တစ်ဘ၀စာ...လမ်းခွဲ
February 24, 2013 at 7:44am

မျက်ဝန်းထက်မှာ မျက်ရည်တွေ စို့လာကို သိလိုက်သည်။ကြာကြာ ပာန်ဆောင် ဖို့မသင့်တော့ ပာု ဦးနှောက် က အသိပေးနေသည်။
နောက်ထပ် မိနစ် အနည်းငယ်ကြာလာလျှင် ဒီမျက်ဝန်း ပာာ မျက်ရည်အိပ်ပေါက် သလိုလျှံထွက်လာမှာ ကိုလည်းသိနေသည်။အခု
အချိန်မှာ သူမ ရှေ့မှာ သူပာာ ပျော့ညံသူ တစ်ယောက် မဖြစ်ချင်ပါ။ခေါင်းအေးအေးထားရင်း ဆုံးဖြတ်လို့မရသော ခက်ခဲမှုတစ်ခုလို့
နားလည်လိုက်သည်။
"လမ်းခွဲရအောင်..." တဲ့လား။သူမ ဒီလမ်းကိုခွဲပြီး ဘယ်လမ်းကိုရွေးမလို
့လဲ...။အရင်းနှီးဆုံး အိပ်မက်တွေပာာ ဒီစကား တစ်ခွန်းရဲ့ အောက်မှာ
တကယ်ပျောက်ကွယ် တော့မှာလား။ ယောကျာ်းတစ်ယောက် ရဲ့ မာနကိုဖက်တွယ်ရင်း
"မောင်လမ်းခွဲမပေးနိုင်ဘူး မောင် အသင့် ကိုအရမ်းချစ်တာ အသင်မသိဘူးလား"
လို့ ပြောထွက်ဖို့  မေ့ပလိုက်သည်။ တကယ်တော့သွေးပူနေတဲ့ အချိန်မှာ ဘာကိုမှ
မတွေးနိုင်ခဲ့။သူမကတော့ သူမ၏ အကြိုက်ဆုံး အရောင်ဖြစ်သော အစိမ်းရောင် ကို
သူမမျက်ဝန်းမှာ
အစွမ်းကုန် လှစ်ပာပြရင်း သွေးအေးနေသည်။သေချာတယ်
တကယ်ရှုံးနေပြီ... လက်မခံချင်... ဒါပေမယ့် အချစ်ပာာ သူ့ ကို
သွေးအေးအေးဖြင့် ရက်စက်ခဲ့ပါသည်။ထိုအချိန်မှာ ဦးနှောက်၏
စေခိုင်းမှုဖြင့် "အင်း... လမ်းခွဲကြတာပေါ့" လို့ အတည်ငြိမ်ဆုံး
လေသံဖြစ်အောင်
ကြိုးစားပြောလိုက်သည်။သူမဆီက စပ်ဆုပ်ဖွယ်ရာ အပြုံးတစ်ခု လင်းခနဲ
ထွက်ကျလာသည်ပာုထင်သည်။မျက်လုံး ကိုမှိတ်လိုက်ရင်း မျက်နှာကိုသူမ ဆီမှ
ဆတ်ခနဲ လွှဲလိုက်မိသည်။ပါးပေါ်မှာပူခနဲပဲ... မျက်ရည်သည် ပါးပြင်ထက်
အဆပေါင်း များစွာမက ရင်တစ်ခုလုံးကိုပိုပူလောင်စေသည်။နှလုံးသားသည်
ဒါးမြှောင် ထိပ်မှာသီးနေသော ပန်းသီးတစ်လုံး ပာု ကိုယ့်ကိုယ်ကို
ခံစားမိလာသည်။ပြင်းရှ စူးနစ်စွာ နာကျင်နေမိသည်။အမှန်တော့ သူမမှာ ကျွန်တော့ ကိုလမ်းခွဲဖို့ အကြောင်းပြချက်ခိုင်ခိုင်လုံလုံ
မျိုးမရှိလောက်ပါ။ဒါပေမယ့်
သူမ ကျွန်တော့် ကိုလမ်းခွဲချင်နေ ကြောင်း အရိပ်အမွက်
နားလည်ထားဖူးသည်။ကျွန်တော့် အချစ်ကို ချနင်း ဖို့ သူမမှာ သတ္တိ အလုံအလောက်
ရှိတဲ့ ဒီအချိန် မှာ ဒီစကားသူမပြောထွက်ခဲ့သည်။မနေ့ က အထိတော့ သူမလက်ကို
ဆုပ်ကိုင်ကာ ပျော်ရွှင်မိသည်။ဒီနေ့ တော့သူမရဲ့နင်းချေမှုအောက်မှာ
ကြေကွဲမှုတွေ ခံစားမှုတွေ ခံစားနေရသည်။အဆုံးထိတော့ ပာန်ဆောင်လိုက်ဦးမည်
ပာု ဆုံးဖြတ်က သူမကို တစ်ချက်လှည့် ပြုံးဖို့ ကြည့်လိုက်မိသည်။ သူမက
ငေးငေးလေး ပြန်ကြည့်နေသည်။
မျက်ရည်များစို့ ရုံသာ စို့နေရုံ ရှိသေးသော မျက်လုံးများ ရဲ့ ကြေကွဲရိပ်ကို ဖုံးရင်း သူပြုံးပြလိုက်သည်...။သူမကတော့ သွေးအေးအေး
သာပြန်ကြည့်နေခဲ့သည်
... နောက်တော့ ဘာမှမသိတဲ့ ကလေးတစ်ယောက် ဒီဇိုင်းဖြင့်
ခေါင်းငုံသွားသည်ကို ... နောက်ဆုံး
အနေဖြင့်မြင်လိုက်သည်။အဝေးဆုံးဝေးကွာဖို့ သာရှိတော့သည်။ဘယ်ကိုသွားနိုင်မလဲ
.... ဘယ်လောက်ထိမှားနိုင်မလဲ...ကိုယ့်ဘာကိုယ်တောင်မသိတော့...။
ခံစားချက်တိုင်းပာာ လူကိုနှုတ်ဆိတ်စေခဲ့တယ် ... လူပာာ အမှောင်ဆုံး
အချိန်ရောက်နေပြီး ကြေကွဲရိပ်တွေ သမ်းနေခဲ့ပြီ။ တစ်ချိန်က
အပြာရောင်ကောင်းတင်တို့  အဖြူစင်ဆုံး နှလုံးသား တို့ဆိုတာ အခု ခံစားမှု
နဲ့ဆိုတော်တော်ဝေးကွာ
နေသည်။မျက်လုံးတွေကလည်း အမှန်နဲ့ အမှား
ခွဲခြားမသိ။အချိန်ကို ကြေကွဲမှုအပြည့် နဲ့ ဖြတ်သန်းရင်း
သေမလောက်ပူဆွေးမှုရဲ့ အနှိပ်အစက်ကို ခံစားနေသည်။သူ
နဲ့တွဲနေစဉ်နောက်ပိုင်းကာလတွေ အတွင်း သူမသည် တခြား ယောကျာ်းလေးတွေ
အကြောင်းမထိတထိ ခဏခဏ
ပြောတက်သည်။ဒီနောက်ပိုင်း သူ စိတ်ကုန်စေမယ့်အပြုမူတွေကို ထပ်တလဲလဲ လုပ်လာခဲ့သည်။ဒါပေမယ့် ချစ်ခဲ့ဖူးသည့် အချစ်တစ်ခု
ကို ပျက်စီး မသွားဖို့ အရေး သူ သူမကို ဘာမှ မပြောရက်ခဲ့ပါ။ဒီရင်တစ်ခု လုံးရင်းထားပေးပါသည် ။သူမခြေမွချင် ခြေမွခွင့်ရှိသည်။
လို
သလိုဖျက်စီးခွင့် ပေးထားခဲ့ဖူးသည်။သူ့ အပေါ်ခွဲမသွားရင် ကျေနပ်ပြီပာုသာ
ယုံကြည်ထားဖူးသည်။အခုတော့ သူမကအရက်စက်ဆုံး စကားတစ်ခွန်းကို
ဆိုလာခဲ့တော့လည်း... ဒီဇာတ်လမ်း ပြီးဆုံးပြီပာုသာ
ဆုံးဖြတ်လိုက်သည်။ဘယ်သူမဆို
ခံနိုင်ရည် က အတိုင်းအတာတစ်ခုထိသာ ရှိနိုင်ပါသည်။အင်မတန်ခိုင်မာလှသော ကြိုးတစ်ချောင်း ဖြစ်ပါစေဦးတော့ ... အဲ့ဒီ ကြိုးကို
ပြတ်သွားနိုင်စေသော
အားမျိုး နဲ့ကြုံလာလျှင် ပြတ်ရမှာပဲလေ...။သူမ နဲ့  ချစ်သူဖြစ်ခါစ
ပေးခဲ့ဖူးသော ကတိစကားများ အတွက်တော့ နောင်တရမိသည်။...အိသဉ္ဖာ ပာုခေါ်သော
သူမကို အသင်လို့  ကိုယ်ပိုင်နာမည်လေး တစ်ခုပေးရင်း သူမ ကမောင် လို
့ခေါ်တာကို ကြည်နူးမိဖူးခဲ့သည်။"သူမတို့ ဝေးရမှာလား..." တဲ့ ...
အဲ့လိုမျိုး သူမ မေးတုန်းက သူမ မျက်နှာလေးကိုစေ့စေ့ ကြည့်ပြီးတော့
ခံစားချက်တစ်ခုပြောပြခဲ့ဖူးသည်...။ " တစ်နေ့မှာ ဒီကမ္ဘာကြီးမှာ
နေရောင်ခြည်တွေ မလင်းတော့ပဲ တစ်လောကလုံး မှောင်မဲသွားမယ် ... ပင်လယ်ရေတွေ
လည်း ခမ်းသွားမှာပေါ့... ရေ မရှိ နေမရှိ တော့မယ့် လောကမှာ
ဒီကမ္ဘာရဲ့ရှင်သန်မှုတွေ အကုန်ပျက်သုန်းသွားမယ်ကွာ.. အဲ့ အခါလောက် ကျရင်တော့
မောင်တို့ အချစ်ရဲ့ ရှင်သန်မှုလည်း ပျက်သုန်းသွားလောက်မယ်ထင်ပါတယ် "
အဲ့တုန်းက သူမရဲ့ ကလေးဆန်ဆန် ပျော်ရွှင်မှုလေးတွေပြန်တွေးကြည့်တော့
အခုလိုမျိုးဖြစ်ရတာ ပြန်မယုံချင်။သူ နဲ့ အတူရှိတဲ့ အချိန်တော်တော် များများ
သူမ ပြုံးပျော်ရွှင်နေခဲ့ဖူးသည်။
ဘာကြောင့်
လမ်းခွဲဖို့ က အဲ့လောက်လွယ်ခဲ့တာလဲ...။ မာန တစ်ခုစီ ထားရင်းကနေ
ကမ္ဘာကြီးပျက်သွားနိုင်ခဲ့တယ်။ တကယ်တော့ သူမက စတင်ပြီးတော့ သူ့ ဘ၀ထဲကို
တိုးဝင်လာခြင်းဖြစ်သည် ။ သူမ ၏ သူငယ်ချင်းများမှ တဆင့် သူမ ၏ ခံစားချက်
များကို စတင်ကြားခဲ့ရချိန်က သူမကို ပြင်းပြစွာ ရင်းနှီးလို သောစိတ်
တစွန်းတစ မှ မဖြစ်ခဲ့။ နောက်ပိုင်း သူမ နှင့်ဆုံရတဲ့ အချိန်
တော်တော်များများ ရှိလာခဲ့တော့ သူမ အပေါ် တွယ်တာလိုသောစိတ်များ
တဖြည်းဖြည်း ဖြစ်လာခဲ့သည်။ ဒီလို နှင့် သူမ နဲ့  အတူတူ ရှိတဲ့ နေ့တစ်နေ
့မှာ သူ သူမ အပေါ်ချစ်တဲ့ အကြောင်းစပြီး ဖွင့်ပြောဖြစ်ခဲ့သည်...။ ဒီလို နဲ့ 
သူတို့ ချစ်သူတွေဖြစ်လာတဲ့ အချိန်တွေမှာ တစ်စထက်တစ်စ သူ သူမအပေါ်
တဖြည်းဖြည်း တိုးပြီး ချစ်လာသည် ပာုလည်း ခံစားခဲ့ရသည်။သူမ နဲ့ 
ပတ်သက်ပြီးတော့ အိပ်မက်တွေထားခဲ့သည်။ ဒါတွေ ကို သူမ ဖျက်ဆီးရသည့်
အကြောင်းကို တဖြည်းဖြည်း သိချင်လာမိသည်။ကိုယ့်ကိုယ် ကို အားတင်း
နိုင်ပြီလို့ ယုံကြည်ထား တဲ့ တစ်နေ့  သူမကို ထပ်ပြီးသွားတွေ့ ခဲ့သည်။
လမ်းခွဲရတဲ့ အကြောင်းပြချက်ကို ပြောပြခိုင်းကြည့်တော့ သူမကို သူ့ ကို
ပြုံးပြုံးလေး ကြည့်ရင်း ပြောပြသည်။ " တကယ်တော့ အားလုံးက
လိမ်ခဲ့တာပါ " တဲ့။ " ဘာ ... ဘယ်လိုလိမ်ခဲ့တာလဲ ...
နားမလည်ဘူး " " ဘာပဲဖြစ်ဖြစ်တောင်းပန်ပါတယ်... တကယ်တော့
ချစ်ခဲ့တာ မပာုတ်ဘူး ... သူငယ်ချင်းတွေနဲ့  ငြင်းရင်းကနေ လောင်းဖို့ အထိ
ဖြစ်သွားပြီး နင့်ကို ချစ်ချင်ယောင်ဆောင်ခဲ့မိတာ "
မောင်လို့ တောင်မခေါ်တော့ ...။ အခေါ်အဝေါ်တွေက အစ တစိမ်းဆန်ဆန် ကို
ချက်ချင်းပြောင်းလဲ လိုက်ပြီကိုး။ ထားလိုက်ပါတော့ .... ထပ်ပြီး
ရှုံးရပြန်ပြီပဲ ။ သူဆက်မမေးရဲတော့ ခေါင်းငိုက်စိုက်သာ
ပြန်လာခဲ့ရပြန်သည်။ဒါတောင်နောက်က အသံတစ်ခု ထပ်ထွက်လာသေးသည်။
" တကယ် စိတ်မကောင်းပါဘူး " တဲ့။ ရင်ထဲကို ဓားဖြင့်
တစွတ်စွတ်ထိုးနေသလိုမျိုး ခံစားရသည်.။ကိုယ့်ကိုယ်ကို အားတင်းနိုင်ပြီလို့ 
ယုံထားခဲ့သမျှ သူမက ထပ်မံခြွေချ လိုက်ပြန်ပြီ ။ အချိန်တိုင်းမှာ
အရှုံးသမားဖြစ်နေရတဲ့ ဘ၀မှာ ကိုယ့်ကိုယ်ကိုတောင် ယုံကြည်ချက် မထားချင်တော့
...။
....................................................................................................................
အရက် က အသက်ကို ပျက်စေတယ်တဲ့ ။အချစ်က ဘ၀ ကိုပျက်စေခဲ့တယ်။ ယစ်မူးစေ သော
အရာများသည်... ပျက်စီးခြင်းကို ဖြစ်စေခဲ့တာလား ....။ ညကမှောင် ချင် သလို
မှောင်နေသည်။သူဂရုမစိုက် ... ။ ကာရာအိုကေ စင်တင် ရှိသော
ယာမကာ
ဆိုင် ထောင့်မှာ လူရုပ်မပေါက် အောင် မူးချင်တိုင်းမူးနေသည် ...။ ဘယ်
သူ့ကိုမှလည်း သူဂရုမစိုက်သလို ဘယ်သူကမှလည်း သူ့ ကိုဂရုမစိုက်နေပါ
...။မျက်လုံးထဲမှာလည်း ဘာကိုမှ သဲသဲကွဲကွဲမမြင်တော့ ... ။လူက
လူလုံးမကွဲအောင်ကို
မူးနေပြီဖြစ်သည် ။ သူ့ နားကို ကောင်မလေး တစ်ယောက် ကပ်လာသည် ...။ မွှေးမြမြ ရနံတစ်ခုတော့ ရသလိုလိုရှိသည် ...။
ဒါပေမယ့် အသည်းကွဲနေတဲ့ လူတစ်ယောက် အဖို့  မိန်းမတစ်ယောက် ကြောင့်ရတဲ့ ဒဏ်ရာကို မိန်းမ တစ်ယောက် နဲ့ ကုစားဖို့ 
သူမကြိုးစားချင်ပါ။မကြိုးစားနိုင်တာလည်းပါသည် ။
" အကို အရမ်းမူးနေပြီနော် ... ဒီထောင့်မှာ ထိုင်နေတာလည်းကြာပြီ ...
တစ်ယောက်တည်းပဲလား ငယ်ငယ် အဖော်လုပ်ပေးမယ်လေ နော်.. "
အမူးသမားကို မူးနေပြီ ပြောတာ ရန်စ စကားဆိုတာ မသိရကောင်းလားဆိုပြီး
စိတ်ဆိုးဖို့ ကြံရွယ်လိုက်သည်။သို့ သော် သူမအသံလေးက ကြင်နာသံလေး
ပေါက်နေသဖြင့် မသိစိတ်က သာယာရကောင်းမှန်း သိလိုက်သည်။
" မမူးသေးပါဘူး ... ဗျာ ... " အာလေးလျှာလေး ဖြစ်နေမှန်းနားလည်လိုက်သည် ...။
" မမူးသေးဘူးသာပြောတာပါ ... အကို့ ပုံစံကြည့်ရတာ ငယ်ငယ့်တောင် သေချာမြင်တဲ့ ပုံ မပေါ်တော့ဘူး , ကဲဒါဆို
ငယ်ငယ် မေးမယ် ပာိုးကောင်းကင်ပေါ်ကလင်းနေတာ လလား ,ကြယ်လား အကို ''
သူကောင်းကင်ပေါ်မော့ကြည့်လိုက်သည် ။ထို့နောက် အာလေးလျှာလေး နှင့်ပြောသည်။
"မသိဘူး ... ဗျာ ... ကျွန်တော် ဒီမြို့ နယ်မှာ နေတာမှ မပာုတ်တာ ဗျာ..."
" အပာင်းပာင်း အကို ကသိပ်ရယ်စရာပြောတာပဲ နော်... ဒါ နဲ့ အကိုက ဘယ်ပြန်ရမှာတုန်း "
"....."
"ဘယ်ပြန်မှာတုန်း လို့ "
သူမဖြေ အား ဘီယာခွက်ကို မျက်နှာဖြင့် ကပ်လိုက် ခွာလိုက်လုပ်နေသည် ... ။
ကောင်မလေးက အံသြသလိုအကြည့် နဲ့  ကြည့်ရင်း ... " အကို ဘာလုပ်နေတာလဲ လို့ 
ငယ်မေးတာကို ဖြေဦးလေ" တဲ့။သူလေသံခပ် လေးလေး နှင့်ပြန်ဖြေမိသည်...။
" ဘယ်ပြန်မလဲဆိုတာ တွေးဖို့ နေနေသာသာ ...
အခုဒီဘီယာခွက်ထဲမှာတောင် ကမ်းစပ်ကပျောက်နေတုန်းပဲ"
" အကို သိပ်မူးနေပြီ " ပြောပြန်ပြီ
ဒီစကား... " မမူးသေးပါဘူး ... တကယ်လို
့မူးနေတယ်ဆိုတောင် တစ်ခုတော့ သိတယ် သိလား.. မင်းကအရမ်းချစ်စရာကောင်းတယ်
" " တကယ်လား" " အင်း "
လို့ ဖြေပြီးမှ တစ်ခုခု ကိုလွမ်းသလိုလို ဖြစ်လာသည်။ ထို့ နောက် "တကယ်တော့
... ကိုယ်ကမင်းကို လိမ်ကြည့်တာပါ ... ဆောရီး " "
ငယ် သိသားပဲ" " သိတယ် ... ပာုတ်လား
" " ပာုတ်တယ်လေ ... အကို့ ပုံစံ က အရမ်းကို
မူးနေတဲ့ ပုံပေါက်နေပြီ ... နောက်ပြီး ဒီစကားမျိုး ဆိုတာလည်း ယုံအောင်
ပြောတက်ဖို့  လို သေးတယ် မပာုတ်လား ... ငယ်တို့ အတွက် ဒီလို
လိမ်တာရိုးနေပါပြီ .. ဘာပဲဖြစ်ဖြစ် အကိုကခင်ဖို့ ကောင်းပါတယ် ... အကို ငယ်
့ကို ငယ်ကတော့ အကို့ ကို တော်တော်ခင်မိပါတယ် " "
တကယ်တော့...... အကိုလိမ်တာဘာပာုတ်သေးလို့ လဲ...အကို့ ဘ၀မှာ အကို့ ကို
တစ်သက်စာခံစားသွားရအောင် လိမ်သွားတဲ့မိန်းမတစ်ယောက်ရှိခဲ့ဖူးတယ် "
ကောင်မလေးက သူ့ကိုငေးပြီးကြည့်နေသည်။ညက တဖြည်းဖြည်း
အေးစိမ့်လာပြီပာုထင်ရသည်။ဆိုင်ထဲမှာလူလည်း သိပ်မရှိတော့ ...။ မြင်နေရသမျှ
အရာအားလုံး ယိမ်းနွဲ့ နေသည်။သူ့ခန္ဒာကိုယ် က ဆိုင်နံရံလေးကို
ပါးပါးလေးမှီရင်း ... "သူက အကို့ ယုံကြည်ချက်တွေ
... အိပ်မက်တွေ အားလုံးကို ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့
လိမ်သွားတယ်.... " ဆိုင်ထဲမှာ လူသံသဲ့သဲ့
လေးသားကြားနေရသည်။တချို့ စားပွဲဝိုင်းများကလူတွေ
ပြန်ကုန်ကြပြီဖြစ်သည်။ဆိုင်ထဲက မီးရောင်လေးတွေ က သူ့ မျက်လုံးများလို
မှိန်ဖျော့ဖျော့သာ ရှိတော့သည်။ "အဲ့ဒီ
မိန်းမကလေ .... " သူ့ အသံတွေတုန်ရင် လှုပ်ခတ်သွားသည်
..။သူ့ မျက်လုံးထဲတွက် မျက်ရည်စ တစ်ချို့ တွဲလဲခိုကုန်ပြီ။ အတွေးတွေ
အကုန်လုံး အတိတ် သို့ စီးမြောသွားရင်း ........ အတိတ်နဲ့ အတူပုံရိပ်ယောင်
တစ်ချို့ သူ့မျက်ဝန်း အတွေးတွေ မှာ ကပ်ငြိကုန်ပြီ
ဖြစ်သည်။
........................................................................................................
အချိန်တွေ တဖြည်းဖြည်းပြောင်းလဲ ကုန်တော့ လူလည်း စိတ်သစ်လူသစ် ဘဝ
ကိုပြန်ပြီး ထူထောင်နိုင်ခဲ့သည်။သို့သော် သူမကို တစ်နေ့ မှ မေ့လို
့မရခဲ့...။ ၄ လဆိုသော အချိန်ကာလသည် အသည်ကွဲနေသော လူတစ်ယောက် ကို ပုံမှန်
နီးပါး ပြန်လည်ဖြစ်စေခဲ့သည်။ စာ နဲ့  အလုပ်ထဲမှာသာ စိတ်ကို နှစ်ထားရင်း
သူမကိုမေ့ထားချင်ခဲ့သော်လည်း ... မမေ့နိုင်ခဲ့။မိန်းမ တစ်ယောက် ကြောင့်
ခံစားရသော နာကျင်မှုကို လည်း အခြား တစ်ယောက် အစားထိုးရင်း ဖြေဖျောက်ဖို
့လည်း စိတ်မကူးခဲ့ဖူးပါ။ ဝေဒနာကိုအတက်နိုင်ဆုံး ဖုံးကွယ်ရင်း
လူသစ်စိတ်သစ် တစ်ခုလို သူပြန်လည်တည်ဆောက်ခဲ့သည်။သူမနဲ့ ပတ်သတ်ပြီးတော့
ဘာမှလည်း ထပ် မစုံစမ်းခဲ့။ အဆက်အသွယ် လည်းလုံးဝမလုပ်ပဲ ရအောင်ကြိုးစားပြီး
နေခဲ့သည်။ဒါပာာ သူ့ အတွက် အဖြစ်သင့်ဆုံး ပုံစံ ပာုယုံကြည်ရင်း
တည်တည်ငြိမ်ငြိမ် နေနိုင်အောင်ကြိုး ပမ်းခဲ့သည်။
တစ်ရက် သူမ သူငယ်ချင်းများ တစ်ဖွဲ့လုံး သူ့ဆီရောက်လာကြသည်။ သူ့ ကို
ဖိတ်စာတစ်စောင်လာပေးသည်။ " ဘာဖိတ်စာလဲ ... နင်တို
့သူငယ်ချင်း မင်္ဂလာ ဆောင်သွားပြီလား " ရင့်ကျက်တယ်ဆိုတာ ပာန်ဆောင်မှု
တစ်မျိုးဆိုရင်တော့ သူကျွမ်းကျင် အဆင့်ရောက်သွားပြီ ပာု ကိုယ့်ကိုယ် ကို
သတ်မှတ်လိုက်သည်။ ထိုစကား ကို သူအတည်ငြိမ်ဆုံး အနေဖြင့်
ပြောလိုက်ခြင်းဖြစ်သည်။ မျက်နှာမှာတောင် ပြုံးယောင်လေးသမ်းသွားသည်
ပာုထင်သည် ။ ဒါပာာ သူပာာ အရှုံးသမား တစ်ယောက် ဘ၀မှာပဲ အမြဲမနေတဲ့ကောင်
ဆိုတာ ပြလိုက်ရုံလေးပါပဲ ။ သို့ သော် သူ့ပာန်ဆောင်မှုက အသုံးမ၀င်တော့
...... " သူ ဆုံးသွားပြီ "
တဒင်္ဂ ... သူနားကြားများလွဲသွားလေသလား ။
"ဘာ......ဘာပြောလိုက်တာ." " သူဆုံးသွားပြီ ...
နင့်ရဲ့ အသင် ဆုံးသွားပြီ ပာ... မနေ့ ကပဲဆုံးတာ"
လောကကြီး တစ်ခုလုံး မိုက်ခနဲ မှောင်သွားသလိုပင်... လူက အရူးတစ်ယောက်လို
ခဏတာဖြစ်သွားသည်။ဘာလုပ်ရမှန်း မသိ ... ။ ခေါင်းထဲမှာ မိုက်ခနဲ ...
အရာအားလုံး ခဏ တာ မှောင်ပြီး ငြိမ်ကျသွားသည်။
....................................................................................................................
သူမရဲ့ရက်လည်နေ့ ဖြစ်သည်။ သူမ ၏ နောက်ဆုံး ခရီးမှာ သူ ခက်ခက်ခဲခဲ
အနေအထားတစ်ခုဖြင့် ရပ်တည်ခဲ့ရသည်။ အခု သူမ၏ မိဘတွေကို သူ့မိဘ
လိုသဘောထားရင်း အားပေး နှစ်သိမ့် စကားပြောခဲ့ပြီးနောက် သူမ၏ သူငယ်ချင်း
တွေရှိရာဘက်သို့ သူထွက်လာခဲ့သည်။ သူမ၏ သူငယ်ချင်းတစ်ယောက် က သူတို
့အကြောင်းကို ပြောပြနေသည်။ " တကယ်တော့ ... နင်တို
့အကြောင်း ငါတို့ ဘာဆိုဘာမှ မသိခဲ့တာပါ... ငါတို့ တကယ်ကို
နင့်ကိုခင်တယ်... နင့် အသင် က နင့်ကို အရမ်းချစ်တာလည်း သိတယ်... ဒါပေမယ့်
... နင့်ကို သူစပြီး လမ်းခွဲတာ သိတော့ ငါတို့တောင်..သူ့ကို
နားမလည်နိုင်ခဲ့ဘူး ... နင်နဲ့ လမ်းခွဲပြီးနောက်ပိုင်း ... သူခဏခဏ ငိုတယ်
... နောက်ပိုင်း ...ငါတို့ ကို အကူအညီတောင်းပြီးတော့..
နင့်အကြောင်းတွေကို ပြန်စုံစမ်းခိုင်းတယ်... နင်
ပြန်ပြီးတည်တည်ငြိမ်ငြိမ် ဖြစ်တယ်ကြားရတော့မှ .. သူမငိုတော့တာပာ ...
လွန်ခဲ့တဲ့ .. တစ်လလောက်က စပြီး သူကျောင်းမမှန်တော့ဘူး ...
တစ်ပတ်မှာတစ်ရက်လောက်ပဲလာတော့တယ် ... အရမ်းလည်း ပိန်ကျသွားတယ် ...
ဆံပင်တွေလည်း အရမ်းကျွတ်လွန်းလို့ ... နောက်ပိုင်း ဦးထုပ်တောင်
ဆောင်းထားရတယ်... ငါတို့ လည်း ...အဲ့ဒါနဲ့ တစ်ရက် သူ့အိမ်ကို သူမသိအောင်
သွားပြီးမေးကြည့်မှ သူ့ အမေက ငိုရင်း ကင်ဆာရှိကြောင်းပြောပြတာ ...
မျိုးရိုးလိုက်တာတဲ့ .. သူ့ အဖွားမှာရှိဖူးတယ်တဲ့ ... သူ့ မိဘတွေတော့
အဲ့မျိုးစိတ်က မပါလာပဲနဲ့  ... သူ့ကျမှပါလာတာတဲ့ ... အဲ့နေ့ က ငါတို
့ရှိနေတုန်း အိမ်ကို သူပြန်ရောက်လာတော့ ငါတို့ ကို တွေ့သွားတော့ ...
သူငိုပါလေကော ... ပြီးတော့ သူစစချင်းပြောတာ နင့် အကြောင်းပဲ ...နင့်ကို
သွားမပြောပါနဲ့ ...တဲ့ ...နင်သူ့ ကို စိတ်နာပြီးတည်တည်ငြိမ်ငြိမ်နေ နေတာပဲ
... သူဖြစ်စေချင်တယ်တဲ့လေ... နင် သူ့ကြောင့် အမြဲဝမ်းနည်းနေရမယ့်
...ဘ၀မျိုး နင့်ကို မပေးချင်ခဲ့ဘူး..တဲ့လေ.... "
စကားတွေက နားထဲ တဖြည်းဖြည်း သံရည်ပူတွေလောင်းချ သလိုမျိုးပါပဲ... တစ်ဘ၀စာ
ရူးဖို့ ဖြစ်လာစေခဲ့သလိုပါပဲလား...။မျက်ရည်မ၀ဲပေမယ့် ရင်ထဲမှာ
မီးတွေစွဲနေခဲ့သည်။
..........................................................................................................................
အရက်ဆိုင်ထောင့်လေးမှာ သူ ပြန်ထိုင်နေခဲ့သည်။ မထိုင်တာ
တော်တော်ကြာသွားပေမယ့် ဆိုင်ကကောင်မလေးက သူ့ကိုမြင်တော့ ချက်ချင်း
မှတ်မိသွားသည်။ သူကတော့ တော်တော်မူးနေပြီ။ကြာရင်တော့ ရူးသွားမှာသေချာသည်။
သူကလည်း ရူးချင်နေသူမို့ အဆင်ပြေကောင်းပြေနိုင်လောက်ပါသည်။ လူကလည်း
ရူးမတက်ဖြစ်နေတာပါပဲ....... ။ " အကို
ပြန်လာပြန်ပြီလား .... မလာတာတောင်
တော်တော်ကြာသွားပြီနော်" "အင်း .... ပာုတ်တယ်
" " ဒီတစ်ခါကော..... အလိမ်ခံ ရလာပြန်ပြီလား
" " အင်း ပာုတ်တယ် ... အလိမ်ခံ ရလာတာပါပဲ ....
ဒါပေမယ့် ပာိုတစ်ခါ လိုတော့မပာုတ်ဘူး ... ပာိုတစ်ခါ ပြောခဲ့ဖူးတဲ့
ဇတ်လမ်းမှာ လိမ်တဲ့ မိန်းမက တကယ်တော့ လူမပာုတ်ဘူး ... နတ်သမီးလေး ..
သူကလိမ်ခဲ့တာတော့လိမ်ခဲ့တာပဲ .... အဲ့လိမ်ညာမှု ရဲ့နောက်ကွယ်မှာ သူ ရဲ့
အရမ်းလှပဖြူစင်တဲ့အချစ်ကို ဖုံးကွယ်ထားခဲ့တာ ...
" ကောင်မလေး ခေါင်းကုတ်သွားသည်။ ညကတဖြည်းဖြည်း
အေးလာပြန်ပြီ ။ဆိုင်ထဲက မီးရောင်တွေကို သူသဲသဲကွဲကွဲ မမြင်တော့ ....
မျက်ရည်တွေသည် ရေကာတာပေါက်သည့် အလား သူ့ မျက်ဝန်းမှ ဆက်တိုက်စီးကျလာသည် ။သူ
့အသံတွေ တုန်နေပြန်ပြီ ။ထိုတုန်ရင် သော အသံတွေကြားမှာ သူ
့ရဲကြေကွဲမှုတွေ အတိုင်းသား မြင်နေရသည်။ "
အဲ့ဒီ ကောင်မလေးကလေ....... " အတိတ်များ
ပြေးလွှားကုန်ပြီ ။ ပုံရိပ်တွေ ၊ အဖြစ် အပျက်တွေ ၊ ခံစားချက်တွေ ၊
စွန့်လွှတ်မှုတွေ ၊ သူမရဲ့တကိုယ်တည်း ကြေကွဲမှုတွေ .... အတိတ်တွေ
နောက်မှာ လိုက်ရင်း လိုက်ရင်း မျက်ရည်စတွေက တွဲလဲခိုနေလေရဲ့.........။
နစ်ကီဝိုင်
9:54 PM 11 February 2013
0 comments:
Post a Comment