Wednesday, September 4, 2013

အဘွားတစ်ယောက်ရဲ့ မေတ္တာ


အယ်လ်ဇိုင်းမားရောဂါဖြစ်နေတဲ့ အဘွားတစ်ယောက်မှာ ဂျစ်ကန်ကန်မြေးမလေးတစ်ယောက်ရှိတယ် ။ထမင်းပေါင်းအိုးတောင်အသုံးမပြုတတ်တဲ့ အဘွားဟာ မြေးမလေး ဗိုက်ဆာနေလို့ဆိုပြီး အပြင်ကိုထွက်ပြီး စားစရာတစ်ခုသွားဝယ်ပါတယ် ။ လမ်းမှာတင် ရောဂါထပြီး အကုန်မေ့သွားတော့တယ် ။ သူဘယ်သူလဲ ဘယ်ကလာသလဲ အိမ်လိပ်စာဘာလဲ ဆိုတာတောင် မသိတော့ဘူး ။ဒါပေမယ့် သူမှတ်မိတာက သူ့မြေးလေးဗိုက်ဆာနေပြီ အမြန်ပြန်ရမယ်ဆိုတာလေးပဲ မှတ်မိပါတော့တယ်။တွေ့တဲ့လူတိုင်းကို အကူအညီတောင်းပေမယ့် ဘာမှမသိတဲ့ အဘွားအိုကို ဘယ်သူမှမကူညီကြဘူး။ဒီလိုနဲ့ညနက်လာတဲ့အခါ အလုပ်ကပြန်လာတဲ့ သားနဲ့ချွေးမက အဘွားကိုမတွေ့လို့ သမီးကိုမေးတော့ မြေးမလေးကလည်း သတိမထားမိဘူးပဲပြောတယ်.။သားနဲ့ချွေးမက တမြို့လုံးပတ်လိုက်ရှာတော့ ကြက်ကင်လေးလက်ကဆွဲပြီး ယောင်လည်လည်ဖြစ်နေတဲ့ အဖွားကိုသွားတွေ့ရပါတော့တယ် ။အဘွားအိုဟာ သူ့သားနဲ့ချွေးမကိုတောင် မမှတ်မိပဲ ။သူ့မြေးလေး ဗိုက်ဆာနေပြီ သူ့အမြန်ပြန်ရမယ်လိုက်ပို့ပါလို့ငိုပြီ့းတောင်းပန်ရှာပါတယ် ။အဲဒီအချိန်လိုက်လာတဲ့မြေးလေးကလည်းအဘွားကိုတွေ့ပါတယ်။အဘွားကလည်းမြေးလေးကိုမြင်တော့ အားရဝမ်းသားပြေးသွားပြီး သူဝယ်လာတဲ့မုန့်တွေ အတင်းကျွေးပါတော့တယ် ။ကိုယ့်နာမည်ကိုယ့်သားကိုတောင် မမှတ်မိတော့တာတောင် မြေးလေးဗိုက်ဆာနေတယ်အမြန်ပြန်ရမယ်ဆိုတဲ့ ချစ်ခြင်းမေတ္တာ သံယောဇဉ်အင်အားဟာ သိပ်ကြည်နူးဖို့ကောင်းတယ် ။ အယ်လ်ဇိုင်းမားရောဂါရှိရင်လည်း ဝေဒနာ ခံစားရသူတွေကို ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတဲ့ သတိထားစရာတွေလည်းရလာပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...