Sunday, September 8, 2013

ဝက်မည်းဖြစ်ဖြစ် ၀က်ဖြူဖြစ်ဖြစ် ....

တရုတ်ပြည် ဟန် မင်းဆက် အုပ်ချုပ်နေတဲ့ကာလတုန်းကဖြစ်ပါတယ် ။ အဲဒီခေတ်တုန်းက တရုတ်ပြည်အရှေ့ပိုင်း လျောင်တုန်ဒေသက ဒေသခံတွေဟာ ၀က်မွေးမြူရေးလုပ်ငန်းနဲ့အတော်လေးကို စီးပွားဖြစ်ခဲ့ကြတယ် ။ လျောင်တုန်ဒေသက ၀က်တွေဟာ တခြားဒေသက၀က်မျိုးတွေနဲ့ ကူးလူး ဆက်ဆံခြင်း ရောင်းဝယ်ဖောက်ကား မျိုးစပ်ခြင်းလည်းမရှိသေးတဲ့အတွက် သူတို့ ဒေသမှာ ၀က်ဆိုရင် အမည်းရောင်ပဲရှိခဲ့တယ် ။ 

တစ်ရက်တော့ လျောင်တုန်ဒေသမှာ နေတဲ့ ဇူးလောက်ပန်းဆိုတဲ့ ၀က်မွေးမြူသူတစ်ယောက်အိမ်မှာ ၀က်ဖြူလေးတွေ မွေးလာပါတယ် ။ မွေးတဲ့ ၀က်မကြီးက အမည်းရောင်ဖြစ်ပေမယ့် ၀က်ပေါက်လေးတွေ အားလုံး အဖြူရောင်တွေဖြစ်ကုန်တာမို့ အားလုံး ပဲ အထူးအဆန်းဖြစ်ခဲ့ကြတယ် ။ သူတို့ဒေသအစဉ်အလာအရ ၀က်ဖြူဆိုတာမ ရှိတာမို့ ဒေသယုံကြည်မှုအရ ကမ္ဘာပေါ်မှာဝက်ဖြူဆိုတာမရှိဘူးလို့ လည်း ထင်မြင်နေကြတာကြောင့် ဇူးလောက်ပန်းဟာ ဘုရင်က ဒါဏ်တပ်မှာ စိုးတာကတကြောင်း ထူးထူးဆန်းဆန်းအဖြစ် မင်း ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာကတကြောင်းကြောင့် စိုးရိမ်ကြောင့်ကြနေခဲ့ရတယ် ။ 

ဒါပေမယ့် သူဟာ ဘာကြောင့် ၀က်မည်းကနေ ၀က်ဖြူ တွေ မွေးလာရတာလဲဆိုတဲ့အဖြေကို လည်းရှာရင်းတစ်ဖက်ကလည်း ပြုပြင်ပြောင်းလဲလွယ်တဲ့ အခြေအနေကို လက်ခံတတ်တဲ့သူတစ်ယောက်ဖြစ်နေတာကြောင့် သူ့ဝက်ဖြူကလေးတွေကို အရွယ်ရောက်တဲ့အခါ သူတို့ဒေသနဲ့မနီးမဝေးမှာရှိတဲ့ ယန်ကျင်းနယ်ကို သွားရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်တယ် ။ 

လျောင်တုန်ကနေ ယန်ကျင်းကို သူဟာ ၃ လလောက်ခရီးဆက်ပြီးမှ ရောက်လာခဲ့ပါတယ် ။ ယန်ကျင်းကိုရောက်တဲ့အခါ သူ့ဝက်ဖြူကလေးတွေကို ရောင်းဖို့ အခြေအနေကိုကြည့်လိုက်တဲ့အခါ ယန်ကျင်းတစ်နယ်လုံးက ၀က်တွေဟာ အဖြူရောင်တွေဖြစ်နေတယ်ဆိုတာ ကိုသူတွေ့လိုက်ရတယ် ။ သူ့ဝက်ဖြူကလေးတွေလည်းတစ်ကောင်မှ ရောင်းမရခဲ့လို့ သူ စိတ်ဓါတ်တွေအကြီးအကျယ်ကျနေခဲ့ရတယ် ။ ဒါပေမယ့် ဇူးလောက်ပန်းဟာ သူများမတွေးတဲ့အတွေး နဲ့သူများ မမြင်တဲ့ အမြင်တွေနဲ့ တွေးနိုင်စွမ်းရှိတဲ့သူဖြစ်တဲ့အလျောက် သူဟာ ယန်ကျင်း နယ်က ၀က်ဖြူတော်တော်များများကို ၀ယ်ယူဖို့ဆုံးဖြတ်လိုက်တယ် ။ ပြီးတော့ ၀က်ဖြူကလေးတွေဝယ်ပြီး သူ့နေရပ်ဒေသကို ပြန်ရောက်လာပါ့တယ် ။ 

အဲဒီနေ့ကစလို့ သူဟာ လျောင်တုန်ဒေသမှာ ၀က်ဖြူလေးတွေကို တွင်တွယ်ကျယ်ကျယ် ရောင်းပါတော့တယ် ။ အထူးအဆန်းလည်းဖြစ် မမြင်ဖူးတဲ့ အရာလည်းဖြစ်တဲ့အတွက် ခဏလေးနဲ့ပဲ ရောင်းကုန်သွားတော့တယ် ။ ဒီတော့ သူဟာ ရသမျှ ပိုက်ဆံတွေနဲ့ လျောင်တုန်ဒေသက ၀က်မည်းတွေ ရသလောက်ဝယ်ပြီး ယန်ကျင်းကို ပြန်တက်သွားတယ် ။ ပြီးတော့ ၀က်ဖြူတွေချည်းရှိနေတဲ့ ယန်ကျင်းဒေသမှာ ၀က်မည်းတွေရောင်းချတဲ့အခါ မမြင်ဖူးတဲ့အရာလည်းဖြစ် ထူးထူးဆန်းဆန်းလည်းဖြစ်တဲ့အတွက် ကြိတ်ကြိတ်တိုး ၀ယ်ကြတဲ့အတွက် စီးပွားဖြစ်တဲ့အပြင် ပါသလောက်ဝက်မည်းတွေအားလုံးကုန်သွားပါတော့တယ် ။ ဒီတော့ သူဟာ ၀က်ဖြူနဲ့ဝက်မည်းကို နယ် ဒေသ နှစ်ခုမှာ ရောင်းချတဲ့အခါ တစ်နှစ်အတွင်း ကြီးပွားချမ်းသာလာတဲ့သူဌေးကြီးတစ်ဦးဖြစ်လာခဲ့ပါတော့တယ် ။ 

================================

အခြေအနေတိုင်းမှာ ပြုလွယ် ပြင်လွယ် ပြောင်းလဲလွယ်တဲ့သဘောတွေကို လက်ခံနိုင်ရပါမယ် ။ သမာရိုးကျနည်းလမ်းတွေက ဖောက်ထွက်နိုင်မှသာ ဆန်းသစ်တဲ့အတွေးအမြင်ကို ရရှိစေမှာပါ ။ 

ဝက်မည်းဖြစ်ဖြစ်ဝက်ဖြူဖြစ်ဖြစ် အလုပ်ဖြစ်ဖို့အတွက် က နံပါတ် တစ်ဆိုတဲ့ သဘောထားနဲ့ပြောင်းလွယ်ပြင်လွယ်တဲ့ အခြေအနေကို လိုက်လျောညီထွေနေတတ်ခဲ့ရင် အရှုံးဆိုတာမရှိနိုင်ပါဘူး ။ ဒီပုံပြင်းလေးနဲ့ပတ်သတ်ပြီး နက်ရှိုင်းတဲ့အယူအဆတွေကို ဖော်ထုတ်အသုံးပြုနိုင်ကြပါစေ ။ 

သက်တန့်ချို
Thinking Concepts စာစုများထဲမှ Black and White Pigs အား မှီငြမ်းသည် ။
 
တရုတ်ပြည် ဟန် မင်းဆက် အုပ်ချုပ်နေတဲ့ကာလတုန်းကဖြစ်ပါတယ် ။ အဲဒီခေတ်တုန်းက တရုတ်ပြည် အရှေ့ပိုင်း လျောင်တုန်ဒေသက ဒေသခံတွေဟာ ၀က်မွေးမြူရေးလုပ်ငန်းနဲ့အတော်လေးကို စီးပွားဖြစ်ခဲ့ကြတယ် ။ လျောင်တုန်ဒေသက ၀က်တွေဟာ တခြားဒေသက၀က်မျိုးတွေနဲ့ ကူးလူး ဆက်ဆံခြင်း ရောင်းဝယ်ဖောက်ကား မျိုးစပ်ခြင်းလည်းမရှိသေးတဲ့အတွက် သူတို့ ဒေသမှာ ၀က်ဆိုရင် အမည်းရောင်ပဲရှိခဲ့တယ် ။

တစ်ရက်တော့ လျောင်တုန်ဒေသမှာ နေတဲ့ ဇူးလောက်ပန်းဆိုတဲ့ ၀က်မွေးမြူသူတစ်ယောက်အိမ်မှာ ၀က်ဖြူလေးတွေ မွေးလာပါတယ် ။ မွေးတဲ့ ၀က်မကြီးက အမည်းရောင်ဖြစ်ပေမယ့် ၀က်ပေါက်လေးတွေ အားလုံး အဖြူရောင်တွေဖြစ်ကုန်တာမို့ အားလုံး ပဲ အထူးအဆန်းဖြစ်ခဲ့ကြတယ် ။ သူတို့ဒေသအစဉ်အလာအရ ၀က်ဖြူဆိုတာမ ရှိတာမို့ ဒေသယုံကြည်မှုအရ ကမ္ဘာပေါ်မှာဝက်ဖြူဆိုတာမရှိဘူးလို့ လည်း ထင်မြင်နေကြတာကြောင့် ဇူးလောက်ပန်းဟာ ဘုရင်က ဒါဏ်တပ်မှာ စိုးတာကတကြောင်း ထူးထူးဆန်းဆန်းအဖြစ် မင်း ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာကတကြောင်းကြောင့် စိုးရိမ်ကြောင့်ကြနေခဲ့ရတယ် ။

ဒါပေမယ့် သူဟာ ဘာကြောင့် ၀က်မည်းကနေ ၀က်ဖြူ တွေ မွေးလာရတာလဲဆိုတဲ့အဖြေကို လည်းရှာရင်းတစ်ဖက်ကလည်း ပြုပြင်ပြောင်းလဲလွယ်တဲ့ အခြေအနေကို လက်ခံတတ်တဲ့သူတစ်ယောက်ဖြစ်နေတာကြောင့် သူ့ဝက်ဖြူကလေးတွေကို အရွယ်ရောက်တဲ့အခါ သူတို့ဒေသနဲ့မနီးမဝေးမှာရှိတဲ့ ယန်ကျင်းနယ်ကို သွားရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်တယ် ။

လျောင်တုန်ကနေ ယန်ကျင်းကို သူဟာ ၃ လလောက်ခရီးဆက်ပြီးမှ ရောက်လာခဲ့ပါတယ် ။ ယန်ကျင်းကိုရောက်တဲ့အခါ သူ့ဝက်ဖြူကလေးတွေကို ရောင်းဖို့ အခြေအနေကိုကြည့်လိုက်တဲ့အခါ ယန်ကျင်းတစ်နယ်လုံးက ၀က်တွေဟာ အဖြူရောင်တွေဖြစ်နေတယ်ဆိုတာ ကိုသူတွေ့လိုက်ရတယ် ။ သူ့ဝက်ဖြူကလေးတွေလည်းတစ်ကောင်မှ ရောင်းမရခဲ့လို့ သူ စိတ်ဓါတ်တွေအကြီးအကျယ်ကျနေခဲ့ရတယ် ။ ဒါပေမယ့် ဇူးလောက်ပန်းဟာ သူများမတွေးတဲ့အတွေး နဲ့သူများ မမြင်တဲ့ အမြင်တွေနဲ့ တွေးနိုင်စွမ်းရှိတဲ့သူဖြစ်တဲ့အလျောက် သူဟာ ယန်ကျင်း နယ်က ၀က်ဖြူတော်တော်များများကို ၀ယ်ယူဖို့ဆုံးဖြတ်လိုက်တယ် ။ ပြီးတော့ ၀က်ဖြူကလေးတွေဝယ်ပြီး သူ့နေရပ်ဒေသကို ပြန်ရောက်လာပါ့တယ် ။

အဲဒီနေ့ကစလို့ သူဟာ လျောင်တုန်ဒေသမှာ ၀က်ဖြူလေးတွေကို တွင်တွယ်ကျယ်ကျယ် ရောင်းပါတော့တယ် ။ အထူးအဆန်းလည်းဖြစ် မမြင်ဖူးတဲ့ အရာလည်းဖြစ်တဲ့အတွက် ခဏလေးနဲ့ပဲ ရောင်းကုန်သွားတော့တယ် ။ ဒီတော့ သူဟာ ရသမျှ ပိုက်ဆံတွေနဲ့ လျောင်တုန်ဒေသက ၀က်မည်းတွေ ရသလောက်ဝယ်ပြီး ယန်ကျင်းကို ပြန်တက်သွားတယ် ။ ပြီးတော့ ၀က်ဖြူတွေချည်းရှိနေတဲ့ ယန်ကျင်းဒေသမှာ ၀က်မည်းတွေရောင်းချတဲ့အခါ မမြင်ဖူးတဲ့အရာလည်းဖြစ် ထူးထူးဆန်းဆန်းလည်းဖြစ်တဲ့အတွက် ကြိတ်ကြိတ်တိုး ၀ယ်ကြတဲ့အတွက် စီးပွားဖြစ်တဲ့အပြင် ပါသလောက်ဝက်မည်းတွေအားလုံးကုန်သွားပါတော့တယ် ။ ဒီတော့ သူဟာ ၀က်ဖြူနဲ့ဝက်မည်းကို နယ် ဒေသ နှစ်ခုမှာ ရောင်းချတဲ့အခါ တစ်နှစ်အတွင်း ကြီးပွားချမ်းသာလာတဲ့သူဌေးကြီးတစ်ဦးဖြစ်လာခဲ့ပါတော့တယ် ။

================================

အခြေအနေတိုင်းမှာ ပြုလွယ် ပြင်လွယ် ပြောင်းလဲလွယ်တဲ့သဘောတွေကို လက်ခံနိုင်ရပါမယ် ။ သမာရိုးကျနည်းလမ်းတွေက ဖောက်ထွက်နိုင်မှသာ ဆန်းသစ်တဲ့အတွေးအမြင်ကို ရရှိစေမှာပါ ။

ဝက်မည်းဖြစ်ဖြစ်ဝက်ဖြူဖြစ်ဖြစ် အလုပ်ဖြစ်ဖို့အတွက် က နံပါတ် တစ်ဆိုတဲ့ သဘောထားနဲ့ပြောင်းလွယ်ပြင်လွယ်တဲ့ အခြေအနေကို လိုက်လျောညီထွေနေတတ်ခဲ့ရင် အရှုံးဆိုတာမရှိနိုင်ပါဘူး ။ ဒီပုံပြင်းလေးနဲ့ပတ်သတ်ပြီး နက်ရှိုင်းတဲ့အယူအဆတွေကို ဖော်ထုတ်အသုံးပြုနိုင်ကြပါစေ ။

သက်တန့်ချို
Thinking Concepts စာစုများထဲမှ Black and White Pigs အား မှီငြမ်းသည် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...