Wednesday, November 13, 2013

‌လေကြီး‌လေကျယ်‌‌ပြောခြင်း (၁၀၀)


မိဘသ‌ဘောမတူသူ၊ပတ်‌ဝန်းကျင်‌က သ‌ဘောမတူသူ၊ကိုယ့်‌ရဲ့ဆရာသမား‌တွေက သ‌ဘောမတူသူကို ကိုယ်‌က လက်‌ထပ်‌မယ်‌ဆိုရင်‌ ‌သေချာစဉ်းစားဖို့ လိုပါလိမ့်‌မယ်‌။ဘာ‌ကြောင့်‌သ‌ဘောမတူကြတာလဲ ဆိုတာကို ‌ခေါင်း‌အေး‌အေးထားပီး စဉ်းစားသင့်‌ပါတယ်‌။ကိုယ့်‌စိတ်‌ထဲမှာ ကိုယ်‌နဲ့သင့်‌‌‌လျော်‌တယ်‌ပဲ ထင်‌‌နေမှာပါ။
ကိုယ်‌က ကာယကံရှင်‌ဖြစ်‌‌နေ‌တော့ အမှား၊အမှန်‌ကို မခွဲခြားနိုင်‌တာ‌တွေ ရှိတတ်‌ပါတယ်‌။‌ဘေးလူက အမှန်‌ကို ပိုမြင်‌တတ်‌တယ်‌ဆိုတာ မ‌မေ့သင့်‌ပါဘူး။‌ဘေးလူရဲ့စကားကို အလွယ်‌တကူ မယုံသင့်‌‌ပေမယ့်‌ လုံးဝ ပစ်‌ပယ်‌တာမျိုးလည်း မလုပ်‌သင့်‌ပါ။‌ဘေးလူက
ဘာ‌ကြောင့်‌ တားမြစ်‌တာလဲဆိုတာကို စဉ်းစားဖို့ အချိန်‌လိုအပ်‌ပါလိမ့်‌မယ်‌။‌သွေးပူတုန်း ဆုံးဖြတ်‌ရင်‌ အမှားများတတ်‌ပါတယ်‌မိတ်‌‌ဆွေ။
ဒါ‌ပေမယ့်‌ တခု‌တော့ရှိတယ်‌။ကိုယ့်‌မှာ အရက်‌သမားတ‌ယောက်‌ရဲ့ ဇနီးအဖြစ်‌နဲ့ အဲဒိအရက်‌သမား နှိပ်‌စက်‌သမျှကို ခံစားရမယ့်‌ အကုသိုလ်‌မျိုး ကိုယ့်‌မှာ ရှိ‌နေရင်‌ ဘယ်‌သူမှ တားမရ ဖြစ်‌တတ်‌ပါတယ်‌။(မိတ်‌‌ဆွေ တ‌ယောက်‌ရဲ့ ကိုယ်‌‌တွေ့ပါ)ကိုယ့်‌‌ယောကျာ်းက ကိုယ်‌နဲ့မယူခင်‌နဲ့ ကိုယ်‌နဲ့ ယူပီးစအချိန်‌မှာ အရက်‌သမားတ‌ယောက်‌ မဟုတ်‌‌ပေမယ့်‌ ‌နောက်‌ပိုင်းမှ တ‌ဖြေး‌‌ဖြေး အရက်‌သမားတ‌ယောက်‌ ဖြစ်‌လာတတ်‌ပါတယ်‌။ပီး‌တော့ ကိုယ့်‌‌ယောကျာ်းဖြစ်‌သူ အရက်‌သမားရဲ့ အမျိုးမျိုးနှိပ်‌စပ်‌တာကို ခံရပီး စိတ်‌ဆင်းရဲ၊ ကိုယ်‌ဆင်းရဲဖြစ်‌‌နေရမှာပါ။မယူခင်‌က မိဘ‌တွေက အဲဒိလူနဲ့ သ‌ဘောမတူကြပါဘူး။ဒါကို ကိုယ်‌က ယူလိုက်‌‌တော့ ကိုယ့်‌မှာ ဒုက္ခ‌ရောက်‌ရ‌ရော‌ပေါ့။ကိုယ့်‌စိတ်‌ထဲမှာ‌တော့ ကိုယ့်‌ချစ်‌သူဟာ အရက်‌သမားတ‌ယောက်‌ ဖြစ်‌လာပီး ကိုယ့်‌ကို နှိပ်‌စက်‌လိမ့်‌မယ်‌လို့ ထင်‌မိမှာ မဟုတ်‌ပါဘူး။
‌နောက်‌ထပ်‌ အ‌ကြောင်းအရာတခု ထပ်‌‌ပြောပြပါမယ်‌။ကိုယ့်‌ချစ်‌သူက မ‌ကောင်းတဲ့ လူတ‌ယောက်‌ပါ။ဒါကို ကိုယ်‌က မသိ‌ပေမယ့်‌၊ကိုယ်‌‌ဆွေမျိုးသားချင်း၊မိတ်‌‌ဆွေ၊အ‌ပေါင်းအသင်း‌တွေက ကိုယ့်‌ချစ်‌သူ အ‌ကြောင်းကို သိကြပါတယ်‌။သိလို့လည်း ကိုယ့်‌ကို လမ်းခွဲဖို့ ‌ပြောကြပါလိမ့်‌မယ်‌။ဒါ‌ပေမယ့်‌ ကိုယ်‌စိတ်ေ
ထဲမှာက‌တော့ ကိုယ့်ချစ်‌သူဟာ လူ‌ကောင်းတ‌ယောက်‌၊သ‌ဘော‌ကောင်းသူ ဖြစ်‌‌နေမှာပါ။ကိုယ့်‌ချစ်‌သူ ဘာ‌ပြော‌ပြော(လိမ်‌‌ပြော‌နေလည်း)အမှန်‌လို့ပဲ ထင်‌‌နေမှာပါ။ဒီ‌တော့ ကိုယ့်‌ချစ်‌သူနဲ့ လက်‌ထပ်‌မယ်‌၊ခိုးရာလိုက်‌မယ်‌၊အတူ‌နေမယ်‌လို့ ဆုံးဖြတ်‌ပါလိမ့်‌မယ်‌။(မိတ်‌ဆွေတ‌ယောက်‌ရဲ့ ကိုယ်‌‌တွေ့ပါ။)ယူပီး ‌နောက်‌ပိုင်းမှ ကိုယ့်‌‌ယောကျာ်းဟာ သစ္စာမရှိသူ၊မိန်းမ‌ပွေရှုပ်‌သူ၊‌ဆေးသမား၊အရက်‌သမား၊‌လောင်းကစားသမား စသည်‌အားဖြင့်‌ တခုခု ဖြစ်‌‌နေတတ်‌ပါတယ်‌။မြန်‌မာအမျိုးသမီး‌တွေက တလင်‌ တမယားပဲ ဖြစ်‌ချင်‌ကြတာများ‌တဲ့အတွက်‌ ယူပီးမှ‌တော့ မထူး‌တော့ပါဘူး၊ဝဋ်‌ရှိ‌တော့လည်း ခံရ‌တော့မှာ‌ပေါ့၊‌ကောင်း‌ကောင်း၊မ‌ကောင်း‌ကောင်း ဒီ‌ယောကျာ်းနဲ့ပဲ ‌နေမယ်‌ဆိုပီး ကြိတ်‌မှိတ်‌သီးခံပီး ‌နေတတ်‌ကြပါတယ်‌။ဒါဟာ ကိုယ့်‌အကျိုးကို လိုလားသူ‌တွေက တားမြစ်‌တဲ့ စကားကို အ‌လေးဂရု မပြုခဲ့လို့၊အကုသိုလ်‌ အကျိုး‌ပေးချိန်‌ ဖြစ်‌‌နေလို့ အခုလို ဖြစ်‌ရတာပါ။
‌နောက်‌တခုက ကိုယ့်‌ချစ်‌သူကို လူတိုင်းက ချစ်‌ကြမှာပါ။ချစ်‌သင့်‌တဲ့သူလား၊ကိုယ့်‌ကို တကယ်‌‌ရော ချစ်‌နိုင်‌တဲ့သူလား၊ကိုယ့်‌အ‌ပေါ် တကယ်‌ သစ္စာရှိမယ့်‌သူလား၊ရည်းစားများတဲ့
သူလား၊အိမ်‌‌ထောင်‌ရှိသူလား၊ကိုယ့်‌ကို အ‌ပျော်‌သ‌ဘောနဲ့ပဲ တွဲချင်‌သူလား စသည်‌အားဖြင့်‌ ‌သေချာစဉ်းစားသင့်‌ပါတယ်‌။မ‌သေချာဘဲ ဘာမှ မဆုံးဖြတ်‌သင့်‌ပါဘူး။မ‌သေချာ၊မ‌ရေရာဘဲ အလွယ်‌ဆုံးဖြတ်‌ရင်‌ ကိုယ်‌ပဲ ခံစားရမှာပါ။ကိုယ့်‌အ‌ပေါ် တကယ်‌မ‌ကောင်းနိုင်‌သူကို ကိုယ်‌က ချစ်‌မိရင်‌‌တော့ စိတ်‌ဆင်းရဲရ‌တော့မှာပါ။ကိုယ့်‌ချစ်‌သူအ‌ကြောင်းသိတဲ့သူ‌တွေက ကိုယ့်‌ကို တားမြစ်‌လာရင်‌ အထူးသတိထားဖို့ လိုပါလိမ့်‌မယ်‌။ကိုယ်‌ဖြစ်‌ရင်‌ ကိုယ်‌ပဲ ခံရမှာဆိုတာကို မ‌‌မေ့သင့်‌ပါ။ကိုယ့်‌မှာ အကုသိုလ်‌ ပါလာရင်‌‌‌တော့ ဘယ်‌သူမှ တားလို့ရမှာမဟုတ်‌ပါဘူး၊ဘယ်‌သူ့စကားမှ နားမဝင်‌ဘဲ ကိုယ်‌ထင်‌ရာ ဇွတ်‌လုပ်‌မိမှာပါ။‌နောက်‌မှ ‌နောင်‌တ ရ‌နေမှာပါ။
‌နောက်‌တခုက ကိုယ့်‌ချစ်‌သူက ကိုယ့်‌ကို လိမ်‌ညာ‌နေတယ်‌၊ကိုယ့်‌ဆီက ပိုက်‌ဆံ‌တွေကို ညာယူ‌နေတယ်‌လို့ မထင်‌တတ်‌ကြပါဘူး။ချစ်‌စိတ်‌မွှန်‌‌နေ‌တော့ အပြစ်‌မမြင်‌တတ်‌ကြတာပါ။‌
 

ချစ်‌စိတ်‌မွှန်‌‌နေ‌တော့ အပြစ်‌မမြင်‌တတ်‌ကြတာပါ။‌နောက်‌မှ သိရ‌တော့ စိ‌တ်‌ဆင်းရဲ၊ကိုယ်‌ဆင်းရဲဖြစ်‌၊မစားနိုင်‌၊မအိပ်‌နိုင်‌နဲ့ ဖြစ်‌‌နေရမှာပါ။ကိုယ့်‌ချစ်‌သူရဲ့ အ‌ကြောင်းကို သိသူ တ‌ယောက်‌‌ယောက်‌က ကိုယ့်‌ကို တားမြစ်‌လာရင်‌ သတိထား‌စေချင်‌ပါတယ်‌။ဥပမာ အ‌နေနဲ့‌ပြောပြ‌ပေးတာပါ။ဥာဏ်‌ရှိသလို ချဲ့ပီး‌တွေး‌စေချင်‌ပါတယ်‌။‌ယောကျာ်း‌‌လေး‌နဲ့ မိန်းက‌လေး ၂‌ယောက်‌လုံးအတွက်‌ ရည်‌ရွယ်‌ပီး ‌ရေးတာပါ။ စာထဲမှာ‌တော့ မိန်းက‌လေးအ‌နေနဲ့သာ ‌ရေးထား‌ပေမယ့်‌ ‌ယောကျာ်း‌လေး‌တွေဘက်‌ကလည်း အစစ၊အရာရာ ‌သေချာ စဉ်းစားပီးမှ ဆုံးဖြတ်‌ကြ‌စေချင်‌ပါတယ်‌။မိန်းမလည်‌‌တွေ အများကြီး ရှိတယ်‌‌ဆိုတာ မ‌မေ့သင့်‌ပါ။‌ထောင်‌‌ချောက်‌မိပီး ဘဝပျက်‌၊ဘဝဆုံးသွားရတဲ့ ‌ယောကျာ်း‌လေး‌တွေ အများကြီးရှိ‌နေပါတယ်‌။စိတ်‌ညစ်‌လွန်းလို့ အရက်‌သမားဘဝ‌ရောက်‌ရသူ‌တွေလည်း အများကြီးပါ။စိတ်‌ထွက်‌‌ပေါက်‌ကို တလွဲရှာမိ‌တော့ အရက်‌သမားဖြစ်‌ရတာပါ။ငါက‌တော့ ဒီလို ဖြစ်‌မှာ မဟုတ်‌ဘူးလို့ ‌သေချာ‌ပေါက်‌ ‌ပြောလို့မရပါဘူး။ကိုယ့်‌ထက်‌ လည်‌တဲ့သူနဲ့‌တွေ့ရင်‌ ခံရမယ်‌ဆိုတာ မ‌မေ့သင့်‌ပါဘူး။ဘယ်‌သူ့ကိုမှ လွယ်‌လွယ်‌နဲ့ မယုံလိုက်‌ပါနဲ့ မိတ်‌‌ဆွေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...