သစ်ထူးလွင် သတင်းစုစည်းမှု (၉-၉)
သစ်ထူးလွင် |
|
- ဒလမြေဈေး သိန်းရာဂဏန်းပြန်ကျ
- ကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်
- ရန်ကုန်မြို့လယ် သတိပေးတိုက်ဟောင်း နောက်ခန်းပြိုကျ ထိခိုက်ဒဏ်ရာရသူမရှိ
-
အမြဲတမ်းနေထိုင်ခွင့်ဥပဒေမူကြမ်
း သမ္မတထံပေးပို့ထားပြီ - ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံး
- အလုပ်သမားကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် အမှုဖွင့်
- အချိန်ပိုဆင်း အထည်ချုပ်လုပ်သားများ၏ ကျန်းမာရေးကို အလုပ်ရှင်များ ဂရုစိုက်ရန် အလုပ်သမားဒုဝန်ကြီးပြော
- လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား ကြိုဆိုသော ဒေသခံများကို ရဲများက တားဆီး
- နယ်စပ်ထွက်ပြေးသည့် မြန်မာ ၆၅ ဦး မလေးရှားရဲ ဖမ်း
- ပိတ်လှောင်ပြီး ခြိမ်းခြောက်ခံရသဖြင့် စိတ်ဝေဒနာခံစားနေရသည်ဟုဆိုကာ ရဲကိုတိုင်ကြား
- မန္တလေးတွင် ငွေစက္ကူအတုများ ဖမ်းမိ
- ဝေးလံသောဒေသများရှိ တိုင်းရင်းသား ကလေးများ၏ အသိပညာဖွံ့ဖြိုးရေးမြှင့်တင်ရန် အရေးတကြီးလိုနေ
- ကလေးမြို့ရှိ ရဲတပ်ဖွဲ့ဝင် ၃ ဦးအား မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် စည်းကမ်း ဖျောက်ဖျက်မှုဖြင့် အရေးယူ
-
မီးနီဖြတ်မောင်းသဖြင့်ယာဉ်တိုက်
မှုဖြစ် - ကျောင်းသူ/သားများတွင် မျက်စိနာ ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိ
- စက်တင်ဘာလ(၁၁)ရက်နေ့ထုတ် Smart Pro Journal, Volume-1, Issue-32
- စက်တင်ဘာလ(၁၁)ရက်နေ့ထုတ် Mobile Guide Issue 119.
- စက်တင်ဘာလ(၈)ရက်နေ့ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၁၈
- ခင်ပွန်းနှင့် စိတ်ဆိုးပြီး အစ်မအိမ်သွားနေသည့် အမျိုးသမီး ခဲအို၏ အဓမ္မကျင့်ခံရသည်ဟုဆို
- သြစတေးလျနိုင်ငံသား ဇနီးမောင်နှံ ခိုးမှုဖြင့် မရမ်းကုန်းရဲစခန်းတွင် တိုင်တန်းခံရ
- အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် လူ ၂၇၀ ကျော်သေဆုံးခဲ့
- ကန်ထရိုက်တိုက်ဆောက်ရန် ပိုင်ရိုက်စဉ် တုန်ခါမှုကြောင့် ပတ်ဝန်းကျင်ကန့်ကွက်၍ လုပ်ငန်းခွင်ခေတ္တရပ်
- အရှုံးပြကုမ္ပဏီများကို အခွန်ဘုတ်အဖွဲ့စစ်ဆေးမည်
- ပုသိမ်အထည်ချုပ်စက်ရုံက အလုပ်ထုတ်ခဲ့သည့် လုပ်သားတချို့အတွက် နစ်နာကြေး ၂ လစာပေး
- လုပ်ငန်းခွင်ဓလေ့များကို နိုင်ငံခြားသား လုပ်ငန်းရှင်များ လေးစားလိုက်နာရန် အလုပ်သမား ဒုဝန်ကြီး သတိပေး
Posted: 09 Sep 2013 05:53 AM PDT
ယခုအစိုးရလက်ထက်အတွင်း ဒလတံတားစီမံကိန်း ပြုလုပ်မည် မဟုတ်ဟု ဆိုခြင်းကြောင့် ယင်းမြို့နယ် အိမ်၊ ခြံ၊ ဈေးများသည် ကျပ်သိန်းရာချီ ထိုးကျသွားကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။ သြဂုတ်လ ဒုတိယပတ်မှ စတင်ဈေးကျခြင်းဖြစ်ပြီး ယခင်က ပေ ၂၀x၆၀ အကျယ် မြေတစ်ကွက်လျှင် ကျပ်သိန်း ၁၂၀၀ ခန့် ဈေးပေါက်သော ဒလမြို့တွင်း နေရာများတွင် ယခုလက်ရှိပေါက်ဈေးမှာ ကျပ်သိန်း ၅၀၀၊ ၆၀၀ ခန့်သာ ရှိတော့ကြောင်း ရန်ကင်းမြို့နယ်မှ အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနေမျိုးအောင်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 05:49 AM PDT
ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် တောင်ငူမြို့နယ် ကံရိုးကျေးရွာအုပ်စု၊ ကြံတောကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ လူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက The Voice သို့ ပြောကြားသည်။ အသက် ၂၁ နှစ်ရှိ ယာဉ်မောင်း ကိုဝဏ္ဏထွန်းနှင့် အသက် ၁၇ နှစ်အရွယ် ယာဉ်နောက်လိုက် မောင်နေလင်းဦးတို့ လိုက်ပါလာသော ကြက်သွန်တင် ဆယ်ဘီး ကုန်တင်ယာဉ်နှင့် အသက် ၄၁ နှစ်ရှိ ယာဉ်မောင်း ဦးမင်းဇော်ဦး မောင်းနှင်ကာ ကိုအေးမင်းစိုး လိုက်ပါလာသော ဆန်တင် ကန်တာ ခြောက်ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ စုံစမ်းသိရှိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 05:46 AM PDT
ရန်ကုန် ၊ ၉-၉-၂၀၁၃
ရန်ကုန်တိုင်း ဒေသကြီး ၊ လမ်းမတော် မြို့နယ် ၁၆ လမ်း၌ အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် ကြေညာထား သော အိမ်အမှတ် ၉၀/၉၁ တိုက်ခန်းမှာ ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ပြိုကျခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခန်းကို အန္တရာယ်ရှိ သောကြောင့် လူမနေရန် ရန်ကုန်မြို့တော် စည်ပင် မှ ၂၀၁၁ ခုနှစ် ကတည်းက သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မပြိုကျမီ အချိန်အထိ ယင်းတိုက်ခန်း အောက်ဘက်တွင် လူများ နေထိုင်ပြီး ပြိုကျစဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ အန္တရာယ်ရှိ အဆောက်အအုံ များ သတ်မှတ်ထားပြီး နေထိုင်သူများ ကိုလည်း သင့်ရာသို့ ပြောင်းရွှေ့ စေခဲ့ကြောင်း သိရသည်။ The Myawady Daily |
||
Posted: 09 Sep 2013 04:40 AM PDT
ရေးဆွဲပြီးပြတ်ပြီးဖြစ်တဲ့ “အမြဲတမ်းနေထိုင်ခွင့်ဥပဒေမူ ဦးခင်ရီက “ပီအာရ် (အမြဲတမ်းနေထိုင်ခွင့် ဥပဒေမူကြမ်း)က ကျနော်တို့ ဖိုင်နယ်(နောက်ဆုံး) အဆင့်ပေါ့ဗျာ နိုင်ငံတော်အကြီးအကဲကိုတင်ပြတဲ့ ဖိုင်နယ်အဆင့် ရောက်နေပါပြီ။ ဒါပေမယ့် ဒီဟာက ဥပဒေပြင်ရတာတွေ ပါတဲ့အခါကျတော့ လွှတ်တော်တွေကို ဆက်တင်ရဦးမှာပါ။ လွှတ်တော်က အခုနားထားတယ်။ ကျနော်တို့က အချောသတ်နေပြီ။ လွှတ်တော်စတာနဲ့ တင်တော့မှာ။ ကျနော်တို့က” လို့ ပြောပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Sep 2013 04:00 AM PDT
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ရွှေချောင်းတံတား အလယ်တွင် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၈နာရီ ၄၅ မိနစ်က ပခုက္ကူမြို့မှ မန္တလေးသို့ ပြေးဆွဲသော ကံပြည့်မန်း ခရီးသည်တင်ယာဉ်က မော်တော်ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ရာ ဆိုင်ကယ်၏ နောက်၌ စီးနင်းလိုက်ပါလာသည့် ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 03:56 AM PDT
မင်္ဂလာတောင်ညွန့်မြို့နယ် မြရာကုန်း ဘုန်းကြီးကျောင်းအနီးရှိ တရားမဝင် အခွေကူးလုပ်ငန်း လုပ်ကိုင်နေသော တိုက်ခန်းတွင် အလုပ်သမားကို ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ တိုင်ကြားသဖြင့် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီတွင် အမှုဖွင့်ထားကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ စခန်းမှူးဝင်းအောင်ညီက The Voice သို့ ပြောကြားသည်။ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သောကြာရွာမှ အမျိုးသားလေးဦးသည် အဆိုပါ အခွေကူးလုပ်ငန်းတွင် လွန်ခဲ့သော သုံးလခန့်က လာရောက် လုပ်ကိုင်ခဲ့ရာ အလုပ်ရှင်က အလုပ်ချိန် ၁၂ နာရီကျော်သည်အထိ စေခိုင်းခြင်း၊ ထမင်းဝလင်စွာ မကျွေးခြင်း၊ လုပ်ခလစာ အပြည့်အဝ မပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု တိုင်တန်းသူ အလုပ်သမားတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ စခန်းမှူးက ရှင်းပြသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 03:54 AM PDT
မြန်မာ နိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ က လုပ်ငန်း အဆင်ပြေရေး အတွက် အချိန်ပိုခိုင်းရာတွင် လုပ်သားများ ၏ ကျန်းမာရေးကို ဂရုစိုက်ရန် လို အပ်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထင်အောင် ကပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာ ရရက်က လှိုင်သာယာ မြို့နယ် လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ကျင်းပသော တွေ့ ဆုံပွဲတွင်ပြောခြင်းဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 03:35 AM PDT
ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ပြည်ထောင်စုလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့်အဖွဲ့သည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ ရောက်ရှိလာကာ ထားဝယ်မြို့ မြို့တော်ခန်းမတွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး မောင်းမကန်သို့ ခရီးဆက်ရာတွင် ထားဝယ်လယ်သမားအဖွဲ့က ကြိုဆိုခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့က ကြိုဆိုခွင့် မပြုကြောင်း သိရသည်။ သူရဦးရွှေမန်းအဖွဲ့သည် ထားဝယ်မှ မောင်းမကန်သို့ သွားရာတွင် ဒေသခံ လယ်သမားများက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ကြိုဆိုပါ၏ လယ်ယာမြေများ မတရားသိမ်းဆည်းခံထားရသော ထားဝယ်မြို့မှ လယ်သမားများ ဟု ရေးသားထားသော ဆိုင်းဘုတ်အား ကိုင်ဆောင်ပြီး ကြိုဆိုရာတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဆိုင်းဘုတ်အား လုယက်ပြီး ကြိုဆိုခွင့်မပြုပေ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 03:25 AM PDT
တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် အော်ပရာစီ စစ်ဆင်ရေးကြောင့် တရားမဝင် လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ပြေးသည့် မြန်မာ ၆၅ ဦးကို မလေးရှားရဲတပ်ဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် သတင်းဌာနဖြစ်သည့် Bernama သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ကေလန်းနှင့် ကွာလာလမ်ပူတို့မှလာသည့် အဆိုပါ တရားမဝင် မြန်မာများကို မလေးရှား-ထိုင်းနယ်စပ်ကို သွားသည့်လမ်းတွင် မလေးရှား တရားမဝင် နယ်စပ်ဖြတ်ကျော်မှု တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဘတ်စ်ကား သုံးစီးဖြင့် လိုက်ပါလာသည့် အဆိုပါ ဖမ်းဆီးခံရသူများမှာ အမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ခုနစ်ဦးတို့ ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 03:21 AM PDT
နေအိမ်အခန်းတွင်း၌ ပိတ်လှောင်ပြီး ခြိမ်းခြောက်ခံရသဖြင့် ဇနီးသည် စိတ်ဝေဒနာခံစားရသည်ဟုဆိုကာ သူ့ အမျိုးသားက တိုင်တန်းမှုတစ်ခုကို အလုံရဲစခန်းက စက်တင်ဘာ ၇ ရက်တွင် အမှုဖွင့် စစ်ဆေးလျှက်ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မျူးရုံးက သတင်းထုတ်ပြန်သည်။ သူ့ဇနီးသည်အား တစ်လမ်းတည်းနေ အမျိုးသမီးတစ်ဦးက အိမ်ပေါင်သည့် ကိစ္စ ပြောရန်လာခေါ်သဖြင့် သြဂုတ် ၁၇ ရက်တွင် လိုက်ပါသွားခဲ့ပြီး ထိုနေ့ည ၈ နာရီအချိန်အထိ အိမ်ပြန်ရောက်မလာသဖြင့် လိုက်သွားရာလမ်းတွင် ထိတ်လန့်နေသည့် အမူအရာဖြင့် ဇနီးသည်ကို တွေ့ရှိခဲ့သည်ဟု အဆိုပါ အမျိုးသားက ထွက်ဆိုထားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 03:18 AM PDT
မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်တာရိုးဘေးရှိ နေအိမ်တစ်လုံးကို သံသယရှိသဖြင့် မှုခင်းရဲ တပ်ဖွဲ့က စက်တင်ဘာ ၆ ရက် ည ၇ နာရီခန့် တွင် ၀င်ရောက်ရှာဖွေရာ ငါးထောင်ကျပ်တန်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိကြောင်း ရဲဌာနက ထုတ်ပြန်သည်။ အိမ်ရှင်၏ အင်္ကျီအိတ်အတွင်းမှ ငါးထောင်ကျပ်တန် ငွေအတုနှစ်ရွက်နှင့် တစ်ထောင်ကျပ်တန် ငွေအတု ငါးရွက်တို့ကို ရဲများက ရှာဖွေတွေ့ရှိခဲ့သောကြောင့် အိမ်အတွင်း၌ ဆက်လက်ရှာဖွေကြရာ ဆာလာအိတ်ဖြင့် ထည့်ပြီး ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 03:00 AM PDT
ဝေးလံခေါင်ဖျား ဒေသများရှိ တိုင်း ရင်းသား ကလေးများ၏ အသိ ပညာဖွံ့ဖြိုး တိုးတက်ရေးမြှင့်တင် ပေးရန် အရေးတကြီး လိုအပ်နေ ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင် ကြည်က ပြောသည်။ စက်တင်ဘာ ရရက်က နေ ပြည်တော် တပ်ကုန်းမြို့နယ် မြန် မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပြုလုပ်သော တိုင်းရင်းသားလူမျိုး များ ရုပ်သံလိုင်း အကြိုစမ်းသပ် ထုတ်လွှင့်ခြင်းအခမ်းအနားတွင် ယင်းသို့ပြောကြားခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 02:55 AM PDT
စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ မြို့မရဲစခန်းတွင် ဥပဒေအရ ဖမ်းဆီးရမည့် မူးယစ် ဆေးဝါးများကို အပြည့်အဝ ဖမ်းဆီးခြင်း မပြုဘဲ ဖျောက်ဖျက် သည်ဟု ဆိုကာရဲတပ်ဖွဲ့ဝင် သုံးဦးအပေါ် အမှုရေး ဖွင့်၍ အရေးယူ ခဲ့သော ဖြစ်စဉ် တစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ၄င်းဖြစ်စဉ်မှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၇ ရက် နံနက် ၁၁ နာရီက ကလေးမြို့ အောင်ဇေယျ ရပ်ကွက်နေ ယာဉ်လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ဆင့် ဆိုသူသည် ယာဉ်အမှတ် ၈ည/...့ီ အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ် ပေါ်တွင် ကုန်ပစ္စည်း များတင်ဆောင်၍ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 02:45 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၉ ၉.၉.၂၀၁၃ရက်နေ့ ၀၀၃၀အချိန် လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုန်းကြီးလမ်းမီးပွိုင့်တွင် ပြည်လမ်းအတိုင်း ဒဂုံမြို့နယ်ဘက်မှ လမ်းမတော်မြို့နယ်ဘက်သို့(မြော ယာဉ်မောင်း ဦးထွန်းထွန်း (ဘ)ဦးဟုတ်စိန်၊ ဒဂုံတောင်မြို့နယ်နေသူ မောင်းနှင်လာသည့် AA/----၊ ဗင်ဖင်ကောက်ခဲရောင်အငှားယာဉ်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့်ယာဉ်(၂)စီးပျ မောင်းနှင်သူ ကံမင်းလှိုင်အား လမ်းမတော်မြို့မရဲစခန်းယာဉ်(ပ) ၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်းသတင်းရရှိပါသည်။ Yangon Police |
||
Posted: 09 Sep 2013 02:27 AM PDT
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု ဒေါဆော်ဘီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဇူလိုင်လလယ်မှစ၍ ကျောင်းသူ/သားများ မျက်စိနာရောဂါဖြစ်ပွားလျက်ရှိရာ ယခုအချိန်ထိ လျော့နည်းခြင်းမရှိသေးကြောင်း ၎င်းကျောင်းမှ မူပြဆရာမ ဒေါ်ပလျားမာမောင်က ပြောသည်။ “အခုကလေးတွေရဲ့ အခြေအနေကဆက်ဖြစ်ပွားမည့် အခြေအနေမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက တစ်ယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ သုံးယောက် အဲလိုမျိုးဖြစ်လာပြီလေး။ အဲဒါကြောင့်မလို့ သက်သာတဲ့ အခြေအနေမှာ မရှိလောက်ဘူး၊ တစ်ယောက်ပြီး တစ်ယောက်ကူးစက်မယ့် အခြေအနေမှာပဲရှိတာပေါ့” --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 02:13 AM PDT
|
||
Posted: 09 Sep 2013 02:35 AM PDT
|
||
Posted: 09 Sep 2013 02:09 AM PDT
|
||
Posted: 09 Sep 2013 01:41 AM PDT
ခင်ပွန်းသည်နှင့်
စကားများရန်ဖြစ်ပြီး အစ်မ၏ အိမ်သို့ သွာရောက်နေထိုင်ခဲ့သည့်
အမျိုးသမီးတစ်ဦး ခဲအို၏ အဓမ္မပြု ကျင့်ခံရဟုဆိုကာ
အမှုဖွင့်တိုင်တန်းမှုတစ်ခုအား တွံတေးရဲစခန်းက စက်တင်ဘာ ၆ ရက်တွင် အမှုဖွင့်
ထားကြောင်း ရန်ကုန်တိုင်းရဲဌာနမှူးရုံးမှ သတင်းထုတ်ပြန်သည်။
အဓမ္မပြုကျင့်ခံရသူမှာ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်ရှင်
အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ရဲဌာနက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 01:37 AM PDT
သြစတေးလျနိုင်ငံသား ဇနီးမောင်နှံကို ခိုးမှုဖြင့်စွပ်စွဲပြီး တိုင်တန်းမှုတစ်ခုကို စက်တင်ဘာ ၇ ရက်က မရမ်းကုန်း ရဲစခန်း၌ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ယခုတိုင်ကြားသော အမှုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၅ ရက်ကတည်းက ဖြစ်ပွားခဲ့သော် အမှုဖြစ်ပြီး တရားလိုသည်စွပ်စွဲခံရသည့် ဇနီးမောင်နှံအနက်မှ အမျိုးသား၏ ညီမဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 01:30 AM PDT
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် လေးနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၂၇၀ ကျော် သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ အမြန်ကားလမ်းမကြီးပြီးစီးခဲ့သည် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Sep 2013 01:24 AM PDT
အလုံမြို့နယ်၊ ငုဝါလမ်းအတွင်းရှိ ရှစ်ထပ်တိုက်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုတွ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Sep 2013 01:15 AM PDT
ပြည်တွင်းရှိ
စီးပွားရေးလုပ်ငန်းများတွင် အရှုံးပြကုမ္ပဏီများ၏ စာရင်းများကို အမှန်တကယ်
လုပ်ငန်းရှုံးခြင်းမဟုတ်ဘဲ အခွန်တိမ်းရှောင်လိုခြင်းနှင့် အခြားသော
ရည်ရွယ်ချက်များရှိ၊ မရှိ စက်တင်ဘာလအတွင်း စတင်စစ်ဆေးမည် ဖြစ်ကြောင်း
အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က The
Voice သို့ ပြောကြားသည်။ ယင်းသို့စစ်ဆေးမှုတွင် အကြီးစားကုမ္ပဏီအချို့နှင့်
အလတ်စားကုမ္ပဏီအချို့ ကိုကနဦး စိစစ်မည် ဖြစ်ကြောင်းနှင့် အဖွဲ့ဝင်ငါးဦးပါ
စစ်ဆေးရေးအဖွဲ့ ၁၀ ဖွဲ့က စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 12:57 AM PDT
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်စက်မှုဇုန်ရှိ DIG အထည်ချုပ် စက်ရုံက အလုပ်ထုတ်ပစ်ခဲ့တဲ့ ဘွဲ့ရ အလုပ်သမား တချို့အတွက် နစ်နာကြေးအဖြစ် ငွေကျပ် ၁ သိန်း ၂ သောင်းကို ပြီးခဲ့တဲ့ သောကြာနေ့က ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ “ကျနော်တို့ကို လစာ ၆ သောင်းကျပ်နှုန်းထားနဲ့ ၂ လစာ နစ်နာကြေးပေးခဲ့တာပါ။ ပိုက်ဆံကို စက်ရုံမှာပဲ ခေါ်ပေးခဲ့ပါတယ်”လို့ နစ်နာကြေးရခဲ့တဲ့ DIG အထည်ချုပ်က အမည်မဖော်လိုတဲ့ ဘွဲ့ရအလုပ်သမား တဦးက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 12:49 AM PDT
နိုင်ငံ ခြားသား လုပ်ငန်းရှင်များ အနေ ဖြင့် ပြည်တွင်း မြန်မာလုပ်သား များအား ခိုင်းစေရာတွင် ယင်းတို့ ၏ အလုပ်ခွင်ဆိုင်ရာ ယဉ်ကျေး မှုဓလေ့များအား လေးစားလိုက် နာရန် အလုပ်သမား၊ အလုပ်အ ကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က သတိပေး ပြောဆိုလိုက်သည်။ နိုင်ငံတကာ၏ စီးပွားရေး ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားခြင်း များနှင့်အတူ အထူး အခွန်ကင်းလွတ်ခွင့်များကြောင့် အလုပ်အမှာစာများ ပိုမိုလက်ခံပြီး မိမိတို့ အလုပ်သမားများ၏ လုပ် နိုင်စွမ်းများအား မချင့်ချိန်ဘဲ လုပ် ကိုင်ဆောင်ရွက်ချက်များကြောင့် အဓမ္မ အလုပ်စေခိုင်းမှုများ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment