Saturday, September 7, 2013

ညီမလေးအတွက် စကားလက်ဆောင်(၁၉)

ညီမလေးရေ....
တောင်သာမြို့နယ်က ရွာသစ်ဆိုတဲ့ ရွာကလေးမှာ ဒေါ်တဆုပ် ဆိုတဲ့ အသက်၈၀ကျော် ရူးသွပ်နေတဲ့ အဘွားကြီး တစ်ယောက်ရှိတယ်။ နေစရာလည်း မရှိ။ စားစရာက တောင်းစားနေတော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် အသက် ၈၀ ကျော်မှ ၀မ်းရေးအတွက် လည်ပြီးတောင်းစားနေရရှာတယ်။

သူက အမြဲမရူးပါဘူး။ ခံစားချက် အရမ်းပြင်းထန်မှ ရူးသွပ်သွားတာ။

ဒေါ်တဆုပ် ငယ်ငယ်က ပေါ့။
မတဆုပ်ပာာ အပျိုဖျန်းလေးမို့ ရွာက ကာလသားတွေ သိပ်သဘောကျနေခဲ့တာ။ အင်မတန် ချောမောလှပတယ်။တစ်ကောင်ကြွက်ဆိုတော့ မွေးစားအမေ ဒေါ်တင်ထွေးနဲ့ အတူနေတယ်။

သူမကို ကြိတ်ပြီးကြိုက်နေတာက မောင်တင်ကြီးဆိုတဲ့ လူချမ်းသာရဲ့ သားပေါ့။ တိုတိုပြောရရင် မတဆုပ်ကို မောင်တင်ကြီးက တစ်နေ့မှာ မတရား စော်ကားလိုက်တယ်။

မတဆုပ်ပာာ မောင်တင်ကြီးနဲ့ သမီးလေးတစ်ယောက်ရပေမယ့် မောင်တင်ကြီးက သူ့ကိုယ်ဝန်မပာုတ်ပာု ငြင်းဆန်ခဲ့လို့ အဖေမပေါ်ဘဲမွေးခဲ့တယ်။

သမီးလေး စကားပြောတတ်စအရွယ်မှာ ရန်ကုန်က အရာရှိကြီးတစ်ဦးက မွေးစားဖို့ အပြီးခေါ်သွားတယ်။ မတဆုပ်ပာာ သမီးကို လွမ်းပြီး အရူးတစ်ပိုင်း ဖြစ်ခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ရူးသွပ်လာလိုက်တာ အရူးမကြီးတစ်ယောက် လုံးလုံး ဖြစ်သွားရရှာတယ်။

သမီးလေးကတော့ ကံကောင်းခဲ့တယ်။ ပညာကလည်းတတ်။ ငွေကလည်း ချမ်းသာ။ လင်ယောက်ျားကလည်း အကောင်။

သမီးလေးက ဒေါ်တဆုပ်ကို အမေအရင်းဆိုတာ သိပေမယ့် ရှက်နေတာထင်တယ်။ အဖက်မလုပ်ဘူး။ အသိအမှတ် မပြုဘူး။ တောင်းစားနေရရှာတဲ့ အမေအရင်းကို မိမိဂုဏ်သိက္ခာကို ငဲ့ပြီး ဖုန်းကွယ်နေတယ်။

လွန်ခဲ့တဲ့ ၁၃နှစ်က ၀န်ကြီးဦးအောင်သောင်း ရွာသစ်ကို ရောက်လာတော့ VIPအဖွဲ့ထဲမှာ သူ့ယောက်ျားပါတယ်။ ဒုဗိုလ်မှူးကြီး.........ပါ
ဒေါ်တဆုပ်ရဲ့ သားမက်ပေါ့ ။

သနားစရာဒေါ်တဆုပ်ကတော့ သမီးကို VIP အဖွဲ့ထဲမှာပါလာပေမယ့် မသိရှာဘူး။ သမီးကတော့ သိပါတယ်။ ဒေါ်တဆုပ်က လက်ကလေးမြှောက်ပြီး "၀န်ကြီးနှင့် အဖွဲ့ ကျန်းမာပါစေ"လို့အော်နေတယ်။ ဒီမြင်ကွင်းကို အကြောင်းသိသူတွေက စိတ်မကောင်းရှာဘူး။

အခုထိ ဒေါ်တဆုပ်ပာာ ရှိနေပါသေးတယ်။ သမီးကလည်း တော်တော် အဆင့်မြင့်သွားပြီ။ အမေကတော့ အသက်၈၀ကျော်အထိ အိမ်တကာလည်းပြီး တောင်ဝှေးတစ်ချောင်းနဲ့ ထမင်းတောင်းနေရရှာတယ်။

ညီမလေးရေ....
အရူးကလည်း အမေပါပဲ။ သမီးကို ချစ်လွန်း လွမ်းလွန်းလို့ ရူးခဲ့ရတာပါ။ နို့တစ်စက် တန်ဖိုးလေးတောင် ကျေးဇူးမသိတဲ့သမီးမျိုးကို လူတိုင်းမုန်းတီးကြတယ်။

အမေပာာ ကောင်းကောင်း ဆိုးဆိုး အမေပါပဲ။ ညီမလေးပာာ ဒီလို သမီးမိုက်မျိုးကို သင်ခန်းစာယူပြီး မိဘကို ပြစ်မထားပါနဲ့လို့ သတိပေးပါရစေ။
အားလုံးကို လေးစားခင်မင်လျက်
ပြည်ငြိမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...