့ခြင်းမှ ဦးတေဇအား သူ၏ ပထမ ဆုံးသောဟိုတယ်အပါအဝင် အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုပြုနိုင်စေခဲ့သည်။ ထို့နောက် စင်္ကာပူနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး  စင်္ကာပူသို့ ရွှေ့ပြောင်း အခြေစိုက်ရန် စိတ်ကူးခဲ့သည်။ သို့သော်လည်း (၁၉၉၇-၉၈) အာရှဘဏ္ဍာရေးအကျပ်အတည်း နောက်တွင် သူ၏အရင်းအနှီးများအား မြန်မာနိုင်ငံ၌သာ မြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။ မိမိအနေနှင့် စင်္ကာပူနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပါက စင်္ကာပူနိုင်ငံသားများသာ အကျိုးရှိမည်ဟု ယူဆမိသော ကြောင့် ဟု ဦးတေဇမှဆိုသည်။

ထိုမှနောက် ဆယ်စုနှစ်အတွင်း အခြားသောလုပ်ငန်းများကိုပါ မျက်စိကျလာသော ဦးတေဇသည် ထူးလုပ်ငန်းစုအား လုပ်ငန်းကွဲအများအပြားပါဝင်သည့် မဟာလုပ်ငန်းစု (Conglomerate) အဖြစ် အသွင်ပြောင်းခဲ့သည်။ (၂၀၀၄) တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်သည့် အဲပုဂံ(Air Bagan) အား စတင်တည်ထောင်ဖွင့်ခဲ့သည်။ ထို့ပြင် ဇိမ်ခံဟိုတယ်အများအပြား အား ဖွင့်လှစ်ခဲ့ပြီး၊ အကြီးစား စက်ယန္တရားများကို ငှားရမ်းခြင်းအား စတင်လုပ်ဆောင်ခဲ့သည်။

ဦးတေဇကဲ့သို့ သစ်ကုန်သည်တဦးအနေနှင့် ငွေကြေးအရင်းအနှီးပမာဏ အများအပြားလိုအပ်သော
စီမံကိန်းလုပ်ငန်း များကို ရင်းနှီး မြှုပ်နှံ၍ လုပ်ကိုင်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတွင်းရှိ လူတော်တော်
များများကို အံ့အားသင့်စေခဲ့လေသည်။ ဦးတေဇသည် စစ်အစိုးရအား ငွေရှာပေးနေသူတဦးဖြစ်ပြီး၊
နာမည်ဆိုးနှင့်ကျော်ကြားသော စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေနှင့် နိုင်ငံ့ဘဏ္ဍာများကို အကြီး
အကျယ် သုံးဖြုန်းနေသည့် အာဏာရှင်၏မိသားစုနှင့် တိုက်ရိုက် ဆက်ဆံနေသူ တဦးလည်း ဖြစ်
သည် ဆိုသော သတင်းများ လည်းထွက်ပေါ် လာခဲ့သည်။

သို့သော်လည်း ထိုသတင်းများသည် ကောလဟလသာဖြစ်ပြီး သူသည် စစ်အာဏာရှင်နှင့် မိသားစုမှ
ရွေးချယ်ခံရသူ မဟုတ် ဟု ဦးတေဇမှ ငြင်းဆိုခဲ့သည်။ ရဟတ်ယာဉ် ပျက်ကျပြီး နောက် စစ်အာဏာရှင်ဗိုလ်ချုပ်သန်းရွှေအား ကျေးဇူးတင် စကား ဆိုသော အချိန်တချိန်သာ ၄င်းနှင့် တဦးချင်း တွေ့ဆုံဖူးသည်ဟု ဦးတေဇမှဆိုသည်။ စစ်အစိုးရနှင့် အလုပ်လုပ်ရာတွင် သူ၏ ရိုးသားမှု၊ တဲ့တိုးပြောဆိုတတ်မှုနှင့်သူ့ဖခင်၏ရာထူးအဆင့်အတန်းတို့ကြောင့် ဦးတေဇအနေနှင့် အဆင်ပြေ ချောမွေ့ခဲ့လေ၏။ မြန်မာစစ်ဗိုလ်ချုပ် များနှင့် တွေ့ဆုံမှုများတွင် ဦးတေဇ အနေနှင့် ပြောလိုသည်အား ဟိတ်ဟန်မပါ၊ လှည့်စားမှုမပါပဲ တဲ့တိုးသာ ပြောဆိုခဲ့ပြီး ဗိုလ်ချုပ်အချို့သည် ထိုသို့ပြော ဆိုမှုအား အလွန်နှစ်သက်ကြသည်ဟု၎င်းမှဆိုသည်။

ဦးတေဇပိုင် ကမ်းခြေအပန်းဖြေဟိုတယ် သို့ အမှတ်မထင်ပဲ ဗိုလ်ချုပ်သန်းရွှေမှ ရောက်လာခဲ့ပြီး
ဗိုလ်ချုပ်သန်းရွှေ အနေနှင့် ထိုဟိုတယ်အား အကြီးအကျယ်သဘောကျ သွားခဲ့ဖူးသည်ဟု အခြား
သတင်းရပ်ကွက် များမှဆိုကြသည်။ ထို့ပြင် ဦးတေဇသည် စစ်အစိုးရ၏ တတိယနေရာသို့ ရောက်
ရှိလာခဲ့သည့် ထိပ်တန်း ဗိုလ်ချုပ်တဦး ဖြစ်သူ ဗိုလ်ချုပ်သူရရွှေမန်း (ယခုမြန်မာအောက်လွှတ်တော်
ဥက္ကဋ္ဌ) နှင့်လည်း အစောပိုင်းကတည်းက နီးစပ်မှုရယူနိုင်ခဲ့ပြန်သေးသည်။ ဗိုလ်ချုပ် သူရရွှေမန်းမှ
သာမန်ဗိုလ်မှူးကြီး တဦးအဆင့်သာ ရှိသေးချိန်တွင် ဦးတေဇနှင့် စတွေ့ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက်
ဗိုလ်ချုပ် သူရ ရွှေမန်း၏ သားဖြစ်သူ အောင်သက်မန်း အား ထူးလုပ်ငန်းစုတွင် ဒါရိုက်တာတဦး
အဖြစ်ခန့်အပ်ခဲ့သည်။ (ဗိုလ်ချုပ် သူရရွှေမန်းနှင့် သားဖြစ်သူ အောင်သက်မန်းတို့ နှစ်ဦးစလုံးသည်
အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ခံရသူများထဲတွင် ပါဝင်သည်)

ထိုသို့သော အနေအထားနှင့် လမ်းကြောင်း ဝင်ထား မှုသည် သည် မြန်မာနိုင်ငံတွင် ထုံးစံလိုလိုပင်
ဖြစ်၏။ ထိုအချိန်က မြန်မာစစ်တပ်မှ ဗိုလ်မှူးကြီးများ၏ သားများသည် ပုဂ္ဂလိက ကုမ္ပဏီများတွင်
အလုပ်လုပ်ရသည်ကို သဘောကျကြသည်ဟု ဦးတေဇမှ ဆို၏။

(တတိယ ပိုင်း နှင့် ဇာတ်သိမ်း ကို ဆက်လက် ဖတ်ရှု ပါရန် )
မြန်မာပြည်၏ထိပ်သီးခရိုနီတဦးအကြောင်းတစေ့တစောင်း၊ အပိုင်း-၂၊ 
 (Forbes မဂ္ဂဇင်း၏ Burma’s Showy Crony အားမှီငြမ်းပါသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...