Sunday, September 22, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၉)

သစ်ထူးလွင်



Posted: 22 Sep 2013 02:14 AM PDT

ခွဲစိတ် လမ်းကြောင်းမှ အူကျွံထွက်ခြင်း ကို နယ်မြို့များမှလူနာများတွင် ပိုမိုတွေ့နေရကြောင်း အထွေထွေ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါ မောက္ခ ဒေါက်တာမြသိန်းဟန်က ပြောသည်။အဆိုပါအူကျွံထွက်ခြင်း
ကို ဆေးအခေါ်အဝေါ်အရ Incisional Hearnia ဟုခေါ်ဆိုကြောင်း သိရပြီး ယင်းကဲ့သို့ဖြစ်လာခြင်း မှာ အနာမကျက်ခြင်းနှင့် Intra abdominal Pressure ဟုခေါ် သည့် ဗိုက်ထဲမှဖိနှိပ်အားကြောင့် ဖြစ်လာခြင်းဖြစ်ကာ ယင်းအူကျွံ ခြင်းမှာ နယ်မြို့များတွင် ပိုမိုဖြစ် ပွားလေ့ရှိကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Sep 2013 01:59 AM PDT

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျားမသောက် ကျေးရွာ အနီးတွင် ပြဿနာ တစ်ခု ပေါ်ပေါက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အခြေအနေကို အချိန်မီ လာရောက်ထိန်းသိမ်းခဲ့ရသည်ဟု သတင်း ရရှိသည်။ ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ကျားမသောက် ဒေသခံ ဦးမောင်ယောင်းချေက နိရဉ္စရာသို့ ယခုလို ပြောသည်။  “ ဒီနေ့နံနက်က ၉ နာရီကျော်မှာ ကျောက်တန်းချေရွာက ဦးအေးထွန်းစိန်က သင်ပုန်းတန်း တံတားနားမှာ နွားတွေကို လှန်ဖို့သွားတော့ သင်ပုန်တန်း တံတားဘက်က ဘင်္ဂလီ သုံးဦးက ဓါးနဲ့ ခုတ်ဖို့ လိုက်ရာကနေ ပြဿနာ စဖြစ်တာပါ” ဟု ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 22 Sep 2013 01:53 AM PDT

ယခုရက်ပိုင်း အတွင်း ပညာရေး ဌာနနှင့် ဆက်နွှယ်သော ပြည်သူများ အဖို့ စိတ်ဝင်စားမှု အရှိဆုံး သတင်းမှာ နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်းမှ အလယ်တန်းပြ ဆရာမဒေါ်စိုးစိုးခိုင် အလုပ်ထုတ်ပယ်ခံ ရမှု သတင်းပင် ဖြစ်ပါ သည်။ ကျွန်တော်သည်လည်း သမီး နှစ် ဦးမှာ ပညာရေးဌာနမှ ဆရာမများဖြစ် သဖြင့် ယင်းသတင်းကို နေ့စဉ်နှင့် အမျှ ဂျာနယ်၊ ပုဂ္ဂလိက၊ သတင်းစာများတွင် အမြဲဖတ်ရှုမိပါသည်။ ပထမကြားသိစ ကပင် အံ့သြတုန်လှုပ်မိပါသည်။ ထိုစဉ် က မယူမနေရ ပင်စင်ပေးလိုက်သည့် သတင်းဖြစ်ပါသည်။ နောက်ရက်များ မကြာမီ ပင်စင်ပေးသည့်အမိန့်ပယ်ဖျက် ပြီး အလုပ်မှ ထုတ်ပယ်ခြင်းသတင်း သိရ တော့ ဝမ်းနည်းခြင်း၊ တုန်လှုပ်ခြင်း၊ ခံ ပြင်းခြင်း ဖြစ်မိပါတော့သည်။ တစ်ဆက် တည်းပင် ပညာရေးဌာနတွင် လုပ်နေ သော သမီးနှစ်ဦးအတွက် မိဘတစ်ဦး အနေဖြင့် စိုးရိမ်စိတ် ဖြစ်မိပါတော့ သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Sep 2013 01:48 AM PDT

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန် ရေးသား ဖော်ပြသူက ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက မီဒီယာ သမားများအား ယနေ့တွင် Myanmar Peace Centre ၌ တွေ့ဆုံပြောဆိုလိုက်သည်။ အပတ်စဉ်ထုတ်ဂျာနယ် တစ်စောင်က နိုင်ငံခြား၌ ငွေစာရင်း ဖွင့်ထားသည့် သတင်း ထွက်ပေါ်ဟူသော သတင်း ခေါင်းစဉ်ဖြင့် ၄င်းအမည်တပ်ရေးသား ဖော်ပြမှုအား ထိုသို့ပြောဆို လိုက်ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 11:59 PM PDT

ရန်ကုန်ဆင်ခြေဖုံး လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ် စီးနင်းမှု တရားဝင် ခွင့်ပြုပေးရန် ကျန်စစ်သား ရပ်ကွက်တွင် လူ ၂၀၀ ကျော်က စက်တင်ဘာ ၂၁ ရက်တွင် တရားဝင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ ဆိုင်ကယ်ကယ်ရီ မောင်းသူ ဦးလှိုင်ကြီးက ပြောကြားသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာမြို့နယ် ကျန်စစ်သားရပ်ကွက်မှ စတင်ကာ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး၊ ဆိုင်ကယ် စီးနင်းသူများ အကာအကွယ် ပေးရေး၊ တန်းတူ အရေးယူပေးရေး၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လှိုင်သာယာမြို့နယ် ချမ်းမြေ့သာဇံဘုရားသို့ ဆိုင်ကယ်စီးနင်းသူများ၊ ဆိုင်ကယ် ကယ်ရီသမားများက လမ်းလျှောက်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြသူများထံမှ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 11:56 PM PDT

မီဒီယာကို စိတ်ဆိုးမာန်ဆိုး တုန့်ပြန်

ထုံးစံအတိုင်း ကျနော် ဘယ်သတင်းဌာနက သတင်းထောက် ဘယ်သူ၊ ဘယ်ဝါပါ။ ဒီလိုဒီလို ကြားမိပါတယ်။ ပြောပြပေးပါလားခင်ဗျားပေါ့။ မေးခွန်းတောင် မဆုံးပါဘူး။ မပြောနိုင်ဘူး၊ မပြောနိုင်ဘူး။ ငါတို့ ဥပဒေအတိုင်းလုပ်တာကွ။ ဒါပဲဆိုတဲ့စကားကို ရန်တွေ့သလို ပြောပြီး ဖုန်းချသွားပါတယ်။ တခါမှလည်း မမြင်မတွေ့ဖူးတဲ့ သတင်းထောက်ဆိုသူကို အနှီဥက္ကဋ္ဌ ဘာကြောင့် စိတ်ဆိုးမာန်ဆိုး ပြောပြီး ဆက်ဆံရတာပါလဲ။ စိတ်ဆိုးစရာကောင်းတဲ့ မေးခွန်းလည်း မမေးရသေး၊ ဘယ်လိုဖြစ်မှန်း စဉ်းစားမရပါ။---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 11:48 PM PDT

ဗမာအစိုးရနဲ့ ပုလဲနံပသင့်ပြီး အကြီးအကျယ် ချမ်းသာလာတဲ့ ကုဋေကြွယ်သူဋ္ဌေး (၄၀) လောက် မြန်မာပြည်မှာရှိကြောင်း သိရပါတယ်။ ဒေါ်လာသန်း (၃၀) သို့မဟုတ် (၃) ကုဋေရှိသူကို ဆိုလိုတာဖြစ်ပါတယ်။ နောက် ဆယ်နှစ်ကြာရင်တော့ ကုဋေကြွယ်သူဋ္ဌေး (၃၀၀) ကျော် ရှိလာမယ်လို့ Wealth-X လေ့လာရေးဌာန အရာရှိချုပ် Mr. Rambus က ပြောဆိုကြောင်း သြဂုတ်လ (၂၂) ရက်နေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကုဋေကြွယ်သူဋ္ဌေးဦးရေ (၆) ဆ တိုးမယ့်သဘောပါ။ ဒီလေ့လာရေးဌာနဟာ အကြီးအကျယ် ချမ်းသာသူတွေကို လေ့လာပြီး နှစ်စဉ်အစီရင်ခံစာ Ultra Wealth Report ထုတ်ဝေနေပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 11:45 PM PDT

သံ ဃာတော်များ ရေးဆွဲထားသော မျိုးစောင့်ဥပဒေကြမ်းပါ အချက် အလက်များနှင့် ၁၉၅၄လက်ထပ် ထိမ်းမြားခြင်း ဥပဒေပါအချက် အလက်တို့ကိုပေါင်းစပ်၍ဥပဒေ တစ်ခုရေးဆွဲကာ လွှတ်တော်တင် သွားမည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။ သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဦး သိန်းညွန့်က ''၁၉၅၄ခုနှစ် ဥပဒေ ဟာ ခေတ်ကာလနဲ့မလျော်ညီ တော့တဲ့အတွက် ပြောင်းကိုပြောင်း ရမယ်။ သံဃာတော်တွေရဲ့ စေ တနာတွေကိုလဲ ဖြည့်စွက်ပေးချင် တယ်။ ဒါကြောင့် လူ့အခွင့်အရေး လို့ ကြွေးကြော်နေတဲ့ပုဂ္ဂိုလ်တွေ လဲ မေးခွန်းမထုတ်နိုင်အောင် ၁၉၅၄ ဥပဒေနဲ့ သံဃာတော်တွေ ရေးဆွဲတဲ့ ဥပဒေကြမ်းတို့ကို လို အပ်သလို ပေါင်းစပ်ပြီး ဥပဒေ တစ်ခုကိုတင်သွားမယ်''ဟုပြော သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဦးသိန်းညွန့် 

Posted: 21 Sep 2013 11:40 PM PDT

သာကေတမြို့နယ် (၄)ရပ်ကွက် တောင်ပိုင်းတွင်ရှိသော မြကန်သာ သောက်ရေကန်တွင် အဆိပ်ခတ် သည်ဟု ကောလာဟလဖြန့်သူကို ဥပဒေနှင့်အညီ တရားစွဲဆိုရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါကောလဟာလ ဖြန့် သူဦး---မှာ ၄/မြောက်ရပ်ကွက် မြို့မ (၉)လမ်းတွင်နေထိုင်သူဖြစ် ပြီး ယင်းကိုရပ်ကွက်အုပ်ချုပ်ရေး မှူးက တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 11:29 PM PDT

မြန်မာနိုင်ငံသား အချင်းချင်း ညီညွတ်မှု တည်ဆောက်နိုင်မှသာ ပြုပြင်ပြောင်းလဲရေး အတွက် စစ်မှန်တဲ့အောင်မြင်မှု ရရှိနိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြား လိုက်ပါတယ်။ Shangri-La ဟိုတယ်မှာ ကျင်းပတဲ့ စင်ကာပူ ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာမှာ အဲဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Sep 2013 11:24 PM PDT

မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသော ဘာသာရေး ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ အဟန့်အတား ဖြစ်မည်ကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူတွင် ပြုလုပ်နေသော အဆင့်မြင့်စီးပွားရေး ကွန်ဖရင့်တွင် ပြောကြားလိုက်သည်။ ယင်းအချက်များကို မဖြေရှင်းနိုင်ပါက ရင်းနှီးမြှုပ်နှံသူများ စိတ်ချမ်းမြေ့မည့် တည်ငြိမ်ငြိမ်းချမ်းသော ပတ်ဝန်းကျင်မျိုးကို ဆောင်ကြဉ်းနိုင်မည် မဟုတ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပသော အထက်ပါ စီးပွားရေး ကွန်ဖရင့်တွင် ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 11:17 PM PDT

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးရွာမှာ ဒေသခံ ရွာသားတွေ နဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ဝဲကြီးရွာသား ၁၀ ဦးကို ပုဒ်မ ၃ ခုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။ ၀ဲကြီးရွာက အမှုချိန်း ရုံးချိန်းပျက်ကွက်သူ ရွာသားတစ်ချို့ကို ဖမ်းဆီးဖို့ သွားရောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျေးရွာသားတွေက ၀ိုင်းဝန်းရိုက်နှက်ပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 11:15 PM PDT
နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာ ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်များ အနာတရဖြစ်ခြင်း၊ ဖမ်းဆီး ချုပ်နှောင်ခံရခြင်း တို့ကြောင့် ကျေးရွာ နေထိုင်သူ ၁၀ ဦးကို အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးစဉ် ပါဝင်သည့် မျက်မြင်တွေ့ရှိသူများ၏ ထွက်ဆိုချက်အရ ထပ်မံပေါ်ပေါက်လာလျှင် ကျေးရွာနေထိုင်သူများကို ထပ်မံဖမ်းဆီးမည် ဖြစ်ကြောင်း ကျည်တောင်ကန်နယ်မြေ ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်စိန်သောင်းက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ- RFA Burmese



Posted: 21 Sep 2013 04:39 PM PDT

စက်တင်ဘာ ၂၂

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ယခင် ငလျှင်ဒဏ် ခံခဲ့ရသော မလယ် ကျေးရွာ တွင် ယခု အခါတွင်လည်း ငလျှင်ဒဏ် ခံရပြန်ပါပြီ
6:24pm တစ်ကြိမ်
6:55pm တစ်ကြိမ်
7:05 pm တစ်ကြိမ် လှုပ်ခဲ့ပါတယ်
...
6:55 pm လှုပ်တဲ့ အကြိမ် တော်တော်ပြင်းတယ်လို့ သိရပါတယ်။ လူအသေ အပျောက်မရှိပါ။

၁။ ရွှေမုဓေါ ဘုရားဝင်းအတွင်းရှိ ပြဿဒ် ထီး ခါးပြတ်ကျ
၂။ ဦးကျော်စ ၊ ဦးညွှန့်ဝင်းအိမ်အပါ ၇ အိမ်ခန့် နံရံပျိုကျ
၃။ နတ်စင်တစ်လုံး ပြိုကျ
၎။ရွာတောင်ပိုင်းရှိ အိမ်တစ်လုံး အနည်းငယ် မြေကျွံ ကျ
၅။ အိမ်တော်တော်များများ(ခန့်မှန်း ၂၅ အိမ်အထက်) အိမ်နံရံများအက်ကွဲ
၆။ ဆေးရုံ ခွဲစိတ်ခန်း နံရံပြိုကျ (လူနာများ ဘေးကင်းရာ ရွှေ့ထား)

( ကနဦး သတင်း)

ကိုတိုး ချင်းတွင်း (facebook)

ယခင် ငလျှင်ဒဏ် ခံရစဉ်က တွေ့ မြင်ရပုံ

Posted: 21 Sep 2013 03:46 PM PDT

မြန်မာနိုင်ငံမှာ စိတ်ချလက်ချ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ တည်ငြိမ်မှု ရှိဖို့ လိုအပ်ပြီး အဲဒီ တည်ငြိမ်မှုကို ရဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်နိုင်မှ ဖြစ်မယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ စင်ကာပူ ထိပ်သီးညီလာခံ မှာ Myanmar in Transition ဆိုတဲ့ ခေါင်းစဉ် နဲ့ ဒေါ်အောင်ဆန်း စုကြည် က ဟောပြောစဉ် မြန်မာပြည်မှာ ဥဒေစိုးမိုးမှုမရှိလို့ ရင်းနှီးမြှုပ်နှံမှုတွေ စိတ်မချရဘူး လို့ စီးပွားရေးသမားတွေ က မြင်ကြောင်း၊ ရင်းနှီးမြှုပ်နှံနိုင်ဖို့ အတွက် နိုင်ငံရေး တည်ငြိမ်ဖို့ လိုတယ်၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာ့စီးပွားရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ဆက်စပ်ကြောင်း ပြော

Posted: 21 Sep 2013 03:44 PM PDT

မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးတွင် ဗိုလ်မှူးဆိုသူ လူတစ်ဦးမှ ကျေးလက်သူနာပြု ဆရာမ တစ်ဦးထံမှ ငွေကျပ် (၃၅) သိန်း လိမ်လည်ရ ယူခဲ့သည့် ပြစ်မှုဖြစ်စဉ်တစ်ရပ်အား ယခုနှစ်၊ ဧပြီ ၁၅ ရက်နေ့ခန့်က ဖြစ်ပွား ခဲ့သော်လည်း ယခုလ ၁၈ ရက်နေ့ ညနေ ၂ နာရီခွဲအချိန်ရောက်မှ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 03:40 PM PDT

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းဈေး၌ ယခုလ ၂၀ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က အရက်သေစာသောက်စား၍ သင်္ကန်းဝတ်ကြီးဖြင့် လိုက်လံအလှူခံနေသည့်အတွက် သာသာနာတော်အား ညိုနွမ်းစေသည်ဟုဆိုကာ နေသာကျောင်းတိုက်ဆရာတော် ဥူးဓမ္မိကမှ ထိုသူ အား ဥပဒေနှင့်အညီအရေးယူပေးရန် ရဲထံ၌ တိုင်ကြားခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 03:31 PM PDT

စက်တင်ဘာ ၂၁ ရက် နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်း အနား အတွက် ရန်ကုန်မြို့ မှာတော့ လမ်းလျှောက် ချီတက်ပွဲတွေ ဆုတောင်း ပွဲတွေကို မိုးဖွဲဖွဲ မိုးသဲသဲ အောက်မှာ အေးအေး ချမ်းချမ်းပဲ ကျင်းပခဲ့ကြ ပါတယ်။ ဒါပေမယ့် ကျင်းပသူတွေ ၊ ပါဝင်ဆင်နွဲသူတွေ ရင်ထဲ မှာတော့ မအေးချမ်း နိုင်ကြပဲ မြန်မာ ပြည်တွင်းက ပဋိပက္ခ မျိုးစုံ အတွက် စိုးရိမ် နေကြ ရတဲ့ အကြောင်း ပွဲစီစဉ် သူတွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရန်ကုန်မြို့ အခမ်းအနားမှာ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီက ဝန်ကြီး ဦးအောင်မင်းလည်း တက်ရောက်

Posted: 21 Sep 2013 03:28 PM PDT

ပါကစ္စတန် အစိုးရ ကနေ တာလီဘန် ခေါင်းဆောင် တဦး ဖြစ်သူ မူလာ ဘာရာဒါ ကို ပါကစ္စတန် အကျဉ်းထောင်က လွှတ်ပေး လိုက်တယ် ဆိုတဲ့ သတင်းကို အာဖဂန် နစ္စတန် အစိုးရက ကြိုဆို လိုက် ပါတယ်။ ပါကစ္စတန် အကျဉ်း ထောင်ထဲက လွှတ်ပေး လိုက်တာက တာလီဘန် အကျဉ်းသား စုစုပေါင်း ၃၀ ကျော်ပါတယ်။ အဲဒီ အထဲမှာ မူလာ ဘာရာဒါလည်း ပါလာတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တာလီဘန် ခေါင်းဆောင်တွေ ထဲမှာ မူလာ ဘာရာဒါ ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လိုလား သူ

Posted: 21 Sep 2013 03:21 PM PDT

Usagi စူပါမုန်တိုင်းကြီးကြောင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း
နဲ့ ထိုင်ဝမ်ကျွန်းတို့မှာ လေပြင်းတိုက်ခတ်ပြီး မိုး သည်းထန်စွာ ရွာသွန်းနေပါတယ်။ လေတိုက်နှုန်း တနာရီ ၁၃၆ မိုင်ကျော်၊ လေပြင်းတိုက်နှုန်း တနာရီ ၁၅၅ မိုင်လောက်နဲ့ ဧရာမမုန်တိုင်းကြီးဟာ Luzon ကျွန်းဆွယ်ကို ဒီကနေ့ ဝင်တိုက်နေပါတယ်။ မုန်တိုင်းဗဟိုချက်က ဖိလစ်ပိုင် Batanes ကျွန်းတွေကို ဖြတ်ကျော်သွားတာနဲ့အတူ သစ်ပင်တွေကျိုးကျ၊ ဓာတ်အားလိုင်းတွေ ပြတ်တောက်ပြီး စိုက်ပျိုးခင်းတွေပျက်စီးခဲ့ပါတယ်။ အသေအပျောက် ဘယ်လောက် ရှိသလဲဆိုတာကိုတော့ မသိရသေးပါဘူး။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဖိလစ်ပိုင် ကမ်းရိုးတန်းတလျှောက် တမံတုပ်နေကြသော အလုပ်သမားများနှင့် Usagi မုန်တိုင်းလှိုင်းရိုက်ခတ်လာစဉ်။ (စက်တင်ဘာ ၂၁၊ ၂၀၁၃။)


Posted: 21 Sep 2013 03:14 PM PDT

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်ထဲက ဇိမ်ခံပစ္စည်းတွေရောင်းတဲ့ ကုန်တိုက်ကြီး တစ်ခုထဲမှာ သေနတ်သမားတွေရဲ့ပစ်ခတ်မှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီးတော့ လေး-ငါး- ၆၀ လောက် ဒဏ်ရာ ရသွားတယ်လို့ ကင်ညာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ Westgate ကုန်တိုက်မှာ သေနတ်သမားတွေက သေနတ်တွေ၊ လက်ပစ်ဗုံးတွေ နဲ့ စနေနေ့အစောပိုင်းတုန်းက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ကလေးငယ်တွေအပါအဝင် တော်တော်များများလည်း ဒဏ်ရာ ရသွားပါတယ်။ ---

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်က သေနတ်သမားတွေ စီးနင်းထားတဲ့ Westgate ကုန်တိုက်အတွင်းက ပိတ်မိနေတဲ့ ဈေးဝယ်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ရဲအရာရှိတစ်ဦး။ (စက်တင်ဘာ ၂၁၊ ၂၀၁၃။)


Posted: 21 Sep 2013 03:09 PM PDT

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဇေယျတံတားအဆင်း ကမ်းနား အလယ်ရပ်ကွက် လှိုင်မြစ်လမ်းပေါ်တွင် စက်တင်ဘာလ ၂၀ ရက် နံနက် ၇ နာရီခန့်က လမ်းလျှောက်လာသည့် လူလေးဦးကို ငါးတင်ဆောင်လာသည့် ယာဉ်က ဘရိတ်ပေါက်ကာ ဝင်တိုက်ရာမှ လူတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Sep 2013 03:06 PM PDT

ရန်ကုန် မြို့တွင်းပြေးဆွဲနေသော ခရီးသည် တင် မော်တော်ယာဉ်များတွင် အပို ယာဉ်နောက်လိုက် (ဘော်ဒါစပယ် ယာ)များလိုက်ပါမှုကို ထိရောက် စွာ စစ်ဆေးအရေးယူ သွားမည် ဖြစ်ကြောင်း မထသ(ဗဟို)မှသိရ သည်။ ယာဉ်လိုင်းများတွင် ယာဉ် လိုက်ခွင့်စစ်ဆေးပြီး သတ်မှတ် ခန့်အပ်ထားသော ယာဉ်လုပ်သား များမှအပ အပိုလိုက်ပါလျက်ရှိ သော ဘော်ဒါစပယ်ယာများကို ခရီးသည်တင် မော်တော်ယာဉ်များ တွင် စစ်ဆေးတွေ့ရှိပါက အဆိုပါ ယာဉ်၏ တရားဝင်ယာဉ်လုပ်သား များကို အရေးယူမှုများပြုလုပ်သွား မည်ဖြစ်ကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 02:59 PM PDT

စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီတာကြောင့် ဒါကို ပြင်ဆင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နဲ့ UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။  ဒီကနေ့ဆွေးနွေးကြတဲ့ထဲမှာ အဓိက သမ္မတရဲ့ အခန်းကဏ္ဍ၊ ပြီးတော့ လွှတ်တော်တွင်း တပ်မတော်သားတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာလို့ ဆွေးနွေးပွဲကို တက်ရောက် ခဲ့တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ဗွီအိုအေကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Sep 2013 02:55 PM PDT

ဒီနေ့အချိန်ဟာ နှစ်ပေါင်များစွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကိုရပ်စဲပြီး လက်နက်ကိုင်လမ်းစဉ်ကို ဒီမိုကရေစီလမ်းစဉ်နဲ့ ပြောင်းလဲဖို့အချိန်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အခုလို ပြောခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...