"အဖြေ"
တခါက...
ကျောင်းဆရာကြီး တစ်ဦး အငြိမ်းစားယူတော့ အေးချမ်းတဲ့ ရပ်ကွက်လေးတစ်ခုမှာ အိမ်လေးတစ်လုံးဝယ်လိုက်သတဲ့။
သူ့ဘေးအိမ်ကလည်း သူ့လိုပဲ ဌာနတစ်ခုက အငြိမ်းစားယူလာတဲ့ အရာရှိတစ်ဦး
သက်တူရွယ်တူခြင်းဆိုတော့ ခင်မင်ပေါင်းသင်းမိကြတယ်။
ခက်တာက... ...
ရပ်ကွက်လေးက အေးချမ်းပေမယ့် ညဘက်ညဘက်ကျရင် လူငယ်လေးသုံးယောက်ဟာ ဆရာကြီးတို့အိမ်ထောင့်က အုတ်ခုံမှာ လာလာပြီး ဂစ်တာတီးလေ့ရှိတယ်
အသံသေးအသံကြောင်နဲ့ ညနက်သန်းကောင် အော်ဟစ်နေတော့ လူကြီးတွေမှာ စိတ်လက်ချမ်းသာစွာ မအိပ်စက်ရဘူးပေါ့
ဒါကိုသည်းမခံနိုင်တော့ ဘေးအိမ်က အရာရှိအငြိမ်းစားက တရက်တော့ လူငယ်တွေကို သွားပြောတယ်
ဂစ်တာလာမတီးဖို့၊ မဆူဖို့၊ ပတ်ဝန်းကျင်ကို အားနာဖို့ပေါ့
ဘယ်ရမှာလဲ...
ဟိုက ဝိုင်းပြီး ဟားတိုက်လှောင်ပြောင်လွှတ်လိုက်တယ်
ကလေးတွေနဲ့ တုပြိုင်ပြီး ရန်ဖြစ်လို့လည်း မကောင်းတော့ အရာရှိအငြိမ်းစားခမြာ လက်လျှော့လိုက်ရတာပေါ့
ဒါနဲ့ ဒီပြသနာကို ဘယ်လိုဖြေရှင်းရင် ကောင်းမလဲလို့ ဆရာကြီးကို သွားတိုင်ပင်တော့ ဆရာကြီးက သူတာဝန်ထားဖို့ ပြောလိုက်တယ်
သူဖြေရှင်းပေးပါမယ်ပေါ့
အဲဒီည...
ထုံးစံအတိုင်း ပြည်သူ့မေတ္တာအဖွဲ့ ရောက်လာပြီး ပတ်ဝန်းကျင်ကို နှိပ်စက်နေပါပြီ
ဆရာကြီးက သူတို့ရှိရာကို သွားတယ်
သီချင်းဆိုတာကို တစ်ပုဒ်နှစ်ပုဒ် ထိုင်နားထောင်လိုက်တယ်
ပြီးတော့ အဲဒီလူငယ်တွေကို ပြောတယ်... ...
"သားတို့ တီးတာဆိုတာ အတော်ကောင်းတာပဲကိုး၊ ဦးလည်း ငယ်ငယ်က သားတို့လိုပဲ ဦးချစ်သူရဲ့ အိမ်နားမှာ မယ်ဒလင်တီးပြီး သီချင်းဆိုခဲ့တာ၊ ငယ်ဘဝလေးကို သတိရတယ်ကွာ၊ ဒီတော့ သားတို့ကို တစ်ခုလောက်တောင်းဆိုပါရစေ"
"ဘာလဲ ပြောပါ"
"ဒီနားမှာ နေ့တိုင်း သီချင်းလာဆိုပေးပါ၊ သားတို့ကို အနုပညာကြေးအနေနဲ့ တစ်ပတ်ကို ၅၀၀၀ ပေးပါမယ်"
ကောင်လေးတွေကလည်း ပျော်ရွှင်စွာ သဘောတူလိုက်တယ်
သူ့လုပ်ရပ်ကို သိသွားတဲ့ ဘေးအိမ်က အငြိမ်းစား အရာရှိက သူ့ကို နှာခေါင်းရှုံ့တာပေါ့
"ဒီကျောင်းဆရာ၊ ရူးများနေပြီလား မသိပါဘူး" လို့ လည်း တွေးနေတယ်
ဒီလိုနဲ့...
နောက်တစ်ပတ်ရောက်တော့ ဆရာကြီးက ကောင်လေးတွေကို သွားတွေ့ပြန်တယ်... ...
"သားတို့ကို တောင်းပန်ရအုံးမယ်၊ ဦးလည်း အငြိမ်းစားပင်စင်လစာလေးက နောက်ကျနေတော့ ဒီတပတ်တော့ သီချင်းဆိုခ ၂၀၀၀ ပဲ ယူပါနော်"
ကောင်လေးတွေက သိပ်တော့ မကျေနပ်ဘူး၊ ဒါပေမယ့် လက်ခံလိုက်တယ်
တခါ...
နောက်ထပ်တစ်ပတ် ရောက်ပြန်တော့ ဆရာကြီးက ကောင်လေးတွေကို သွားတွေ့ပြန်တယ်... ...
"သားတို့ကို တောင်းပန်ရပြန်အုံးမယ်၊ ဦးလည်း ဝင်ငွေမရှိတဲ့ အငြိမ်းစားဆိုတော့ ငွေရေးကြေးရေး သိပ်အဆင်မပြေဘူး၊ ဒါ့ကြောင့် ဒီတပတ်တော့ သီချင်းဆိုခ ၅၀၀ ပဲ ယူပါကွာ"
ဒီတော့ ကောင်လေးတွေက လက်မခံတော့ဘူး... ...
"ဘယ်လိုဗျ ဦးလေး၊ ကျနော်တို့က တစ်ပတ်ကို ပိုက်ဆံလေး ၅၀၀ နဲ့ ကျနော်တို့ရဲ့ အချိန်တွေကို ဦးလေးအတွက် ပေးရမယ် ဟုတ်လား၊ လုံးဝ မဖြစ်နိုင်ဘူးဗျာ၊ တော်ပြီ တော်ပြီ၊ ကျနော်တို့ရဲ့ သဘောတူညီချက်ကို ဖျက်တယ်၊ ဒီနေ့ကစပြီး ဂစ်တာလာ မတီးတော့ဘူးဗျာ၊ သွားပြီ ဦးလေး၊ ... ဘိုင့်ဘိုင်"
.... ဆိုပြီး ထွက်သွားကြတော့တယ်
အဲ...
အဲဒီနေ့ကစလို့ ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေလည်း စိတ်လက်ချမ်းသာစွာ အိပ်စက်နိုင်ကြတော့ သတဲ့
ဒီဇာတ်လမ်းလေးကနေ သင်ခန်းစာတချို့တော့ ရနိုင်ကောင်းရဲ့လို့ တွေးပြီး ဘာသာပြန် မြန်မာမှုပြုလိုက်တာပါ။
သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/ thanlayko
ကျောင်းဆရာကြီး တစ်ဦး အငြိမ်းစားယူတော့ အေးချမ်းတဲ့ ရပ်ကွက်လေးတစ်ခုမှာ အိမ်လေးတစ်လုံးဝယ်လိုက်သတဲ့။
သူ့ဘေးအိမ်ကလည်း သူ့လိုပဲ ဌာနတစ်ခုက အငြိမ်းစားယူလာတဲ့ အရာရှိတစ်ဦး
သက်တူရွယ်တူခြင်းဆိုတော့ ခင်မင်ပေါင်းသင်းမိကြတယ်။
ခက်တာက... ...
ရပ်ကွက်လေးက အေးချမ်းပေမယ့် ညဘက်ညဘက်ကျရင် လူငယ်လေးသုံးယောက်ဟာ ဆရာကြီးတို့အိမ်ထောင့်က အုတ်ခုံမှာ လာလာပြီး ဂစ်တာတီးလေ့ရှိတယ်
အသံသေးအသံကြောင်နဲ့ ညနက်သန်းကောင် အော်ဟစ်နေတော့ လူကြီးတွေမှာ စိတ်လက်ချမ်းသာစွာ မအိပ်စက်ရဘူးပေါ့
ဒါကိုသည်းမခံနိုင်တော့ ဘေးအိမ်က အရာရှိအငြိမ်းစားက တရက်တော့ လူငယ်တွေကို သွားပြောတယ်
ဂစ်တာလာမတီးဖို့၊ မဆူဖို့၊ ပတ်ဝန်းကျင်ကို အားနာဖို့ပေါ့
ဘယ်ရမှာလဲ...
ဟိုက ဝိုင်းပြီး ဟားတိုက်လှောင်ပြောင်လွှတ်လိ
ကလေးတွေနဲ့ တုပြိုင်ပြီး ရန်ဖြစ်လို့လည်း မကောင်းတော့ အရာရှိအငြိမ်းစားခမြာ လက်လျှော့လိုက်ရတာပေါ့
ဒါနဲ့ ဒီပြသနာကို ဘယ်လိုဖြေရှင်းရင် ကောင်းမလဲလို့ ဆရာကြီးကို သွားတိုင်ပင်တော့ ဆရာကြီးက သူတာဝန်ထားဖို့ ပြောလိုက်တယ်
သူဖြေရှင်းပေးပါမယ်ပေါ့
အဲဒီည...
ထုံးစံအတိုင်း ပြည်သူ့မေတ္တာအဖွဲ့ ရောက်လာပြီး ပတ်ဝန်းကျင်ကို နှိပ်စက်နေပါပြီ
ဆရာကြီးက သူတို့ရှိရာကို သွားတယ်
သီချင်းဆိုတာကို တစ်ပုဒ်နှစ်ပုဒ် ထိုင်နားထောင်လိုက်တယ်
ပြီးတော့ အဲဒီလူငယ်တွေကို ပြောတယ်... ...
"သားတို့ တီးတာဆိုတာ အတော်ကောင်းတာပဲကိုး၊ ဦးလည်း ငယ်ငယ်က သားတို့လိုပဲ ဦးချစ်သူရဲ့ အိမ်နားမှာ မယ်ဒလင်တီးပြီး သီချင်းဆိုခဲ့တာ၊ ငယ်ဘဝလေးကို သတိရတယ်ကွာ၊ ဒီတော့ သားတို့ကို တစ်ခုလောက်တောင်းဆိုပါရစေ"
"ဘာလဲ ပြောပါ"
"ဒီနားမှာ နေ့တိုင်း သီချင်းလာဆိုပေးပါ၊ သားတို့ကို အနုပညာကြေးအနေနဲ့ တစ်ပတ်ကို ၅၀၀၀ ပေးပါမယ်"
ကောင်လေးတွေကလည်း ပျော်ရွှင်စွာ သဘောတူလိုက်တယ်
သူ့လုပ်ရပ်ကို သိသွားတဲ့ ဘေးအိမ်က အငြိမ်းစား အရာရှိက သူ့ကို နှာခေါင်းရှုံ့တာပေါ့
"ဒီကျောင်းဆရာ၊ ရူးများနေပြီလား မသိပါဘူး" လို့ လည်း တွေးနေတယ်
ဒီလိုနဲ့...
နောက်တစ်ပတ်ရောက်တော့ ဆရာကြီးက ကောင်လေးတွေကို သွားတွေ့ပြန်တယ်... ...
"သားတို့ကို တောင်းပန်ရအုံးမယ်၊ ဦးလည်း အငြိမ်းစားပင်စင်လစာလေးက နောက်ကျနေတော့ ဒီတပတ်တော့ သီချင်းဆိုခ ၂၀၀၀ ပဲ ယူပါနော်"
ကောင်လေးတွေက သိပ်တော့ မကျေနပ်ဘူး၊ ဒါပေမယ့် လက်ခံလိုက်တယ်
တခါ...
နောက်ထပ်တစ်ပတ် ရောက်ပြန်တော့ ဆရာကြီးက ကောင်လေးတွေကို သွားတွေ့ပြန်တယ်... ...
"သားတို့ကို တောင်းပန်ရပြန်အုံးမယ်၊ ဦးလည်း ဝင်ငွေမရှိတဲ့ အငြိမ်းစားဆိုတော့ ငွေရေးကြေးရေး သိပ်အဆင်မပြေဘူး၊ ဒါ့ကြောင့် ဒီတပတ်တော့ သီချင်းဆိုခ ၅၀၀ ပဲ ယူပါကွာ"
ဒီတော့ ကောင်လေးတွေက လက်မခံတော့ဘူး... ...
"ဘယ်လိုဗျ ဦးလေး၊ ကျနော်တို့က တစ်ပတ်ကို ပိုက်ဆံလေး ၅၀၀ နဲ့ ကျနော်တို့ရဲ့ အချိန်တွေကို ဦးလေးအတွက် ပေးရမယ် ဟုတ်လား၊ လုံးဝ မဖြစ်နိုင်ဘူးဗျာ၊ တော်ပြီ တော်ပြီ၊ ကျနော်တို့ရဲ့ သဘောတူညီချက်ကို ဖျက်တယ်၊ ဒီနေ့ကစပြီး ဂစ်တာလာ မတီးတော့ဘူးဗျာ၊ သွားပြီ ဦးလေး၊ ... ဘိုင့်ဘိုင်"
.... ဆိုပြီး ထွက်သွားကြတော့တယ်
အဲ...
အဲဒီနေ့ကစလို့ ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေလည်း စိတ်လက်ချမ်းသာစွာ အိပ်စက်နိုင်ကြတော့ သတဲ့
ဒီဇာတ်လမ်းလေးကနေ သင်ခန်းစာတချို့တော့ ရနိုင်ကောင်းရဲ့လို့ တွေးပြီး ဘာသာပြန် မြန်မာမှုပြုလိုက်တာပါ။
သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/
0 comments:
Post a Comment