သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၉)
သစ်ထူးလွင် |
|
- တန်ဖိုးနည်း ဆင်းကတ်များ ဟန်းဆက် အရောင်းဆိုင်များမှ လျှော့ဈေးဖြင့် ရောင်းချလာ
- ထိုင်းနယ်စပ်ရှိ အထည်ချုပ်စက်ရုံ မြန်မာလုပ်သား ရာချီ ပိတ်လှောင်ခံရ
- မိုးသည်းထန်မှုကြောင့် မြို့နယ်အတော်များများ ရေကြီး
- ကလေးလုပ်သားများ အသက်အရွယ်ကို မြန်မာတွင် ဥပဒေအရ တိကျစွာ သတ်မှတ်ထားခြင်း မရှိသေးဟုဆို
- အိမ်ထောင်စု နှစ်ရာကျော်ကို လျှပ်စစ်မီးရရန် အမျိုးသမီးခြောက်ဦး စွမ်းဆောင်မည်
- ယာဉ်တိုက်မှုဖြင့် ထွက်ပြေးတိမ်းရှောင်သူ ၁၇၀ တွင် ၉၃ ဦးသာ ဖမ်းမိဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို
- စိုက်ဘဏ်စာအုပ်အသစ်ရရေးအတွက် အုပ်ချုပ်ရေးမှူးက လယ်သမားများထံ ငွေကောက်
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဒလိုင်လားမား တွေ့ဆုံ
- အစိုးရလေးမျိုးရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
- စားစရာအလှူခံတဲ့မြန်မာ ၂ဦးကို ထိုင်းရဲ၉ဦးက၀ိုင်းဖမ်း
- တရားမ၀င် အကြောအားတိုးဆေး များကို ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ရောင်းချနေ
- စိတ်မထိန်းနိုင်ဘဲ ဒေါသအလျောက် ဇနီးဖြစ်သူကို လှံနှင့်ထိုး
- ယောက္ခထီးနှင့် ချွေးမတို့ ဓာတ်လိုက်သေဆုံးခဲ့မှု ရွှေပြည်သာတွင် ဖြစ်ပွား
- မြန်မာနိုင်ငံရှိ ရဲဝန်ထမ်းများအား ပြုပြုပြောင်းလဲရေးလုပ်ရာတွင် UNODC ကကူညီမည်
- ကော့သောင်းအကျဉ်းထောင်ဆူပူမှု ထောင်ပိုင်ကို ခုံရုံးဖွဲ့စစ်ဆေးနေ
- ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ရန် ကေအိုင်အို လက်မခံ
- ကော့သောင်း အကျဉ်းထောင် ဆန္ဒပြမှုဆက်ဖြစ်
- တောင်ငူဘူတာ စက်ရုံဝင်းအတွင်း သိုလှောင်ထားသော ဒီဇယ်ဂါလန် ခုနှစ်သောင်းကျော် ပျောက်ဆုံးမှု ခုံရုံးဖွဲ့စစ်ဆေး
- လူပျောက်တိုင်ခဲ့သော်လည်း လူလည်းမတွေ့ ရဲမှတ်တမ်းပါပျောက်ဆုံး
- အောင်ဘာလေ သိန်းထီဌာနခွဲအနီး တိုက်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
- ရတနာပုံတက္ကသိုလ်အရှုပ်တော်ပုံ သမ္မတရုံးတိုက်ရိုက်စစ်ဆေး
- မိုးနည်းရေရှားဒေသ နတ်မောက်မြို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်
- မိုးထိမိုးမိဒေသမှ အဖိနှိပ်ခံ လူထု မန္တလေးတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်
- မန္တလေးကျုံးအား ရေသန့်စင်ခြင်းလုပ်ငန်းကို အမေရိကန်ကုမ္ပဏီမှ ကမ်းလှမ်း
- ဆီးရီးယားဓာတုလက်နက် တိုက်ခိုက်မှု ခိုင်လုံတဲ့သက်သေ ကုလတွေ့ရှိ
Posted: 17 Sep 2013 02:54 AM PDT
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများမှ တစ်ဆင့် ကန့်သတ် ရောင်းချသော ငွေကျပ် ၁၅ဝဝ တန်ဆင်းကတ်များကို ပိုမိုတိုးမြှင့် ချထားပေး ခဲ့ပြီးနောက် ယခင် မှောင်ခိုဈေးကွက် အဖြစ် ဈေးကြီးပေးဝယ် နေရသော တန်ဖိုးနည်း ဖုန်းဆင်း ကတ်များကို ဟန်းဆက် အရောင်းဆိုင်တို့မှ လျှော့ဈေးများဖြင့် ရောင်းချလာကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 02:33 AM PDT
တာချီလိတ်မြို့နှင့် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Prove Garment အထည်ချုပ် စက်ရုံတွင် မြန်မာလုပ်သား ၁၈၀ ကျော် ပိတ်လှောင် ခံထားရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း လုပ်သားများ၏ ပြောဆိုချက်ကို ကိုးကားကာ တာချီလိတ်မြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးကျော်မြင့်က ပြောကြားသည်။ စက်ရုံကို ပြင်ဆင်မည်ဟုဆို...ကာ စက်တင်ဘာလ ၁၀ ရက်နေ့က ပိတ်ထားခြင်းဖြစ်ပြီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 02:28 AM PDT
အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီ၊ ဒုဋ္ဌ၀တီနဲ့ မြစ်ရေတက်မှုတွေကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးက မြို့နယ်အတော်များများမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး အခက်အခဲ ကြုံနေကြရပါတယ်။ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မြောက်ပိုင်းရပ်ကွက်ေ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 17 Sep 2013 02:16 AM PDT
မြန်မာ နိုင်ငံတွင် ကလေးလုပ်သား များ၏ အသက်အရွယ်ကို ယခုအချိန်ထိ ဥပဒေအရ အတိအကျသတ်မှတ် ထားခြင်းမရှိသေးကြောင်း အပြည် ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ အကြီးတန်း မူဝါဒ ရေးရာ မန်နေ ဂျာ (မြန်မာနိုင်ငံ ရုံး) ဒေါက်တာမင်းညိုက ပြော သည်။ နိုင်ငံတကာတွင် ကလေး လုပ်သားများအား အသက်အ ရွယ်အပိုင်းအခြား သတ်မှတ်ထား ခြင်းရှိပြီး မြန်မာနိုင်ငံတွင် သတ် မှတ်ထားခြင်း မရှိသေးကြောင်း၊ ယင်း အတွက် သတ်မှတ်ရန် လိုအပ် ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 02:03 AM PDT
အိန္ဒိယနိုင်ငံရှိ Barefoot ကာလိပ်တွင် နေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်သည့် ပညာရပ်ကို သင်ယူခဲ့သော အမျိုးသမီး ခြောက်ဦးသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အိမ်ထောင်စု ၂၃၀ ကို လျှပ်စစ်ရရှိရန် ပထမဆုံးအကြိမ်အဖြစ် စတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MDRI-CESD) ထံမှ သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 01:49 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၁၆ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၈၆၁ မှုရှိသည့်အနက် ထွက်ပြေး တိမ်းရှောင်နေသည့် ယာဉ်မောင်း ၁၇၀ တွင် ၉၃ ဦး သာဖမ်းဆီး ရမိထားကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 01:40 AM PDT
လယ်သမားတွေကို နိုင်ငံတော်ကထုတ်ချေးနေတဲ့ အစိုးရဘဏ်ချေးငွေစာအုပ်အသစ် ရဖို့အတွက် ကန်ကြီးထောင့်မြို့နယ် ကျုံပဒုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက လယ်သမားတဦးကို ငွေ (၁၅၀၀၀) ကျပ်နှုန်း ကောက်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။ ကျုံပဒုတ်ကျေးရွာအုပ်စုမှာ ဘဏ်ချေးငွေစာအုပ်အသစ်ရဖို့လုပ်ေ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 01:27 AM PDT
ချက်သမ္မတနိုင်ငံကိုရောက်ရှိနေတဲ ပရပ်မြို့ Forum 2000 ညီလာခံပြင်ပမှာ ဒလိုင်လားမားရဲ့ ဟောပြောပွဲအပြီး အလွတ်သဘေ...ာ တွေ့ဆုံခဲ့တာဖြစ်ကြောင်း ညီလာခံပြောခွင့်ရသူက အတည်ပြုပြောကြားပါတယ်။ တရုတ်အစိုးရကတော့ နိုင်ငံရေးအရ ထင်ရှားသူခေါင်းဆောင်တွေကို ဒလိုင်လားမားနဲ့ မတွေ့စေချင်ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒလိုင်လားမားတို့ဟာ မနှစ်က လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ကြဖူးပါတယ်။ ဒီနှစ်မှာတော့ ပရပ်မြို့က Forum 2000 ညီလာခံမှာ အတူဟောပြောခဲ့ကြပါတယ်။ နှစ်ဦးလုံးက ကွယ်လွန်သူ ချက်ဒီမိုကရေစီခေါင်းဆောင် သမ္မတဟောင်း Vaclav Havel ကို ချီးကျုးဂုဏ်ပြုစကားဆိုခဲ့ကြပါ RFA Burmese |
||
Posted: 17 Sep 2013 01:26 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငြိမ်း ချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ ချက်သမ္မတနိုင်ငံ ပရပ်မြို့မှာကျင်းပနေတဲ့ Forum 2000 ညီလာခံ ဒုတိယ မြောက်နေ့မှာ “The Road to Good Governance” အုပ်ချုပ်ရေးစနစ်ကောင်းတစ်ရပ်ဆီ သွားရာလမ်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 12:17 AM PDT
လုပ်အားခ မရသဖြင့် ထမင်းစားစရာ မရှိဖြစ်နေကြသည့် အလုပ်သမား တစ်ရာကျော် အတွက်စားစရာဆန်နှင့် သောက် စရာရေများ အကူညီ ရလိုရငြား အလှူခံရန် ထွက်လာကြသည့် အလုပ်သမ ဇနီးမောင်နှံတို့အား ထိုင်းပုလိပ် ၉ဦးက ၀ိုင်းဝန်းဖမ်း ဆီးခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ် ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့ (Buketta) ဘူကစ်တာအရပ် တွင် ရှိသော AEK SUPACHOK ဆောက်လုပ်ရေးကုမ္ပဏီ တွင် လုပ်အားခ ရရန် စောင့်ဆိုင်းနေကြသည့် မြန်မာ အလုပ်သမား ၁၁၀ ဦးတို့ တွင် စားစရာအစား အစာများ လုံးဝမရှိတော့သဖြင့် အကူညီရှာ ရန် ထွက်လာသူနှစ်ဦးကို ပုလိပ်များ ၀ိုင်းဖမ်းကြခြင်း ဖြစ် သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 11:56 PM PDT
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဗိုလ်တထောင် မြို့နယ် ၊ ပန်းဘဲတန်း မြို့နယ် နှင့် မင်္ဂလာ တောင်ညွန့် မြို့နယ် များရှိ လူစည်ကားရာ နေရာများဖြစ် သော ကားဂိတ် ၊ ဘူတာရုံ များ၌ ပြည်ပ နိုင်ငံများမှ တရားမ၀င် တင်သွင်းသည့် အကြော အားတိုးဆေး များကို ပေါ်ပေါ် တင်တင် ရောင်းချ နေကြောင်း တွေ့ရ သည်။ အဆိုပါ ဆေးများမှာ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်လုပ်ခွင့် လိုင်စင် ချမှတ်၍ ထုတ်ဝေ ခွင့်ပြု ထားခြင်း မရှိသော ဆေးဝါးများ ဖြစ်ပြီး ယင်းဆေးများ သုံးစွဲမိပါက နှလုံး အားနည်းခြင်း နှင့် မျက်စိမှုန်ခြင်း များအပြင် အဆုတ် တွင်ရှိသော သွေးကြောများ ပြတ်တောက် နိုင်ခြင်း အစရှိသော ရောဂါများ ဖြစ်ပွား စေနိုင်ကြောင်း ကျန်းမာရေး ၀န်ထမ်း တစ်ဦးက ပြောကြား ခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 11:50 PM PDT
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် လင်မယားချင်း စကားများရာမှ အသက်(၈၆ နှစ်)အရွယ်ရှိ လင်ယောက်ျားက ဒေါသ အလျောက် လှံရိုးနှင့်ရိုက်၊ လှံနှင့်ထိုး သောကြောင့် ဇနီးဖြစ်သူ သေဆုံးသွား သည့်ဖြစ်ရပ် စက်တင်ဘာ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီက ရဲအုပ်ဇော်ဇော်ဦး ပျဉ်းမနားမြို့မရဲစခန်းတွင် တာဝန်မှူး ထမ်းဆောင်နေစဉ် အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိပြီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 11:45 PM PDT
ယောက္ခထီးနှင့် ချွေးမတော်စပ်သူတို့ နှစ်ဦးစလုံး ဓာတ်လိုက်သေဆုံးခဲ့မှုတစ်ခု ရွှေပြည်သာမြို့နယ်တွင် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 11:36 PM PDT
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အမျိုးသားရဲအမှုထမ်းအဖြစ် အသွင်းပြောင်းရန် စီစဉ်နေပြီး ထိုသို့ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင် လိုအပ်သောနည်းပညာပိုင်းနှင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့်သက်ဆိုင်သော အကူအညီများကို ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး- UNODC ကကူညီပေးမည်ဖြစ်ကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆန်အီလိုင်းက မဇ္ဈိမကိုပြောသည်။ “တစ်ခုကတော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အခွင့်အရေးအခြေခံဥပဒေတွေကို လက်တွေ့ဆောင်ရွက်တဲ့ လုပ်ထုံးလုပ်နည်းတွေပေါ်မှာ အလေးပေးဆောင်ရွက်သွားမှာပါ” ဟု ဂျေဆန်အီလိုင်းကပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 11:29 PM PDT
ကော့သောင်းအကျဉ်းထောင်၌ ဖြစ်ပွားခဲ့သော ထောင်တွင်းဆူပူမှုဖြစ်စဉ်တွင် အဓိကတာဝန်ရှိသော ထောင်ပိုင်ကို အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၁၆ ရက်မှ စတင်ကာ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ စစ်ဆေးနေခြင်းဖြစ်ပြီး အကျဉ်းထောင် တာဝန်ရှိသူအချို့ နှင့် အကျဉ်းသားများကြားတွင် ယခင်ကပင် မကျေလည်မှုအချို့ ရှိနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 11:23 PM PDT
မြန်မာနိုင်ငံ နယ်စပ်ဒေသ အသီးသီးရှိ တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိန်းချုပ် နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ရန် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ညှိနှိုင်းသဘော တူညီမှုရပြီ ဖြစ်သော်လည်း ကေအိုင်အို အဖွဲ့ကမူ လက်မခံသေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 10:57 PM PDT
လုံခြုံရေး
တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အကျဉ်းသားတစ်ဦး သေဆုံးပြီး ခုနစ်ဦး
ဒဏ်ရာရရှိခဲ့သော ကော့သောင်း အကျဉ်းထောင်တွင် စက်တင်ဘာလ ၁၆ ရက်နေ့အထိ
ဆန္ဒပြမှုများမှာ ဆက်လက် ဖြစ်ပွားနေကြောင်း ကော့သောင်းမြို့နယ်
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကော့သောင်းမြို့နယ် တာဝန်ရှိသူတစ်ဦးက The Voice
သို့ ပြောကြားသည်။ ယင်းအကျဉ်းထောင်တွင် စက်တင်ဘာလ ၁၃ ရက်နေ့က
ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုများကို အကျဉ်းထောင် ဝန်ထမ်းများက
ပစ်ခတ်ဖြိုခွင်းခဲ့မှုအပေါ် မကျေနပ်သဖြင့် အကျဉ်းသား ၃၀၀ ဝန်းကျင် က
ဆက်လက်ဆန္ဒပြနေခြင်း ဖြစ်ကြောင်း အကျဉ်းထောင်တွင်းမှ ရရှိသည့် သတင်းများကို
ကိုးကား၍ ၎င်းက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 10:53 PM PDT
လတ်
တလောဖြစ်ပေါ်နေသော ရထား ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား တောင်ငူ
ဘူတာစက်ရုံ ဝင်းအတွင်း သိုလှောင်ထားရှိသော နိုင်ငံပိုင် ဒီဇယ်ဆီဂါလန်ပေါင်း
များစွာ စာရင်းကွာဟ လျော့နည်း ပျောက်ဆုံး နေမှုနှင့် ပတ်သက်ပြီး
သက်ဆိုင်ရာဝန်ကြီးဌာနအကြီး အကဲများ ကိုယ်တိုင်ခုံရုံးဖွဲ့ကာ
တောင်ငူသို့ရောက်ရှိလာလျက် အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စတင်စုံစမ်းနေပြီ
ဖြစ်ကြောင်း သိရသည်။ ''ဒီကိစ္စထုတ်ဖော် သတင်း ပေးပြောပြဖို့ဆိုတာ အလွန်အန္တ
ရာယ်များပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Sep 2013 10:48 PM PDT
တောင်ကြီးမြို့ ကျောင်းကြီးစုရပ် ကွက်နေ ခွန်အောင်နိုင်ဦး ၁၃ နှစ်၊ ဆဋ္ဌမတန်း အထက(၂)နှင့် ညီဝမ်းကွဲတော်သူ ခွန်သီဟထွန်း ခုနစ်နှစ်၊ ပထမတန်း အမက(၁၁) တို့သည် စက်တင်ဘာ၁၅ရက်မှ စတင် ပျောက် ဆုံးသွားခဲ့သဖြင့် မိဘဖြစ်သူများက စက်တင်ဘာ ရရက်တွင် မြို့မရဲစခန်းသို့ ပျောက် ဆုံးသူဓာတ်ပုံနှင့်တကွ လူပျောက် သတင်းပို့ တိုင်ကြားခဲ့သော်လည်း ၁ဝရက်ကျော်ကြာသည်အထိ သ တင်းမရ ပြန်မတွေ့ဘဲရှိကြောင်း မိဘများ ထံမှ သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 10:37 PM PDT
ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့်၃၇လမ်းကြားရှိ အောင်ဘာလေ သိန်းထီဌာနခွဲအနီး တိုက်ပေါ်မှ အသက် ၂၅ နှစ် ၀န်းကျင်အမျိုးသား တစ်ဦး ပြုတ်ကျသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အုဆိုပါ အမျိုးသား သေဆုံးမှုကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်ကအနီးရှိဈေးသည်တစ်ဦးက တွေ့ရှိခဲ့ပြီး ရဲကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ရဲက ဆိုသည်။ ကျွန်မတို့က တော့မသိဘူး။ဈေးပုံမှန်ရောင်းေ သေဆုံးမှု ဖြစ်စဉ်ကို ကျောက်တံတား ရဲစခန်းက ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။ စိုင်းလမင်း Popular Myanmar News Journal |
||
Posted: 16 Sep 2013 10:25 PM PDT
မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်မှ အရှုပ်တစ်ခုသဖွယ်ဖြစ်နေသည့် ကိစ္စများအားပါမောက္ခ ချုပ် ဒေါက်တာခင်မောင်ဦးအပါအဝင် တာဝန်ရှိသူအချို့ကို သမ္မတရုံးမှ တာဝန်ရှိသူများနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ငွေကြေးအလွဲသုံးစားကိစ္စများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း တက္ကသိုလ်ဆရာ အသိုင်းအဝိုင်းမှ သိရသည်။ အဆိုပါစစ်ဆေးမှုတွင် ရတနာပုံမဂ္ဂဇင်း ဆိုင်ရာငွေကြေးများ၊ စားသောက်ဆိုင်ကိစ္စများ၊ ဆရာမများအ ဆောင်၊ ကွန်ကရစ် ကျောင်းလမ်းမကြီးကိစ္စများ၊ ဘွဲ့နှင်းသဘင်ဓာတ်ပုံတင်ဒါကိ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 07:12 PM PDT
မြန်မာနိုင်ငံအနှံ့အပြား
နေရာဒေသ အသီးသီးတို့တွင် ယခုရက်ပိုင်းတွင်း မိုးများရက်ဆက်ရွာသွန်း၍
ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျှက်ရှိနေရာ မိုးနည်းရေရှား ဒေသဖြစ်သော
မကွေးတိုင်း ဒေသကြီး၊နတ်မောက်မြို့တွင်လည်း ယခုလ ၁၃-၁၄-၁၅-၁၆ရက်များက
ရွာသွန်းခဲ့သော မိုးများကြောင့် မြို့နယ်လယ်ယာ ဖွံဖြိုးရေးဘဏ်၊
မြို့နယ်မြေစာရင်းဌာန၊ မြို့နယ်လ.ဝ.ကရုံး၊ မြို့နယ်စိမ်း/စို၊
မြို့နယ်တရားရုံး မြို့နယ်အခွန်ရုံးစသောဌာနများနှ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ မိုးနည်းရေရှားဒေသ နတ်မောက်မြို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်။ ဓါတ်ပုံ- ပေါ်ဦး(နတ်မောက်) |
||
Posted: 16 Sep 2013 05:41 PM PDT
အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူး ဖော်ထုတ်လုပ်မှု ကုမ္ပဏီ၏ လုပ်ကွက်များ သိမ်းယူလာမှုကြောင့် ဒေသခံလုပ် သား သုံးသောင်းခန့် အလုပ်လက်မဲ့ ဖြစ်နေကြောင်းကို မိုးထိမိုးမိ ဒေသခံများမှ ၁၆-၉-၂၀၁၃တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို မန္တလေးမြို့၊ ၇၄လမ်း၊ ၃၆လမ်းနှင့် ၃၇လမ်းကြားရှိ Mister 88 ကဖေးတွင် နေ့လည် (၁)နာရီခွဲ၌ ကျင်းပခဲ့သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 05:35 PM PDT
မန္တလေးမြို့လူထု သောက်သုံးရေ အဖြစ် အသုံးပြုနေသော ကျုံးရေအား ခေတ်မီ နည်းစံနစ်များဖြင့် သန့်စင်ခြင်း လုပ်ငန်း ကို အမေရိကန် နိုင်ငံမှ Nation First International Development Asia Pte Co.Ltd. မှ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ကမ်းလှမ်း ထားကြောင်း သိရသည်။ ကျုံးရေကို အသုံးပြုနေသည့် အိမ်ထောင်စု ၃၀၀၀ကျော်ရှိပြီး လက်ရှိတွင် ဆည်တော်ကြီးမှ ဆည်ရေများ ၀င်ရောက်လျှက်ရှိ သောကြောင့် သောက်သုံးရန် မသင့်တော်ကြောင်း သိရသည်။ သုံးရေအဖြစ် သာ အများစု အသုံးပြုနေကြသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 05:00 PM PDT
ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက လူ ရာပေါင်းများစွာ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ ဓာတုလက်နက် အမြောက်အများကို အသုံးပြုခဲ့တယ်ဆိုတာ ရှင်းလင်းပြီး ယုံကြည်လောက်တဲ့ အထောက်အထား ရထားပြီလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့ ဒမတ်စ်ကတ်မြို့တော်ရဲ့ Ghouta ဒေသနားမှာ Sarin အဆိပ်ဓာတ်ငွေ့ပါတဲ့ မြေပြင်ကနေ မြေပြင်ပစ် ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်ဆိုတာ စုဆောင်းရယူထားတဲ့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment