Saturday, November 23, 2013

အတိုများ

============
1. အသိနောက်ကျခြင်း
============
မုဒိမ်းမှုတခုအတွက် တရားလိုအမျိုးသမီးကို တရားသူကြီးက မေးနေပါတယ်... ...
"မုဒိမ်းမှုကျူးလွန်ခံရတာကို ဘယ်တော့မှ သိတာလဲ"
"အိမ်ရောက်မှပါ"


"ဟင်... ဘယ်လိုဖြစ်လို့လဲ"
"သူပေးလိုက်တဲ့ ပိုက်ဆံက အတုကြီးမှန်း အဲဒီတော့မှ သိတာကိုး"

======
2. မြင်တယ်
======
"ဟင် မိထူး၊ ညည်းခြေထောက်က ဒဏ်ရာကြီးနဲ့ပါလား"
"အင်း ဟုတ်တယ်"
"ဘယ်လိုဖြစ်တာတုန်း"
"ဟိုမှာကြည့်လိုက်၊ ပလက်ဖောင်းပေါ်က အပေါက်ကို မြင်လား"
"အင်း မြင်တယ်"
"အေး ငါက မမြင်လိုက်ဘူး"

=======
3. ဆန္ဒသုံးခု
=======
ကျေးညိုတစ်ယောက် ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်လာတုန်း ရှေးဟောင်းမီးခွက်တလုံးကို တွေ့တယ်။
ကောက်ယူပြီး ပွတ်ကြည့်လိုက်တော့ မီးခွက်စောင့် နတ်သမီးထွက်လာပြီး သူ့ကို ဆုသုံးခုတောင်းနိုင်တယ်လို့ ပြောတယ်

ဒါနဲ့ ကျေးညိုက ဆုတောင်းတယ်... ...
"ဒေါ်လာ ဆယ်သန်းလောက် ကျနော့် ဘဏ်အကောင့်ထဲ ရှိချင်တယ်"
"ဖျတ်"...ဆိုပြီး ဒေါ်လာဆယ်သန်း ရောက်သွားတယ်

နောက်တခု တောင်းတယ်... ....
"အဝါရောင် လန်ဘော်ဂဏီတစ်စီး ပိုင်ချင်တယ်"
"ဖျတ်"... ဆိုပြီး သူ့ရှေ့ချက်ခြင်း ရောက်လာတယ်။

နောက်ဆုံးတစ်ခု... ...
"ကျနော့်ကိုတွေ့ရင် မိန်းမတိုင်းက ပိုင်ဆိုင်ချင်စိတ်ဖြစ်စေချင်တယ်"
"ဖျတ်"... ဆိုပြီး စိန်လက်စွပ်အဖြစ် ဘဝပြောင်းသွားတယ်

နားကို အေးရော... ...

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...