Wednesday, November 6, 2013

ရွှံ့ရုပ်နှလုံးသားနှင့် မသိစိတ်ရဲ့ခြေရာ


လူတစ်ယောက်ရဲ့ ဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာ သိမှု ရှိပါက အရာရာကို ဖြေရှင်းပြီး ပဲကိုင်လို့ရတတ်ပါတယ် ။ ဘယ်လိုသိမှုလဲဆိုရင် ကိုယ့်မှာ ဖြစ်နေတဲ့ စိတ်အမျိုးမျိုးအထွေထွေ စတဲ့ သောကတွေကို အမှန်သိမှုနဲ့ ခွဲခြားနိုင်ခြင်းပါ ။
ထိုသို့ခွဲခြားနိုင်တဲ့ လူဟာ လူ့ဘဝမှာ နေတတ်သွားတဲ့ သတ္တဝါ ဖြစ်သွားပါလိမ့်မယ် ။ ဥပမာ – လူတစ်ယောက် စိတ်ဆိုးတယ်ဆိုပါစို့ ထိုသူဟာ သူ့စိတ်ဆိုးခြင်း အကြောင်းအရာကို တကယ်မသိဘူးဆိုရင် စိတ်ဆိုးခြင်ကို မရပ်နိုင်ပဲ ဆက်လက်ဆိုးနေအုံးမှာပါပဲ ။ ထိုသို့မဟုတ်ပဲ သူစိတ်ဆိုးနေတဲ့ အကြောင်းအရာကို သေချာခွဲခြားနိုင်ပြီဆိုရင်တော့ စိတ်ဆိုးခြင်းဟာလည်း အလိုလို ငြိမ်းသွားမယ်လို့ ယူဆမိပါတယ် ။ လူတိုင်းမှာ စိတ်ဆိုးစိတ်ညစ်ဆိုတာကတော့ မကင်းပါဘူး သို့သော် ဖြစ်သင့်တဲ့နေရာ နဲ့ မဖြစ်သင့်တဲ့နေရာတွေ လွဲနေမှာ စိုးသောကြောင့် တင်ပြခြင်းပါ ။

ကျနော်တို့ နေ့စဉ် ဖြတ်သန်းနေကြတဲ့ အဖြစ်အပျက်တွေမှာ .. ဒေါသဖြစ်စရာများ ၊ စိတ်ညစ်စရာများ ၊ သောက တွေများ ၊ ကိုယ်နဲ့ မဆိုင်တဲ့ အပူအပင်များ .. စသဖြင့် အနည်းနဲ့အများဆိုသလို ကြုံတွေ့ရတတ်ပါတယ် ။ ပျော်စရာတွေလည်း ရှိပါမယ် .၊ ကျေနပ်စရာတွေလည်း ရှိပါမယ် ၊ ထို့အတူ ဘာမှ မဖြစ်ပဲ ပုံမှန်အတိုင်းလည်း ဖြစ်ချင်ဖြစ်နေပါမယ် ။ ထို့သို့ ဖြစ်ပေါ်မှုများဟာ ကျနော်တို့ ပိုင်ဆိုင်တဲ့ ခံစားမှု နှလုံးသား တစ်ခုထဲပေါ်မှာချည်းပဲ ဆိုတာကတော့ သေချာပါတယ် ။ ပျော်စရာတွေရင်ပျော် နေတတ်ပြီး ညစ်စရာတွေ့ရင်လည်း ညစ်နေတတ်တဲ့ ဒီခံစားမှုဟာ သိစိတ်နဲ့ တွဲစပ်ပြီး လက်ရှိ လူ့ဘဝမှာ အမျိုးအမျိုးအဖုံဖုံ ပတ်ဝန်းကျင်ရဲ့ ကြိုးဆွဲရာအတိုင်း လိုက်ကနေကြရတာပါ ။ ခုနေ ပျော်နေပြီး ခဏနေ ညစ်ချင်ညစ်သွားတတ်ပါတယ် ။ ဒါဆိုရင် ကျနော်တို့ နှလုံးသားတွေဟာ ပုံစံပြောင်းလို့ရတဲ့ နှလုံးသားတွေပါဆိုတာ သေချာသွားပြီပေါ့ …။

ကျနော်တို့ရဲ့ စိတ်တစ်ခုထဲမှာကိုပဲ သိစိတ်နဲ့ ခံစားချက်ဟာ .. တွဲဆက်နေပါတယ် ။ သိစိတ်က ဦးနှောက်မှာ အခြေတည်ပြီး သူ့ဆီမှာ မှတ်သားထားတဲ့ မှတ်ဥာဏ်ရဲ့ အတိုအရှည်အတိုင်း ဆုံးဖြတ်တယ် သိရှိတယ် ။ ခံစားချက်ကတော့ လူမှာ ပါရှိတဲ့ သဘောတရား အာရုံခံ ပေါ့ ။ ထိုနှစ်ခုဟာ တခါတခါ သီးခြားစီရှိတတ်ပြီး တခါတခါ ပေါင်းစပ်ပြီး ဖြစ်တည်နေတတ်တယ် ။ ခံစားမှုရဲ့ အရိပ်က မှတ်ဥာဏ်သိစိတ်ကို သက်ရောက်တယ်။ မှတ်ဥာဏ်သိစိတ်ရဲ့ စေညွှန်ရာကိုလည်း ခံစားမှုက လိုက်လုပ်နေနိုင်တယ် ။ ဒီလိုတစ်ခုနဲ့တစ်ခု ဆက်နွယ်ခြင်း ရှိပါတယ် ။ ကျနော်တို့ အများစုရဲ့ စိတ်အိမ်မှာ ခံစားချက်ကို မတွန်းလှန်နိုင်ပဲ သွားနေကြ လမ်းလေးအတိုင်း ကျနော်တို့ သွားနေရတာ များပါတယ် ။

အလိုဆန္ဒများဟာ ခံစားချင်တဲ့ စိတ်ကနေ တဆင့် ဖြစ်တည်လာကြပါတယ်။ ထိုအရာတွေကို ထိန်းခြင်း မထိန်းခြင်းကြောင့် အများသတ်မှတ်တဲ့ စရိုက်လက္ခဏာများဟာလည်း ကွဲပြားသွားကြပါတယ် ။ စရိုက်လက္ခဏာနဲ့ ပတ်သက်လို့ ဥပမာ တစ်ခု ပြောချင်ပါတယ် ။ ကျနော် စာရွက် အလွတ်တစ်ခုမှာ .. ကောက်ကြောင်းအနည်းငယ်နဲ့ ဝလုံးတွေ ကျနော် ရေးနိုင်သမျှ ရေးလိုက်မယ်ဆိုပါစို့ ..စာမျက်နှာ တပြင်လုံး ဝလုံးတော်တော်များများ ပျံ့နှံ့နေပါလိမ့်မယ် ။ ထိုစာရွက်ကို တခြားသူတစ်ယောက်အား ပြပြီး ဘာစာရွက်လဲဟု အမည်ထိုးခိုင်းမည်ဆိုပါက .. ထိုသူရဲ့ အဖြေဟာ ဒီစာရွက်သည် ဝ လုံးများရေးထားသော စာရွက် ဖြစ်သည်ဟု ပြန်ဖြေပါလိမ့်မယ် ။ ဆိုလိုချင်တာကတော့ စရိုက်တစ်ခုဖြစ်လာဖို့မှာ ……… ထို စရိုက်ဟု ခေါ်တွင်စေဖို့ ထိုစရိုက်နဲ့ သက်ဆိုင်တဲ့ သေးမွှားသော အရာတွေကို များများ လုပ်ဆောင်ခဲ့ခြင်းကြောင့်လို့ ယူဆမိပါတယ် ။ အဲ့ဒီအရာတွေ စုပြီး စရိုက်တစ်ခု ဖြစ်လာခြင်းဟာ ဝလုံးများ ရေးထားတဲ့စာရွက်လိုပဲ သတ်မှတ် ပုံပေါ်စေလာတာပါပဲ ။

ကျနော်တို့ ရဲ့ ဘဝ တနေ့တာ- ၂၄နာရီဖြင့်ပြီးသော ထိုတစ်နေ့တာကို စာတစ်ရွက်အဖြစ် သတ်မှတ်ကြည့်စေချင်ပါတယ် ။ ထို တနေ့အတွင်း ဝလုံးများ ကဲ့သို့သော ပြုမူမှုတွေမှာ အကောင်းတွေ များနေရင် ထိုသူ့ရဲ့ စရိုက်က စရိုက်ကောင်းဟု သတ်မှတ်ခံရပြီး .. အဆိုးတွေ များနေရင်တော့ မကောင်းတဲ့စရိုက်လို့ သတ်မှတ်ခံရပါလိမ့်မယ် ။ ဒါဟာ မှန်ကန်သော နည်းလမ်းအတိုင်းပါ ။ သို့သော် ဘဝတိုင်းဟာ အမှာဟာ အမှား မကင်းကြပါဘူး။ ဒါပေမဲ့ အမှားနည်းသော ဘဝများ အဖြစ်လည်း ဖြစ်ပေါ်လာနိုင်ပါတယ် ။ ကျနော်ဆိုလိုချင်တာကတော့ ထိုစရိုက်လက္ခဏာတွေနဲ့ ပတ်သက်ပြီး လူတစ်ယောက်ရဲ့ အနာဂတ် ဖြစ်စဉ်ကိုလည်း လက်ရှိအခြေအနေကနေ ပြောင်းလဲ နိုင်တယ်ဆိုတာကို မြင်သာစေချင်တာပါ ။

တနေ့တာအတွင်း လူတစ်ယောက်ရဲ့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...