Tuesday, September 24, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၉)

သစ်ထူးလွင်



Posted: 24 Sep 2013 06:01 AM PDT

ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခေါ်ယူရာတွင် လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက် အသစ်များကို စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန် လိုက်သည်ဟု CAN သတင်းဌာနတွင် ဖော်ပြထားသည်။ ထိုစည်းကမ်းချက်များအရ စင်ကာပူ လုပ်ငန်းရှင်များ အနေနှင့် ပညာရှင်အဆင့် ဝန်ထမ်းခေါ်ယူရာတွင် နိုင်ငံခြားသား အလုပ်သမား မခေါ်ယူမီ စင်ကာပူ နိုင်ငံသားများအတွက် မျှမျှတတ စဉ်းစားပေးရမည် ဖြစ်ပြီး နိုင်ငံခြားသား အလုပ်သမားက စင်ကာပူ နိုင်ငံသားထက် မိမိတို့အလုပ်နှင့် အမှန်တကယ် ပို၍သင့်လျော်သည် ဆိုမှသာ နိုင်ငံခြားသား အလုပ်သမားကို ခေါ်ယူရမည် ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Sep 2013 05:54 AM PDT

၂၀၁၀ မှာ ဆန္ဒမဲအများစုနဲ့ အစိုးရ ဖွဲ့ခွင့်ရော၊ လွှတ်တော်ကိုယ်စားလှယ် နေရာ အများစုပါ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အလားအလာ မကောင်းတဲ့အကြောင်း ဒီဆောင်းပါးနဲ့ အတိအလင်း အသိပေးလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကို အနိုင်မရစေလိုတဲ့ စေတနာရော အနိုင်ရစေလိုတဲ့ စေတနာပါ လုံးဝမပါဝင်ဘဲ ပကတိ အရှိတရားကို ယင်းပါတီနှင့်အတူ Stakeholder အားလုံးက ဒီမိုကရေစီရေးအတွက် နိုင်ငံနဲ့ လူထုအကျိုးအတွက် စဉ်းစားသုံးသပ်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်ကြဖို့ ပွင့်ပွင့်လင်းလင်း သတိပေးလိုရင်းသာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ဘာကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်မယ်ဆိုတဲ့ အမှန်တရားကို အောက်ပါ အချက်အလက် များက အထင်အရှား အထောက်အပံ့ပြုပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Sep 2013 05:49 AM PDT
လယ်ယာမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ တင်ပြထားသော မဲတောင်းရွာ နှင့် ခြောက်မိုင်ရွာမှ တောင်သူများကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးမှ ယနေ့ ၂၄.၉.၂၀၁၃ ရက်နေ့တွင် ခေါ်ယူလက်မှတ်ထိုး ခိုင်းခြင်းကို တောင်သူများက လက်မှတ်မထိုးနိုင်ကြောင်းဖြင့် ငြင်းဆန်ခဲ့ သည်ဟု သိရသည်။  တောင်ကြီးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှ ဦးထွန်းရွှေ ရယူထားသော ယာမြေများနှင့် ပတ်သက် သော ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 24 Sep 2013 05:28 AM PDT
၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ရေးဆွဲဖို့ မလိုဘဲ တမျိုးသားလုံးအကျိုးအတွက် ဖွဲ့စည်းပုံကို သင့်တင့်မျှတအောင် ညှိနှိုင်းပြင်ဆင်သင့်တယ်လို့ တစညပါတီက ပြောကြားလိုက်ပါတယ်။ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမွေဆက်ခံတဲ့ တစည ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ရွှေရတုပွဲကို ရန်ကုန်မြို့က ပါတီဌာနချုပ်မှာ ဒီကနေ့ ကျင်းပပြီး ပါတီရဲ့ သဘောထားကြေညာချက်ကို ထုတ်ပြန်သွားတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Sep 2013 05:24 AM PDT

မြို့တော်ခန်းမရှေ့ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတဲ့ ဟုန်ရှင်းအအေးခန်း အလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ အကြား လစာ လျော်ကြေးကိစ္စတွေ  ညှိနှိုင်းဆွေးနွေးပြေလည်သွားေ
ပမယ့် ဟုန်ရှင်းအခြေခံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းမင်းနဲ့ အတွင်းရေးမှူး ကိုသီဟတို့ကို အလုပ်ရှင်က ဆက်လက်တရားစွဲဆိုထားပါတယ်။ ပိတ်ဆို့မှု၊ အကျိုးဖျက်ဆီးမှု၊ အားပေးအားမြှောက်ပြုမှု၊ ခြိမ်းခြောက်မှု စတဲ့ ပုဒ်မ ၃၄၁၊ ၄၂၇၊ ၁၁၄၊ ၅၀၆ တွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Sep 2013 03:20 AM PDT

စင်ကာပူ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်းတို့မှ
ာ ၂၀၁၃ ဖော်မြူလာဝမ်း စင်ကာပူဂရင်းပရီ ကားမောင်းပြိုင်ပွဲကို သွားရောက် ကြည့်ရှုစဉ် အမှတ်မထင် တွေ့ဆုံခြင်း ဖြစ်ကြောင်း သက်ဆင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြောဆိုထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင် စင်ကာပူတွင် တွေ့ဆုံ ။ ဓါတ်ပုံ-bangkokpost
Posted: 24 Sep 2013 03:16 AM PDT
မြန်မာနိုင်ငံ အတွင်းတွင် စက်ရုံ တည်ဆောက်ရန် နေရာ ရှာဖွေသော်လည်း နေရာရရှိရန် အခက်အခဲများ ရှိနေသောကြောင့် စက်မှုဇုန် အကောင်အထည်ဖော် တည်ဆောက်ရန် စီစဉ်နေကြောင်း ဗီယက်နမ် အခြေစိုက် အိမ်၊ ခြံ၊ မြေ နှင့် ဖွံ့ဖြိုးရေး ကုမ္ပဏီကြီး C.T Group က ကြေညာသည်။ ဗီယက်နမ် စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း ပိုမိုရရှိရန် ရန်ကုန်မြို့တွင် စက်မှုဇုန်တစ်ခု တည်ဆောက်ရန် စီစဉ်နေပြီး ပြည်တွင်းရှိ တာဝန်ရှိသူများထံ တရားဝင် လျှောက် ထားလာကြောင်း ယင်းလုပ်ငန်း အုပ်စုထံမှ သိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Sep 2013 03:05 AM PDT
ပြည်တွင်းရှိ နိုင်ငံသားများ ကိုင်ဆောင် ထားတဲ့ မှတ်ပုံတင် ကတ်ပြားများကို Smart Card အဖြစ် ပြောင်းလဲ ကိုင်ဆောင်နိုင်ဖို့ အတွက် လုပ်ငန်းရှင် များကို တင်ဒါခေါ်ပြီး ပြုလုပ်သွားဖို့ ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ဆောင်ရွက်ဖို့ အတွက် ကိုလည်း ပြည်ပ နိုင်ငံများရှိ ကုမ္ပဏီတွေမှ ကမ်းလှမ်းမှု တွေရှိနေပြီး ထိုင်း၊ ကိုရီးယား၊ ဂျပန် အစတဲ့ နိုင်ငံတွေမှ ကုမ္ပဏီတွေနဲ့ ပြည်တွင်းရှိ ကုမ္ပဏီတွေ အပါအ၀င် စုစုပေါင်း ကုမ္ပဏီ ၆ ခု ၀န်းကျင်ခန့် ရှိတယ် လို့လည်း သိရပါတယ်။

ဒါပေမယ့် အခု ကမ်းလှမ်းမှု တွေကို သက်ဆိုင်ရာ အနေနဲ့ တရားဝင် တင်ဒါ ထုတ်ပြန်ပြီမှာသာ တင်ဒါစနစ်နဲ့သာ ဆက်လက် ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို နိုင်ငံသား မှတ်ပုံတင်များကို Smart Card အဖြစ် ပြောင်းလဲမှု ကိုတော့ နိုင်ငံတကာ အဆင့်အတန်း နဲ့အညီ ပြုလုပ် သွားမှာဖြစ်ပြီး လက်ရှိ မှာတော့ အဆိုပါ တင်ဒါစနစ်နဲ့ ပတ်သက်ပြီ လုပ်ငန်း စတင် ဆောင်ရွက်မယ့် အချိန် ကိုတော့ အတိအကျ မသိရသေးဘူး လို့လည်း သိရပါတယ်။

ဒါပေမယ့် ယခုလက်ရှိမှာ နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးတဲ့ လုပ်ငန်းစဉ် တွေကို မိုးပွင့် အဆင့် သတ်မှတ်ကာ ပြုလုပ်ပေး လျက်ရှိရာ မိုးပွင့်အဆင့် ၆ ကို ဆောင်ရွက် ပေးလျက် ရှိတယ် လို့လည်း သိရပါတယ်။

Mrtv-4


Posted: 24 Sep 2013 02:45 AM PDT

ရန်ကုန်၊ စက်တင်ဘာ ၂၄

၂၄.၉.၂၀၁၃ရက်နေ့ ၀၃၃၀အချိန်မှ ၀၈၀၀အချိန်ထိ လှိုင်သာယာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လှိုင်သာယာမြို့နယ် အတွင်းရှိ အမှတ်(၉)ရပ်ကွက်၊ မင်းဘူးလမ်း၊ အ.လ.က(၁၀)စာသင်ဆောင်များအတွင်း
သို့ ရေ(၅)လက်မခန့် ၀င်ရောက်ခဲ့၍ သူငယ်တန်းမှ အဌမတန်းအထိ ကျောင်းသား၊ ကျောင်းသူ (၁၆၅၀)ဦးတို့အား ၁၀၃၀အချိန်တွင် နေအိမ်သို့ အသီးသီးပြန်လည် စေလွှတ်ခဲ့ကြောင်းနှင့် (၁၂)ရပ်ကွက်၊ သခင်မြလမ်းရှိ အ.ထ.က(၂)ကျောင်းတွင် န၀မတန်းပညာသင်ကြားလျက်ရှိသည့် သစ္စာဆောင်နှင့် မေတ္တာဆောင်တို့တွင် မိုးရေ(၁)ပေခွဲခန့် ၀င်ရောက်ခဲ့၍ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးတို့အား စာရိတ္တအဆောင်ရှိ အစည်းအဝေးခန်းမသို့ ၁၁၁၅အချိန်တွင် ပြောင်းရွှေ့ ပညာသင်ကြား လျက်ရှိကြောင်းနှင့် စာသင်ဆောင်များ အတွင်းသို့ မိုးရေ ၀င်ရောက်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိပါသည်။
Yangon Police


Posted: 24 Sep 2013 03:25 AM PDT

အနိမ့်ဆုံးလုပ်ခ တစ်လဒေါ် လာ ၁၀၀ ရရှိရေး ဆန္ဒပြမှုများ မြို့တော်ဒါကာ၏ အပြင်ဘက်သို့ ပျံ့နှံ့လျက်ရှိစဉ် တတိယမြောက် နေ့အဖြစ် တနင်္လာနေ့က ဒေါသ ထွက်နေသော ဘင်္ဂလားဒေ့ရှ်အ ထည်ချုပ်လုပ်သားများသည် လမ်း များကို ပိတ်ဆို့ခြင်း၊ စက်ရုံများ ကို မီးရှို့ခြင်းတို့အပြင် ရဲတပ်ဖွဲ့ ဝင်များနှင့်လည်း ပဋိပက္ခဖြစ်ပွား ခဲ့ကြသည်။ နှစ်သိန်းအထိရှိသော အ လုပ်သမားများသည် နောက်ဆုံး ဆန္ဒပြမှုများနှင့် ပူးပေါင်းခဲ့ကြ ကြောင်း စက်ရုံ ရာပေါင်းများစွာ ရှိသည့် ဂါဇီပူရဲ စက်မှုရပ်ကွက်မှ ရဲတပ်ဖွဲ့အကြီးအကဲ အက်ဗ်ဒူ ဘိတ်တင်ကအေအက်ဖ်ပီသို့ပြော ကြားခဲ့သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Sep 2013 02:23 AM PDT

ကုမ္ပဏီ ၄၀ ကျော်ကို ၂၀၀၈ ကနေ ၂၀၁၁ အကြား မော်ဒယ်ကားတွေကို တင်သွင်းခွင့်ပြုလိုက်ပြီး ဒီအတွက် ကားဝယ်ယူသူတွေ ပိုအဆင်ပြေလာစေမယ်လို့ Farmer Auto ကုမ္ပဏီပိုင်ရှင် ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ပြည်ပကနေ ၁၉၉၇ ကနေ ၂၀၀၇ မော်ဒယ်အထိ ကားတွေတင်သွင်း ပြသတာနဲ့
ရောင်းချခွင့်ရထားတဲ့ ကုမ္ပဏီ ၁၅၀ ကျော်အနက် ကားအစီးရေ ၁၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ပါတယ်။

အစိုးရဟာ ၂၀၀၈ မော်ဒယ်နဲ့ အထက် ကားတွေကို ပြည်သူတဦးချင်းစီ ၀ယ်ယူ တင်သွင်းခွင့်ပြုခဲ့ပေမယ့် ဂျပန်မှာ လေလံဆွဲ ၀ယ်ယူတဲ့ကိစ္စ၊ သယ်ယူပို့ဆာင်ရေးကိစ္စနဲ့ ဆိပ်ကမ်း ရှင်းလင်းတဲ့ကိစ္စ စတဲ့ကိစ္စတွေမှာ ပွဲစားတွေကိုပဲ အားကိုးပြီး လုပ်ကိုင်ခဲ့ရပါတယ်။

အခု ကုမ္ပဏီ ၄၀ ကျော်ကို ဒီ မော်ဒယ်ကားတွေ တင်သွင်း ရောင်းချခွင့်ပြုလိုက်တဲ့အတွက် ရန်ကုန်မှာတင် မျက်မြင်ရွေးချယ်နိုင်ပြီး ၃-၄ ရက်အတွင်း ကိုယ်ပိုင်အမည်ပေါက် ကား ၁ စီး ၀ယ်ယူနိုင်လို့ ပိုပြီး အဆင်ပြေလာမယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

by ဒီဗွီဘီ


Posted: 24 Sep 2013 02:19 AM PDT
စက်တင်ဘာ ၂၁ ရက် ညပိုင်းက မြစ်ကြီးနား မြို့ပေါ် ရပ်ကွက်အတွင်း အအေးဆိုင်၌ အအေးသောက် နေသည့် လူငယ် အချင်းချင်း စောင်းမြောင်း ပြောဆိုပြီး ဆိုင်မှအထွက် မြို့ပေါ်... ရပ်ကွက် အတွင်း ရိုက်နှက် ထိုးကြိတ်ပြီး စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ကျူးလွန်သူ (၃)ဦး အား ၃ နာရီအတွင်း ဖမ်းဆီး ရမိ ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက် ၊ ရွှေဝါဝင်း လ္ဘက်ရည်ဆိုင်၌ ဝိုင်းမော် မြို့နယ် ၊ မိုင်းနားကျေးရွာ ၊ ကျော် ဆိုင်ကယ် ပြင်ဆိုင်တွင် အလုပ်လုပ် ကိုင်နေသူ အောင်မျိုးမြင့် နှင့်မြစ်ကြီးနား တက္ကသိုလ် မှ တက္ကသိုလ် ကျောင်းသား တစ်ဦး ၊ တက္ကသိုလ် ကျောင်းသူ နှစ်ဦး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Sep 2013 02:16 AM PDT

မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်တွင် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို နိုင်ငံသား စိစစ်ရေးကတ် နှစ်ခုကိုင်ဆောင်မှုဖြင့် တိုင်ကြားရာမှ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တိုင်ကြားသူအပါအဝင် လေးဦး အမှုဖွင့် ခံခဲ့ရကြောင်း မြင်းခြံမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြား တရားမဝင် ကိုင်ဆောင်ထားသူ၏ ဇနီးသည်က အိမ်ထောင်ရေး အဆင်မပြေ ဖြစ်သည့်အခါ ၄င်း၏အမျိုးသား နိုင်ငံသားစိစစ်ရေး ကတ်နှစ်ခု ကိုင်ဆောင်ထားမှုကို တိုင်ကြားခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ၏ ဇနီးလည်း လိုက်ပါလာသဖြင့် ဇနီးဖြစ်သူ ကိုလည်း တရားစွဲဆိုထားပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Sep 2013 02:09 AM PDT

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ စံနှုန်း သတ်မှတ်ရာတွင် ရန်ကုန်စက်မှုဇုန် အားလုံးနှိုင်းယှဉ်ပါက လှိုင်သာယာ စက်မှုဇုန် မြေဈေးနှုန်းမှာ အမြင့်ဆုံး ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်ထုတ်ပြန်ေ...ရးရုံးက ထုတ်ပြန် ကြေညာသည်။ လှိုင်သာယာ စက်မှုဇုန် မြေဈေးစံနှုန်းမှာ တစ်ဧက တစ်ကွက်လျှင် ကျပ်သိန်း ၂၀၀၀ မှ ၁၄၅၀ အထိ သတ်မှတ်ထားပြီး အနိမ့်ဆုံးမှာ ဒဂုံဆိပ်ကမ်း စက်မှုဇုန်ဖြစ်ကာ တစ်ဧကလျှင် ကျပ်သိန်း ၂၇၀ မှ ၇၀၀ အထိ သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Sep 2013 11:41 PM PDT
မြန်မာ့ ပင်လယ်ပြင် အတွင်း ဝင်ရောက် ငါးဖမ်းဆီး လျက်ရှိသော နိုင်ငံခြား ငါးဖမ်းလှေ များသည် သတ်မှတ် စည်းကမ်း ချိုးဖောက်ပြီး လှေများကို အစီးရေပွား ဖမ်းဆီး နေခြင်းကြောင့် သေချာ စိစစ်ရန် လိုအပ်ကြောင်း ပင်လယ် ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။ အဆိုပါ ငါးဖမ်းလှေ များသည် နာမည်တူ ၊ နံပါတ်တူ ၊ အရောင်တူများ ပြုလုပ်၍ အစီးရေပွား ဖမ်းဆီးနေကြ ကြောင်း ၊ ယင်းအတွက် ပြည်တွင်း ငါးဖမ်းလှေ များကို လှေတည် ဆောက်ခြင်းနှင့် တင်သွင်းခြင်း ရပ်ဆိုင်းထား သည့်နည်းတူ နိုင်ငံခြား ငါးဖမ်းလှေ များကို ဖမ်းဆီးခွင့် ရပ်တန့်ပေးရန် လိုအပ်ကြောင်း၊ ယင်းအတွက် နိုင်ငံခြား ငါးဖမ်းလှေ များကို မြန်မာ့ ပင်လယ်ပြင်တွင် ဆက်လက် လုပ်ကိုင်ခွင့် ပြု - မပြု သိရှိရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ငါးလုပ်ငန်း ဦးစီးဌာနမှ တင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပုံစံတူ နိုင်ငံခြား ငါးဖမ်းစက်လှေများ

Posted: 23 Sep 2013 11:23 PM PDT

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သည် နှစ်စဉ်နှစ်တိုင်း လိုလိုပင် မြစ်ရေလွှမ်းမိုး မှုများ ကြုံတွေ့လျက်ရှိသည်။ ၂၀၁၃ခုနှစ် စက်တင် ဘာလ တတိယအပတ်တွင် မိုးများအဆက် မပြတ်ရွာသွန်း ခြင်း၊ ထားဝယ် ခရိုင် မေတ္တာမြို့နယ်ခွဲမှမြစ်ဖျားခံ
သည့် တနင်္သာရီမြစ် ရေစီးသန်ခြင်း ၊ ချောင်းဖျားရေများကြီး ခြင်းတို့ကြောင့် တနင်္သာရီရေသည် စက်တင်ဘာလ(၂၃)ရက် ညနေ(၄း၃၀)တိုင်းထွာချက်အရ တနင်္သာရီ မြစ် ရေသည် (၂၂)ပေသို့ရောက်ရှိနေပြီး တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်၍ အန္တရာယ်ရေ အမှတ် ရောက်ရန် (၂)ပေသာလိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Sep 2013 11:21 PM PDT
ယခုလ ၁၉ ရက် နေ့လည်ပိုင်းက မန္တလေး - ကလေး လမ်းပိုင်း ပုံတောင် ပုံညာကြား ကြော့ကျေးရွာ အနီးတွင် ခရီးသည်တင် ပို့ဆောင်ရေး ယာဉ်တစ်စီး တောင်တက်လမ်း ချောက်တစ်ခုကို ကွင်းမောင်းရာမှ အရှိန်လွန်ပြိး ချောက်ကမ်းပါး ထိပ်ပေါ်တွင် ချိတ်တင် နေခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၂၆ ဦး ကံသီ၍ အသက်ဘေးမှ လွတ်ခဲ့ကြောင်း သိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 23 Sep 2013 11:12 PM PDT

ပညာရေးစနစ် နိမ့်ကျရခြင်း၏ အဓိက အကြောင်းအရင်းဟု ဝေဖန်နေကြသော စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ ပညာရှင် ငါးဦးနှင့် မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်တို့ ပူးပေါင်းကာ အောက်တိုလာလ ၂၀ ရက်နေ့ ရန်ကုန်မြို့တော်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဆွေးနွေးပွဲ တစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း NLD ပညာရေး ကော်မတီဝင် ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 10:35 PM PDT
မြိတ်မြို့ စက်မှုဇုန်ရှိ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား တင်ဆောင်လာသည့် ကြို/ပို့ ယာဉ် တိမ်းမှောက်မှု မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု မြိတ်-ကျွဲကူး ကားလမ်းမကြီးပေါ်ရှိ မဟာသိဒ္ဓိဇယ စေတီတော်အနီးရှိ အဌဂံ စားသောက်ဆိုင် အကွေ့၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၆)နာရီ ခွဲကျော် အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အလုပ်သမား(၅၀)ဦးခန့် တင်ဆောင်လာသည့် ကြိုပို့ ယာဉ်တိမ်းမှောက်

Posted: 23 Sep 2013 09:01 PM PDT

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ ဈေးရုံကြီးကို အစ္စလာမစ် လက်နက်ကိုင်တွေ ဝင်ရောက် စီးနင်းခဲ့အပြီး ၂ရက်ကျော် အကြာ ဒီကနေ့မှာ ကင်ညာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သူတို့ ပြန်လည် ထိန်းချုပ်ထားလိုက်ပြီလို့ ပြောပါတယ်။ ဈေးရုံကြီးထဲမှာ ဘယ်သူတွေ ကျန်နေသေးလဲ ဆိုတာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပိုက်စိပ်တိုက် ရှာနေတယ်လို့ ကင်ညာ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ အခုအခါ ဓါးစာခံတွေ အားလုံး ပြန်လွတ်မြောက်လာပြီလို့ ယူဆကြောင်း ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဈေးရုံတခုလုံးကို လုံခြုံရေး တပ်ဖွဲ့တွေ ပိုက်စိပ်တိုက် ရှာနေ

Posted: 23 Sep 2013 08:55 PM PDT

စင်္ကာပူထိပ်ပိုင်းခေါင်းဆောင်တွေ
နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အလေးအနက်ထား ဆက်ဆံမှုမှာ စင်္ကာပူ-မြန်မာနိုင်ငံ နှစ်နိုင်ငံကြားမှာလည်း စီးပွားရေး၊ ပညာရေး အလားအလာကောင်းတွေ ပေါ်ထွန်းလာစေနိုင်မယ်လို့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေက ယုံကြည်မျှော်လင့်နေကြပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 08:51 PM PDT

မြန်မာနိုင်ငံမှာ နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပမယ့်အချိန်မတိုင်မီ လက်ရှိ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင် ပြဿနာတွေ ကြီးထွားလာနိုင်တယ်လို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။ နိုင်ငံရေးအရ ကန့်သတ်မှုတွေ ရှိနေတဲ့ အခြေခံဥပဒေကို လာမယ့် ၂၀၁၅ ခုနှစ် မတိုင်မီ ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း စင်္ကာပူနိုင်ငံခရီးစဉ် နောက်ဆုံးနေ့အဖြစ် တနင်္လာနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Sep 2013 08:25 PM PDT

စက်တင်ဘာလ(၂၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 08:22 PM PDT

စက်တင်ဘာလ(၂၄)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 08:19 PM PDT
စက်တင်ဘာလ(၂၃)ရက်နေ့ ထုတ် စီးပွားရေးသတင်းဂျာနယ် အတွဲ ၁၃၊ အမှတ် ၃၆ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...