Saturday, November 9, 2013

သစ်ထူးလွင် သတင်းစုစည်းမှု ( ၉-၁၁)

သစ်ထူးလွင်


Posted: 09 Nov 2013 06:13 AM PST
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရဲများက ရှောင်တခင် ၀င်ရောက်ဖမ်းဆီးရန် ကြိုးပမ်းမူများ ရှိနေသဖြင့် ဒေသခံများ အနေဖြင့် အိုးအိမ်ကို စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။ နိုဝင်္ဘာလ ၇ ရက်နေ့က သံတွဲမှ တောင်ကုတ်သို့ ထွက်ပြေး တိမ်းရှောင် လာသူတဦးက သူတို့ ထွက်ပြေးလာရ သည့် အခြေအနေနှင့်ပတ်သက်ပြီး နိရဉ္စရာသို့ ယခုလို ပြောသည်။ “ ကျွန်တော်တို့ရပ်ကွက် လုံခြုံရေးအတွက် လူ ၉ ယောက်စီ ညဥ့်တိုင်း ကင်းစောင့်ကြရပါတယ်။ တစ်နေ့တော့ ကျနော်တို့ ကင်းစောင့်နေချိန်မှာ ရဲသားတွေ ရောက်လာပြီးတော့ ခင်ဗျားတို့ ရပ်ကွက်ထဲမှာ ဖမ်းရမယ့်သူ  လူ ၄ ဦးရှိတယ်ဆိုပြီး ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Nov 2013 06:08 AM PST
ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ အနည်းဆုံး လူ ၁၀၀ သေပြီး လေပြင်းနဲ့ ရေလျှံတာတွေကြောင့် အိမ်တွေ ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။ မုန်တိုင်း လမ်းကြောင်းပေါ် တည့်တည့်ကျရာက်ခဲ့တဲ့ လူဦးရေ နှစ်သိန်းလောက်ရှိတဲ့ တက္ကလိုဘန်းမြို့မှာ အိမ်တိုင်းနီးပါး ပျက်စီးသွားသလို၊ စီဘူး ပြည်နယ်ထဲက မြို့တွေမှာလည်း လေပြင်းကြောင့် အိမ်တွေ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီး သီးနှံတွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Nov 2013 06:04 AM PST
မန္တလေးမြို့တော် စာချုပ်စာတမ်းမှတ်ပုံတင် ရုံးသို့ မှတ်ပုံတင်သွင်းလာသည့် အိမ်၊ခြံ၊မြေအရောင်း အဝယ်စာချုပ်စာတမ်းများကို ယခုလ၁ ရက်မှစ၍ မန္တလေးတိုင်းဒေသကြီ ကာလတန်ဖိုးစိစစ်သတ် မှတ်ရေးအဖွဲ့က စိစစ်သတ်မှတ်ပြီး သတ်မှတ် သည့် တန်ဖိုးအပေါ် ကျသင့်သည့်အခွန်အခများ ထမ်းဆောင်ပြီးမှသာ လက်ခံမှတ်ပုံတင်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း စာချုပ်စာတမ်းမှတ်ပုံတင် ရုံးက အသိပေးကြေညာထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Nov 2013 05:29 AM PST
မန္တလေးမြို့ နန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော် အပါအဝင် ရှေးဟောင်း အဆောက်အအုံများ၊ ပြတိုက်များကို ရှေးဟောင်း နယ်မြေအဖြစ် သတ်မှတ်၍ ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ် (Historical Park) အဖြစ် ထားရှိရန် စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ကြူက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သော ရှေးဟောင်းနှင့် အခွန်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ ပြေကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Nov 2013 05:13 AM PST
အခုကစပြီး နောက် ၂၄ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်မှာ မုန်တိုင်းငယ်တခု ဖြစ်ပေါ်နိုင်တယ်လို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။ “အခု ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်နေတယ်။ တနင်္သာရီ ကမ်းရိုးတန်းနားကနေစပြီး ဖြစ်တာ။ အခုက ကပ္ပလီကျွန်းစုနဲ့ ကိုကိုးကျွန်းနားမှာ ရှိတယ်။ နောက် ၂၄ နာရီအတွင်းမှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ ကျနော်တို့လည်း စောင့်ကြည့်နေပါတယ်။” ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Nov 2013 05:06 AM PST
မိတ္ထီလာ မြို့ အမှတ်(၁) အထက်တန်း ကျောင်း ဓမ္မာရုံတွင် ပူဇော်ထားသည့် ဉာဏ်တော် ၂ပေခန့်ရှိကြေးဆင်း တုတော်မှ ဆံတော်များပွင့်နေ သဖြင့် လာရောက်ဖူးမြော်နေကြ သူများဖြင့် စည်ကားလျက်ရှိသည်။ နိုဝင်ဘာ ၇ ရက်တွင် လွန်ခဲ့ သော နှစ် ၂ဝခန့်က အမှတ်(၁) အထက်တန်းကျောင်းဓမ္မာရုံတွင်ပူဇော်ထားသော ဉာဏ်တော် ၂ပေခန့်ရှိ ကြေးဆင်းတုတော် အား သတ္တမတန်း မှ ကျောင်းသား မောင်စည်သူအောင်က ကြေး ဆင်းတုတော်ကို ပန်းကုန်း ပူဇော်ရာမှ ဆံတော်များပွင့်နေသည် ကိုဖူးမြော်ရသဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘုရားဆင်းတုဦးခေါင်းတော်မှ ဆံတော် များပေါ်ထွက်နေပုံ(ပုံသေး)နှင့် ကြည့် ရှုဖူးမြော်နေကြသူများ(ပုံကြီး)ကို တွေ့ရစဉ်။ ဓာတ်ပုံ-ကိုတင်လှိုင်
Posted: 09 Nov 2013 05:01 AM PST
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့မှာ တရားရုံးစရိတ်များလို့ အယူခံဝင်ခွင့် စွန့်လွှတ်လိုက်ရပြီး အမှုရှုံးခဲ့ရတဲ့ တောင်သူတွေက အမှန်တရားပေါ်ပေါက်ရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီနေ့ မနက်ပိုင်းက ကျုံပျော်မြို့နယ် ပျဉ်းမပင်လှကျေးရွာအုပ်စုက တောင်သူ မိသားစု ၂၀ လောက်ဟာ တရားဝင် ဆန္ဒဖော်ထုတ်ခွင့် တောင်းခံပြီး ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒရာမှာ ပါဝင်တဲ့ ဦးလှိုင်ကြီးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Nov 2013 04:58 AM PST
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် အရေးကြီးသည်ဟု ပြည်တွင်း၊ ပြည်ပ မြန်မာ့နိုင်ငံရေး လေ့လာသူများက သတ်မှတ်ထားသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနီးပါး ပါဝင်သော လိုင်ဇာ ညီလာခံနှင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးသော မြစ်ကြီးနား ညီလာခံများသို့ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားတပ်တို့ တက်ရောက်ခြင်း မရှိခဲ့ပေ။ ထို့ကဲ့သို့ မတက်ရောက် နိုင်ခြင်းမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဖိအားပေးမှုကြောင့် မတက်ရောက်ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည့်အတွက် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Nov 2013 04:44 AM PST
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက်ကျေးရွာတွင် ငြိမ်းချမ်းရေး ယူထားသော လက်နက်ကိုင်တပ်ဖွဲ့ တပ်သားအချို့ လာရောက်၍ ဆက်ကြေး တောင်းယူမှုများကြောင့် ၎င်းတို့ကို ကျေးရွာ ဒေသခံများက နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း ယင်း ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။ ယင်းသို့ ကျူးလွန်သော တပ်သား သုံးဦးမှာ ငြိမ်းချမ်းရေး ယူထားသော နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSC) မှ တပ်သားများ ဖြစ်ပြီး ယင်းတို့ကို ဥပဒေအရ အရေးယူသွားမည့်ကြောင်း ခန္တီးတပ်နယ် စစ်ဗျူဟာမှူးက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 09 Nov 2013 04:36 AM PST
ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေ အကျဉ်းထောင် နံရံပြိုကျမှုတစ်ခု နိုဝင်ဘာ ၈ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်တွေအကျဉ်းထောင်၏ ထောင်နံရံပြိုကျမှုမှာ နိုဝင်ဘာ ၈ရက် နံနက် ၂နာရီ ၅၅မိနစ် ခန့် တွင် အဆိုပါ အကျဉ်းထောင် ၏ အနောက်တောင်ဘက်စွန်း ရှိ ထုနှစ်ပေ၊ အမြင့် ၁၈ပေ၊ အ လျားပေ ၉ဝကျော်ရှိ နံရံတစ်ခုလုံး ပြိုကျခဲ့ခြင်းဖြစ်ပြီး နံရံပြိုကျသည့် အတွက် တစ်စုံတစ်ဦးမျှ ထွက် ပြေးလွတ်မြောက်မှုမရှိခဲ့သည့်အ ပြင် ထိခိုက် ဒဏ်ရာရရှိမှုလည်း မရှိခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Nov 2013 04:32 AM PST
နိုင်ငံတော် တွင်ဖြစ်ပျက်လျက်ရှိသည့် ကိစ္စရပ် တိုင်းသည် အုပ်ချုပ်ရေးအဖွဲ့ကို လွှဲအပ်ထား၍မရကြောင်း၊ လွှတ် တော်ကိုယ်စားလှယ်များတွင်ပါ တာဝန်ရှိကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြား လိုက်သည်။ နိုဝင်ဘာ ၈ရက်က ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော် ၁၁ရက်မြောက်နေ့အစည်း အဝေးတွင် ယင်းကဲ့သို့ပြောကြား လိုက်ခြင်းဖြစ်သည်။ သူရဦးရွှေမန်းက ''နိုင်ငံ တော်ရဲ့ကိစ္စတိုင်းကို အုပ်ချုပ် ရေးအဖွဲ့ကို လွှဲထားလို့ မရဘူး။ ကျွန်တော်တို့မှာလဲ တာဝန်ရှိ တယ်''ဟု လွှတ်တော်သို့ တင်ပြ သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Nov 2013 06:38 PM PST
ထိုင်းနိုင်ငံဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ၁၀၀ခန့်ကွာဝေးတဲ့ ပထုံဌာနီမြို့နယ်ထဲက ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Nov 2013 06:25 PM PST
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ဒီကနေ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းကနေ ဒီကနေ့ထိ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ကြောင့် မန်စီမြို့နယ်အတွင်းမှာ စစ်ရှောင်ဒုက္ခသည် တထောင်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ မန်စီမြို့နယ် နန့်လင်းပါ စခန်းက ဒုက္ခသည် ၁၅၀၀လောက်ဟာ လုံခြုံရေးအရ သွားလာရေး အခက်အခဲကြောင့် ရိက္ခာပြတ်လပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြားမှာ တပြည်လုံး အပစ်ရပ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 08 Nov 2013 05:34 PM PST
တစ်နာရီ ၁၉၉ မိုင် နှုန်းနဲ့ တိုက်ခတ်နေတဲ့ ဟိုင်ရန် တိုင်ဖုန်း မုန်တိုင်းဟာ ဖိလစ်ပိုင် နိုင်ငံ ကုန်းတွင်းပိုင်းကို သောကြာနေ့က ၀င်ရောက်ခဲ့ပြီး မနီလာမြို့ကို ဖြတ်သန်း တိုက်ခတ်သွားပါတယ်။ ဟိုင်ရန်ဟာ ကုန်းတွင်းကို ၀င်ရောက် တိုက်ခတ်ဖူးသမျှ မုန်တိုင်းတွေထဲမှာ စံချိန်တင် အင်အား ပြင်းထန်တဲ့ အထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ ဒီမုန်တိုင်းကြောင့် ဖိလစ်ပိုင် နိုင်ငံ ပြည်နယ်ပေါင်း ၂၀ က လူတစ်သန်းကျော်ဟာ နေအိမ်တွေကနေ ဘေးကင်းရာကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရပြီး ယခုအချိန်ထိ လူလေးဉီး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Nov 2013 04:38 PM PST
အဝေးရောက် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံကို ပြန်လာနိုင်မယ့် လွတ်ငြိမ်းချမ်းသာခွင့် ဥပေဒ မူကြမ်းကို ကန့်ကွက် ဆန္ဒပြရာမှာ ဦးဆောင်နိုင်ဖို့ အတွက် ထိုင်း အတိုက်အခံ ခေါင်းဆောင် ၄ ဦးဟာ သူတို့ရဲ့ ပါတီကနေ နှုတ်ထွက် လိုက်ကြပြီ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို အခု သီတင်းပတ်အတွင်း အစိုးရရဲ့ ထောက်ခံချက်နဲ့ အတည်ပြုတော့မှာ ဖြစ်ပါတယ်။ လက်ရှိ အစိုးရကို ဦးဆောင်နေသူကတော့ သက်ဆင် ရှင်နာဝပ်ရဲ့ ညီမဖြစ်သူ ယင်လက် ရှင်နာဝပ် ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Nov 2013 04:09 PM PST
ပြည်ထောင်စုအစိုးရက ဖြေရှင်းဆောင်ရွက် ပြီးစီးတဲ့ သိမ်းဆည်းခံလယ်ယာမြေ ပြဿနာတွေကို သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ သမ္မတရဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး "လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်" အဖွဲ့ဝင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က စုစည်းတင်ပြထားပါတယ်။--

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Nov 2013 03:59 PM PST
နိုဝင်ဘာလ(၉)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ်(၃၅)

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Nov 2013 03:57 PM PST
နိုဝင်ဘာလ(၈)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) အတွဲ(၃၃) အမှတ်(၆၄၆)

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Nov 2013 03:55 PM PST
နိုဝင်ဘာလ(၉)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Nov 2013 03:52 PM PST
နိုဝင်ဘာလ(၉)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Nov 2013 03:11 PM PST
ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ကန်ရှေ့ ရပ်ကွက်၊ ရေထွက်ဦးလမ်း၊ classic ခန်းမ တွင် ၊ ယနေ့ နံနက်-
၉း၀၀နာရီမှ ညနေ ၄း၀၀ နာရီ အထိ ရှမ်းပြည်နယ်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ယက်
ဖွဲ့ စည်းခြင်းနှင့်ဖွဲ့ စည်းပုံတွင် ပြည်သူတို့ လိုလားသော အချက် အလက်များကို ခေါင်းစဉ်၅ ခု ဖြင့်ဆွေးနွေးခဲ့ ကြပြိး သဘောထားကြေညာချက် တစ်စောင် ကို ထုတ်ပြန်ခဲ့ ကြောင်း ကွန်ယ့က် အဖွဲ့ ဝင်တစ်ဦးဖြစ်သူ ကိုနေမျိုးမှ ပြောပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Nov 2013 10:26 AM PST
ကမ္ဘာတ၀ှမ်း စိတ်ကြွဆေး ဖမ်းဆီးရမိမှုတွေဟာ ပြီးခဲ့တဲ့နှစ်ထဲ စံချိန်တင်လောက်အောင် များပြားခဲ့ရာမှာ မြန်မာနိုင်ငံဟာလည်း အဓိက ဖမ်းဆီးမိတဲ့ တိုင်းပြည်တခုအဖြစ်နဲ့ တွေ့ရှိရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ ဖမ်းဆီးမှုတွေ၊ မူးယစ်ဆေး စွဲလမ်းသူတွေကို ကုသမှုဆိုင်ရာ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ methamphetamine စိတ်ကြွဆေးတွေ အသုံးပြုမှုနှုန်းဟာ တိုးလာနေတဲ့အကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး (UNODC) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံကလာတဲ့ methamphetamine စိတ်ကြွဆေးတွေကို အိမ်နီးချင်း တိုင်းပြည်တွေမှာ ဖမ်းဆီးရမိတာတွေဟာလည်း အရင်ထက်ပိုများခဲ့တယ်လို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Nov 2013 02:52 PM PST
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း
ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ
အပြီးတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးအား မြန်မာတိုင်း(မ်)
အကြီးတန်းသတင်းထောက် အိအိတိုးလွင်က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သည်။
* လက်ရှိအစိုးရက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တပ်မတော်ရဲ့
အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါတယ်လို့ ခံယူထားပါသလဲ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး။ ဘူးသီး/မြန်မာတိုင်း(မ်)ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး။ ဘူးသီး/မြန်မာတိုင်း(မ်)
Posted: 08 Nov 2013 10:17 AM PST
ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြ၀ဠာ ၂၀၁၃ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး
သွားရောက်ယှဉ်ပြိုင်တဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်ဟာ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးမစခင် ကျင်းပ
ပြုလုပ်လျက်ရှိတဲ့ ပွဲကြိုပြိုင်ပွဲတွေ အားလုံးရဲ့ ဆန်ခါတင်စာရင်းများမှာ ပါဝင်နေတာမို့ နိုင်ငံအတွက်
ဆုတွေများစွာ သယ်ဆောင်လာနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ရေကူးဝတ်စုံပြိုင်ပွဲမှာတော့ အလှဆုံးမယ် (Best Bikini Body) သုံးယောက် ရွေးချယ်ရာမှာ တစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Nov 2013 10:10 AM PST
ရုရှနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြ၀ဠာပြိုင်ပွဲဟာဆိုရင် မနက်ဖြန် နောက်ဆုံး ဖိုင်နယ်ဖြစ်ပါတယ်။  မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မိုးစက်ဝိုင်ကတော့ ဒီနောက်ဆုံးဖိုင်နယ်အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး အရင်ကထက် ယုံကြည်မှုတွေ ပိုရှိလာတယ်လို့ VOA ကိုပြောခဲ့ပါတယ်။ အခုအသံလွှင့်ချိန် မတိုင်လေးမှာပဲ VOA က မိုးစက်ဝိုင်ကို ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ကြည့်ပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...