Tuesday, November 5, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၁၁)

သစ်ထူးလွင်



Posted: 05 Nov 2013 06:51 AM PST

ရန်ကုန်၊ နိုဝင်ဘာ ၅
၅.၁၁.၂၀၁၃ရက်နေ့ ၀၄၃၀အချိန် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်နေ ဦးမောင်ကျော် (ဘ)ဦးမောင်မောင်သည် အိပ်ယာမှ ထစဉ် နေအိမ်နောက်ဖေးတံခါး ပွင့်နေပြီး ပစ္စည်းများပြန့်ကျဲနေသဖြင့် စစ်ဆေးရာ အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းထားရှိသော စိန်၊ ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲများပါ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ (၂၇)မျိုး၊ ငွေကျပ်သိန်း(၁၀၀)နှင့် ဆင်းကဒ်ပါ လက်ကိုင်ဖုန်း (၁)လုံး၊ စုစုပေါင်း(၂၉)မျိုး၊ ကာလတန်ဘိုးငွေကျပ်သိန်း(၁၁၀၀)
ခန့်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိ၍ ခိုးယူသူအား စုံစမ်းဖေါ်ထုတ် အရေးယူပေးရန်တိုင်တန်းသဖြင့် ပုဇွန်တောင်မြို့မရဲစခန်း(ပ)၂၄၀/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။
ထိုသို့စုံစမ်းဆောင်ရွက်စဉ်တာ
ဝန်သိပြည်သူတစ်ဦး၏သတင်းပေးချက်အရ ၁၄၃၅အချိန် ပုဇွန်တောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပုဇွန်တောင် မြို့နယ်၊ (၂)ရပ်ကွက်၊ အနော်ရထာလမ်း၊ Ocean ကားမှတ်တိုင်အနီးတွင် အမှုမှတရားခံများဖြစ်သည့် ထိန်လင်း (ဘ)ဦးစိန်မြ၊ သာကေတမြို့နယ်၊
ကျော်ဆန်းဦး(ခ)ပေါက်စ (ဘ)ဦးကျော်လင်း၊ ဒေါပုံမြို့နယ် နှင့် စိုးမင်းထွေး (ဘ)ဦးဖိုးဟန်၊ ဇောင်းတူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူတို့ (၃)ဦးအား အမှုမှပျောက်ဆုံးပစ္စည်း (၂၉)မျိုးအနက် (၂၄)မျိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင်ရေးဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 07:04 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၅
၎.၁၁.၂၀၁၃ရက်နေ့ ၁၉၃၀အချိန် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းသွယ် (၂)နေ ဦးလှသိန်း (၄၆)နှစ် ၊ရွှေကမ္ဘာအိမ်ယာ လုံခြုံရေး (ဘ)ဦးဖိုးမောင်သည် (၃)ရပ်ကွက်၊ ရွှေကမ္ဘာအိမ်ယာလုံခြုံရေး ကင်းတဲတွင် သတိမေ့လဲကျနေ၍ ၎င်း၏ညီမဖြစ်သူ မဌေးဝင်းမှ အင်းစိန်ဆေးရုံသို့ တင်ပို့ခဲ့ရာ ဦးလှသိန်းတွင် ယာမျက်လုံး၊ နှုတ်ခမ်းဖူးယောင်ဒဏ်ရာ၊ နောက်စေ့ပေါက်ပြဲဒဏ်ရာများနှင့်
 သွေးအန်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် ၅.၁၁.၂၀၁၃ရက်နေ့၀၇၀၀အချိန် ဦးလှသိန်းမှာသေဆုံးသွားခဲ့ပါသည်။
ဦးလှသိန်းအား ရွှေကမ္ဘာအိမ်ယာ တိုက်(A- 8)၊ အခန်း (၂၀၂)နေ ဇေယျာမင်းကြိုင်မှ ၄.၁၁.၂၀၁၃ရက်နေ့ ၁၉၀၀အချိန် ခန့်တွင် လက်သီးနှင့်ထိုးသဖြင့် နောက်ပြန်လဲကျရာ တမံတလင်းကြမ်းပြင်နှင့် ဦးခေါင်းနောက်စေ့ထိခိုက်မိပြီး ဒဏ်ရာရသေဆုံးသွားကြောင်း သိရှိရသဖြင့် ဇေယျာမင်းကြိုင်အား ဘုရင့်နောင်နယ်မြေရဲစခန်း (ပ) ၃၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 06:46 AM PST

ကမ္ဘာပေါ်တွင် ကင်ဆာ ရောဂါ ဖြစ်ရခြင်း အကြောင်းအရင်း များစွာရှိသည့်အနက် အစားအစာ များကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနှုန်းမှာ ပိုမို များပြားကြောင်း ပါမောက္ခဆရာဝန်ကြီး ဒေါက်တာစိုးအောင်က ပြောသည်။ ဓာတုဗေဒ ပစ္စည်းများဖြင့် ကြာရှည်ခံစေရန် ပြုလုပ်ထားသော အစားအသောက်များကို စား သုံးခြင်း၊ ပို၍ကြီးထွားစေရန် ပြုလုပ် ထားသော အစားအစာများကို စား သုံးခြင်းများမှာ ကင်ဆာရောဂါ ဖြစ် ပွားနိုင်စေကြောင်း၊ ဆိုးဆေးပါသော အစားအစာများ၊ ဆားသိပ်ထားသော အစားအစာများ၊ကျပ်တိုက်ထားသော အစားအစာများနှင့် ယမ်းစိမ်းပါဝင် သော အစားအစာများသည်လည်း ကင်ဆာရောဂါပို၍ဖြစ်ပွားနိုင်ေ
ကြာင်း ၄င်းက ပြောသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 06:40 AM PST

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုများကို ထိန်းသိမ်းကြပ်မတ်ရန် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းမှာ ၅၃ ဒသမ ၉၁၁ မိုင်သာ ကျန်ရှိတော့ကြောင်း နယ်စပ်လုံခြုံရေးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းကို ဘင်္ဂလား ပင်လယ်အော် နတ်မြစ်ဝမှ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ၁၆၈ ဒသမ ၅၆၈ မိုင်အထိ အပိုင်းလေးပိုင်းခွဲကာ ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 06:38 AM PST

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးတွင် တည်ရှိသော ခရိုင်တစ်ခုဖြစ်သည့် မောင်တောခရိုင်အတွင်း နေထိုင်သော လူဦးရေစာရင်းတွင် တိုင်းရင်းသား လူဦးရေထက် ဘင်္ဂါလီ နိုင်ငံခြားသား လူဦးရေက ဆယ်ဆခန့် များနေကြောင်း နယ်စပ်လုံခြုံရေးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောကြားသည်။ မောင်တောခရိုင်တွင် ဘူးသီးတောင်မြို့နယ်၊ မောင်တော မြို့နယ်နှင့် တောင်ပြို လက်ဝဲမြို့နယ်ခွဲတို့ ပါဝင်ပြီး နေထိုင်သည့် လူဦးရေမှာ တိုင်းရင်းသား ၇၂,၆၁၆ ဦးသာ ရှိပြီး ဘင်္ဂါလီ နိုင်ငံခြားသား ၇၃၈,၃၉၃ ရှိသည်ဟု ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 06:30 AM PST
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူး မြို့နယ် စာဘူးတောင်းကျေးရွာ အုပ်စုရှိ ရဲမွန်တပ်မြို့ လေ့ကျင့်ရေး တပ်မြေအတွင်း ကျူးကျော် ၀င်ရောက် နေထိုင်သူများ ဖယ်ရှားပေးခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု စစ်တပ်က အကြောင်းကြားထားကြောင်း ယင်း ဒေသခံများထံမှ သိရသည်။ ရဲမွန်တပ်မြို့ တပ်မတော်ကျောင်းကြီး သုံးကျောင်း၏ လေ့ကျင့်ရေးတပ်မြေဖြစ်သည့် ၂၃၅၆၅ ဒသမ ၇၈ ဧက အတွင်း၌ ကျုးကျော်ဝင်ရောက် နေထိုင်သူများရှိပြီး ကျုးကျော်နေထိုင်သူများမှာ အိမ်ခြေ ၅၀၀နီးပါးခန့်နေ ကြောင်း၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျူးကျော်အိမ်ယာတခုအားတွေ့ ရစဉ်


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 06:10 AM PST

မန္တလေးမြို့တော်တွင် တန်ဖိုးကျပ်သိန်း ခုနစ်ရာကျော်ရှိသော သက်တမ်း လွန်နေသည့် ဆေးဝါးများ၊ စားသောက်ကုန် များနှင့် အလှကုန်ပစ္စည်းများကို နိုဝင်ဘာလ ၉ရက်နေ့တွင် အေးရိပ်ငြိမ် သုသာန်၌ မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ "ဆေးကုမ္ပဏီ တစ်ခုတည်းကကို သိန်းခြောက်ရာကျော်ဖိုး လောက်ရှိတယ်။ တခြား လူသုံးကုန်ပစ္စည်း တွေရယ်၊ စားသုံးကုန်တွေရယ် ပေါင်းလိုက်ရင် ကျပ်သိန်း ခုနစ်ရာကျော်တယ်" ဟု ၄င်းက ဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 06:07 AM PST

ကရင်ဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာထောက်ပံ့နေသည့် The Border Consortuim အဖွဲ့သည့် လာမည့် ၂၀၁၄ ခု နှစ်မှ စတင်၍ ထောက်ပံ့မှုများ လျှော့ချရန်ရှိကြောင်း ဒုက္ခစခန်းအချို့မှ သတင်းရရှိသည်။ ထောက်ပံ့မှုများ လျှော့ချမည်ကို ထိုင်းနိုင်ငံရှိ ကရင်ဒုက္ခသည်စခန်းများသို့ အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ ““လာမယ့်နှစ်ကျရင် ရိက္ခာလျှော့ပေးတော့မယ်။ အရင်လိုမရတော့ဘူး။ လုံးဝဖြတ်တောက်လိုက်တာတော့ မဟုတ်ပါဘူး””ဟု မဲဟောင်ဆောင် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူ မနန်းခမ်းမြိုင်ကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာ-ထိုင်း နယ်စပ်ရှိ မဲဟောင်ဆောင်ပြည်နယ်ရှိ မဲဆူရင်ကရင်ဒုက္ခသည်များစခန်း မီးလောင်ပြီးနောက် ယာယီတဲများတွင် ချက်ပြုတ်နေသော ဒုက္ခသည်အချို့ကို ၂၀၁၃ မတ်လ ၂၄ ရက်ကတွေ့ရစဉ် NICOLAS ASFOURI/AFP


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 06:03 AM PST

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်အလိပ်စက်ရုံများ၊ ဝါကြိတ်စက်ရုံများ အပါအဝင် ကျန်ရှိနေသေးသော စက်ရုံများကို ပုဂ္ဂလိကသို့ ဆက်လက်ငှားရမ်း လုပ်ဆောင်ခွင့်ပြုမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန စက်မှုညွှန်ကြားရေး ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ အစိုးရက ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ တိုးပွားလာစေရန်အတွက် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 05:59 AM PST

ရန်ကုန်တိုင်းဒေသကြီး၌ နိုဝင်ဘာ ၅ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်ပထမအကြိမ် အထူးအစည်းအဝေး၌ အမျိုးသားထောက်လှမ်းရေး ကဲ့သို့သော ထောက်လှမ်းအဖွဲ့တပ်ဖွဲ့ ဖွဲရန်အဆိုကို ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်အမတ်များထံမှ သိရသည်။ “အမျိုးသား ထောက်လှမ်းရေးအဖွဲ့တွေ မရှိတော့လို့ တိုင်းပြည်မှာအဖျက်သမားတွေရဲ့ ကြံစည်မှုတွေကို သတင်းမရတာတွေရှိပါတယ်” ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ်အမှတ် ၂ ကတိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်က ဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 05:54 AM PST

မှော်ဘီမြို့တွင်နေထိုင်သူThe Voice သတင်းထောက် သတင်းရေးသားမှုအပေါ် ၎င်းရပ်ကွက်ရှိ ဆယ်အိမ်မှူးနှင့် အပေါင်းအပါများ စုဝေးပြီး ရိုက်နှက်မှုပြုလုပ်ခံ ခဲ့ရကြောင်း The Voiceဂျာနယ်က အယ်ဒီတာအဖွဲ့၏ အတွင်းရေးမှူး ဦးအောင်စိုးက ပြောကြားသည်။ အဆိုပါ သတင်းထောက် နေထိုင်သော ရပ်ကွက်အတွင်းရှိ နိုဝင်ဘာ ၄ရက်နေ့ နေလည်တွင် ဆယ်အိမ်မှူးနှင့် အပေါင်းပါ၃ဦးက ရိုက်နှက်ခဲ့ကြောင်း၊ ယင်းသတင်းထောက်သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့မှ လူတစ်ဦးကို မေးရိုးပြုတ်သည့်အထိ ၀ိုင်းရိုက်မှုနှင့်ပတ်သသော သတင်းကို ရေးသားခဲ့မှုကြောင့် ယခုကဲ့သို့ ၀ိုင်းရိုက်ခံခဲ့ရကြောင်း ၎င်းကဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 05:44 AM PST

အောက်တိုဘာလကုန်ပိုင်းက ရွာသောမိုးကြောင့် ရေဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသည့် တောင်ငူမြို့မှ   ဒေသခံတစ်သောင်းကျော်မှာ  တစ်ပတ်ခန့် ကြာသည်အထိ ကယ်ဆယ်ရေးစခန်းများတွင် ဆက်လက်ခိုလှုံနေရဆဲဖြစ်ကြောင်း တောင်ငူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။ ““ရေကကျတယ်ဆိုပေမယ့် တောင်ငူမြို့ပေါ်အပြင် ကျေးရွာတွေမှာရှိတဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ မြုပ်နေတုန်းပဲ။ အိမ်တွေမှာ ပြန်နေလို့မရသေးလို့ လူဦးရေတစ်သောင်းကျော်လုံး ကယ်ဆယ်ရေးစခန်းမှာပဲ လက်ခံထားရပါတယ်””ဟု ထွေ/အုပ်ရုံးတာ ၀န်ရှိသူတစ်ဦးကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တောင်ငူမြို့နယ် ကျေးရွာအချို့မှ ဒေသခံများ အောက်တိုဘာ၂၉ ရက်တွင် ရေလျှံ၍ ရွှေ့ပြောင်းနေကြစဉ် ဓာတ်ပုံ-ကိုသက်ခိုင် ။ 7DAY DAILY

http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 05:39 AM PST

လာမယ့် ဒီဇင်ဘာလ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း) ကျင်းပချိန်မှာ နေပြည်တော်မှာရှိတဲ့ အခြေခံ စာသင်ကျောင်းတွေကို သီတင်း ၂ ပတ်ကြာ ပိတ်ထားပေးဖို့ အားကစား ၀န်ကြီးဌာနက သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြထားတယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၄၀ ကြာမှ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တကြော့ပြန်လက်ခံကျင်းပမယ့် ဆီးဂိမ်း အားကစားပြိုင်ပွဲကာလမှာ နေပြည်တော်မှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ လေ့လာနိုင်ဖို့ အတွက် ကျောင်းတွေ ပိတ်ပေးဖို့ ဆီးဂိမ်းကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးက သက်ဆိုင်ရာ အကြီးအကဲတွေကို တင်ပြထားတယ်လို့ အားကာလူထု ပညာဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 05:36 AM PST

လယ်ယာမြေ ပိုင်ဆိုင်ခွင့် အထောက်အထားဖြစ်သည့် လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးမှု နိုင်ငံတစ်ဝန်းလုံးတွင် ၈၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။ နိုဝင်ဘာ ၄ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေ၏ လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 05:33 AM PST
KIO ဌာနချုပ် လိုင်ဇာတွင် နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေး ဆုံးဖြတ်ခဲ့သည့် လိုင်ဇာမူဘောင်ပါ အချက်အများစုကို အစိုးရက သဘောတူ လက်ခံထားကြောင်း လိုင်ဇာမူ အကောင်အထည်ဖော်ရေး ညှိနှိုင်း အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။ တိုင်းရင်းသားအဖွဲ့များက တင်ပြသည့် လိုင်ဇာ အပစ်ရပ်မူကြမ်း အချက် ၁၁ ချက်ကို ပြင်ဆင်ရန် အစိုးရဘက်က အများအပြား တောင်းဆိုမှုမရှိဘဲ အဓိကအချက်များကို လက်ခံကြောင်း၊ ရှေ့ဆက်သွားရန် အလားအလာ အလွန်ကောင်းကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“အစိုးရဘက်က ပြင်စေချင်တာတွေကိုတော့ အဖြေပေးလို့ မရသေးဘူး။ အဖွဲ့တွေ အားလုံးနဲ့ ပြန်ညှိရမယ်” ဟု နိုင်ဟံသာက ရှင်းပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 02:26 AM PST

မြန်မာအတိုက်အခံခေါင်းဆောင် ဒီမိုကရေစီရေးဆောင်ရွက်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလကုန်ပိုင်းမှာ ဩစတြေးလျနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ဆစ်ဒနီ၊ ကင်ဘာရာနဲ့ မဲလ်ဘုန်းမြို့တွေကို သွားရောက်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆစ်ဒနီမှာ ကျင်းပမယ့် ကုလသမဂ္ဂ HIV/AIDS ဆိုင်ရာ ကွန်ဖရင့်ညီလာခံ အပါအ၀င် လူထုဆိုင်ရာ အခမ်းအနားတွေကို တက်ရောက်မှာဖြစ်ပြီး ဩစတြေးလျက မြန်မာအသိုင်းအ၀ိုင်းနဲ့လည်း တွေ့ဆုံဦးမှာဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ဂုဏ်ယူဝမ်းမြောက်ပါတယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ပ်က ပြောပါတယ်။

by ဒီဗွီဘီ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 02:24 AM PST

မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထူးကုမ္ပဏီမှ ဖွင့်လှစ်ထားသော ကော်ဖီဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်
း သတင်းရရှိသည်။ နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီအချိန်ခန့်က တံတားဦးမြို့နယ် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်အပေါ်ထပ် ပြည်တွင်းထွက်ခွာမှန်တံခါးအနီး ထူးကုမ္ပဏီမှ ဖွင့်လှစ်ထားသော Espace coffee & bar ဆိုင်အတွင်းရှိ ရေခဲသေတ္တာ safe guard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာ လေဆိပ်၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် တိုင်းမီးသတ်ဦးစီးဌာနများမှ သတင်းရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မီးလောင်ကျွမ်းခဲ့သည့်ကော်ဖီဆိုင်အတွင်းပိုင်းကိုတွေ့ရစဉ် ဓာတ်ပုံ-ညီညီဇော် / 7DAY DAILY

http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 02:21 AM PST

လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ် မီတာခများ တက်ရန် ပြည်သူလူထုကို ကနဦး ရှင်းမပြဘဲ မီတာခ တိုးမြှင့်လိုက်ခြင်းသည် အာဏာရှင်စနစ်၏ အမွေဆိုး အရိပ်အငွေ့ မကုန်သေးကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ အဆိုပါ အကြောင်းအရာကို နိုဝင်ဘာ ၄ ရက်နေ့ လွှတ်တော် အဆောက်အအုံ (၁၂) တွင် သတင်းမီဒီယာများနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံစဉ် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 02:19 AM PST

နေပြည်တော် - ရခိုင်ပြည်နယ်တွင် ရဲဝန်ထမ်းနှင့် ပြည်သူ အချိုးအားဖြင့် ရဲတစ်ဦးလျှင် ပြည်သူငါးရာအတွက် (၁း ၅၀၀) နှုန်းဖြင့် တာဝန်ချထားပေးပြီး ကျန်ဒေသများထက် လုံခြုံရေး ပိုမိုချထားပေးခြင်းဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားလိုက်သည်။ ကျန်ပြည်နယ်တိုင်းများတွင် ရဲဝန်ထမ်းနှင့် ပြည်သူအချိုးကို ၁း ၉၀၀ နှုန်းဖြင့် တာဝန်ချထားခြင်း ဖြစ်သော်လည်း ရခိုင်ပြည်နယ်အတွက် ပိုမိုချထားပေးခြင်းဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးက နိုဝင်ဘာ ၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 02:17 AM PST

သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက နိုင်ငံတော်ကို ပေးသွင်းဖို့ ကျန်ရှိနေတဲ့ ကြွေးတွေဟာ ကျပ်သန်းပေါင်း သန်းနဲ့ချီ ရှိနေပြီး နှစ်အဆက်ဆက် ကြွေးကျန်တွေ များလွန်းလို့ အစိုးရအဖွဲ့ ဘာဆက်လုပ်မယ်ဆိုတာ ရှင်းပြဖို့ လွှတ်တော်က တောင်းဆိုလိုက်ပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
ရဲ့ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကောင်စီက သဘောထား မှတ်ချက်ပေးရာမှာ လွှတ်တော်က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 02:13 AM PST

လွှတ်တော်တွင်း ဖုန်း Ring Tone သံများ ကြားနေရသောကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်သို့ ဖုန်းနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ယူမလာကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။ လွှတ်တော်အတွင်း မည်သည့် ပစ္စည်းမျှ ယူမလာကြရန် စည်းကမ်း သတ်မှတ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက ဖုန်းများ ယူဆောင်လာပြီး လွှတ်တော် အတွင်းဖုန်း Ring Tone သံများ မြည်နေခြင်းကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းသို့ သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 02:11 AM PST

လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များ (Annex) ညီ မညီ၊ လိုက်နာမှု ရှိ မရှိ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ချုပ် (ICAO) က လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ နိုဝင်ဘာလ ၆ ရက်နေ့တွင် လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေယာဉ် စက်မှုဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 02:08 AM PST

တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်ဝန်ထမ်းနှင့် လေကြောင်းကုမ္ပဏီများ၏ ၀န်ဆောင်မှုအားနည်းချက်များကြော
င့် ခရီးသွားများ စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ယင်းလေဆိပ်မှ မကြာခဏသွားလာနေသည့် ခရီးသည်အချို့က ပြောသည်။ လေယဉ်ထွက်ခွာချိန် နောက်ကျခြင်း၊   လေယာဉ်ဆိုက်ရောက်ချိန်များတွင် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ခရီးသည်နားနေခန်းများတွင် ထိုင်ခုံမလုံလောက်ခြင်းနှင့် လေယာဉ်ဆိုက်ရောက်၊ ထွက်ခွာမည့်အချိန်များကို လေဆိပ်အတွင်းရှိ ကြော်ငြာဘုတ်များမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးနိုင်မှုမရှိခြင်းတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း တံတားဦးလေဆိပ်မှ ပြည်တွင်းနှင့်နိုင်ငံတကာသို့  သွားလာနေကြသည့် ခရီးသည်အချို့ကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တံတားဦးလေဆိပ်တွင်စောင့်ဆိုင်းနေကြသူများ ဓာတ်ပုံ-U YMT


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 02:05 AM PST

ရန်ကုန်- တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်တွင် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ် မဲဖောက်ရောင်းချရာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အလွဲသုံးစားလုပ်သည်ဟုဆိုကာ ရပ်ကွက်နေသူများ မကျေနပ်၍ လူစုလူဝေးဖြင့် ကန့်ကွက်သောကြောင့် ရဲတပ်ဖွဲ့အင်အား နှစ်ဆယ်ကျော်ဖြင့် လုံခြုံရေးချထားကြောင်း သတင်းရရှိသည်။ တောင်ဥက္ကလာပမြို့နယ်အတွင်း ဆင်းမ်ကတ်များကို နိုဝင်ဘာ ၄ ရက်က (၄)ရပ်ကွက်၊ ဗဟိုဓမ္မာရုံတွင် မဲနှိုက်ရာ ယခင်လများက ဆင်းမ်ကတ်ပေါက်ပြီးသူများသာ ထပ်မံပေါက်သည်ဟုဆိုကာ ရပ်ကွက်နေပြည်သူများက အုပ်ချုပ်ရေးမှူးကို ရုံးရှေ့တွင် ပြန်လည်ဖြေရှင်းခိုင်းသည်။ သို့သော် မပြေလည်သောကြောင့် ပြည်သူအချို့ က ဆဲဆိုကန့်ကွက်ပြီးလူစုလူဝေးဖြစ်
လာရာ တောင်ဥက္ကလာပမြို့နယ်ရဲစခန်းက အခြေအနေတင်းမာမှု မဖြစ်ပေါ်စေရေးအတွက် လာရောက်ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV
Posted: 05 Nov 2013 02:04 AM PST

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ''မိမိတို့လွှတ်တော်မှ ပြဋ္ဌာန်း ထားသောဥပဒေ၊ နည်းဥပဒေများ ကို သိရှိလိုက်နာရမှာဖြစ်သလို တခြားတည်ဆဲဥပဒေများကိုလဲ လွှတ်တော်မှ ကိုယ်စားလှယ်များ အနေနဲ့ သိရှိနားလည်ပြီး လိုက်နာ ဆောင်ရွက် ဖို့လို ပါတယ်။ ဦးရွှေ မောင် ပြောဆိုကန့်ကွက်မှုက ဥပဒေ လုပ်ထုံးလုပ်နည်းတို့နဲ့မညီ ညွတ်တဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌ က ဒီလိုကြားဖြတ်တင်ပြမှုကို အ တည်မပြုကြောင်း ကြေညာပါ တယ်''ဟု ပြောသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...