Wednesday, November 6, 2013

12 Types Of Women To Avoid


ဒီတစ်ခါတော့ ယောင်္ကျားလေး များအတွက် လက်တွဲဖော် အဖြစ်မစဉ်းစား သင့်တဲ့အမျိုးသမီး ၁၂ မျိုး ကို ဖော်ပြပေးမှာပါ။ ဘယ်လို မိန်းမမျိုးတွေ ပါမလဲဆိုတာ ကြည့်ပြီး ရှောင်ရှား နိုင်ကြပါစေ။
ယောင်္ကျားလေး တော်တော်များများက မိန်းကလေး တွေနဲ့ ပတ်သက်ရင် အမှားတွေ လုပ်ခဲ့ဖူး ကြပါတယ်။
သူတို့က ရုပ်ဆင်း ရှုပကာ အပေါ် စွဲလန်းပြီး စိတ်ထွေနေတဲ့ အချိန်မှာ ငွေပေးပြီး ရွှေသမင် အလိုက် မှားမိတာပေါ့။ ကောင်းကောင်း တန်ဖိုးထား ရမယ်မှန်း မသိတဲ့ မိန်းကလေး တွေရဲ့ ခြေဖ၀ါး အောက်မှာ ဒူးထောက် ခဲ့ရဖူးတယ်။ အခွင့်အရေး အနည်းငယ် အတွက် နာရီတွေ မရေမတွက် နိုင်အောင် ဖြုန်းတီး ပစ်ခဲ့တယ်။ မိန်းကလေး ကတော့ သင်တို့ကို အသုံးချတယ်၊ ပြီးတော့ ခေါက်သွား တာပါပဲ။ ဒါပေမယ့် ကိုယ်တွေက အတွေ့အကြုံ ကနေ သင်ယူ နေရဦး မှာလား။
မဟုတ်ဘူး။ အခက်အခဲ ကတော့ ဘယ်တော့မဆို ရှိမှာပဲ။ နည်းနည်းပို အားစိုက် လိုက်မယ် ဒါမှမဟုတ် အပြောင်းအလဲလေး လုပ်လိုက်မယ် ဆိုရင်တော့ ရလဒ် အရတော့ ကောင်းလာ မှာပဲလေ။ ကောင်းပြီလေ ... မပြောင်းလဲ နိုင်ဘူး မလား။ ဒီလို မိန်းကလေး မျိုးကို စိတ်စွဲ နေရင်တော့ အသဲက ကွဲသထက် ကွဲလေပဲ သူငယ်ချင်း။ အောက်မှာ ရေးထားတဲ့ မိန်းကလေး ၁၂ မျိုးကိုသာ မျက်စိရှင်ရှင်နဲ့ ရှာကြည့်လိုက်။ သူငယ်ချင်း ဖြစ်ဖူးတဲ့ bitch-dating ကိုကုစားနိုင်ဖို့ တစ်ဆင့်တော့ နီးလာပြီဗျာ။

၁။ Miss မိန်းမ၀ါဒီ
ဒီလိုမိန်းမ မျိုးတွေ တွေးတာကတော့ မကောင်းတဲ့ လူ့ပတ်ဝန်းကျင်က ယောင်္ကျား တွေကြောင့် ဖြစ်တာတဲ့ဗျာ။ ဆိုးချက် :P ။ မိန်းမတွေကပဲ ချစ်စရာ ကောင်းပြီး ကမ္ဘာကြီးကို ပြည့်စုံအောင် ဖန်တီး နိုင်မယ်လို့ ယုံကြည် နေကြတယ်။ အဲ့ဒါဆို ရင်တော့ စိတ်ကူး ယဉ်ထားတာ လေးတွေကို အိပ်မက်ထဲမှာပဲ သွားလုပ်ဗျာ ယောင်္ကျားလေး တွေကို ဒီလို သဘောထား တယ်ဆိုရင်။ ဘာပြဿနာမှ မရှိဘူး အိပ်မက်ထဲမှာ ဆိုရင်တော့။ "ယောင်္ကျားတွေ အားလုံးက သူတို့ကို ပစ္စည်းလိုပဲ သဘော ထားတယ်" လို့ တဖွဖွ ရွတ်နေတဲ့ ဒီလို မိန်းမမျိုးကို လွယ်လွယ်ပဲ ရှာတွေ့ နိုင်ပါတယ်။ သူငယ်ချင်း ဒါမျိုး ဆိုရင်တော့ ဘယ်ဈေးနဲ့ ရရ ရှောင်ဗျို့။

၂။ Miss လာထားနော် ... လာထား
သူမလေး ကတော့ ပိုက်ဆံမှ ပိုက်ဆံပဲ။ ဖြူစင်တယ်။ ရိုးရှင်းတယ်။ ကိုယ့်ကိုယ် ကိုတော့ အထိန်းအသိမ်း ကောင်းတယ်ဗျ။ သူ့ဘ၀ တစ်ခုလုံး အတွက် အဆင်ပြေမယ့် ယောင်္ကျားမျိုးကို ရှာနေတာ။ သိတယ် မလား။ မိန်းမသားလေ အားနွဲ့ တာပေါ့။ သူမ အတွက်ဆို ကိုကိုက အအေးလေးတော့ တိုက်သင့် တာပေါ့၊ ညစာလေး၊ ခရီးထွက်ရင် အကုန်အကျ ခံဖို့လေး၊ ပန်းစည်းလေး ၊လည်ဆွဲလေးတော့ ပေးသင့် တာပေါ့ .... ပေါ့ ... ပေါ့။ သူ့မှာ အပြန်အလှန် ဆိုတာ မရှိဘူး။ လာထားပဲ ရှိတယ်။ သူမက ဘာမှတော့ မဟုတ်ဘူး။ အပျော်မယ် မိန်းကလေးမျိုး သာသာပဲ ရှိတယ်။ သူ့ပစ္စည်းကို ရွှေကွပ် ထားတယ် ထင်နေတာ။ သန်းပေါင်း များစွာ တန်နေတယ် ထင်နေတယ်။ တကယ်တော့ သူမက ကွာလတီ ပစ္စည်းဗျ။ အထိအတွေ့တော့ မရှိလောက်ဘူး။ သူစိတ်ဝင် စားတာ ကလည်း သူလိုချင်တာ ရဖို့ပဲ။ သွားပြီး မရူးသွပ် နဲ့ဦး။ အထာလေး ကတော့ မသိရင် တွေ့ဖူး သမျှထဲမှာ စိတ်တိုင်း အကျဆုံး ပုံစံလေး ဖြစ်အောင် နေပြ လိမ့်မယ်။



image1


၃။ Miss စိတ်ကူးအိပ်မက်လေး
ဒီလို မိန်းကလေးမျိုး ကတော့ တသက်လုံး လွှင့်နေတဲ့ စိတ်ကူးယဉ် ရုပ်ရှင်တွေနဲ့ ၀တ္ထုတွေ ထဲမှာ နေကြတယ်။ ညတိုင်း ညတိုင်း တယောက်တည်း သတို့သမီး မဂ္ဂဇင်း လေးတွေနဲ့ စိတ်ကူးယဉ် နေတတ်တယ်။ ခုပဲ မင်းသား Charming ကသူ့မြင်းဖြူကြီး စီးလို့ ရောက်လာပြီး သူမ ခြေထောက်လေး တွေကို အသာမလို့ တစ်ဘ၀လုံး အတွက် စိတ်ညစ်စရာ မရှိတဲ့ သုခဘုံကို လာခေါ် တော့မယ် တွေးနေ တတ်တယ်။ Miss စိတ်ကူး အိပ်မက်လေး ဒီလို ဖြစ်လာရတာ မိဘ အသိုင်းအ၀ိုင်း ကြောင့်လည်း ပါပါတယ်။ ပါးစပ်ကနေ "မင်းသမီးလေး" လို့တဖွဖွ ခေါ်နေပြီး တကယ့် လက်တွေ့ဘ၀ ဆိုတာ အကြွေး ပေးရတာ၊ အိမ်သာ ဆေးရတာတွေ ပါတယ် ဆိုတာ သင်မပေး လိုက်ကြဘူး။ သူ့ကိုတော့ နည်းနည်း သတိထားဗျ။ အိပ်ရာပေါ်မှာ သုံးစားလို့ မရတဲ့ အပြင် ညနက်ရင် မြင်းလို အော်လိမ့်မယ်။ အဲ့ကျရင် ... ပြေးပေတော့ သူငယ်ချင်း။

၎။ Miss တွေးရခက်ကြီး
သူမကတော့ Miss စိတ်ကူး အိပ်မက်လေးနဲ့ နီးစပ်တယ် ... ဒါပေမယ့် မကောင်းတဲ့ ဘက်မှာ။ သူက အရင်က ခဲမှန်ခဲ့ ဖူးတော့ မသိစိတ် ကနေ အသစ် တစ်ယောက် ထားဖို့ ဥပုသ်စောင့် နေတယ်။ သူနဲ့ ဆက်ဆံရေးက တော်တော် စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းတယ်။ အစပိုင်းမှာ အရမ်း စိတ်ဝင် စားပြပြီး ခပ်မြန်မြန် ထွက်ပြေးသွား တတ်တယ်။ နောက်ကျလည်း ဒီလိုပဲ သံသရာ လည်တာပါပ။ဲ ပြန်စိတ်ဝင် စားလိုက်၊ ပြန်ထွက်ပြေး လိုက်နဲ့။ Miss တွေးရခက်ကြီး ကတော့ တကယ် တွေးရ ခက်ကြီးပါ။ စိတ်ဝင်စား ပြပြီး ချိန်းတွေ့မယ်။ ဒါပေမယ့် နောက်ဆုံး သူနဲ့ အရင်လို သူငယ်ချင်း အဖြစ်တောင် မရနိုင် တော့ပါဘူး။ ရနိုင်တာ တစ်ခုကတော့ သူ့ဘက်က မဖြစ်နိုင် လို့ပါဆိုတဲ့ စကားပါပဲ။ အကုန် စဉ်းစား လိုက်တော့ ကျွန်မ အတွက် ရည်းစား ထားဖို့ အချိန်မရှိ လို့ပါလို့  ပြောလာ ပါလိမ့်မယ်။  ဒါကြောင့် သိပ်မပတ်သက် မိပါစေနဲ့။ အသည်း တစ်ခြမ်းကို လွမ်းဖို့ သိမ်းထား လိုက်ဦး သူငယ်ချင်း။

image3

၅။ Miss ဒေါ်စိတ်တို
သူမက Miss မိန်းမ၀ါဒီ နဲ့အချိုး ကတော့ ခပ်ဆင်ဆင်ပါ။ တကယ်တော့ ယောင်္ကျား တွေကို မကြိုက်ပါဘူး။ ယောင်္ကျား တွေကို နှိမ်ချင်ပြီး အမှားလေး တွေ့တာနဲ့ ဖိဟောက် တတ်တာမျိုးပါ။ Miss ဒေါ်စိတ်တို တွေမှာ လူရည်သန့် လက္ခဏာတွေ မရှိပါဘူး။ လေးလေးဖင့်ဖင့်နဲ့ စိတ်တိုနေတဲ့ ၀က်တွေလိုပဲ။ သူတို့တွေမှာ ယောင်္ကျား တွေအပေါ် ထိန်းမနိုင် သိမ်းမရ ဒေါသတွေ ရှိပြီး မီးတောင်တွေလို အချိန်မရွေး ပေါက်ကွဲ နိုင်ပါတယ်။ တော်ကီ ကောင်းကောင်း မချုပ်နိုင်ဘူး ဒါမှမဟုတ် မျက်ရည် များများ မရှိဘူး ဆိုရင်တော့ ဝေးဝေးနေ ... သူငယ်ချင်း။

၆။ Miss အကုန် လုံတယ်၊ စိတ်ပဲ မလုံတာ
သူတို့နဲ့တော့ အစပိုင်းမှာ အိုကေပါပဲ။ ပြည့်ပြည့်စုံစုံ ထားတယ်။ ကြင်ကြင်နာနာ ပြုစုတယ်။ ဒါပေမယ့် စိတ်ထဲက မလုံမခြုံ ခံစားရ တာကိုတော့ ထုတ်မပြောပါဘူး။ သိပ်မကြာပါဘူး။ တစ်နေ့ကို ဆယ်ခါလောက် ဖုန်းခေါ်ပြီး "ဘယ်လောက်ထိ ချစ်မှာလဲ" မေးလာပါပြီ။ အမှန်တော့ သင့်အသံကို ကြားချင် တာပါ။ သူ့အလှအပ အတွက် အကြံဥာဏ် အမြဲ လိုအပ် နေပြီး မိတ်ကပ်၊ ဆံပင်နဲ့ အ၀တ်အစားတွေ သပ်သပ်ရပ်ရပ် မဖြစ်မှာကို မနားတမ်း စိတ်ပူ နေတတ်တယ်။ သူမက သင့်လက်ကို တင်းတင်း ဆုပ်ကိုင် ထားချင်ပြီး သူမကို ခွဲပြီး အသစ် တစ်ယောက် ရသွားမှာကို အမြဲ စိတ်ပူ နေတတ် တာပါ။ အဲ့လိုမျိုး သူတွေက အနှေးနဲ့ အမြန် အသစ် ရတတ် ပါတယ်။

၇။ Miss တစ်ကိုယ်ကောင်း
သူတို့ကျတော့ အပြုံးမရှိ၊ တုံးတိ၊ နှုတ်ခမ်းစူစူနဲ့ ယောင်္ကျားတွေ မကောင်းကြောင်း ပြောတဲ့ ကမ္ဘာမှာ နေပါတယ်။ စိတ်ပျက်စရာ ကောင်းပြီး လူတွေအပေါ် ဆက်ဆံရေး ခေါင်းပါးပြီး ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက် တတ်သူတွေ ဖြစ်ပါတယ်။ တစ်ဖက်သား နာကျင်မှာ ကိုလည်း စိတ်မ၀င် စားပါဘူး။ Miss တစ်ကိုယ်ကောင်းက Miss လာထားနော် ... လာထားနဲ့ တစ်ပုံစံ တည်းပါပဲ။ သူတို့ကိုယ် သူတို့တော့ ကြည့်ကောင်း ရှုကောင်း ဖြစ်အောင် ပြင်ပြင်ဆင်ဆင် နေတတ် ကြပါတယ်။ တစ်ကမ္ဘာလုံး သူ့လောက် အရေးကြီးသူ မရှိသယောင် မျက်နှာထားကို တွေ့လိုက် ရင်တော့ ... သေချာ ပါတယ်။ Miss တစ်ကိုယ်ကောင်း ပါပဲ။

၈။ Miss Me
သူက Miss တစ်ကိုယ်ကောင်းနဲ့ နီးစပ်ပြီး ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက် ပါတယ်။ လုပ်ချင်ရာလုပ် လိမ့်ချင်ရာ လိမ့်တတ်ပြီး သူ့အာရုံ ကလဲ သူ့ဆီမှာပဲ ရှိပါတယ်။ မိမိကိုယ် ကိုပဲ ဂရုစိုက်ပြီး ရဖို့ယူဖို့ပဲ သိတတ်တဲ့ သူတို့တွေက "ဦးနဲ့သမီး" ဇာတ်လမ်းလေး တွေလည်း ရိုက်ကြ ပါတယ်။ ကလေးဆိုး ဆိုးလေး ချွဲတာ မခံနိုင် ရင်တော့ ဦးဦးတို့ ဝေးဝေး နေတာ အကောင်းဆုံး ပါပဲ။

image4


၉။ Miss ဂဠုန် ဆားချက်
သူမကတော့ ယောင်္ကျား တစ်ယောက်ကို ထောင်ချောက်ဆင် ဖမ်းတတ်သူပါ။ လင်ယူ သားမွေးချိန် ကျလို့ ဖြစ်ဖြစ်၊ ယောင်္ကျား တစ်ယောက်နဲ့ နောက်ဆုံး ရည်းစား ဖြစ်လို့ ဖြစ်ဖြစ်၊ ကောက်ရိုးမျှင် ဆွဲသလို လက်လွှတ် မခံဘဲ လက်ထပ် လိုက်တာပါပဲ။ ဘယ်သူ ဖြစ်မယ်၊ ဘာဖြစ်မယ် ဆိုတာ ဂရုမစိုက် တော့ပါဘူး။ ယောင်္ကျား တန်ဆာ တစ်ခု ရရင် လိုသလို ဆွဲပြီး ပုံသွင်း ပါလိမ့်မယ်။

၁၀။Miss နောက်ကျောက ထိုးတဲ့ဓား
သူမက အလစ်မှာ ထိုးမယ့် ဓားတစ်ချောင်းပါ။ ပိပိရိရိ ဇာတ်လမ်း ဆင်ပြီး ယောင်္ကျား တွေကို မျှားခေါ်သွား ပါလိမ့်မယ်။ နက်နက် ရှိုင်းရှိုင်း ချစ်မိတဲ့ အထိ ဒါမှမဟုတ် လက်ထပ် ပြီးတဲ့အထိ နားဝင်ပီယံ စကားလုံးတွေ ပြောနေမှာ အသေအချာ ပါပဲ။ အဖြစ်မှန်က ဒီမှာ ပေါ်ပါပြီ။ ညရောက်တဲ့ အခါမှာ ချစ်စရာ ဇနီးချောလေးက ပကာသန မက်တဲ့ ကြေးစား နတ်ဆိုး တစ်ကောင် ဖြစ်သွားပြီး လိုလားချက် တွေနဲ့အတူ ခြိမ်းခြောက် တောင်းဆို ပါလိမ့်မယ်။

၁၁။ Miss ဖော်မယ် ... ချွတ်မယ်
သူမကိုတော့ တစ်မိုင်လောက် အကွာက နေတောင် ခန့်မှန်းလို့ ရပါတယ်။ အခွင့်အရေး ရတိုင်း ဖော်မှာ၊ ချွတ်မှာ၊ ရှိတာတွေ ထုတ်ကြွားဦးမှာ ဆိုတော့။ တခါတရံမှာ အဖိုးကြီး တွေနဲ့ တွဲတတ်ပြီး တခါတရံ မှာတော့ သူမက နှာကိစ္စ ပြောတတ်သူပါ။ ယောင်္ကျားလေး တွေကို လိင်စိတ် ကြွအောင် ပြောပြီး ပြေးထွက် သွားပြန်ရော။ တခါတရံ တော့လည်း နေပူစာ လှုံရင်း ၀ိုင်းအုံ လာမယ့် ပျားတွေကို စောင့်နေတဲ့ ပျားရည် ဖြစ်ပြန်ရော။ ဒါပေမယ့် သူဘာ လုပ်လုပ် စိတ်မပူပါနဲ့။ ယောင်္ကျားတွေကို ညှို့ယူပြီး ပိုကောင်းတာ တွေ့ရင် သူ့ရင်ခုန်သံက အဲ့တစ်ယောက်ဆီ ပြောင်းသွား မှာပါပဲ။

image5

၁၂။ Miss မူပိုင်ရှင်
သူမကတော့ သင့်ဘ၀ရဲ့ ကြိုးဆွဲ ဆရာမကြီးပါပဲ။ သင်ဘာကို ၀တ်ရမယ်၊ ဘယ်ကို သွားရမယ်၊ ဘယ်သူကို ဘာပြော ရမယ်၊ ဘယ်သူငယ်ချင်းတွေ ရှိရမယ်၊ ဘာတွေ စားရမယ် ကအစ ညွှန်ကြား ပါလိမ့်မယ်။ သင်ကိုယ်တိုင် ရပ်တည်ဖို့ ကြိုးစားရင်တော့ လိင်ဆက်ဆံမှု ဖြတ်တောက်မယ်၊ ငိုမယ်၊ နှုတ်ခမ်း စူမယ်။ သူသုံးတဲ့ ပရိယာယ် အမျိုးမျိုးနဲ့ သူဖြစ်ချင် တာတွေကို မဟန့်တား နိုင်အောင် လုပ်မှာပါ။

image2

သတိ လေးတော့ ပေးပါရစေ ...
ဒါတွေက အဆိုးဆုံး တွေထဲက ဥပမာ တချို့ပဲ ဖြစ်ပါတယ်။ အနှုတ် လက္ခဏာ အရည်အချင်း တွေကိုပဲ မျှဝေတဲ့ မိန်းမတွေရဲ့ အခြားတစ်ဘက်မှာ ကောင်းတဲ့ မိန်းမတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် ဒီစာရင်း ထဲမှာပါတဲ့ မိန်းမ တွေကိုရှောင်နိုင် ရင်တော့ အကောင်းဆုံး ပါပဲ။

http://www.mymclub.net/main/index.php/mymhot/item/12-types-of-women-to-avoid မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...