Wednesday, September 4, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၉)

သစ်ထူးလွင်



Posted: 04 Sep 2013 07:16 AM PDT

ရှေ့ကားကို ကျော်တက်မောင်းနှင်လိုက်သည့် ခရီးသည်တင် ဒိုင်နာကားတစ်စီးက လူသွားစင်္ကြန်ပေါ်တွင် လမ်းလျှောက်နေသော ကျောင်းသားနှစ်ဦးကို ၀င်တိုက်မှုတစ်ခု မရမ်းကုန်းမြို့နယ်တွင် စက်တင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး
က သတင်းထုတ်ပြန်သည်။ သမိုင်းဘူတာရုံလမ်းမှ သမိုင်းခုံးတံတားအနီး အတက်တွင် နံနက် ၆ နာရီအချိန်၌ ထိုယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒိုင်နာယာဉ်မောင်းမှာ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ကိုမင်းမင်းထွန်း ဆိုသူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Sep 2013 06:51 AM PDT

ကလေးအဖေတစ်ဦး ကြိုးဆွဲချ၍ မိမိကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတစ်ခု သုံးခွမြို့နယ်တွင် စက်တင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး
မှ သတင်းထုတ်ပြန်သည်။ အဆိုပါ ကြိုးဆွဲချသေဆုံးမှုမှာ သုံးခွမြို့နယ် မဟာမိတ်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် မြို့နယ်ရဲစခန်း တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြသည်ဟု ရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Sep 2013 06:42 AM PDT

“ဆရာ..၂၀.၇.၂၀၁၃ ရက်နေ့က သေဆုံးသွားတဲ့ ကျောက်ပန်းတောင်းမြို့နယ်၊ သံဘိုချောင်းဖျား ကျေးရွာနေ ဦးအောင်လှိုင်ဝင်း၊ ဒေါ်ဖြူဖြူစန်းတို့ရဲ့သမီး အသက်(၄)နှစ်ခွဲအရွယ်ရှိ မကျော့မွန်အေးနဲ့ ပတ် သက်ပြီး သစ်ထူးလွင်ဝက်ဘ်ဆိုက်မှာ ဖော်ပြသွားတာ တွေ့လိုက်ရပါတယ်။ အဲလိုဖော်ပြသွားတဲ့ အပေါ်ဆ ရာ့အနေနဲ့ ဘာများ ပြောချင်ပါသလဲဆရာ”
“ဟုတ်ကဲ့ ကလေး သေဆုံးရတဲ့အကြောင်း ရှင်းမပြခင် ကျွန်တော်တာဝန်ယူရတဲ့ ကျောက်ပန်း
တောင်းမြို့နယ် ပြည်သူ့ဆေးရုံအကြောင်း အရင်ပြောပြချင်ပါတယ်။ ကျွန်တော့ဆေးရုံက ကုတင်(၅၀)
ဆေးရုံပါ။ ကုတင်(၅၀)ဆေးရုံဖြစ်ပေမယ့် လက်ထောက်ဆရာဝန်(၅)ဦးရှိရမယ်
့အစား(၂)ဦးက ပြောင်း ရွှေ့သွားတဲ့အတွက်(၃)ဦးနဲ့ အရိုးအထူးကု ဆရာဝန်တစ်ဦး၊ ကျွန် တော်အပါအ၀င် ဆရာဝန်(၅)ဦးပဲရှိပါ တယ်။ဝန်ထမ်း အင်အားဟာလည်း အထူးသဖြင့်ဆရာမများ အင်အားက ကုတင်(၅၀)ဆေးရုံ စံကိုက် ခွင့်ပြုအင်အား ရရှိထားတာမဟုတ်တဲ့ အတွက် လုပ်ငန်း ဆောင်တာများပြားပြီး ၀န်နဲ့အား မမျှဘူးလို့ပြောရမှာပါ”
“မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ
ူးတစ်ယောက်အနေနဲ့ မြို့နယ်ရဲ့ပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းတွေ၊စီမံအုပ်ချုပ်မှုလုပ်ငန်းတွေ၊ဆေးရုံရဲ့ကုသရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ရ တဲ့အပြင်အထူးကုဆရာဝန်၊ခွဲစိတ်ဆရာဝန်၊သားဖွားမီးယပ်ဆရာဝန်တွေမရှိတာကြောင့် အဲဒီကုသရေး တွေကိုပါကျွန်တော်တစ်ဦးတည်းကဆောင်ရွက်ရပါတယ်”
“ဟုတ်ကဲ့ပါဆရာ၊ဆရာ့ဆေးရုံမှာ နေ့စဉ်လူနာဘယ်နှစ်ယောက်လောက် ဆေးကုသမှု ပေးနေရ တယ်ဆိုတာလဲ သိပါရစေဆရာ”
“ကုတင်(၅၀)ဆေးရုံဆိုပေမယ့်ေ
န့စဉ်လူနာ(၉၀)ကနေ(၁၂၀)လောက်အထိရှိပြီး တစ်ချို့နေ့တွေ ဆို (၁၄၀)အထိရှိတတ်ပါတယ်။နေ့စဉ်အရေးပေါ်ခွဲစိတ်လူနာ(၅)ဦးလောက်ရှိပြီး တစ်ပါတ်ကိုခွဲစိတ်ခန်း
နေ့ တနလာင်္နဲ့၊ကြာသပတေး(၂)ရက်သတ်မှတ်
ထားပါတယ်။တစ်ရက်ကိုခွဲစိတ်လူနာ(၁၀)ဦးမှ(၁၅)ဦး
အထိရှိပြီးတစ်လကိုခွဲစိတ်လူနာ(
၁၅၀)မှ(၂၀၀)အထိရှိတတ်ပါတယ်”
“သေဆုံးသွားတဲ့လူနာ ဆေးရုံကိုရောက်လာတဲ့ ဇူလိုင်(၂၀)ရက်နေ့က ဆရာဆေးရုံမှာရှိမနေ ဘူးလို့သိရပါတယ်။ဆရာ့အနေနဲ့အရေးကြီးတဲ့လူနာကိုထားခဲ့ပြီးသွားရတဲ့အကြောင်းရင်းလေးကိုသိပါရ စေဆရာ”
“အမှန်ကအဲဒီကလေးကိုဇူလိုင်(၁၈)
ရက်နေ့ကလာပြတော့ ကလေးကမှိန်းလွန်းနေတဲ့အတွက်
ဆေးရုံတက်ဖို့ပြောပါတယ်။ကလေးမိ
ခင်က ၀ါဆိုပန်းခူး ရောင်းရဦးမှာမို့ မတက်နိုင်ကြောင်း ပြောပါတယ်။ နောက်တစ်နေ့ မနက်ပိုင်းမှာ ဘိုက်အောင့်တယ်ဆိုပြီးလာပြလို့ မဖြစ်မနေဆေးရုံတက်ဖို့  ပြောတော့လည်း မလိုက်နာဘဲပြန်သွားခဲ့ပါတယ်”
“အဲဒီနေ့ နေ့လယ်ပိုင်းမှာ ထပ်ပြီး လာပြတော့ ကလေးက မှိန်းလွန်းနေပြီး ဓာတ်ဆားမ၀င်လို့ စိုးရိမ်
ရတယ်။ဆေးရုံမတက်ဘူးဆိုရင်တော့ အသက်အန္တရာယ်ရှိတယ်လို့ပြောတာတောင် မတက်ဘဲ တိတ်တ
ဆိတ်ပြန်သွားကြပါတယ်။ ဇူလိုင်(၂၀)ရက်နေ့ မနက်(၉)နာရီခွဲလောက်မှာ ကလေးဟာ တစ်ညလုံးလူး
လွန့်နေတယ်ဆိုပြီး ရောက်လာလို့ သွေးပေါင်ချိန်တိုင်းကြည့်တော့ တိုင်းလို့မရအောင်(၀)ကိုရောက်ေ
နတဲ့
အတွက် ဆေးရုံကိုတင်ပို့ခဲ့ပါတယ်”
“ဆေးရုံရောက်တော့ သက်ဆိုင်ရာဆေးရုံအရေးပေါ်တာဝန်ကျ
ဆရာဝန်ကလည်းသီးသန့်ကုသ
မှုပေးပြီး ကျွန်တော့ရဲ့ဆေးကုသမှုညွှန်ကြား
ချက်အတိုင်း ဆက်လက်ကုသခဲ့ကြပါတယ်။ အဲဒီနေ့ကကျွန်
တော်ဟာ ဖျားနေတဲ့ကြားထဲက အင်္ဂလန်နိုင်ငံက ပါလီမန်အမတ်တွေပါဝင်တဲ့ ကျန်းမာရေး လုပ်ငန်းများ
လေ့လာရေးအဖွဲ့ ပုဂံနဲ့ပုပ္ပါးကို ရောက်လာတာကြောင့် သွားရောက်ခဲ့ရပါတယ်”
“အဲဒီခရီးစဉ်သွားရောက် နေတုန်းမှာပဲ နာရီဝက်တစ်ခါ လောက်ကလေးရဲ့သွေးပေါင်ချိန်တိုး
တက်
မှု အချေအနေကိုဖုန်းနဲ့မေးမြန်းပြီး အရေးပေါ်တာဝန်ကျ ဆရာဝန်နဲ့ဆရာမတွေကို သေချာစောင့်ကြပ် ကြည့်ရှုပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ညနေ(၅)နာရီလောက်မှာ ပြန်ရောက်ပေမယ့် ဖျားပြီးချောင်းတွေဆိုးနေ တာကြောင့် အိမ်မှာအနားယူပြီး ည(၉)နာရီကျော်လောက်မှာတော့ လူနာအချေအနေမကောင်းကြောင်း သိရလို့ ဆေးရုံကိုသွားခဲ့ပါတယ်”
“ကျွန်တော်ရောက်သွားတော့ ကျွန်တော့ကို ၀ိုင်းဝန်းဆဲဆိုကြိမ်းမောင်းအော
်ဟစ်ကြ တာနဲ့က လေးအချေအနေကိုကြည့်လိုက်တော့ ကလေးကဆုံးနေပါပြီ။ကျွန်တော်ကလေးကိုလစ်လျူမရှုခဲ့ပါဘူး။
ကျွန်တော့စကားနားထောင်ပြီး ဆေးရုံကိုအချိန်မီတင်နိုင်ခဲ
့ရင်ဒီလိုအဖြစ်ဆိုးနဲ့ကြုံရမှာမဟုတ်ပါဘူး”
“ပထမကြည့်ခဲ့တဲ့နှစ်ရက်လောက်ကလူ
နာဟာသွေးပေါင်ချိန်ကောင်းနေပါတယ်။BP90/60 ရှိပါ
တယ်။ဓာတ်ဆားရည်တိုက်ဖို့ညွှန်ကြာ
းခဲ့ပေမယ့်မတိုက်နိုင်ခဲ့ကြပါဘူး။ကလေးအထွန့်သလူးဖြစ်တဲ့အခါ
မှာလည်းဆေးရုံကို မနက်စောစောရောက်အောင်လာနိုင်တဲ
့အချေအနေရှိပါရဲ့နဲ့ (၉)နာရီခွဲလောက်မှ
ရောက်လာကြပါတယ်”
“လူနာကို ICU လို့ခေါ်တဲ့အထူးကြပ်မတ်ကုသခန်းမှ
ာထားတာကြောင့် တာဝန်ကျဆရာဝန်အ
ခန်းနဲ့(၁၀)ပေလောက်၊ဆရာမများ
အခန်းနဲ့က(၅)ပေလောက်ပဲကွာဝေးလို့ ကျွန်တော့ရဲ့အဝေးရောက် ညွှန်ကြားမှုနဲ့ အနည်းဆုံးနာရီဝက်တစ်ခါစမ်းသပ်ကြည့်ရှုဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဒါ့ကြောင့်ကျွန်
တော်တို့ဘက်ကတော့လစ်ဟင်းမှု၊ပေါ
့လျော့မှုမရှိခဲ့ပါဘူး။ဆေးကုသမှုအပိုင်းမှာလည်းမှားယွင်းမှုမရှိခဲ့ပါ
ဘူး”
“ကျွန်တော်ဟာ(၁၂.၄.၂၀၁၂)ရက်ေ
န့ကစတင်ပြီးကျောက်ပန်းတောင်းမြို့နယ်ဆေးရုံမှာတာဝန် ထမ်းဆောင်ခဲ့တာပါ။အဲလိုစတင်တာဝန်ယူကတည်းကဆေးရုံကုသရေးလုပ်ငန်းများမှာ အခမဲ့ဆောင် ရွက်ခဲ့ပြီး ဆေးရုံကိုအဖက်ဖက်ကတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ကျွန်တော်ကုသခွဲစိတ်ပေး ခဲ့တဲ့လူနာမှတ်ပုံတင်စာရင်းစာအုပ်ကလူနာတွေကိုခေါ်ယူမေးမြန်းနိုင်ပါတယ်”
“ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ”
မင်းကျော်ဇော (မကွေးမြို့)

by Myanmar News Now
Posted: 04 Sep 2013 06:04 AM PDT

ပထမတော့ အသံက မသဲကွဲပါ။ သို့သော် မကြာခင်မှာတော့ လမ်းငယ် လေး၏ တစ်ဖက် ထောင့်ချိုးမှ ထွက် လာသော သီချင်းသံနှင့်အတူ အသံရှင် ကိုပါ တွေ့လိုက်ကြရ သည်။ နေကာမျက်မှန်အမည်းကို တပ် ထားကာ အမြင်ချို့ယွင်းနေဟန်ရှိသော အသံရှင်က မယ်ဒလင်ကို ပိုက်၍ တစ် လှမ်းချင်းလျှောက် ဆိုနေခြင်းဖြစ်သည်။ အဖော်ဖြစ်သူက သူ၏ဘေးမှ ခါးကို အသာထိန်းပေးကာ လျှောက်နေကြ ခြင်း။ ခပ်သွက်သွက် စိတ်စိတ် မယ်ဒ လင် လက်ကွက်သံထဲ သူက ဆိုလက်စ သီချင်းကို အနည်းငယ် အသံမြှင့်၍ထပ် ကျော့ဆိုလိုက်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Sep 2013 02:33 AM PDT

မြေရှိသော်လည်း လမ်းမရှိ၊ ရေရှိသော်လည်း ဆိပ်ကမ်းမရှိသည့် နိုင်ငံမှ နောက်တစ်ဆင့် တက်နိုင်မည်လော။ လက်ရှိ မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှုအပိုင်းသည် အာဆီယံနိုင်ငံများတွင် ဘိတ်ဆုံး။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍနှင့် ပတ်သက်ပြီး တိုင်းတာသော Logistics Performance Index သည်လည်း ၂ ဒသမ ၃၇ သာရှိပြီး အိမ်နီးချင်း လာအိုနှင့် ထိုင်းနိုင်ငံတို့အောက် နိမ့်ကျကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Sep 2013 02:19 AM PDT

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အစိုးရ အထက်တန်းကျောင်းခွဲ (၂) မှ ဆရာ ဆရာမများကို အမည်မသိ ဆူပူ သောင်းကျန်းလိုသူ အချို့မှ ခြိမ်းခြောက်မူများ ရှိနေသည်ဟု သတင်း ရရှိသည်။ ၎င်း အထကခွဲ (၂) သည် ဘူးသီးတောင်မြို့ အနောက်ကွင်းခေါ် အမှတ်(၁)ရပ်ကွက်တွင် တည်ရှိပြီး ဘင်္ဂလီ ကျောင်းသား အများစု သင်ကြားနေသော ကျောင်း ဖြစ်သည်ဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျောင်းရှေ့တွင် လာရောက်ချထားသော စစ်အသုံးအဆောင်များ။


Posted: 04 Sep 2013 02:16 AM PDT

4.9.2013 ရက်နေ့ မူဆယ် (105)မိုင်တွင် စားသုံးသူရေးရာ၊ အကောက်ခွန် အစရှိသော ပူးပေါင်းစစ်ဆေးရေး မိုဘိုင်းမှ နံနက်(08း00)နာရီခန့်တွင် ယာဉ်အမှတ်(၃ခ/၁၄၂၁) Mitsubishi Pajero ယာဉ်အား စစ်ဆေးရာ ကျောက်စိမ်းများ တွေ့ရှိခဲ့ကြောင်း အဆိုပါယာဉ် နံပါတ်ပြားမှာ (၁စ/၃၃၁၄) နံပါတ်ပြားနှင့် နှစ်ခုထပ်လျှက်ရှိကြောင်း သိရှိရ ပါသည်။

အဆိုပါကားသည် အဖွဲ့အစည်းတစ်ခု နာမည်ခံထားကြောင်းလည်း  သိရှိရပါသည်။

တစ်ဖက်နိုင်ငံသို့ တရားမ၀င် တင်ပို့မည်ဖြစ်သော ကျောက်စိမ်း များဖြစ်သဖြင့် ပူးပေါင်းအဖွဲ့သည် ကျောက်စိမ်းတုံး စုစုပေါင်း (759)ကီလို နှင့် အဆိုပါMitsubishi Pajero ယာဉ်အားမူဆယ် အကောက်ခွန်ဦးစီးဌာန သို့လွဲပြောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စွမ်းသူလင်း

by Myanmar News Now


နံပါတ်ပြား နှစ်ခုထပ်လျှက် pajero ယာဉ်ပေါ်မှ ကျောက်စိမ်း ဖမ်းဆီးရမိ


Posted: 04 Sep 2013 01:53 AM PDT

ဖယ်ခုံ မြို့နယ် လောကပါလ အသင်းရပ် ဆိုင်းရန် မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်ထုတ် ပြန်သည့်အပေါ် အ ဆိုပါအသင်းက လူထုတောင်းဆို မှုဖြင့် ဆက်လက် လှုပ်ရှားဆောင် ရွက်သွားမည် ဖြစ်ကြောင်း အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ထင်အောင် ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးက လောကပါလ လူမှုဖူလုံ ရေးအသင်းအား မှတ်ပုံတင်ထား ခြင်းမရှိသောကြောင့် အသင်း၏ လှုပ်ရှားမှုများ ရပ်ဆိုင်းရန် ဩဂုတ် ၂ရရက်က အမိန့်စာထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Sep 2013 01:30 AM PDT

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချ
ုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ အ​ရှေ့​ ဥ​ရောပ ၃နိုင်ငံ ခရီး​စဉ်အဖြစ် စက်တင်ဘာ ၁၀ ရက်​နေ့​မှာ ပိုလန်နိုင်ငံကို စတင် သွား​ရောက်မှာဖြစ်တယ်လို့​ ပါတီက သတင်း​ထုတ်ပြန်ပါတယ်။ ရန်ကုန်-ဘန်​ကောက်ကတဆင့်​ ဇူး​ရစ်က​နေ ပိုလန်နိုင်ငံ ဝါ​ဆောမြို့​ကို သွား​ရောက်မှာ ဖြစ်ပြီး​ ပိုလန်သမ္မတ၊​ ဝန်ကြီး​ချုပ်၊​ အထက်နဲ့​အောက် လွှတ်​တော်ဥက္ကဋ္ဌ​တွေနဲ့​ ​တွေ့​ဆုံမှာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Sep 2013 01:22 AM PDT

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် ‘နိုင်ငံရေး အကျဉ်းသား’ဟူသည့် ဝေါဟာရကို အစိုးရ တာဝန်ရှိ သူများကပင်လျှင် လက်ခံပြောဆို လာကြပြီး၊ ‘အသက် ၁၈နှစ် မပြည့်သေးပါက တပ်မတော်မှ လက်မခံပါ’ဆိုသည့် ပိုစတာကြီးများ၊ ‘၁၈ နှစ် မပြည့်သေးသော ကလေး အတွက်ဘာရွေးချယ်ပေးမှာလဲ’၊  ‘ကျောင်းစာ သင်ပေးမှာ လား၊  စစ်တိုက်ထွက်ခိုင်းမှာလား’ အစရှိသည့် စာသားများပါရှိသော ပိုစတာကြီးများကိုလည်း အများသူငါ မြင်သာသည့် နေရာများတွင် စိုက်ထူ လာကြလေပြီ။ အပြောင်း အလဲတွေ စတင်နေသည်ကတော့ သေချာ၏။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Sep 2013 01:18 AM PDT

သင်္ကန်းကျွန်းမြို့နယ် ၊ အမှတ် ၂ ရပ်ကွက် ၊ ယုဝ လမ်း အမှတ်( ၁၉ ) ၌ ရှိသော အစ္စလာမ်ဘာသာရေးကျောင်း ဓနိ မိုးပေါ်သို့ တစ်ပေ ပတ်လည် ခန့်ရှိ သစ်သားဖြင့် အ၀တ်စုတ်ပတ်၍ အင်ဂျင်ဝိုင် စိုနေသည့် မီးတုတ် ပစ်တင်သွားသော ကိစ္စနှင့် ပတ်သတ်၍ အသေးစိတ်စုံစမ်းနေစဲ ဖြစ်ကြောင်း သင်္ကန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသက်ထွန်း ကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 11:15 PM PDT
ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၌် ဗုဒ္ဓဘုရားရှင်အပေါ် ဆဲဆိုသူ ဘင်္ဂလီ မူဆလင် တစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် မြို့နယ် တရားရုံးက စက်တင်ဘာလ ၃ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ အမှုဖြစ်စဉ်မှာ၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ၂၈ရက်နေ့က နတ်မော်ကျေးရွာအုပ်စု၊သပြုချိုင်ရွာနေ(ဘ) ဦးကျော် မောင် ၏သားအောင်ကျော်မိုး(၂၉-နှစ်)မှာအရက်သေစာသောက်စားမူးယစ်ကာဗုဒ္ဓဘုရားရှင်အပေါ် ရိုင်းပြ ပြင်းထန်စွာ ဆဲရေးတိုင်းထွာခဲ့သဖြင့် နယ်မြေရွှေလှေရဲစခန်းမှ(ပ)၄၈/၂၀၁၂၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-ကအရ ၄င်းအား အမှုဖွင့် အရေးယူခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သံတွဲတွင် ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ဆဲရေးတိုင်းထွာသူ ဘင်္ဂလီတစ်ဦး အား ထောင်ဒဏ်ချမှတ်

Posted: 03 Sep 2013 11:19 PM PDT
တရားဝင်ကိုင်ဆောင်ခွင့် မရှိသော သေနတ်အား ကိုင်ဆောင်၍ ဘင်္ဂါလီလူမျိုးများအား ဘင်္ဂလားဒေရှ့် နိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ကြံစည်အားထုတ်ခဲ့ကြသော ကောင်းမြတ်ဟင်္သာ စက်လှေမှ လှေသား(၁၃)ဦး နှင့် ဘင်္ဂါလီလူမျိုး(၃)ဦးအား မြို့မရဲစခန်း (ပ)၄၄၄/၂၀၁၃ လက်နက် ယာယီ ပြင်ဆင်ချက် ဥပဒေပုဒ်မ၁၉-က ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လက်နက်နဲ့ အတူ ဖမ်းမိတဲ့ ဘင်္ဂါလီလူမျိုး (၃)ဦး  ။ သတင်း - ဓါတ်ပုံ  ။  ။ မြိတ်ပုလဲမြေ 
Posted: 03 Sep 2013 10:52 PM PDT

တပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲကြောင့် ထွက်ပြေးသွားသော ဒေသခံ ၄၉ ဦး၏ သတင်းကို မရသေး ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်ရုံးမှ အရာရှိတစ်ဦး က ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန်တွင်ကချင်ပြည်နယ် မချမ်းဘောမြို့ နယ် မလွတ်တန်းကျေးရွာ အနောက်တောင်ဘက် ၁၂ မိုင်အကွာ တပ်မေ တ်ာမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရန်သွားရောက် ရာ တွင် ကေအိုင်အေမှ အဖွဲ့ဝင် ၁၅ ဦးခန့်နှင့်အပြန်အလှန်ပစ်ခတ်မှု ဖြစ် ပွားခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပွားစဉ်ဒေ သခံအိမ်ခြေ ၁၈ လုံးမှ ၆၅ ဦးသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Sep 2013 10:34 PM PDT

မလေးရှားနိုင်ငံ၌ ဖမ်းဆီးခြင်းခံ နေရသော မြန်မာ လုပ်သားများနှင့်ပတ် သက်ပြီး ဆောင်ရွက်ပေးမှု အပိုင်းကို တိ ကျစွာ ချမှတ်ထားနိုင်ခြင်း မရှိသေး ကြောင်း မလေး ရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၌ အလုပ် သမားရေးဆောင်ရွက်ရန် တွဲဖက်တာဝန် ပေးခံထားရသူ အလုပ်သ မားရေးရာ သံအရာရှိ ဦးစိုးဝင်းက စက်တင်ဘာလ ၃ ရက်က ဖုန်းဖြင့်ဆက် သွယ် မေးမြန်းရာတွင် ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 10:21 PM PDT

၉-၃-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့ ၊ ဆိပ်မူလှုပ်ရှားအဖွဲ့ မှ တပ်ဖွဲ့ ဝင်များသည် သက်သေများနှင့်အတူ ဖားကန့်မြို့ နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ရပ်ကွက်နေ
ဆွပ်လီ(ခ)ကျော်ဝင်း ၏ နေအိမ်အား ၀င်ရောက် စစ်ဆေးရှာဖွေစဉ် ၄င်းအား နေအိမ်တွင် အသင့်တွေ့ ရှိရပြီး ဆက်လက် ရှာဖွေခဲ့ရာ နေအိမ်ဘယ်ဘက်ဘေး၌ ရပ်ထားသော ၇င/၂၀၉၇ နံပါတ်ပါ PAJERO အဖြူရောင် (လိုင်စင်မဲ့)မော်တော်ယာဉ် နောက်ခန်းထိုင်ခုံပေါ်တွင် ဘိန်းဖြူမှုန့်များ ထည့်လျက် Love is flower တံဆိပ် ရောင်စုံဆပ်ပြာခွက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဖားကန့်မြို့ နယ်အတွင်း မူးယစ်ဆေးဝါး သိန်း(၄)ထောင်ကျော်ဖိုး ဖမ်းဆီးရမိ

Posted: 03 Sep 2013 08:50 PM PDT

မလေးရှားနိုင်ငံ  ကွာလာလမ်ပူမြို့ အတွင်း စက်တင်ဘာ ၂ ရက် ညနေ ၆ နာရီက  မြန်မာဆိုင်တန်း 1+3D ရှေ့တွင်  အသစ် ဖွင့်ထားသော   ဖုန်းအရောင်းဆိုင်မှ   လိမ်ညာကာ  ဖုန်းရောင်းသဖြင့် ဖုန်းဝယ်သူနှင့် ရောင်းသူ ပြဿနာ များ ဖြစ်ပွားခဲ့ရာ ရဲများရောက်လာ ခဲ့ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများ၏ ဆက်သွယ် သတင်းပေး ပို့ချက်အရ သိရ  သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 08:44 PM PDT

တရုတ် နိုင်ငံမှာ စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လမုန့်ရာသီ ပွဲတော်အတွင်း အစိုးရ အရာရှိတွေ အနေနဲ့ လူထု ဘဏ္ဍာငွေတွေသုံးပြီး လမုန့်တွေ ၊ ရိုးရာမုန့်တွေ ဝယ်ပြီး လက်ဆောင် ပေးတာတွေ မလုပ်ကြဖို့ တားမြစ်ကြောင်း အစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံက အဂတိလိုက်စားမှု အပေါ် လူထုက အကြီးအကျယ် ဒေါသထွက်ခဲ့ပြီးတဲ့နောက် သမ္မတ ရှီကျင်းပင်က အဂတိ လိုက်စားမှု တိုက်ဖျက်ပြီး ကွန်မြူနစ်ပါတီ အပေါ် ယုံကြည်မှုတွေ ပြန်လည်ရရှိအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လူထု ပိုက်ဆံသုံးပြီး အဖိုးတန် ပစ္စည်း လက်ဆောင်တွေ ၀ယ်ယူကာ ပွဲတော်ရာသီ အတွင်း လက်ဆောင် မပေးကြဖို့ကိုလည်း တားမြစ်ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဆားဘဲဥ ၊ ကြာစေ့တို့နဲ့ ဌာပန လုပ်ထားတဲ့ လမုန့်

Posted: 03 Sep 2013 08:40 PM PDT

ပဲခူးမြို့ ရွှေမော်ဓောဘုရားတောင်ဘက်မုခ်အနီ
း သနပ္ပင်လမ်းရှိ ထမင်းဆိုင်တစ်ဆိုင်တွင် စက်တင်ဘာ ၁ ရက် ည ၁၁ နာရီ မိနစ် ၄၀ က ထမင်းကြော်စားနေသူချင်း ရေနွေးအိုးယူသည့် ကိစ္စကို အကြောင်းပြု၍ စကားများရာမှ လူသတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ရွှေအောင် ရွေး(၁)လမ်းနေ ယာဉ်မောင်း ဦးမိုးဇော်(ခ)ဇော်မင်းထွေး (၃၄)နှစ်သည် စက်တင်ဘာ ၁ ရက် ည ၁၁ နာရီ မိနစ် ၄၀ တွင် ရွှေမော်ဓောဘုရား တောင်ဘက်မုခ်အနီး သနပ္ပင်လမ်းရှိ “မယု” ထမင်းဆိုင်၌ ယာဉ်နောက်လိုက် စိုးသူမြတ်၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 08:28 PM PDT
မီးတုတ်ပစ်ခံရတဲ့ ဂျာမေ အာရ်ဗီယာ အစ္စလာမ်မီယာသ်လီမွလ်ကုရ်အာန် အထက်တန်း ဘာသာရေး စာသင်ကျောင်း
စက်တင်ဘာလ(၄)ရက်နေ့ ယနေ့ နံနက်  ၂ နာရီကျော်လောက်က ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့ နယ်၊  (ခ)ရပ်ကွက်၊ ယုဝလမ်းမှာရှိတဲ့  အစ္စလာမ် အထက်တန်း ဘာသာရေး စာသင်ကျောင်း (ဓနိမိုး ထရံကာ) မှာ  ကျောင်းသား (၄၀)လောက် အိပ်နေတုန်း  မီးတုတ်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ဂျာမေ အာရ်ဗီယာ အစ္စလာမ်မီယာသ်လီမွလ်ကုရ်အာန် အထက်တန်း ဘာသာရေး စာသင်ကျောင်းဝင်း အတွင်းမှာ အဆောက်အဦး နှစ်ခုပေါင်း ကျောင်းသားအားလုံး (၂၀၀)ကျော် ရှိတယ်လို့ သိရပါတယ်။

အစ္စာလမ်စာသင်ကျောင်းနဲ့  မျက်နှာချင်းဆိုင်က ဦးသန်းမြင့်က မီးခိုးထွက်တာတွေ့လို့  သွားကြည့်တော့  မီးရှို့ထားတဲ့  အ၀တ်စပတ်ထားတဲ့  သစ်သားချောင်းကို တွေ့ ရတယ်လို့ ကနဦး သတင်းများ အရ သိရပါတယ်။

အဆိုပါ မီးရှို့ မှုကြောင့် နည်းနည်း ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားပေမယ့် အခုတော့ အကြီးအကျယ် မဖြစ်အောင်  လုံခြုံရေး တပ်ဖွဲ့ က ထိန်းထားနိုင်ပြီးလို့ သိရပါတယ်။


by Myanmar News Now


Posted: 03 Sep 2013 07:07 PM PDT

၃၀-၈-၂၀၁၃ ရက်နေ့ ၁၉၅၀ အချိန် မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာ ရပ်ကွက်၊ ၁၆ လမ်း(၈၀x၈၁)လမ်းကြားတွင် လူတစ်ဦးဓါးကိုင်ရမ်းကားနေကြော
င်း သတင်းအရ အောင်မြေသာစံ အမှတ်(၄)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အောင်မြေသာစံမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အခင်းဖြစ်ရပ်သို့ ဖမ်းဆီးရန် သွားရောက်ခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Wai Min Aung 

Posted: 03 Sep 2013 05:20 PM PDT

ရန်ကုန် - ကျိုက်ထို - ရန်ကုန် အဲယားကွန်း   အထူးရထားလိုင်းကို စက်တင်ဘာ ၇ ရက်မှစတင် ပြေးဆွဲ သွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ ယနေ့ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားမှသိရ သည်။ အဆိုပါ  ခေတ်မီသန့်ရှင်းသပ်ရပ် သောအဲယားကွန်းအထူးရထားလိုင်း ဖြစ်သော ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးရထားလိုင်းကို  တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် ပြေးဆွဲသွားမည်ဖြစ်ရာ  ရန်ကုန်-ကျိုက်ထိုခရီးစဉ်ကို ကျိုက်ထို (၁)ဟု   သတ်မှတ်ထားပြီး အပတ်စဉ်  စနေနေ့တိုင်း    ရန်ကုန်ဘူတာကြီးမှ နံနက် ၆  နာရီ   ၂၅  မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ရာ ကျိုက်ထိုသို့ နံနက် ၁၁ နာရီတွင်ရောက်ရှိမည်ဖြစ် သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Sep 2013 05:17 PM PDT

အစိုးရ ခလရ (၁၇) တပ်ရင်းသည်  ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ မြို့နယ် ပါလိုင် ကျေးရွာ ထဲသို့ လက်နက်ကြီး ပစ်သွင်း သဖြင့် ရွာသား တဦး ဗိုက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး သေဆုံး သွားသည်ဟု ပါလိုင် ရွာသား တဦးက ဆိုပါသည်။ “ သေဆုံးသူ ကတော့  ဦးစံမတ် (၃၃)နှစ် ဆိုသူပါ။ တိုက်ပွဲ ဖြစ်ဖြစ် ချင်းမှာ သူရဲ့ အမျိုးသမီး နဲ့ကလေး တွေကို  အိမ်အောက်ကို အရင် ရှောင်ခိုင်းတယ်။ သူကတော့ အိမ်ပေါ်မှာ ရှိနေစဉ်မှာ ကိုဘဲ လက်နက်ကြီး ထိမှန် ပြီးတော့ မကြာ ပါဘူး ဆုံးသွား ရှာတယ်လေ” ဟု ဆိုပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 05:03 PM PDT
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မင်းကင်းကျေးရွာ တွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆း၀၀ နာရီခန့်က ဘာသာ ခြားတစ်ဦးက အသက် ၆ နှစ် အရွယ်ကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းကြောင့် မကွေး မြို့၊ မင်းကင်းကျေးရွာအနီးတွင် အဆိုပါနေ့ည ၉ နာရီခန့်က လူသူ စုရုံးခြင်းဖြစ်စဉ် တစ်ခုဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 03 Sep 2013 04:53 PM PDT

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာ အလုပ်သမား အရေအတွက် ၅၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ မလေးရှား ပြည်ထဲရေး ၀န်ကြီး Datuk Seri Dr Ahmad Zahid Hamidi ကိုးကားပြီး မလေး သတင်းဌာနများက ဖေါ်ပြရာတွင် တနင်္ဂနွေနေ့ နံနက်စတင်ခဲ့သော တရားမ၀င် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်အတွင်း ဖမ်းဆီးခံရသူ နိုင်ငံခြားသား အလုပ်သမား အရေအတွက်မှာ စုစုပေါင်း ၂၄၃၃ ဦးရှိကြောင်း ဖေါ်ပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...