သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၁၁)
သစ်ထူးလွင် |
- အင်းယားကန်ပေါင်တွင် ၀ိုင်းဖွဲ့သောက်စားပျော်ပါးသူ ၄၂ ဦးကို ရှင်းလင်း
- အမေရိကန်သမ္မတ ဟောင်း အသွင်ကူးပြောင်းရေးအတွေ့
အကြုံ ဟောပြော - အိုအိုင်စီ အလိုမရှိ လားရှိုးတွင် ဆန္ဒပြ
- အလုပ်သမားအများစု အခွင့်အရေးများ ဆုံးရှုံးနေဆဲ
- အဆိပ်သင့်အနမ်းများ
- သယံဇာတ ကျိန်စာမှသည် ဆုလာဘ်ဆီသို့ 
- ကြံ့ခိုင်ရေးအမတ် အောက်လွှတ်တော်၌ ရုတ်တရက်ကွယ်လွန်
- အကျင့်ပျက်ဝန်ထမ်းများနှင့်ပေါ
င်း၍ သစ်ကုန်သွယ်မှုများရှိ - ဖိလစ်ပိုင် မုန်တိုင်းဒဏ်ခံ မြို့အချို့တွင် လုယက်မှုဖြစ်
- သုံးရက်အတွင်း စည်းကမ်းမဲ့ ရပ်နားသောယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူ
- ဆဋ္ဌမတန်းကျောင်းသားတစ်ဦးကို အစိုးရစစ်တပ်ပစ်ခတ်ဟု မိသားစုဝင်ပြောကြား၊ တပ်ဘက်က ငြင်းဆို
- သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်က တပ်မတော်သားများအမိန့်မစောင့်ဘဲ ကူညီရမည်ဟု ကာချုပ်ပြောကြား
- မိုဘိုင်း ငွေဖြည့်ကတ် ချွတ်ယွင်းချက် ဖြစ်ပေါ်
- နွားစားသောနဂါးနှင့် လာဘ်စားပြီး ဥပဒေမျက်ကွယ်ပြုသူများ
- နိုင်ငံတော်သမ္မတ လစာလျှော့ယူခြင်း တည်ဆဲဥပဒေများကို ဆန့်ကျင်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောဆို
- စစ်တွေတွင် အိုအိုင်စီကို ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ
- ကျောက်ဖြူ အိုအိုင်စီ ကန့်ကွက် ဆန္ဒပြပွဲ နိုဝင်္ဘာ ၁၆ ရက်နေ့တွင် ခွင့်ပြု
- မဲဆန္ဒနယ်များ၏ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းတစ်ထောင် အမြန် သုံးစွဲနိုင်ရေး ဥပဒေပြင်မည်
- အီးယူ-မြန်မာ လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ်
- ချမ်းသာ၊ ဆင်းရဲ၊ လူမျိုးမခွဲသည့် ကျန်းမာရေးမူဝါဒမတ်လတွင် NLD အပြီးသတ်ရေးမည်
- မင်းလှရေနံမှော် မီးလောင် တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ
- ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူပြန်ထုတ်ရေး လွှတ်တော်မှာဆွေးနွေး
- နိုင်ငံတော်သမ္မတ လစာငွေသတ်မှတ်ရေး လွှတ်တော်မှာဆွေးနွေး
- မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ
- ဟိုင်ယန်လေမုန်တိုင်း ရာသီဥတုပြောင်းလဲလာမှုကို သတိပေးနေ
Posted: 14 Nov 2013 05:44 AM PST
အင်းယားကန်ပေါင်တွင် ၀ိုင်းဖွဲ့၍ အရက်သောက်စားပျော်ပါးသူများကို စစ်ဆေးရာ နိုဝင်ဘာ ၁၂ ရက် တစ်ရက်တည်းတွင် ၄၂ ဦးကို ရှင်းလင်းခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ကမာရွတ်မြို့နယ် ပြည်လမ်း အရှေ့ဘက်၊ အင်းယားကန်ပေါင်ပေါ်တွင် နိုဝင်ဘာ ၁၂ ရက် ည ၁၂ နာရီကျော်ချိန်၌ ၀ိုင်းဖွဲ့၍ အရက်သေစာ သောက်စား ပျော်ပါးသူများအား လိုက်လံရှင်းလင်းရာ ၄၂ ဦး တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 14 Nov 2013 05:12 AM PST
အမေရိကန်ပြည်ထောင်စုက ကလင်တန်ဖောင်ဒေးရှင်း ထူထောင်သူ ဘီကလင်တန်ဟာ ရန်ကုန်မြို့မှာ ဒီကနေ့ ညနေပိုင်းက နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Nov 2013 05:02 AM PST
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အိုအိုင်စီခေါ် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ရဟန်းသံဃာတွေအပါအ၀င် ရာနဲ့ချီတဲ့ လားရှိုးဒေသခံတွေဟာ ဒီကနေ့မွန်းလွဲပိုင်းက လားရှိုးမြို့ မြို့တော်ခန်းမအနီးမှာ အိုအိုင်စီအဖွဲ့ကို အလိုမရှိကြောင်း ပိုစတာတွေ ကိုင်စွဲပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Nov 2013 04:52 AM PST
စက်ရုံလုပ်သားများနှင့် အလုပ်သမားသမဂ္ဂများ အနေဖြင့် လွန်ခဲ့သည့်နှစ်များထက်စာလျှင်
အလုပ်သမားအခွင့်အရေး အချို့ရရှိလာသော်လည်း အများစုမှာမူ ဖိအားပေးခံရခြင်း၊ ရပိုင်ခွင့်နှင့် ခံစားခွင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အလုပ်သမားရေးရာ လှုပ်ရှားသူများက ပြောသည်။ "အလုပ်သမားအဖွဲ့အစည်းတွေက ဖွဲ့စည်းခွင့် ရရှိထားတာကလွဲရင် ကျန်တဲ့ သမဂ္ဂရဲ့ တာဝန်တွေ ဘာမှလုပ်ခွင့်မရဘူး" ဟုအလုပ်သမားအရေး လှုပ်ရှားသူ ဦးဌေးက ပြောသည်။ ---- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 14 Nov 2013 04:31 AM PST
ကော်ဖီဆိုင်ဟု အမည်တပ်ထားသော ဆိုင်လေးထဲသို့ ဆယ်ကျော်သက် စုံတွဲတစ်တွဲ ဝင်ရောက်လာပြီး “အခန်းရှိသေးလား” ဆိုသောအသံက ဆယ်ကျော်သက် လူငယ်ကောင်လေးထံမှ ထွက်ပေါ်လာသည်။ ဆယ်ကျော်သက် ကောင်မလေးက သူ၏ချစ်သူကောင်လေး၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ကော်ဖီဆိုင်နှင့် “အခန်း ရှိသေးလား” ဆိုသော မေးခွန်းက လားလား မျှ မသက်ဆိုင်ဟု ထင်ရသော်လည်း အမှန်တကယ်ပင် ကော်ဖီဆိုင်ဟု အမည်တပ် ထားသည့်ဆိုင်တွင် အတွဲများအတွက် အခန်းငယ်လေးများ စီစဉ်ပေးထား ကြသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Nov 2013 04:38 AM PST
လွန်ခဲ့သော ဆယ်စုနှစ်ကို ပြန်ကြည့်လျှင် သဘာဝ သယံဇာတ ကျိန်စာသင့်သည်ဟူသော ပြောဆိုချက်သည် သဘာဝ သယံဇာတ အရင်းအမြစ် ပေါကြွယ်သော နိုင်ငံများ အကြားတွင် လက်သုံးစကားသဖွယ် ဖြစ်လာသည်ကို တွေ့ရှိရသည်။ နိုင်ငံတစ်နိုင်ငံလုံး စုစုပေါင်းဝင်ငွေ၏ ထက်ဝက်ကျော်သည် သဘာဝ သယံဇာတကဏ္ဍမှ ရရှိသော မြန်မာနိုင်ငံအဖို့ သဘာဝ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံဟု ခေါ်ဆိုလျှင် မှားမည်မဟုတ်ဟု ယူဆပါသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Nov 2013 02:46 AM PST
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၃ ခုနှစ်
(နေပြည်တော်) ရန်ကုန်မြို့ ပန်းပဲတန်း မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီဝင် အောက်လွှတ်တော်အမတ် ဦးအောင်ဆန်းသည် အောက်လွှတ်တော်တွင် အားကစားနှင့် ပတ်သက်သည့် မေးခွန်းတစ်ခု မေးမြန်းအပြီး လွှတ်တော်ခေတ္တနားချိန်၌ ရုတ်တရက်မူးလဲသဖြင့် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ "ဝိုင်းဝန်းပြုစုသည့်ကြားက အသက်မကယ်နိုင်ဘဲ သေဆုံး "ဟု သီပေါမြို့နယ် အောက်လွှတ်တော်အမတ် ဦးရဲထွန်းက သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။ ဦးအောင်ဆန်းသည် ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် သြဂုတ်လက ဖြစ်ပွားခဲ့သော အပြုအမူများ ဆီးဂိမ်းကာလတွင် မဖြစ်ပွားစေရန် လုံခြုံရေး ဆောင်ရွက်မှု အခြေအနေကို မေးမြန်းအပြီး လွှတ်တော် ခေတ္တနားရန် ကြေငြာချိန် မွန်းလွဲ ၁နာရီခွဲခန့်က သတိလစ် မေ့မျောသွားခဲ့ပြီး ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ အသေးစိတ်ကိုမူ မဇ္ဈိမက စုံစမ်းမေးမြန်းဆဲဖြစ်သည်။ မဇ္ဈိမသတင်းဌာန | ||
Posted: 14 Nov 2013 02:25 AM PST
ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီးပေါ်၌ နေ့စဉ် ဖြတ်သန်း နေသော သစ်ကုန်သွယ်မှု များတွင် အကျင့်ပျက် ၀န်ထမ်းများ ပူးပေါင်းပါဝင်နေသော မှောင်ခို သစ်ကုန်သွယ်မှုများ ပါဝင်နေကြောင်း နိုဝင်ဘာ ၁၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်မဲ မဲဆန္ဒနယ်မှ ကိုယ် စားလှယ် ဦးဆောင်ဆီကပြောသည်။ ဦးဆောင်ဆီက ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီးပေါ်မှ သစ်ကုန်သွယ်မှုများသည် ဥပဒေနှင့်အညီ မရှိမည်ကို ပြည်သူများက စိုးရိမ်နေခြင်းကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများပါဝင် သော အဖွဲ့များဖြင့် ဥပဒေနှင့်အညီ တင်ပို့ရေး ကြပ်မတ်ဆောင်ရွက်ရန် အစီစဉ်ရှိမရှိကို သိရှိလိုကြောင်း မေးခွန်းတင်သွင်းခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 14 Nov 2013 02:16 AM PST
ဆူပါ တိုက်ဖွန်းမုန်တိုင်း ဖျက်ဆီးခံခဲ့ရတဲ့ မြို့တွေမှာ နိုဝင်ဘာ ၁၃ ရက်နေ့က လုယက်မှုတွေနဲ့ ဓားမြမှု သတင်းတွေကြောင့် ဖိလစ်ပိုင်လူထုအတွင်း ကြောက်ရွံ့မှုတွေနဲ့ စိုးထိတ်မှုတွေ များပြားလာနေပါတယ်။ မုန်တိုင်း တိုက်ခတ်ပြီး ၅ ရက် အကြာမှာတော့ ထိခိုက်ခံရတဲ့ လူတွေထဲမှာ အနည်းစုကသာ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ ရရှိနေပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Nov 2013 02:14 AM PST
ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ ရပ်နားသော ယာဉ်များကို ကရိန်းယာဉ် (ဆယ်တင်ယာဉ်) များဖြင့် လိုက်လံဆွဲယူ အရေးယူလျက်ရှိရာ နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ သုံးရက်အတွင်း ပိုင်ရှင်မရှိသော ယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယရဲမှူး အောင်ကြည်က ပြောကြားသည်။ စည်းကမ်းမဲ့ ရပ်နားယာဉ်များကို ဖမ်းဆီး အရေးယူရာတွင် ယာဉ်အနီးတွင် ယာဉ်မောင်းရှိပါက အဆိုပါယာဉ်ကို စည်ပင်သာယာရေး ကော်မတီ ဥပဒေဖြင့် ချလန်ဖြတ် အရေးယူပြီး ယာဉ်မောင်း မရှိပါက အဆိုပါယာဉ်ကို ကရိန်းယာဉ်ပေါ် တင်ဆောင်ကာ ရှင်စောပုလမ်းရှိ မြေနီကုန်း ယာဉ်ရပ်နားကွင်းတွင် သွားရောက် ထိန်းသိမ်းကြောင်း၊ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Nov 2013 02:08 AM PST
မန်စီမြို့၊ မုန်းဒိန်ပါ ကျေးရွာအနီးရှိ မခေါယန်ကျေးရွာတွင် တပ်မတော်သားများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဆဋ္ဌမတန်းကျောင်းသားတစ်ဦး ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ နိုဝင်ဘာ ၁၂ ရက် ညတွင် ရောက်ရှိကာ ဆေးကုသမှုခံယူလျက်ရှိနေကြောင်း သတင်းရရှိသည်။ ““ဒဏ်ရာကတော့ ခေါင်းမှာရော၊ လက်မောင်းမှာရော။ လက်မောင်းကဒဏ်ရာက ဆရာဝန်ပြောတော့ ခွဲစိတ်ရမယ်လို့ ပြောတယ်”” ဟု ကျောင်းသားမိခင်က ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Nov 2013 02:06 AM PST
တပ်မတော်သားများအနေဖြင့် နိုင်ငံတော်၏ သယံဇာတ၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကို ကာကွယ်မည်ဆိုသည့် အတွေးအခေါ်၊ အမြင်ရှိရန် လိုအပ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် အမိန့်ကိုမစောင့်ဘဲ သွားရောက်ကူညီရမည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ နိုဝင်ဘာ ၁၂ ရက်တွင် တောင်ငူတပ်နယ်၊ ရေတာရှည်တပ်နယ်နှင့် အုတ်တွင်းတပ်နယ်ရှိအရာရှိနှင့် စစ်သည်မိသားစုများနှင့်တွေ့ဆုံ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Nov 2013 01:50 AM PST
လက်ရှိ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်နဲ့ စီဒီအမ်အေ မိုဘိုင်းဖုန်း ငွေဖြည့်ကဒ်တွေမှာ ချွတ်ယွင်းချက်တွေ ဖြစ်ပေါ်နေတဲ့အတွက် ဖြေရှင်းပေးနေရတယ်လို့ ငွေဖြည့်ကတ် အရောင်းဆိုင်တွေက ပြောပါတယ်။ sim cardငွေဖြည့်ကတ် ၀ယ်ယူအသုံးပြုသူတွေအနေ
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 14 Nov 2013 01:45 AM PST
ဈေးကောင်းရသဖြင့် ယခုနှစ်ဧပြီလက အိမ်ရှိခိုင်းနွားကို ရောင်းလိုက်သော ဒေါ်စန်းဌေးတစ်ယောက် သူ့ဆုံးဖြတ်ချက်ကို နောင်တရနေလေပြီ။ ယခုအခါ သူနွားပြန်ဝယ်လိုသော်လည်း ဈေးကြီးလွန်း၍ ပြန်မ၀ယ်နိုင်တော့ပါ။ လွန်ခဲ့သောတစ်နှစ်က ခိုင်းနွားတစ်ကောင်လျှင် ကျပ်လေးသိန်းဝန်းကျင်တန်ဖိုးရှိ
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Nov 2013 09:51 PM PST
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် ပါဝင်နေခြင်းကြောင့်ဆိုကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတလစာကို လျှော့ယူထားခြင်းသည် တည်ဆဲ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဝေဖန် ပြောဆိုလိုက်သည်။
“ဥပဒေမှာ ရှိပြီးတော့မှ မယူဘူးဆိုရင် ဥပဒေကို ဆန့်ကျင်တဲ့သဘော ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေမှာ သိန်း ၅၀ ပြဋ္ဌာန်းထားပါတယ်။ ဒါကို သဘောတူပါတယ်။ ဥပဒေ ဘယ်လိုပဲရှိရှိ မယူတဲ့အခါ ကျတော့ ဥပဒေနဲ့ မညီဘူး ဖြစ်နေတာ” ဟု ၎င်းကဆိုသည်။..... သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Nov 2013 08:58 PM PST
နိုဝင်္ဘာလ ၁၅ ရက်နေ့၌ စစ်တွေမြို့တွင် ပြုလုပ်မည့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့အား ဆန္ဒပြခွင့်ကို သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ပြီဟု သတင်း ရရှိသည်။ “ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (အမှတ်စဉ် ၅ / ၂၀၁၃)။ စာအမှတ် ၁၀၄၄ (၁) / ၁၁/ ၂၀၁၃ နဲ့ ဒီကနေ့ နေ့စွဲနဲ့ ခွင့်ပြု ပေးလိုက်ပါတယ်” ဟု ဦးဆောင်ရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။ ခွင့်ပြုချက်တောင်းခံသူမှာ ဦးမောင်နုနု ဖြစ်ပြီး သူ့ အမည်ဖြင့် ခွင့်ပြုလိုက်သည်ဟု သူက ဆိုသည်။ “ ခွင့်ပြုတဲ့ စာထဲမှာ လူ ၅၀၀ ကို ခွင့်ပြုတယ်။ နံနက် ၉ နာရီက ၁၂ နာရီထိ စစ်တွေ လေဆိပ် အပြင်ဘက်မှာ ပြုလုပ်ခွင့်ပေးတယ်လို့ ပါဝင်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းများ အတိုင်း ဆောင်ရွက်ကြရန် ဆိုပြီး စာထဲမှာ ညွှန်ကြားထားပါတယ်” ဟု သူက ဆိုသည်။ ၎င်းပြင် ဦးဆောင် ဆန္ဒပြရန် ဦးအောင်နိုင်ချေ ( မိဇံရပ်ကွက်)နှင့် ပိုစတာများ၊ ဆိုင်းဘုတ်များကို လျှောက်ထားသူ ဦးမောင်နုနု လျှောက်ထားစာပါ အတိုင်း ခွင့်ပြုကြောင်း စာထဲတွင် ဖေါ်ပြထားသည်ဟု သိရသည်။ အိုအိုင်စီ ( အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့)သည် ယနေ့ နံနက် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုဝင်္ဘာလ ၁၅ ရက်နေ့တွင် စစ်တွေသို့ ရောက်ရှိလာမည်ဟု သိရသည်။ (နိရဉ္စရာ- ၁၃ နိုဝင်္ဘာ ၂၀၁၃) | ||
Posted: 13 Nov 2013 08:55 PM PST
ကျောက်ဖြူမြို့တွင် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့အား ကန့်ကွက် ဆန္ဒပြပွဲကို သက်ဆိုင်ရာ မြို့နယ် ရဲစခန်းမှ နိုဝင်္ဘာလ ၁၆ ရက်နေ့တွင်သာ ပြုလုပ်ရန် ခွင့်ပြုချက် ပေးလိုက်သည်ဟု သတင်း ရရှိသည်။
တင်ပြတောင်းခံသည်မှာ နိုဝင်္ဘာလ ၁၅ ရက်နေ့တွင် ဖြစ်သော်လည်း သတ်မှတ်ထားသော စည်းကမ်းနှင့် မကိုက်ညီဟု ဆိုကာ နိုဝင်္ဘာလ ၁၆ ရက်နေ့ကိုသာ သတ်မှတ်ပေးလိုက်သည်ဟု ကျောက်ဖြူ ဒေသခံ လူကြီး တစ်ဦးက ပြောသည်။ “ ဒီလို ဆန္ဒပြခွင့်ကို ၅ ရက်ကြိုတင်ပြီး တင်ရတယ်လို့ ပြောပါတယ်။ ၁၅ ရက်နေ့ကို ပေးဖို့အတွက် လျှောက်လွှာတင်တာ ၅ ရက် မပြည့်တာကြောင့် နိုဝင်္ဘာ ၁၆ ရက်နေ့မှာဘဲ ပြခွင့်ပြုပါတယ်” ဟု ယင်းက ဆိုသည်။ နိုဝင်္ဘာလ ၁၆ ရက်နေ့တွင် ခွင့်ပြုသော်လည်း အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့အား ကန့်ကွက် ဆန္ဒပြပွဲကို ပြုလုပ်သွားမည်ဟု ၎င်းက ပြောဆိုသွားသည်။ (နိရဉ္စရာ- ၁၄ နိုဝင်္ဘာ ၂၀၁၄) | ||
Posted: 13 Nov 2013 08:26 PM PST
မဲဆန္ဒနယ် တစ်ခုစီအတွက် ပြည်ထောင်စု လွှတ်တော်က ချထားပေးပြီး လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင် အသုံးပြုရမည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို အမြန်ဆုံး သုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ ဥပဒေကြမ်း ကော်မတီက အဆိုပါ မဲဆန္ဒနယ် ဖွံ့ဖြိုးရေး ရန်ပုံငွေ အမြန်ဆုံး အသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ပြင်ဆင်သည့် ဥပဒေကြမ်း အမြန်ဆုံး ပြင်ဆင်သင့်ကြောင်း အရေးကြီးအဆို တင်သွင်းရာ ယင်းအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Nov 2013 08:17 PM PST
ရန်ကုန် နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပသည့် အီးယူ-မြန်မာ လုပ်ငန်း အစည်းအဝေးပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည် ။ အဆိုပါ ပွဲသို့ EU ဒုတိယ ဥက္ကဌ Catherine Ashton နှင့် မြန်မာ အစိုးရ ဘက်မှ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အပါအ၀င် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ခဲ့ကြသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရန်ကုန် မြို့နှင့် နေပြည်တော်တို့တွင် အဆိုပါ အစည်းအဝေးကို ကျင်းပမည်ဖြစ်ရာ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များန ဓာတ်ပုံ - မင်းမင်းထွန်း မင်းသုအောင် ၊ သုတလင်း Popular Myanmar News Journal | ||
Posted: 13 Nov 2013 08:04 PM PST
NLD အမျိုးသား ကျန်းမာရေး ကွန်ရက်မှ ရေးဆွဲနေသော အမျိုးသား ကျန်းမာရေး မူဝါဒကို လာမည့် ၂၀၁၄ ခုနှစ်မတ်လတွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားပြီး ချမ်းသာ၊ ဆင်းရဲ၊ လူမျိုးမခွဲသည့် မူဝါဒဖြစ်အောင် ရေးဆွဲထားသည်ဟု အမျိုးသား ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌဒေါက်တာ တင်မျိုးဝင်းက နိုဝင်ဘာ ၁၃ ရက် တွင် မဇ္ဈိမကိုပြောသည်။ NLD ကရေးဆွဲနေသော ကျန်းမာရေး မူဝါဒမှာ ချမ်းသာ၊ ဆင်းရဲ၊ လူမျိုးမခွဲခြားသော အားလုံးအတွက်ပြီး ပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှုကို အခြေခံထားသည်ပာုလည်း ၎င်းကဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Nov 2013 09:01 PM PST
မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ် အနောက်ဘက် မိုင် ၃၀ခန့်အကွာတွင်ရှိသည့် စိန်တံခွန်ကုမ္ပဏီ၏ ရေနံလုပ်ကွက်အတွင်း နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ရေနံများလျှံ၊ ဂက်စ်ကန်ထွက်ကာ ပေါက်ကွဲ မီးလောင်ရာမှ အလုပ်သမားတစ်ဦး သေဆုံးကာ၊ ရှစ်ဦးဒဏ်ရာရရှိသွားသည်။ မီးတောက်မှာ လုံးပတ် ၁၀ ပေခန့်၊ အမြင့်၂၅ ပေအထိမြင့်တက်ပြီး အခြားဘေးရှိ မိုးကာဖြင့် ရေနံလှောင် ကန်များပါ ကူးစက်လောင်ကျွမ်းခဲ့ရာ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 13 Nov 2013 04:24 PM PST
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေတော့မယ့် ငွေစက္ကူတွေမှာ ထင်ရှားတဲ့နိုင်ငံ့ ခေါင်းဆောင်ပုံတွေ၊ အထင်ကရ အဆောက်အဦးပုံတွေ၊ အထိမ်းအမှတ်ပုံတွေကို အစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ ထည့်သွင်းရိုက်နှိပ်သွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့််က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နောင်ထုတ်မယ့် ငွေစက္ကူတွေမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံအပါအ၀င်၊ တိုင်းရင်းသား အာဇာနည် ခေါင်းဆောင်တွေရဲ့ပုံတွေကို ထည့်သွင်းရိုက်နှိပ်ပေးဖို့အတွ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Nov 2013 04:21 PM PST
နိုင်ငံတော်သမ္မတလစာကို လွှတ်တော်ကသတ်မှတ်ပြီး ဥပေဒအဖြစ်ပြဌာန်းဖို့ ဒီနေ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးရာမှာ အဆင်မပြေဘဲ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေရဲ့ လစာငွေအပါအ၀င် တခြားအသုံးစားရိတ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကိုဆွေးနွေးစဉ် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက နိုင်ငံတော်သမ္မတရဲ့လစာကို ဥပေဒကြမ်းထဲမှာ ကျပ် ၁၅ သိန်းလို့သတ်မှတ်ထားတာ နည်းနေတဲ့အတွက် ကျပ်သိန်း ၃၀ ဒါမှမဟုတ် ကျပ်သိန်း ၄၀ သတ်မှတ်ပေးဖို့ အကြံပြုဆွေးနွေးတင်ပြခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Nov 2013 04:16 PM PST
မက္ကစီကို နိုင်ငံသို့ အပျော်ခရီး ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသား တစ်ဦးသည် မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာဖြင့် သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ အသက်(၅၈)နှစ်ရှိ ဒူဂီသွမ်ဆန်သည် သူငယ်ချင်း တစ်ဦး၏ မင်္ဂလာပွဲကို တက်ရောက်ရန် မက္ကစီကိုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီးရိုက်နေရင်း မိကျောင်းဆွဲ ခံရခြင်း ဖြစ်သည်။ သို့သော်လည်း ကန်ကွန်ရှိ ဂေါက်ကလပ်တွင် ဖြစ်ပွားသော မိကျောင်းတိုက်ခိုက်မှုအတွင်း ဒူဂီ၏ သူငယ်ချင်းများ၏ ဆုံးဖြတ်ချက် မှန်ကန်မြန်ဆန်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိကျောင်းကို ဂေါက်တုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြခြင်း ဖြစ်သည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 13 Nov 2013 04:01 PM PST
ဖိလိပိုင်နိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ရပြီး လူသန်းနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေကြရတဲ့ ဟိုင်ယန်လေမုန်တိုင်းဟာ ရာသီဥတု ပြောင်းလဲလာနေတာကို သတိပေးနှိုးဆော်လိုက်တာဘဲလို့ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ ကြီးတွေရဲ့ အကြီးအကဲတွေက ပြောကြားလိုက်ပါတယ်။ ဒီနှစ်ဟာ ကမ္ဘာမှာ စံချိန်တင်ရတဲ့ ထိပ်ဆုံးက အပူဆုံးနှစ်တွေ စာရင်းထဲကို ဝင်လာနေပြီလို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့က ဖေါ်ပြခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment