မားကတ်တင်း ၏ ကြီးကျယ်သော ပြစ်ချက်(၁၀)
Author: lubo601 |
7:24 AM |
No မှတ်ချက် |
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်'s photo.
- 1. ဈေးကွက်အာရုံစိုက်မှုနှင့် စားသုံးသူကို ဇောင်းပေးမှု မလုံလောက်ခြင်း
ကုမ္ပဏီအများစု၏ အဓိက ချို့ယွင်းချက်နှစ်ခုမှာ ဈေးကွက်အခွင့်အလမ်းများနှင့်ပတ်သတ်၍ ထိုးထွင်းမြင်မှုမရှိသည်ကို ၄င်း၊ ပစ်မှတ်ဖောက်သည်များ လိုလားမျှော်လင့်သည်ကို ပြည့်ဝအောင် ၀န်ဆောင်ပေးနိုင်လောက်သည့် အနေအထားအထိ စနစ်တကျဖွဲ့စည်းထားမှုမရှိကြောင်းကိုလည်းကောင်းတွေ့ရသည်။
ဈေးကွက်အာရုံစိုက်မှု မလုံလောက်ခြင်း
မိမိ၏ ဈေးကွက်ရှာဖွေသူ ၀န်ထမ်းများက ဈေးကွက်ကို တိကျသေချာစွာ ဆန်းစစ်ထားမှုမရှိကြောင်း ကို အောက်ပါအချက်များက ညွှန်ပြသည်။
လက္ခဏာများ(Signs)
ဈေးကွက်စိတ်ပိုင်းမှုများကို အမျိုးအစားသတ်မှတ်ဖော်ထုတ်မှု ညံ့ဖျင်းခြင်း
ဈေးကွက်စိတ်ပိုင်းမှုများ ဦးစားပေးမှု မလုံလောက်ခြင်း
ဈေးကွက်စိတ်ပိုင်းမှု မန်နေဂျာများ မရှိခြင်း
ဈေးကွက်စိတ်ပိုင်းမှုများကို အမျိုးအစားသတ်မှတ်ဖော်ထုတ်မှု ညံ့ဖျင်းခြင်း
ကျွန်တော်တို့က ဒီမေးခွန်းကို မေးကြသည်။
"ကုန်ပစ္စည်းကို ဘယ်သူ့ဆီရောင်းချဖို့ ကြိုးစားနေသလဲ"
" လူတိုင်းဆီသို့" လို့ မဖြေပါနဲ့ ဒီအဖြေဟာ ကျိုးကြောင်းညီညွတ်မှု အားနည်းပါတယ်။
ဆီးရားစ်(Sears)စတိုးဆိုင်လုပ်ငန်းကြီး ၏ အမှုဆောင်အရာရှိအား ထိုမေးခွန်းကို မေးသောအခါ
ကျွန်တော်တို့ လူတိုင်းဆီကို ရောင်းတာ ၊လူတိုင်း ကျွန်တော်တို့ ဆိုင်မှာ အ၀တ်အစားနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ ၀ယ်ကြတယ်"
ဆယ်ကျော်သက်တွေ တော်တော်များများဈေးလာဝယ်ကြလား
"မ၀ယ်ပါဘူး"
အဲဒါဆိုရင် ခင်ဗျားတို့ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုကို တကယ်ကြိုက်တဲ့သူကို အာရုံစိုက်ပါလား။ လူတိုင်းကို စတိုးဆိုင်ထဲရောက်အောင်ကြိုးစားမယ့်အစား တကယ်ကြိုက်တဲ့သူကို အဓိကထားပါလား"
ကံကောင်းစွာပင် ကုမ္ပဏီအများစု က 'လူတိုင်း' ဟုဖြေလေ့မရှိချေ။ ထိုသို့မဖြေသည့်တိုင်အောင် သူတို့မှန်ကန်စွာဈေးကွက်ကို ရွေးချယ်မှု ကို အာရုံစိုက်မှု ရရှိရန်လိုအပ်သည်။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment