Thursday, September 19, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၉)

သစ်ထူးလွင်



Posted: 19 Sep 2013 05:04 AM PDT

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တောင်းရမ်း စားသောက်သူတစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးရာ မြန်မာနိုင်ငံသား မဟုတ်ဘဲ မောင်တောမြို့နယ်တွင် နေထိုင်သည့် ဘင်္ဂါလီလူမျိုး တစ်ဦးဖြစ်သဖြင့် တရားစွဲဆိုခြင်း မပြုဘဲ စက်တင်ဘာ ၁၈ ရက်နေ့တွင် ရန်ကုန်မှတစ်ဆင့် မောင်တောသို့ ပို့ဆောင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ...်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်


Posted: 19 Sep 2013 04:55 AM PDT

လောင်းကစား ဒိုင်ချုပ်များကို အရေးယူမှုမပြုဘဲ လက်ခွဲဒိုင်များကိုသာ ဖမ်းဆီးမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်


Posted: 19 Sep 2013 03:39 AM PDT

မကွေးတိုင်း သရက်မြို့နယ်နဲ့ အောင်လံမြို့နယ်တွေမှာ ရေကြီးမှုကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် ရေနစ်မြုပ်ပြီး စိုက်ပျိုးမြေတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်း သရက်ခရိုင်အတွင်း အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ ရေလယ်ကျွန်းကျေးရွာမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် အခုလ ၁၇ ရက်နေ့ကတည်းက ကုန်းမြေမပေါ်တော့တဲ့အထိ တရွာလုံး ရေနစ်မြုပ်နေတယ်လို့ ဒေသခံရွာသား ဦးမြင့်အောင်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်


Posted: 19 Sep 2013 02:47 AM PDT

တရားသူကြီးက ယင်းအားဆဲဆိုခြိမ်းခြောက်၍ တရားစီရင်ရေးကို ဟန့်တားနှောင့်ယှက်ခြင်း ပြုလုပ်ဟုဆိုကာ လူနှစ်ဦးကို လှိုင်သာယာရဲစခန်းတွင် စက်တင်ဘာ ၁၇ ရက်က အမှုဖွင့် တိုင်တန်းလိုက်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး က ထုတ်ပြန်ထားသည်။ အမှုကို ရွှေပြည်သာမြို့နယ် နိဗ္ဗာန်လမ်း (၁၀)ရပ်ကွက် အမှတ်(၁၂၀၈)နေ လှိုင်သာယာမြို့နယ်၊ ဒု-တရားသူကြီး ဦးစိုးမင်းက အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်
သည်ဟု တိုင်းရဲဌာနက ဆိုထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Sep 2013 02:34 AM PDT
ရွှေပြည်သာမြို့နယ် လိပ်ကုန်း ကျေးရွာတွင် အမျိုးသားတစ်ဦးသည် အဖျားဝေဒနာ ခံစားနေရသော အသက်လေးနှစ်အရွယ် သမီးဖြစ်သူကို ဆေးခန်း၌ ကုသစဉ် ဆရာဝန်က ဆေးထိုးမှားသဖြင့် ဘယ်ဘက်ခြေ ထောက်အောက်ပိုင်းမှာ သိမ်ဝင်သွားကာ လမ်းမလျှောက်နိုင်တော့သည့် ဒုက္ခိတဘဝ ရောက်ခဲ့သည်ဟု ဆိုကာ ဆေးခန်းပိုင်ရှင် ဆရာဝန်ကို စက်တင်ဘာလ ၁၇ ရက်နေ့က အမှုဖွင့် တိုင်တန်းထားကြောင်း လှော်ကားနယ်မြေ ရဲစခန်းတွင် အရာရှိတစ်ဦးက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 19 Sep 2013 02:24 AM PDT

ရွာရဲ့ဝန်းကျင်တစ်ခုလုံးမှာ ကျယ်ပြောလှတဲ့ စပါးခင်တွေဟာ မျက်စိတဆုံး မြင်နေကြရသူတို့အဖို့ ဒီရွာလေးမှာနေထိုင်တဲ့ ဒေသခံတွေရဲ့  အသက်မွေးဝမ်းကြောင်း အလုပ်ဟာ ဆန်စပါး စိုက်ပျိုးခြင်း ဆိုတာ မမေးဘဲလူတိုင်း သိနိုင်ကြမှာဖြစ်ပါတယ်။ စပါးစိုက်ပျိုးခြင်းဟာ မြန်မာနိုင်ငံရဲ့ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်သလို ကရင်နီလူမျိုးတွေ အတွက်လည်း အဓိကအသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လယ်စောင့်နတ်ကို ပူဇော်ပသရန်အတွက် ပြင်ဆင်နေကြစဉ် (ဓါတ်ပုံ-ကေတီ)


Posted: 19 Sep 2013 02:18 AM PDT

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် လောပိတကျေးရွာ အထက်တန်းကျောင်းတွင် မိုးကြိုးပစ်၍ စစ်တောင်းဆောင်မှ စာသင်ခန်းတချို့ ထိခိုက်ပျက်စီးသွားသည်ဟု ကျောင်းစောင့်ဖြစ်သူ ဦးတင့်လွင်က ပြောသည်။ စက်တင်ဘာလ(၈)ရက်နေ့ တနင်္ဂနွေနေ့နံနက်(၁း၃၀) နာရီခွဲမိုးရွာသွန်းနေသည့်အချိ
န်တွင် မိုးကြိုးပစ်ချ ခဲ့ခြင်းဖြစ်ပြီး ၎င်းစစ်တောင်းဆောင်သည် ပထမတန်းမှ စတုတ္ထတန်းအထိ စာသင်ခန်းလေးခန်းရှိရာ ဒုတိယတန်းစာသင်ခန်းကို အဓိကထိမှန် ပျက်စီးသွားခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Sep 2013 02:05 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုင်းခေါင် ကျေးရွာအုပ်စု၌ အသက်၁၀နှစ်ကျော် ကလေးအရွယ်မှ စ၍ ယာဘသုံးစွဲကာ တောင်ယာ စိုက်ပျိုး လုပ်ကိုင်နေကြကြောင်း ဒေသတွင်း သတင်းအရ သိရှိရပါသည်။ “ယာဘက လူကို တက်ကြွ လန်းဆန်း စေတယ်၊အားရှိ စေတယ်ဆိုတော့ အရွယ်စုံ ယာဘသုံးပြီး အလုပ်လုပ်ကြတယ်။ ကျောင်းမတက်နိုင်ဘဲ တောင်ယာတွေမှာ အလုပ်လုပ်နေတဲ့ ကလေးတွေလည်း ယာဘသုံးကြတယ်။ ၁၀နှစ်ကျော်လေးတွေ။ အမျိုးသမီးအချို့လည်း သုံးကြတယ်” ဟုနမ္မတူဒေသခံ ခေတ်ပညာတတ် လူငယ်စိုင်းလောဝ်က ပြောပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Sep 2013 01:58 AM PDT

ပညာရေးဝန်ကြီးဌာနက နယ်စပ်ဒေသ ပြင်ပ စာသင်ကျောင်းများမှ ရွှေ့ပြောင်း လုပ်သားကလေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ပညာသင်ကြားခွင့် ပြုထားသော်လည်း ကရင်ပြည်နယ်နှင့် ကယားပြည်နယ်မှလွဲ၍ ကျန်ဒေသများတွင် လက်ခံမှု မရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းလုပ်သား ဆရာ၊ ဆရာမများ အစည်းအရုံး (တာခ့်ခရိုင်) မှ ပညာရေး အလုပ်အဖွဲ့ အတွင်းရေးမှူး ဦးနိုင်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 19 Sep 2013 12:45 AM PDT

မြန်မာနိုင်ငံသည် ယခင်က စစ်တပ်အုပ်ချုပ်ခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီစနစ်ဆီ ဦးတည်သွားနေပြီး စစ်တပ်၏အခန်း ကဏ္ဍကိုလည်း လျှော့ချနေပြီဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နောက်ပြန်သွားခြင်း မရှိစေရန် တပ်မတော်အနေဖြင့် တာဝန်ယူ ကြောင်းလည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။  ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စက်တင်ဘာ ၁၇ ရက်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်န ၀ပ်နှင့် ထိုင်းအစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Sep 2013 12:39 AM PDT

ထိုင်းမြန်မာ ၂ နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ်တွေ ဦးဆောင်ဆွေးနွေးတဲ့ ပထမဆုံးအကြိမ် ထိုင်း-မြန်မာအဆင့်မြင့် ကော်မတီ အစည်းအဝေး  ဒီကနေ့ ပြီးဆုံးသွားပြီဖြစ်ပြီး ၂ နိုင်ငံနယ်စပ် ရေပိုင်နက်၊ မြေပိုင်နက်၊ လုံခြုံရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခို တင်သွင်းမှု၊ တရားမ၀င် ၀င်ရောက်လုပ်ကိုင်မှု ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ အမည်မဖော်လိုသူ ထိုင်းအရာရှိတဦးက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Sep 2013 12:26 AM PDT

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (န.စ.က) ကို ဖျက်သိမ်းလိုက်သော်လည်း ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် လုံခြုံရေးအင်အား လုံလောက်စွာ ချထားကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ၂၀၁၃- ၁၄ ခုနှစ် ဒုတိယ လေးလပတ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Sep 2013 12:23 AM PDT

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အသုံးစရိတ် ဘဏ္ဍာငွေများကို စစ်ဆေးရန် စာရင်းစစ် ပညာရှင်များ ပါဝင်သော ကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ တိုက်တွန်းချက်ကို လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပယ်ချလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Sep 2013 12:21 AM PDT

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မင်းဘူး၊ ပြည်၊ အောင်လံ၊ မကွေး မြို့နယ်တွေမှာ  ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ရေမြင့်တက်နေတဲ့အတွက် ဒေသခံတွေရေ ဘေးဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ဧရာဝတီမြစ်ရေမြင့်တက်နေပြီး မကွေးတိုင်း၊ မကွေး၊ မင်းဘူး၊ အောင်လံ နဲ့ ပဲခူးတိုင်း ပြည်မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မင်းဘူးမြို့ ရေးကြီးနေစဉ်


Posted: 19 Sep 2013 12:16 AM PDT

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အနီးမှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းနဲ့ စက်မှုဇုန် ဒီစီမံကိန်းတွေကြောင့် အိမ်ခြံမြေဈေးတွေ တက်နေပါတယ်။ ပဲခူးမြို့ဝန်းကျင်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း၊ စက်မှုဇုန်စီမံကိန်းတွေ၊  မြို့ပြအိမ်ရာဖွံ့ဖြိုးရေးစီး
မံကိန်းနဲ့ အထူးစိုက်ပျိုးမြေစီမံကိန်းတွေ အကောင်အထည်ဖော်နေတာကြောင့် ခုလိုအိမ်ခြံမြေဈေးတွေ တက်လာတာဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Sep 2013 12:11 AM PDT

မြန်မာပြည် အနှံ့အပြားတွင် ရောင်းချနေသော Rocker အချိုရည်များကို ဈေးကွက်များအတွင်းမှပြန်လည် ရုပ်သိမ်းပေးရန် စက်တင်ဘာ ၁၇ ရက်တွင် ညွှန်ကြားထားသည်ဟု မြန်မာနိုင်ငံအစားသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဋ္ဌာနမှ ဒု-ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောကြားသည်။ “ဈေးကွက်အနှံ့အပြားက အချိုရည်တွေကို နမူနာယူပြီး ပြည်သူ့ကျန်းမာရေးဋ္ဌာနမှာ ဓာတ်ခွဲစစ်ဆေးပါတယ်။ ဓာတ်ခွဲစမ်းသပ်မှုအရ စားသုံးသူအတွက် ဘေးအန္တရာယ်ရှိတဲ့ အနေထားမျိုးတော့ မတွေ့ရဘူး။ ဒီ အချိုရည်က ကျွန်တော်တို့ဌာနမှာ မှတ်ပုံတင်ထားပြီး စိစစ်နေဆဲကာလမှာ ဈေးကွက်ထဲရောက်ရှိနေတာဖြစ်တယ်။ နောက်ပြီး တခြားကိစ္စတွေနဲ့လည်း မကိုက်ညီတာဖြစ်တဲ့အတွက် ဥပဒေနဲ့ မကိုက်ညီတဲ့ ပစ္စည်းတွေကို ပြန်လည် ရုပ်သိမ်းခိုင်း ရခြင်းဖြစ်တယ်” ဟုပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Sep 2013 12:00 AM PDT

မြန်မာနှင့် ထိုင်း နယ်စပ်ရှိ မြဝတီ-မဲဆောက်နှင့် တာချီလိတ်-မယ်ဆိုင်တို့တွင် စက်မှုဇုန်များ တည်ဆောက်ရေး ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှုရေး တိုးတက်မှု ဘုတ်အဖွဲ့ (NESDB) က လေ့လာကာ အဆိုပြုလွှာ တင်ပြသွားမည် ဖြစ်ကြောင်း ထိုင်း ပြည်ထဲရေးဝန်ကြီး၏ ပြောဆိုချက်ကို ကိုးကား၍ ဘန်ကောက် ပိုစ့်သတင်းစာတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Sep 2013 11:58 PM PDT

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် ရောင်းချပေးနေသည်ဟု ဆိုထားသော ကျပ် ၁၅၀၀ တန်တယ်လီဖုန်း ဆင်းမ်ကတ်များကို မဲနှိုက်ရောင်းချခြင်း မပြုဘဲ အလွဲသုံးစားလုပ်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို နာမည် အတိအကျဖြင့် တိုင်ကြားလာပါက အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Sep 2013 11:55 PM PDT

မိုးကတစိမ့်စိမ့်စွေနေသည်။ မိုး ရေထဲတွင်သာ တောက်လျှောက်အလုပ် လုပ်နေရ၍ တစ်ကိုယ်လုံးလည်း အေး စက်နေပြီ။ မတတ်နိုင်။  ဆောက်လက်စ တိုက်ပေါ် တက် လိုက်ဆင်းလိုက်၊ တစ် ခါ ထမ်းလိုက်ပိုးလိုက်နှင့်။ မိုးအေးအေး တွင်တစ်ကိုယ်လုံးကိုက်ခဲနေပြီဟု ဆောက် လုပ်ရေးကျပန်းလုပ်သားတစ်ဦးဖြစ်
သူ ကိုမောင်ဦးက ပြောသ ည်။ အနာသိဆေးရှိပါသည်။ မိုးအေး အေးတွင် အလုပ်ပင်ပန်းဒဏ်နှင့် အချိန် မရွေးဖျားနာဒဏ်ကို ကာကွယ်နိုင်ရန် မခက်ခဲပါ။ နေရာအနှံ့ ဆေးပေးခန်း များက အများ အပြားမဟုတ်လား။ သို့ သော် ထိုစကားကအမှန်တရားဆိုသော် ငြား သူတို့လိုဘဝသမားများအတွက်က တော့ ဂွကျကျစကားဖြစ်မည်။ ----
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Sep 2013 11:52 PM PDT

ခင်ဦး-မုံရွာ မီးရထားလမ်းရှိ တံတားအမှတ်(၃၀၆)မှာ ရေတိုက်စား ၍ ပျက်စီးနေသော်လည်း ရထားစက် ခေါင်းမောင်း၏ သတိနှင့်လုပ်ငန်း အတွေ့အကြုံအရခရီးသည် ၂၀၀ ခန့် ၏ အသက်နှင့် ရထားပျက်စီးဆုံးရှုံးမှုတို့ ဘေးအန္တရာယ်ကြားမှ ကာကွယ်နိုင်ခဲ့ ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးဘူတာမှ မီးရထားစက်ခေါင်း အမှတ် (DD-၉၄၉)၊ ရထားအမှတ် (၆၀) အစုန် လူစီးလော်ကယ်ရထားမှာ စက်ခေါင်းမောင်း(၂) ဦးခင်ဦး၊ လက်ထောက်(၁) ဦးအောင်ကျော်ဦး၊ ရထားထိန်း ဦးအောင်မြင့် ခိုင်တို့သည် စက်တင်ဘာ ၁၂ ရက် နံနက် ၅ နာရီ တွင် မုံရွာသို့ စတင်ထွက်ခွာလာခဲ့ ကြောင်း၊ မိုးမှောင်ကျနေပြီး အလင်း ရောင် ထင်ထင်ရှားရှား မမြင်ရသေး၍ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Sep 2013 11:49 PM PDT

ရန်ကုန်၊ စက်တင်ဘာ ၁၉

၁၉.၉.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်တွင် ပုဂံ မှ ရန်ကုန်သို့ ထွက်ခွာလာသည့် စက်ခေါင်းအမှတ် DF 2059 ပုဂံ-ရန်ကုန်အဆန် အထူးရထားသည် ခရီးသည်(၁၅၀)ဦးခန့်တင်ဆောင်၍ မောင်းနှင်လာစဉ် တိုက်ကြီးမြို့နယ်၊ ဥက္ကံဘူတာအနီး၊ ရထားလမ်း မိုင်တိုင်အမှတ် ၅၆/၁၇ နှင့် ၅၆/၁၈ အကြားတွင် ရထားတွဲ(၇)တွဲရှိသည့်အနက် စက်ခေါင်း၏နောက် (၃)တွဲမြောက် ရထားတွဲမှာ ဘီးချော်ကာ
ယာဘက်သို့ကျသွားခဲ့ပါသည်။

အဆိုပါရထားဘီးချော်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်းနှင့် တာဝန်ရှိသူများ ရောက်ရှိကာ ရထား ပြန်လည်မောင်းနှင်ထွက်ခွာနိုင်ေ
ရး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ရန်ကုန်- ထားဝယ် အမှတ် (၁၇၆) အစုန် အမြန်ရထား တိမ်းမှောက်စဉ်တွေ့ ရပုံ။ 

Posted: 18 Sep 2013 08:27 PM PDT

၁၅- ၉ -၂၀၁၃ ရက်နေ့ (၂၃.၃၀)အချိန်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ ရန်ကုန်မန္တလေး အဝေးပြေး လမ်းမကြီး၊ ဆေးရုံကြီး လမ်းဆုံတွင် သောက်စား မူးယစ်မောင်းနှင်လာသည့် ဆိုင်ကယ်တစီးမှ ဆိုက္ကားကို ၀င်တိုက်မိတာကြောင့် ခရီးသည် နှစ်ဦး ဒဏ်ရာရသွား ကြောင်း သတင်းရရှိပါတယ်။ အဆိုပါ ဆိုင်ကယ် မောင်းနှင်လာသော ယာဉ်မောင်း၊ ဗိုလ်ဆွေလင်းအောင် ကြည်း ၆၀၉၂၄ ၊ ခမရ (၅၅၃)၊ မိုင်းဆတ် နေသူ မောင်းနှင်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Sep 2013 07:18 PM PDT

စင်္ကာပူနိုင်ငံ တဝှမ်း စီးနင်း ရှာဖွေမှုတွေအတွင်း နိုင်ငံတကာ ဘောလုံးပွဲတွေမှာ ဘောလုံးသမား တွေကို လာဘ်ထိုးပြီး ဂိုးအရေအတွက် အကြံအဖန် လုပ်တဲ့ လောင်းကစားဂိုဏ်းရဲ့ ခေါင်းဆောင်လို့ ယူဆရသူ တဦးနဲ့ တခြား လူ၁၃ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ Interpol နိုင်ငံတကာ ရဲအဖွဲ့က ပြောပါတယ်။ စင်္ကာပူရဲတပ်ဖွဲ့နဲ့ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်နေဖွယ် ရှိတဲ့ အမျိုးသား ၁၂ဦးနဲ့ အမျိုးသမီး ၂ဦးတို့ကိုလည်း Interpol နိုင်ငံတကာ ရဲအဖွဲ့က စစ်ဆေး မေးမြန်းနေတယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘောလုံးပွဲ အကြံအဖန် လုပ်တဲ့ လောင်းကစား ဂိုဏ်းတွေကို Interpol နိုင်ငံတကာရဲက စုံစမ်းစစ်ဆေးနေ

Posted: 18 Sep 2013 07:11 PM PDT

မြေသိမ်း၊ ယာသိမ်းကိစ္စတွေဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် အတားအဆီးဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စစ်ဆေးရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဒီနေ့ ပြောပါတယ်။ ဒီနေ့ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ YMCA ခန်းမမှာ ဗိုလ်တထောင်မြို့နယ်အတွင်းက မြေသိမ်းခံရသူတွေနဲ့ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စစ်ဆေးရေးအဖွဲ့ဝင်တွေ တွေ့ဆုံပွဲအပြီး မြေယာသိမ်းဆည်းတာတွေနဲ့ ပတ်သက်လို့ RFAရဲ့ မေးမြန်းချက်ကို ဦးအောင်သိန်းလင်းက အခုလိုဖြေကြားခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Sep 2013 07:19 PM PDT
မြန်မာနိုင်ငံတွင်းက မြို့တခိျု့မှာ မြစ်ရေ ကြီးပြီး ရေလွှမ်းနေတဲ့ အချိန်မှာဘဲ နောက်ထပ် မြို့နယ်တခိျု့မှာ ရေဖုံးလွှမ်းနိုင်ဖို့ အလားအလာ တွေ ရှိနေတယ်လို့ နာဆာ ဂြိုလ်တု တိုင်းတာ ချက်တွေအရ သိရကြောင်း မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ နာဆာဂြိုလ်တုက မိုးလေဝသ အခြေအနေကို တနာရီခွဲကြာ တိုင်းထွာ တွက်ချက်နေပြီး ၆နာရီကြာ တခါ website ပေါ် တင်ပေးနေတယ်လို့ ဆိုပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လောလောဆယ် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရေကြီးနေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...