Sunday, September 1, 2013

Miss Suprantional ပြိုင်ပွဲကြီး၏ နောက်ခံအကျဉ်း



• Miss Supranational ပြိုင်ပွဲကြီးသည် Top (5) စာရင်းဝင် International Grand Slam Beauty Pageant အဖြစ် အသိအမှတ်ပြုခြင်းခံထားရသော ထင်ရှားကျော်ကြားသည့် အဆင့်မြင့်နိုင်ငံတကာ အလှမယ် ပြိုင်ပွဲကြီး ဖြစ်ပါသည်။

• Panama နိုင်ငံ၊ World Beauty Association (WBA), SA အဖွဲ့ကြီးမှ တည်ထောင်ထားပြီး နှစ် စဉ်နိုင်ငံအသီးသီးမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပလျက်ရှိသော နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီး တစ်ပွဲဖြစ်သည်။
• Miss Supranational ပြိုင်ပွဲကို ၂၀၀၉ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပါသည်။
• ယခု၂၀၁၃ခုနှစ်တွင် (၅)ကြိမ်မြောက် Miss Suprantaional ပြိုင်ပွဲကြီးကိုသြဂုတ်လ (၁၇)ရက်မှ စက်တင်ဘာ (၇)ရက်နေ့အထိ Belarus နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပြတော့ဖြစ်ရာ နိုင်ငံပေါင်း (၈၀)ကျော်မှ ကိုယ်စားပြုအလှမယ်(၈၀)ကျော်တို့ ပါဝင်ယှဉ်ပြိုင်ကြတော့မည်ဖြစ်သည်။
• ပြိုင်ပွဲသက်တမ်းမှာ နုနယ်သေးသော်လည်း ပထမအကြိမ်၂၀၀၉ခုနှစ် နှင့် ဒုတိယအကြိမ်၂၀၁၀ခုနှစ် Miss Supranational ပြိုင်ပွဲများတွင် နိုင်ငံတကာပြိုင်ပွဲအားလုံးအနက်မှ အကောင်းဆုံး Stage ဆု ကို (၂)နှစ်ဆက်တိုက် Website များမှ ရွေးချယ်ချီးမြှင့်ခြင်းကို ခံခဲ့ရပါသည်။
• ၂၀၁၁ခုနှစ် Miss Supranational ပြိုင်ပွဲကြီးသည် ရုပ်သံလိုင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးမှ ကြည့်ရှုသူပရိသတ်အများဆုံး Top(3) Beauty Pageant အဖြစ် ရပ်တည်နိုင်ခဲ့သည်။
• ၂၀၁၂ခုနှစ် ပြိုင်ပွဲကြီးမှာ Bench Mark Setting အကောင်းဆုံး TV Show အဖြစ် ထပ်မံရွေးချယ်ခြင်း ခံခဲ့ရပါသည်။
• စတုတ္ထအကြိမ်မြောက် Miss Supranational 2012 ပြိုင်ပွဲကြီးသည် (၆၂)ကြိမ်မြောက် Miss World 2012 ပြိုင်ပွဲ၊ (၆၁)ကြိမ်မြောက် Miss Universe 2012 ပြိုင်ပွဲကြီးများနှင့် Levelတူ Top(3)အဆင့်တွင် နာမည်ကောင်းဖြင့် ရပ်တည်နိုင်ခဲ့ပါသည်။
• ဤသို့ဖြင့် Miss Supranational ပြိုင်ပွဲကြီးသည် (၄)နှစ်တာကာလအတွင်း အစဉ်အလာကြီးမားပြီး သက်တမ်းရှည်ကြာနေပြီဖြစ်သော Miss World ၊ Miss Universe ပြိုင်ပွဲကြီးများနှင့် တန်းတူ ရင်ပေါင်တန်းကာ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းမှာ အံ့မခန်းဖွယ်ပင်ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...