Thursday, September 5, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၉)

သစ်ထူးလွင်



Posted: 05 Sep 2013 07:16 AM PDT

၃၀.၈.၂၀၁၃(သောကြာနေ့) ည၊ ၇ နာရီ ခွဲ ၀န်းကျင်တွင် ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ လမ်းသွယ်(၄) လမ်းရှိ သပြေဆန်း ဂိမ်းဆိုင်ရှေ့တွင် ဖွင့်ထားသော အအေးဆိုင်တွင် မွတ်စလင်လူငယ်များ အုပ်စုဖွဲ့၍ မြန်မာတက္ကသိုလ် ကျောင်းသား နှစ်ဦးအား အအေးဆိုင်ထဲ ၀င်ရောက် ရိုက်မှု
ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မောင် ------  နှင့် သူငယ်ချင်း လေးယောက် စကားပြောနေစဉ် တစ်ခါမှ မမြင်ဖူး၊ မသိကျွမ်းဖူးသော မွတ်စလင် ၁၃ယောက် လောက်က မောင် --- -- နှင့် သူ့သူငယ်ချင်း  မောင် --- -- တို့ကို မွတ်စလင် ၁၃ယောက် အုပ်စုလိုက် ၀င်ရိုက်သဖြင့် ဘေးပတ်ဝန်းကျင်မှ လူများဝိုင်းဆွဲ သဖြင့် ထို့လူများ ထွက်ပြေးသွားကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 06:50 AM PDT
ပဲခူးမြို့၊ရွှေမော်ဓောဘုရားလမ်းရှိ၊ သီရိဟံသာ ခန်းမတွင်(၅.၉.၂၀၁၃) နေ့မှာ ကျင်းပသော မြို့နယ်လပတ်အစည်းအဝေး၌ မြို့နယ် မြေစာရင်းမှူး ဦးမင်းသော်တာက ပဲခူးမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများအား လယ်ယာမြေ မှတ်ပုံတင်ခြင်း ကိစ္စနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေး မှူးများ၏ ဆောင်ရွက်မှုကို မကျေနပ်၍ ယုတ်ရင်းကြမ်းတမ်းသော စကားများဖြင့် ဆဲရေးတိုင်ထွာပြောဆို ခဲ့ကြောင်း သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 06:37 AM PDT

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျပ်သိန်း ၁၀၀အောက် တန်ဖိုးနည်း အိမ်ယာစီမံကိန်း မန်းတွင် စတင်အ ကောင်ထည် ဖော်နေပြီ ဖြစ်ကြောင်း မန်းစည်ပင်မှ သတင်းရရှိသည်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်သာယာရပ်ကွက်နှင့် မြရည်နန္ဒာ ရပ်ကွက်အတွင်းရှိ မမ-၁၅နှင့် မမ-၂၆အကွက်များတွင် စတင်အ အကောင်ထည် ဖော်လျှက်ရှိပြီး အထပ်အလိုက် ဈေးကွာခြားသွားနိုင် သော်လည်း ကျပ်သိန်း၁၀၀အောက်သာ ကျသင့်မည်ဖြစ်ပြီး အဆိုပါ ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ရောင်းမှားဝယ် မှားများကို ဦးစားပေး ရောင်းချပေးသွား မည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မန်းစည် ပင် အဆောက်အဦနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က ပြောသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Sep 2013 06:32 AM PDT

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် ၇၇ လမ်း နှင့် ၂၆ x ၂၇ လမ်းရှိ တိုင်းဒေသကြီး လျှပ်စစ်ရုံး လျှပ်စစ်ဝန်ထမ်းအရာရှိရိပ်သာ ငါးလွှာတွင် အမျိုးသမီးတစ်ဦးကို သတ်၍
ရွှေနှင့်ငွေများ ခိုးယူခဲ့ကြောင်း အမှတ် (၈) မြို့မရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ရုံး လျှပ်စစ်ဝန်ထမ်း အရာရှိရိပ်သာ ငါးလွှာ အခန်းအမှတ် B-8 လက်ထောက် အင်ဂျင်နီယာ ဒေါ်မိုးသူဇာနေထိုင်သော တိုက်ခန်းတွင် ဒေါ်မိုးသူဇာ၏ အဒေါ်ဖြစ်သူ ဒေါ်သန်းထွေး (ခ) ဒေါ်အေးလေး (၆၃နှစ်) သည် စက်တင်ဘာလ ၄ ရက်နေ့တွင် အနုကြမ်းစီးခံရ၍ လည်ပင်းပြတ်ရှဒဏ်ရာ များနှင့် သေဆုံးနေကြောင်း အမှတ် (၈) မြို့မ ရဲစခန်းထံမှ သိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 06:29 AM PDT

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့၌ အလုပ်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သူ အစ္စလာမ်ဘာသာဝင် အမျိုးသားကို စက်တင်ဘာလ ၄ ရက်တွင် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ အမျိုးသားကို ကန့်ဘလူမြို့နယ် တရားရုံးက ပုဒ်မ ၃၇၆ ဖြင့် ထောင်ဒဏ်ငါးနှစ်နှင့် ပုဒ်မ ၅၁၁ ဖြင့် ထောင်ဒဏ် ၂ နှစ်ကို သီးခြားစီကျခံစေရန် ချမှတ်ခဲ့ပြီး မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ယနေ့ မွန်းလွဲ ၃နာရီတွင် ပို့ဆောင်လိုက်ကြောင်း ကန့်ဘလူမြို့ခံတစ်ဦးက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Sep 2013 06:16 AM PDT
အရွယ်ရောက်သူ ဦးရေရဲ့ ၁၂ ရာနှုန်းနီးပါး ဆီးချိုဖြစ်နေ

ကမ္ဘာပေါ်မှာ ဆီးချိုရောဂါ ဖြစ်ပွားသူ အရေအတွက် အများဆုံးဟာ တရုတ်နိုင်ငံ ဖြစ်တယ်လို့ သိပ္ပံဆိုင်ရာ လေ့လာဆန်းစစ်ချက် တစ်ခုမှာ ခန့်မှန်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ အရွယ်ရောက်သူ လူ ၁၁၄ သန်း နီးပါးလောက် ဆီးချိုရောဂါ ဖြစ်နေကြတယ်လို့ အဲဒီလေ့လာချက်က ပြောပါတယ်။

အမေရိကန် ဆေးပညာ အသင်းက ထုတ်ဝေတဲ့ ဂျာနယ်မှာ အခုလို လေ့လာတွေ့ရှိချက်ကို ဖော်ပြထားတာ ဖြစ်ပြီး၊ ရာခိုင်နှုန်းအားဖြင့် တရုတ်မှာ အရွယ်ရောက်သူတွေထဲက ၁၁ ဒသမ ၆ ရာခိုင်နှုန်း ဆီးချိုဖြစ်နေတာလို့ ဆိုပါတယ်။

ဒါဟာ အမေရိကန်မှာ ဖြစ်နေတဲ့ ရာခိုင်နှုန်းထက် အများကြီး မြင့်မားနေတယ်လို့ လည်းပြောပါတယ်။

၂၀၁၀ ခုနှစ်က အချက်အလက်တွေကို အခြေခံပြီး ပြုစုထားတဲ့ ဒီလေ့လာချက်မှာ ဖေါ်ပြထားတာကတော့ တရုတ်မှာ လူနေမှုဘဝနဲ့ အစားအသောက် စားသုံးတဲ့ ပုံစံ ပြောင်းလဲလာတောကြာင့် အခုလို ဖြစ်ရတာလို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Posted: 05 Sep 2013 03:15 AM PDT

နှစ်ပေါင်းကြာရှည်စွာ နိုင်ငံတကာအလယ် အထီးကျန်ခဲ့ရသော မြန်မာနိုင်ငံ၏ ရှေးဟောင်း အနုပညာလက်ရာများကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Asia Society ပြတိုက်တွင်ပြသနိုင်ရန် ပြတိုက်တာဝန်ရှိသူများနှင့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ တာဝန်ရှိသူများ ညှိနှိုင်းစီစဉ်လျက် ရှိကြောင်း ယင်းဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းလွင်က ပြော ကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 03:07 AM PDT

အမေရိကန် ဆီးနိတ်လွှတ်တော်မှာ ဆီးရီးယားကိုတိုက်ဖို့ အဆို နိုင်သွားပေမယ့် အမေရိကန်ကွန်ဂရက်က သည်ဆီးရီးယား ကိစ္စနဲ့ ပက်သက်ပြီး စင်တင်ဘာလ ၉ ရက်နေ့ မှာ ဆွေးနွေးမှာဖြစ်ပြီး အဲ့သည့်ဆုံးဖြတ်ချက်က ဆီးရီးယားကို တိုက်မယ်ဆိုရင် ရွှေဈေးက ထိုးတက်သွားမှာပါ။

ပန်းဘဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ရှင် ဦးဇော်အောင်က " အမေရိကန် ကွန်ဂရက်ကထွက်လာမယ့် ဆုံးဖြတ်ချက်က အဓိကကျတယ်။ သမ္မတအိုဘားမားက သူ့မိန့်ခွန်းတချို့မှာ မတိုက်ချင်သလိုပြော တာမျိုးတွေရှိတဲ့ အတွက်ရွှေဈေးက နည်းနည်းကျသွားတယ်။ ဆီး ရီးယားကို မတိုက်ဖြစ်ရင်တော့ရွှေဈေးက အေးနိုင်ပါတယ်" လို့ပြောပါတယ်။

ယနေ့မှာ ကမ္ဘာ့ရွှေဈေးက မနေ့က တစ်အောင်စကို ၁၄၁၀ ဒေါ်လာကနေဒီနေ တစ်အောင်စကို ၁၃၈၈ ဒေါ်လာအထိ ကျပြီး မြန်မာ့ရွှေဈေးက မနေ့ကတစ်ကျပ်သားကို ကျပ်၇၂၅,၀၀၀ ကနေ ယနေ့ တစ်ကျပ်သားကို ကျပ်၇၁၉,၀၀၀ ၀န်းကျင်အထိကျတစ်ရက်တည်းနဲ့ ကျလာခဲ့ပါတယ်။

Author အေးလပြည့်
The Modern News Journal


Posted: 05 Sep 2013 03:01 AM PDT

တရား မဝင် နေထိုင်သူများကို စတင်ဖမ်း ဆီးနေသည့် မလေးရှားနိုင်ငံတွင် အထောက်အထား မပြည့်စုံသည့် မြန်မာလုပ်သားများမှာ ယခုအခါ သစ်တောများအတွင်း ပုန်းခိုအိပ် စက်နေရကြောင်းနှင့် မြန်မာ အစိုးရ ၏အကူအညီကို မျှော်လင့်လျက် ရှိနေကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသတင်း ရင်းမြစ်များထံမှ သိရသည်။ ၂၀၁၃ စက်တင်ဘာ ၁ ရက် မှ ဒီဇင်ဘာလကုန်ပိုင်း အထိသတ် မှတ်ထားသည့် တရားမဝင်နေထိုင် သူများ ဖမ်းဆီးရေးစီမံချက်အရ လေးရက်အတွင်း၌ မြန်မာအလုပ် သမားဖမ်းဆီးခံရမှုသည် လူဦးရေ ၅၅ဝကျော်ဖြင့် ဒုတိယအများဆုံး ဖြစ်နေပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကယ်သူမဲ့ မလေးရောက်မြန်မာများ မြန်မာအစိုးရ အကူအညီ အားကိုတကြီးမျှော်လင့် ။ ဓါတ်ပုံ - မလေးရှားရောက်မြန်မာများ


Posted: 05 Sep 2013 02:51 AM PDT

၎.၉.၂၀၁၃: ယနေ့ အိုဗာစတေး သမားများ ကို ဖမ်းဆီးတဲ့ OPS 6P အစီအစဉ်ရဲ့ ၄ ရက်နေ့ မြောက်အနေဖြင့် မလေးရှားအစိုးရရဲ့ ကြေငြာချက် ကို ယနေ့ Thestar သတင်းစာမှ ဖော်ပြသွားသည် ။ပြီးခဲ့သည့် တနင်္ဂနွေနေ့ က Negri Sem­bilan ရှိ ဆောက်လုပ်ရေး တစ်ခုအား ဝင်ရောက်စီးနင်းမှု့တွင် အဆိုပါ ဆိုဒ်ရှိ တရားမဝင်နေထိုင်သူ တစ်ဦး မှ ရုတ်တရက် ပစ်စတို သေနတ်တစ်လက်ထုတ်ကာ ဖမ်းဆီးသည့် အရာရှိအား ချိန်၍ ပစ်ရန်ကြံစည်မှု့တစ်ခု ကို အမှတ်မထင်တွေ့ကြုံရကြောင်း မလေးရှား လဝက အရာရှိ ဒါတွတ် အလီယတ် အာမက်က ယနေ့ သတင်းစာတွင် ပြောကြားကြောင်း သိရသည် ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Sep 2013 02:43 AM PDT
မလေးရှားနိုင်ငံ ပန်ဒန် မီဝါရှိရေမြောင်း တစ်ခုအတွင်း ဓားဒဏ်ရာ များနှင့် ဆိုးဆိုး ရွားရွား ခေါင်းဖြတ်ထားသော မြန်မာအမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရသည် ဟု သိရသည်။ မြန်မာအမျိုးသား တစ်ဦး ၏ အလောင်းကို တွေ့ရှိရသည့် နေရာမှာ ဈေးဆိုင်တန်းတစ်ခု အနီးရှိ ရေမြောင်း တစ်ခုအတွင်း ဖြစ်ပြီး ဖြတ်သွားဖြတ်လာတို့ က တွေ့ရှိခဲ့ကြပြီးနောက် ရဲ တပ်ဖွဲ့ထံ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မလေးရှားမှာ ထိမ်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမား တဦးအားတွေ့ ရစဉ်။ ဓါတ်ပုံ - ရိုက်တာ

Posted: 05 Sep 2013 02:35 AM PDT

ပြီးခဲ့သည့် ဩဂတ်စ်လ လကုန်ရက်တွင် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ ကျောင်းဆရာ ဆရာမများ လစာအပြည့်အဝ မရသဖြင့် ပညာ ရေးရုံးရှေ့တွင် စုရုံးရောက်ရှိခဲ့ကြကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ သတ်မှတ် ပညာရေး ဝန်ထမ်းလစာထက် ကျပ် ၅၀၀၀ လျော့နည်းနေသောကြောင့် စုရုံးရောက်ရှိ နေကြခြင်းဖြစ် ကြောင်း အောက်ပြည် အောက်ရွာမှ ပြောင်း ရွှေ့လာသည့် ဆရာမတဦးက ပြောကြောင်း ဒေသခံ အမျိုးသားတဦး ကပြောပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 02:24 AM PDT

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် မန့်ဟိုင်းကျေးရွာရှိ အမကကျောင်းမှ အသက် (၈) နှစ်ရှိ တတိယတန်း ကျောင်းသား တစ်ဦးအား ကျောင်းအုပ်ဆရာမက အကြိမ်ကြိမ်ရိုက်နှက်သဖြင့် ကျောင်းသားဦး နှောက်ထိ ခိုက်သွား ရပါသည်။ ယခုနှစ်ထဲမှာ ဒီကျောင်းသားလေးကိုဆရာမက ၃ ကြိမ် ၃ ခါ ရိုက်နှက်ခဲ့ပါသည်။ ပထမအကြိမ် ရိုက်နှက် စဉ်က လက်နှင့်ခေါင်းတွင် ထိမိသဖြင့်ဆေးရုံတင်လိုက်ရကြော
င်း၊ ဒုတိယအကြိမ် ကျောင်းသား၏ နားရွက် အား လက်ဝါးဖြင့် ရိုက်သဖြင့် နားမှ သွေးများထွက်လာကြောင်း၊ ယခုနောက်ဆုံးအကြိမ်တွင်မူ ပြီးခဲ့တဲ့ လ ၂၇ ရက် နေ့က နားရွက်ကို ပေါက်ပြဲ သွေးထွက်သည်အထိ ဆွဲလိမ်ဆုံးမသဖြင့် ကျောင်းသားမှာ ကြောက်လန့်ပြီး စိတ်မနှံ့သကဲ့သို့ ဖြစ်သွားခဲ့ရ ကြောင်း ဆိုပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 01:50 AM PDT
အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့် တစ်ယောက် တောင်းရမ်း၍ ရလာသော ပိုက်ဆံ ခပ်နွမ်းနွမ်းများကို ရေတွက်နေသည်။ ၎င်း၏ဘေးနားတွင် အသက်(၇)နှစ်အရွယ် မြေးယောက်ျားလေး တစ်ဦးကတော့ မုန့်ဆီကြော်ကို အားရပါးရ စားနေသည်။ ရရှိလာသောပိုက်ဆံများနှင့် မုန့်ဆီကြော်များ ကတော့ ဂန့်ဂါရွာ ဘုရားပွဲတွင် တောင်းရမ်းရာမှ ရရှိခဲ့ခြင်းဖြစ်သည်။ သမိုင်းဆရာတို့က သူတို့ကို ဘုရားကျွန်ဟု ဆိုကြပြီး သူဖုန်းစားများကတော့ သူတို့မှာ မာတင်္ဂမျိုးနွယ်စုမှ ဆင်းသက်လာသူများဟု ယုံကြည်နေကြပြီး သူတို့ထဲမှအချို့မှာ လက်ရှိအချိန်ထိ တောင်းရမ်းသူများလည်း ရှိနေသေးပါသည်။ ----
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 01:42 AM PDT

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး ခေါင်းဆောင်များ၏ မိန့်ခွန်းပြောကြားမှုကို ပုံမှန်နားထောင်လေ့ရှိသူ ကိုးရာခိုင်နှုန်းသာရှိကြောင်း Action Aid နှင့် Myanmar Ergress တို့ ပူးပေါင်း ကောက်ယူသော စစ်တမ်းအရ သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ၂၄ မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ နှစ်မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးရှိ လေးမြို့နယ်နှင့် ကရင်ပြည်နယ်အတွင်း လေးမြို့နယ်တို့ရှိ အစိုးရ၀န်ထမ်းများအပါအ၀င် ပြည်သူလူထု ၂၈၀၀ ကျော်ကို တစ်လကြာ မေးမြန်းစစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 01:14 AM PDT

ကြီးထွားမှုနှုန်း မြန်ဆန်သော အခရိုမီဂလီရောဂါ ကို ခံစားနေရသည့် အရပ် ၇ ပေ ၁၀ လက်မရှိသူ ဦးဝင်းဇော်ဦးကို စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီး၌ ခုနစ်နာရီကျော်ကြာ ခွဲစိတ်ကုသခဲ့ရာ ရာနှုန်းပြည့် အောင်မြင်မှုရရှိခဲ့ကြောင်း အသည်းအထူးကု ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက လမ်း ၃၀ ဆေးခန်း၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 01:09 AM PDT

စက်တင်ဘာ ၄ ရက်  နံနက် ၄ နာရီ ၁၅ မိနစ်က မန္တလေး အမရပူရမြို့နယ် မြစ်ငယ်မြို့ အောင်ချမ်းသာ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ  မြစ်ငယ်မြို့  အထက်တန်းကျောင်းလမ်းတွင်   နေထိုင်သော  ဦးသန်းအောင်  (စူပါမင်း တိပ်ခွေအငှားဆိုင်)မှ     စတင် လောင်ကျွမ်းခဲ့ခြင်း    ဖြစ်ကြောင်း၊    မီးလောင်မှုကြောင့် အနီးရှိလူနေအိမ်  ရှစ်လုံးနှင့် ဆိုင်ကယ်သုံးစီး မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 12:46 AM PDT

သင်္ဃန်းကျွန်းမြို့နယ်၊ (ခ) ရပ်ကွက်ရှိ အစ္စလာမ်ဘာသာရေး အ ထက်တန်းကျောင်းတွင် စက်တင်ဘာ ၄ ရက် နံနက် ၂ နာရီခန့်က မီးလန့်သည့် ကိစ္စကို အမှုမှန်ဖော်ထုတ်ရန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ ဂျာမိအာဆိုသော အဆိုပါ အစ္စလာမ်ဘာသာရေး အထက်တန်းကျောင်း၏ ဓနိဖြင့်မိုးထားသော ခေါင်မိုးပေါ်သို့ အင်ဂျင်ဝိုင်စိုနေသော အ၀တ်ပတ်ထားသည့် မီးတုတ်ပစ်တင်ခဲ့မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 12:26 AM PDT

နေပြည်တော်-ပျဉ်းမနား၊ မြင်းရတနာရုပ်တုနှင့် မင်္ဂလာကန်တော် ခန်းမ အနီးရှိ မီးပွိုင့်တွင် မီးနီ ပြနေသော်လည်း ဆိုင်ကယ် ဖြတ်မောင်း ၀င်လာသော “ရဲမေ” များအား နေပြည်တော် စည်ပင်ရုံးလမ်းတွင် တာဝန်ကျ ယာဉ်ထိန်းရဲများက ဖမ်းဆီး စစ်ဆေးနေသည်ကို သြဂုတ် ၃၁ ရက် နံနက်က တွေ့မြင်ရစဉ်။
မိုးယဉ်ညို(နေပြည်တော်)

မြန်မာသံတော်ဆင့်
Posted: 05 Sep 2013 12:12 AM PDT

 အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်းနှင့် နှစ်ဦးကို အမှတ်(၁၀၄)၊ နန်းမြိုင်လမ်း၊ ကွက် ပြင် ၅ရပ်ကွက်၊ ပြင်ဦးလွင်ရှိ ကျပ် သိန်းခြောက်သောင်းကျော်တန် ဖိုးရှိသောအချင်းဖြစ်မြေကို မရိုး သားစွာ ဝယ်ယူမှုဖြင့် ယခုအခါ တရားစွဲဆိုထားကြောင်း အဆိုပါ အမှု၏တရားလိုဖြစ်သူ ဦးစိုးဝင်း မိုးက ရန်ကုန်တိုင်းနေ့စဉ်သတင်း စာသို့ ထုတ်ဖော်ပြောကြားလိုက် သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း

Posted: 05 Sep 2013 12:03 AM PDT

ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နယ် သောက်ရေခပ်ဆည် စီမံကိန်းနယ် မြေမှ ဖယ်ရှားခံခဲ့ရသော ထုံးဘို ကျေးရွာ အိမ်ခြေ ၉၃အိမ်အတွက် သက်ဆိုင်ရာကုမ္ပဏီမှ နစ်နာကြေး အဖြစ် တစ်အိမ်ထောင်လျှင် ကျပ် သိန်း၃ဝ နှုန်းဖြင့် ကာယကံရှင်များ လက်ဝယ်သို့ အတိအကျပေးအပ် ခဲ့ပြီးဖြစ်သော်လည်း အသက်၁၃ နှစ်အရွယ်ရှိ မောင်ဇော်ဝင်းမောင် ဆိုသူမှာ ၄င်းတို့အိမ်အတွက်ရရှိ ခဲ့သောကျပ်သိန်း၃ဝအား သက် ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး က ပြန်လည် တောင်းယူသွားခြင်း ကို ခံလိုက်ရကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မောင်ဇော်ဝင်းမောင် (ထုံးဘိုကျေးရွာ ၊ တောင်ငူမြို့နယ်) 

Posted: 04 Sep 2013 11:53 PM PDT

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့နဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေ ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ စက်တင်ဘာ ၃ ရက်နေ့ မနေ့ မနက်က ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချူပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ UWSA အဖွဲ့က တောင်းဆိုနေ တဲ့ ပြည်နယ်ကိစ္စ ပြောဆိုလိုက်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က RFA ကိုပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဇူလိုင်လ ၁၇ ရက်နေ့မှာ သတင်းမီဒီယာများနဲ့ တွေ့ဆုံစဉ်
photo: RFA/ Win Naung Toe

Posted: 04 Sep 2013 11:46 PM PDT

မြေနေရာငှားရမ်းထားမှု သက်တမ်း စေ့တော့မည်ဖြစ်သဖြင့် ထိုင်း- မြန်မာ နယ်စပ် မဲဆောက်မြို့အနီးတွင် ဖွင့်လှစ် ထားသော မယ်တော်ဆေးခန်းအား နေ ရာပြောင်းေ ရွှ့ဖွင့်လှစ်ရမည်ဖြစ်ပြီး ယင်း အတွက် ဂျပန်အစိုးရက ထိုင်းဘတ်ငွေ ၃ သန်းခန့် ထောက်ပံ့မည်ဟု သိရသည်။ ”အဓိက ကတော့ အခု မယ်တော် ဆေးခန်းဖွင့်ထားတဲ့ မြေနေရာက ထိုင်း မိသားစုတစ်စုဆီကနေ ငှားထားတာလေ။ အခုသူတို့က မြေကိုပြန်ယူတော့မယ်။ မငှားတော့ ဘူးဆိုတော့ ပြောင်းရွှေ့ဖို့ပြင် ဆင်ရတာပါ” ဟု မယ်တော် ဆေးခန်း၏ ထရိန်နင်မန်နေဂျာ နော်အိသွဘော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Sep 2013 11:41 PM PDT

ကိုရီးယား အလုပ်အကိုင်စာချုပ် ဖောက်ဖျက်၍ ထွက်ပြေးသူများကို သတ်မှတ်ချိန်အတွင်း မြန်မာသို့ ပြန်မ ခေါ်နိုင်ပါက ကျပ်သိန်း ၃ဝ အလျော် ခိုင်းတော့မည်ဖြစ်ေ ကြာင်း အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သိရသည်။ အလုပ်မှ ထွက်ပြေးပါက ကျပ် သိန်း ၃ဝ လျော်ရမည်ဟု အလုပ်အ ကိုင်စာချုပ်တွင် ပါရှိသော်လည်း ယခင် က ထိုသို့ အလျော်ခိုင်းခြင်းမျိုး မရှိခဲ့ ကြောင်း၊ ယခုအခါ ထွက်ပြေးသူများလာ ၍ ထိုသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Sep 2013 11:16 PM PDT

ရန်ကုန်မြို့တော်တွင် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့အထိ ဖမ်းဆီးမိခဲ့သော ဆင်ဆာမဲ့ခွေ နှစ်သိန်းနီးပါးကို စက်တင်ဘာလ ၄ ရက်နေ့ နံနက်က ကမာရွတ်မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ်ပြတိုက်တွင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့သည်။ "ညစ်ညမ်းစွာ ရိုက်ထားတာတွေကို အတုယူကြပြီး လက်တွေ့စမ်းသပ် ကျူးလွန်တာတွေကြောင့် သက်ငယ်မုဒိမ်းမှုတွေ ဖြစ်လာတယ်။ ပြီးတော့ ဥပဒေကို မျက်ကွယ်ပြုပြီး အနုပညာရှင်တွေနဲ့ ထုတ်လုပ်သူတွေရဲ့ ကာယနဲ့ ဉာဏအားတွေကို မတရား ခေါင်းပုံဖြတ်ပြီး ရိုက်ချိုးသလို ဖြစ်နေတာ ကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...