Friday, September 6, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၉)

သစ်ထူးလွင်



Posted: 06 Sep 2013 03:54 AM PDT

အရုဏ်ဆွမ်းခံကြွသော သံဃာများနှင့် ဘုန်းကြီးကျောင်သားများကို အရှိန်လွန်လာသော ကားတစ်စီးက ၀င်တိုက်ခဲ့မှု တစ်ခု စက်တင်ဘာ ၄ ရက် နံနက်က ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့ေ
ကြာင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်သည်။ အဆိုပါယာဉ်တိုက်မှုမှာ ရွှေဂုံတိုင်လမ်းမကြီးပေါ်ရှိ ဗန်ဒါပင်မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ ၀င်တိုက် လိုက်သောကားမှာ တိုရိုတာဘက်ဒါအမျိုးအစား ကိုယ်ပိုင်ကားဖြစ်ကြောင်း ရဲမှတ်တမ်းတွင်တွေ့ ရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Sep 2013 03:26 AM PDT

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုဘိုင်းလ်ဖုန်းသုံးစွဲသူ ငါးသန်းခွဲကျော် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာရင်းများအရ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယခုလအတွင်း မိုဘိုင်းလ်ဖုန်း လိုင်းသုံးသိန်းခွဲ ထပ်မံချထားပေးခဲ့ပြီးနောက် ပြည်တွင်းတွင် ချထားပေးခဲ့သော လိုင်းအရေအတွက် စုစုပေါင်း ၅ ဒသမ ၅၅ သန်းရှိလာပြီး စုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်းနီးပါး ရှိလာကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Sep 2013 03:23 AM PDT

လပြည့်ဝန်းပလာဇာ ဒုတိယထပ်တွင် အခန်းငှားရမ်းဖွင့်လှစ် ရောင်းချနေ သော Super Action ဖက်ရှင်ဆိုင်၌ အတွင်းတွင် လူများရှိနေစဉ် ပလာဇာလုံခြုံရေး ဝန်ထမ်းသုံးဦးက စက်တင်ဘာလ ၂ ရက် နေ့တွင် လာရောက်သော့ခတ်ခဲ့သဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ စခန်းသို့ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းတွင် သွားရောက်တိုင်တန်းရာ ရဲတပ်ဖွဲ့စခန်းက လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် အမှုဖွင့် ခဲ့ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Sep 2013 03:09 AM PDT
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဆရာတော် ၀ီရသူ) အား ဖုန်းဖြင့်ဆက် ၍ ခေါင်းဖြတ်မည်ဟု ချိန်းချောက်မှုများ နေ့စဉ်ဖြစ်ပေါ် နေသောကြောင့် ဆရာတော်မှ သက်ဆိုင်ရာသို့ အကြောင်းကြားထား ကြောင်း ပြည်သူ့ဆန္ဒသို့မိန့်သည်။ ထိုသို့ ချိန်းချောက်မှုများ နေ့စဉ်ဖြစ်ပေါ် နေသောကြောင့် မန္တလေးမြို့ခံများနှင့် ဒကာ၊ ဒကာမ များမှ ဆရာတော်၏ အသက်အန္တရာယ်ကို စိုးရိမ်ကြသောကြောင့် ဆရာတော်၏ တရားပွဲများ လုံခြုံရေး လိုက်ပါ ဆောင်ရွက်နေကြ ကြောင်းသိရသည်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ဆရာတော်ဦးဝီရသူ မိန့်ကြားချက်ဗီဒီယို


Posted: 06 Sep 2013 02:47 AM PDT

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယား ကျေးရွာ အုပ်စု လိန်ကုန်းကျေးရွာက သိဒ္ဓိမင်္ဂလာကျောင်းတိုက်မှာ ဥပုသ်သီလ ဆောက်တည်သူတွေကို စက်တင်ဘာ ၄ ရက်က ကြက်သားကြာဇံချက်နဲ့ လှူဒါန်းကျွေးမွေးရာ စားသုံးသူ ဒေသခံ (၁၅ဝ) ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒူးယားတိုက်နယ်ဆေးရုံကို စက်တင်ဘာ ၆ ရက် အထိ လူနာ ၁၉ ဦး ရောက်ရှိခဲ့ပြီး အတွင်းလူနာ (၁၂)ဦး၊ ပြင်ပလူနာ (၆)ဦး တက်ရောက်ကုသပေးနေပြီး အသက် (၉ဝ)အရွယ် ဒေါ်အေးသာကို ဟင်္သာတခရိုင်ဆေးရုံဆီ လွှဲပို့ခဲ့ရကြောင်း သိရပါတယ်။ ဒူးယားတိုက်နယ် ဆရာဝန် ဒေါက်တာ ဝေလင်းရှိန် က အစာအဆိပ်သင့်မှု ဖြစ်ကြောင်း အတည်ပြု ပြောကြားပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 06 Sep 2013 02:14 AM PDT

မြစ်ကမ်းနံဘေး မြက်ခင်းပြင်က ကြယ်စင် အိမ်ရာ စီမံကိန်း ခေါ် (Star City) အရောင်း ပြခန်း ကို ရောက်ဖို့ ခပ်စုတ်စုတ် ရန်ကုန် ဇနပုဒ်ကို ဖြတ်ပြီး ၁ နာရီ ကျော်ကျော်လောက် သွားရပါသည်။ မုတ်သုံ မိုးတွင်းမှာ ခလုတ် ကန်သင်းတွေကို ကျော်နင်းပြီးမှ ရောက်သွားရသည့် ပြယုဂ် ကောင်းကောင်း အိမ်ရာ အရောင်း ပြ ခန်းသည် အမော ကိုလည်း ပြေစေပြီး နားလည် ရလည်း ခက်စေပါ သည်။ အရောင်း သမား တစ်ယောက်က ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ ကွန်ဒိုမီနီယံ ဒီဇိုင်းတွေနှင့် အိမ်ခန်း ပုံစံတွေကို ပြသောကြောင့် ဘယ်လို လူမျိုးတွေများ ဒီလို ခပ်ခေါင်ခေါင် အရပ်မှာ လာနေကြ ပါလိမ့်မလဲဟု ကျွန်တော် သိချင်လာ သည်။  ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Sep 2013 01:50 AM PDT

Living Color မဂ္ဂဇင်း၊ အပတ်စဉ်ထုတ်နှင့် နေ့စဉ်ထုတ် The Voice စာစောင်များ ထုတ်ဝေ ဖြန့်ချိလျက်ရှိသော Living Color Media ၏ မန္တလေးရုံးခွဲတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်က ငွေကျပ် ၉၆၇,၄၃၀ ကျပ်ခန့် ခိုးယူဖောက်ထွင်းခံခဲ့ရသည်။ ယင်းရုံးတွင် နေထိုင်သော ဖြန့်ချိရေး ဝန်ထမ်းများသည် ရုံးခန်းပိတ်ချိန် ညပိုင်းများတွင် အပြင်သို့ သတင်းစာဖြန့်ချိရေးအတွက် နေ့စဉ်သွားရောက်လေ့ ရှိကြောင်း၊ အဆိုပါနေ့ နံနက် ၆ နာရီခန့်က သတင်းစာတိုက်သို့ ဖြန့်ချိရေး ဝန်ထမ်းများ ပြန်လည် ရောက်ရှိချိန်တွင် ခြံတံခါးကို ခတ်ထားသော သော့ပွင့်နေသည်ကို တွေ့ရကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Sep 2013 01:45 AM PDT

ဧရာဝ တီတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဌဦးတင်စိုး၏နေအိမ်တွင် ဩဂုတ်လဆန်းပိုင်းက ပျောက် ဆုံးခဲ့သည့် ရွှေထည်ပစ္စည်းများ မှာ မူလထားသည့်နေရာတွင် ပြန်လည်တွေ့ရှိသည်ဆို၍ တိုင်း လွှတ်တော် ဥက္ကဌ အိမ်မှ ဝန်ထမ်း သုံးဦးအား ဖမ်းဆီးထားသည့်ရဲ စခန်းမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။  သိန်း၁၂ဝကျော်တန်ဖိုးရှိ အဆိုပါရွှေထည် ပစ္စည်းများ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်ဥက္ကဌ၏ဇနီး ဒေါ်ခင်မိမိလေး က ပုသိမ်မြို့ အမှတ်(၂)နယ်မြေခံရဲစခန်း တွင် အမှုဖွင့်ခဲ့သည့်အတွက် အိမ်အကူမဝေဝေသင်း (ဟင်္သာ တ)၊ ခြံသန့်ရှင်းရေးထွန်းထွန်းစိုး (ကျုံပျော်)၊ ယာဉ်မောင်း ဦးဝေ လွင်သိန်း(ပုသိမ်)တို့သုံးဦးအား ရဲစခန်းတွင် ဖမ်းဆီး စစ်ဆေး မှု များပြုလုပ်နေဆဲမှာပင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဌဦးတင်စိုး၏နေအိမ်။ ဓါတ်ပုံ - မြန်မာသံတော်ဆင့်


Posted: 06 Sep 2013 01:26 AM PDT

မန္တလေးလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီ ရပ်ကွက် ၃၃x၃၄ လမ်းကြား၊ ၇၇x၇၈ လမ်းကြားတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချ သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။ အဆိုပါ သေဆုံးသူသည် ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချခဲ့ပြီး၊ မြေညီထပ်အမိုးတွင် ၎င်းဝတ်ဆင်ထားသော ဖိနပ်၊ နာရီနှင့် ခြေထောက်တွင် ရရှိထားသောဒဏ်ရာမှ သွေးကွက်တို့ကို တွေ့ရှိရပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၂၀၁၂ ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်က ဒိုင်းမွန်းပလာဇာ ခေါင်မိုးပေါ်မှ ခုန်ချသေရန် ကြံစည်သူ အမျိုးသားမှာ ကြံစည်ခဲ့စဉ်တွေ့ ရပုံ။

Posted: 06 Sep 2013 01:13 AM PDT

အောင် ဘာလေ သိန်းဆုဌာနခွဲတွင် ကျပ် သိန်း ၁၅၀၀ ဆုကြီးတစ်ဆုကို ယနေ့တိုင် လာရောက်ထုတ်ယူ ခြင်းမရှိသေးကြောင်း သိရသည်။ ဘဏ္ဍသိမ်းနှစ် ကျော်လွန်သွားပြီး လာရောက်ထုတ်ယူမှုမရှိ သော တန်ဖိုး နည်းဆု မဲများအပါ အဝင် တန်ဖိုးကြီးဆုမဲများမှာ နှစ် စဉ် ကျန်ရှိနေသော်လည်း ယခု ကျန်ရှိနေသော အောင်ဘာလေ ထီလောကတွင် ကျပ်သိန်း ၁၅၀၀ အနေဖြင့် ပထမဆုံးကြုံတွေ့ရခြင်း ဖြစ်ကြောင်း ထီလောကအသိုင်း အဝိုင်းမှ သိရ သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Sep 2013 01:07 AM PDT
ရွှေပြည်သာတံတားပေါ်တွင် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးကို ယင်းတံတား၌ တာဝန်ကျ ရဲတစ်ဦးက မှုဒိမ်းမှု ကျူးလွန်ခဲ့ပြီး မိန်းကလေးကို လာရောက်ကယ်သော ပြည်သူ (၅) ဦးနှင့်အတူ ၄င်းရဲကို လှိုင်သာယာ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။ မ—-သည် ခင်ပွန်းဖြစ်သူနှင့် စကားများပြီး စက်တင်ဘာလ ၁ ရက် မနက် (၁) နာရီကျော်ခန့်တွင် တညင်းကုန်းရှိ မိဘများနေအိမ်သို့ ဆိုင်ကယ်ကယ်ရီငှား၍ သွားစဉ် ရွှေပြည်သာ တံတားပေါ် အရောက် ၄င်းတံတား၌ တာဝန်ကျ ဒုတပ်ကြပ်ဝင်းဌေးက ဆိုင်ကယ်ကို တားကာ ဆိုင်ကယ်ကြုံလိုက်ရန် ပြောဆိုရာမှ ကယ်ရီသမားနှင့် ရန်ဖြစ်ခဲ့ ကြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Sep 2013 10:09 PM PDT

ကချင်ပြည်နယ် အတွင်း တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကို ဒေသ ခံများ ယုံကြည်မှုအားနည်း လာကြောင်း ကချင်ပြည် နယ် အင်ဂျန်းယန်မဲဆန္ဒနယ် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။ ”အောက်ခြေမှာ ခဏခဏ ပြန် ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အုပ်ချုပ် ရေး ပိုင်းက လုပ်တဲ့ဆွေးနွေးမှုကို ခိုင်မာ မှုနည်းတယ်လို့ ထင်လာတယ်။ ဒါ ကြောင့် လွှတ်တော် ကို အားကိုးလာကြ တယ်။ ဘာကြောင့် ပြန်ဖြစ်နေ တာလဲ ဆိုတာ ဆွေးနွေးမှုရလဒ် မခိုင်မာလို့ပါ ပဲ” ဟု ၄င်းက စက်တင်ဘာ ၃ ရက်နေ့ တွင် ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 10:03 PM PDT

ပြီးခဲ့သော ဩဂုတ်လ ၂၈ ရက်မှစ၍ အမရပူရမြို့တွင် ရှစ်ရက်ကြာကျင်းပ ခဲ့သော ရတနာ့ဂူနတ်ပွဲ
တွင် လုံခြုံရေး ကို ပိုမိုတင်းကျပ်ပေးထားကြောင်း ပွဲတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုနှစ်တွင် ပွဲတော်မစတင်မီ ကန့်ဘလူမြို့၌ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့ကြော
င်း၊ ထို့ပြင် ပွဲတော်
ရှိရာ လာရောက်ရာ၌ ဘာသာခြားများနေထိုင်ရာ ရွာကို ဖြတ်လာရခြင်းများရှိကြောင်း၊ ပွဲတော်တွင်
မလိုလားအပ် သော ပြဿနာများ မဖြစ်စေရန်နှင့် အပျော်ကြူးသူများကြောင့် ပွဲတော်လာ သူများ
အနှောင့်အယှက်ဖြစ်ပြီး စိုးရိမ်မှုမဖြစ်စေရန် ပွဲတော်လုံခြုံရေးကို ပိုမိုတင်းကျပ်ပေးထားကြောင်း
ဘုရား ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးခင် မောင်စိုးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အချို့လိုက်ပါလျက် ရတနာ့ဂူနတ်ပွဲတွင် နတ်ပူဇော်လှည့်လည်နေသည်ကို ဩဂုတ် ၃၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော် 

Posted: 05 Sep 2013 08:46 PM PDT

ထိုင်းနိုင်ငံမှာ ပထမ အုပ်စုအနေနဲ့ အလုပ်လုပ်ခွင့် ၄ နှစ် သက်တမ်း ပြည့်သွားတဲ့ မြန်မာအလုပ်သမား ၂ သိန်းခွဲလောက်ဟာ အခုအခါ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် ဆက်ရသွားပြီဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် ဦးဆောင်တဲ့အဖွဲ့နဲ့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက အရာရှိတွေ ဘန်ကောက်မြို့မှာ ဆွေးနွေးပြီး သဘောတူခဲ့တာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ထိုင်းမှာ တရားဝင် လုပ်ကိုင်နေသူ မြန်မာ ၂ သန်းနီးပါးရှိ

Posted: 05 Sep 2013 08:31 PM PDT

ဆီးရီးယား ပြဿနာနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်ကတည်းက  ဘာမှမဆွေးနွေးနိုင်ပဲ  ဖြစ်နေတာမို့  အခုလည်း ဒီပြဿနာကို  လုံခြုံရေး ကောင်စီကို  တင်မယ် ဆိုရင်  ရှေ့ဆက်တိုးနိုင် စရာ လမ်းမမြင်ဘူးလို့  ကုသလမဂ္ဂရဲ့ အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ကိစ္စမှာ  အမေရိကန်သမ္မတ Barack Obama အတွက် ပထမဆုံး ခက်ခက်ခဲခဲနဲ့ ကျော်ဖြတ်ရမယ်လို့ တွက်ထားကြတဲ့  အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီကနေ  ခွင့်ပြုချက်ရ လိုက်ပြီးတဲ့  နောက်တနေ့မှာပဲ  သံအမတ်ကြီးက အခုလိုပြောဆို လိုက်တာလို့   ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 08:26 PM PDT
မြန်မာနိုင်ငံသား အများအပြား အပါဝင် မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို အခုရက်ပိုင်းတွင်း အစုလိုက်အပြုံလိုက် ဖမ်း ဆီး ရှင်းလင်းနေတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ မလေးရှား အာဏာပိုင် တွေရဲ့လုပ်ရပ်ဟာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားကြတဲ့ ဒုက္ခသည်တွေ အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ လူ့အခွင့် အရေး အဖွဲ့တွေက ဝေဖန်ပြစ်တင်လိုက်ကြ ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မလေးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားများ။ 

Posted: 05 Sep 2013 08:20 PM PDT
လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်မှုကို ဆန္ဒပြ

အိန္ဒိယ နိုင်ငံ ဂျမူးမြို့မြောက်ပိုင်းက မသန်စွမ်း သူများ စောင့်ရှောက်ရေး ဂေဟာက မိန်းကလေး ငါးယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ လူနှစ်ယောက်ကို ဖမ်းထားတယ်လို့ ရဲက ပြောပါတယ်။

ဒီမိန်းကလေးတွေဟာ လိင်စော်ကားခံရတယ်လို့ ကျန်းမာရေး ဆေးစစ်ချက်တွေ ထွက်လာခဲ့ပြီးတဲ့နောက် မသန်စွမ်း စောင့်ရှောက်ရေး ဂေဟာက အစောင့်နဲ့ ဒါရိုက်တာ တို့ကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရဲက ပြောပါတယ်။

အဖမ်းခံရသူတွေ ဖက်က ပြောကြားချက်တွေ မထွက်ပေါ်သေးဘဲ ၊ ဒီအဓမ္မ ပြုကျင့်မှုကို ဘယ်သူကျူးလွန်ခဲ့တာလဲ ဆိုတာလည်း သဲသဲကွဲကွဲ မသိရသေးပါဘူး။

အခုလပိုင်းတွေ အတွင်း အိန္ဒိယမှာ အဓမ္မ ပြုကျင့်မှုတွေ အများအပြား ထွက်ပေါ်လာခဲ့ပြီး နိုင်ငံတလွှားမှာလည်း ဒီကိစ္စအပေါ် ယမ်းမီးပုံကျ ဒေါသထွက်နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Posted: 05 Sep 2013 08:15 PM PDT

အဆင်သင့် ဆောက်လုပ်နိုင်သည့် လုံးချင်းအိမ်များကို တင်ဆောင်လာသော ၁၀ ဘီး ကားကြီး အစီး (၃၀) သည် ယနေ့ စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု သတင်းရရှိသည်။ Ready made ခေါ် အဆင်သင့် လုံးချင်းအိမ်များ စစ်တွေမြို့သို့ ရောက်ရှိလာသည့်အပေါ် စစ်တွေမြို့ခံ များက သတိထားပြီး စောင့်ကြည့်နေသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက နိရဉ္စရာသို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပစ္စည်းသယ်ယူလာသော ကားကြီးများ ရပ်နားထားသည်ကို စစ်တွေတွင် တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)

Posted: 05 Sep 2013 08:03 PM PDT
နေပြည်တော်   ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၉)လမ်း တစ်လမ်း မောင်းလမ်း၌    မော်တော်ဆိုင်ကယ်    လမ်း ပြောင်းပြန် မောင်းနှင်မှုကြောင့် လမ်းမှန်မောင်းနှင်သူနှင့်    တိုက်မှု ဖြစ်ပွားပြီး    လမ်းမှန်မောင်းနှင်သူ သေဆုံး သွားသော   ဖြစ်ရပ် တစ်ခု စက်တင်ဘာ  ၄ ရက်  နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။  ဖြစ်စဉ်မှာ  စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီ  ၅၅  မိနစ်ခန့်က နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Sep 2013 07:58 PM PDT

လယ်ယာမြေနှင့် ပတ်သက်သည့် အမှုများကို တိုင်းအစိုးရက အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်း လွှတ်တော်တွင် တင်ပြခဲ့သည့် အမတ်တစ်ဦး၏ အဆိုကို ၀န်ကြီးချုပ်က ဆွေးနွေးရန် မလိုကြောင်း ကန့်ကွက်ခဲ့သည်ဟု အဆိုတင်သွင်း သူ လပွတ်္တာမြို့နယ်မှ အမတ် ဦးဇော်ဝင်းက မဇ်္ဈိမကို စက်တင်ဘာ ၅ ရက်တွင် ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 05:33 PM PDT

တောင်သူ လယ်သမားတွေကို ဖိနှိပ်နေတာဟာ အရပ်ဖက်အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေမှာ စစ်တပ်မှ ခန့်အပ်ထားသူတွေ ရှိနေတာကြောင့် ပြည်သူလူထုရဲ့အခွင့်အရေးတွေ ဆုံးရှုံးနေတာဖြစ်တယ်လို့ တရား လွှတ်တော်ရှေ့နေ ဦးအောင်သိန်းက စက်တင်ဘာ ၄ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 05 Sep 2013 05:27 PM PDT

မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ ဘာသာရေးပွဲတွေမှာ မပါမဖြစ်အသုံးပြုကြတဲ့ ပစ္စည်းတစ်မျိုးကတော့ "ရွှေထီး" ဖြစ်ပါတယ်။ မန္တလေးမြို့က ရွှေထီးလုပ်ငန်းတွေရဲ့ အခြေအနေကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Sep 2013 05:19 PM PDT

မြန်မာ နိုင်ငံသားတွေ အာဆီယံ နိုင်ငံတွေကို ဗီဇာ မလိုဘဲ သွားနိုင်အောင် တခါ အာဆီယံ နိုင်ငံတွေက နိုင်ငံသားတွေလည်း ဗီဇာမလိုဘဲ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်အောင် စတင် ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ဘယ်တော့လောက်မှာ အကောင်အထည် ဖော်နိုင်ကြမလဲ ဆိုတာကို နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံ ရေးရာဌာနရဲ့ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်လင်းကို ဆက်သွယ် မေးကြည့်တော့ ၂၀၁၄ မှာ မြန်မာ နိုင်ငံက အာဆီယံ ဥက္ကဌ တာဝန် ယူတဲ့ အခါ အာဆီယံ နိုင်ငံသားတွေ မြန်မာ နိုင်ငံကို လွယ်လွယ်ကူကူ ဝင်ထွက်နိုင်ကြဖို့နဲ့ မြန်မာနိုင်ငံသားတွေလည်း အာဆီယံနိုင်ငံတွေကို လွယ်ကူစွာ သွားလာနိုင်စေဖို့ အတွက်ကို ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်ကြောင်း ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အာဆီယံသားတွေ ဗီဇာမလိုဘဲ ဝင်ထွက် နိုင်တော့မယ်

Posted: 05 Sep 2013 05:10 PM PDT

တာလီဘန်အကြောင်းကို ​စာအုပ် ​ရေးသားထုတ်ဝေခဲ့တဲ့ ​အိန္ဒိယအမျိုးသမီးတဦးကို ​တာလီဘန်စစ်သွေးကြွအဖွဲ့တွေလို့ ​ယူဆရတဲ့ ​အဖွဲ့တဖွဲ့ကနေ ​ပါကစ္စတန်မှာ ​ပစ်သတ်ခဲ့တယ်လို့ ​သိရပါတယ်။ အသက် ​၄၉နှစ်အရွယ် ​Sushmita ​Banerjee ​ဆိုတဲ့ ​စာရေးဆရာမဟာ ​၁၉၉၀ ​ပြည့်နှစ်က ​တာလီဘန်တွေလက်ထဲကနေ ​သူမ ​ဘယ်လိုထွက်ပြေးလာခဲ့ရတယ်ဆိုတဲ့ ​အကြောင်းတွေကို ​စာအုပ်ရေးသားထုတ်ဝေခဲ့ပြီး ​အဲဒီစာအုပ် ​အတော်လေး ​ရောင်းရခဲ့ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အိန္ဒိယ စာရေးဆရာမ Sushmita Banerjee (Credit: ABC) 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...