သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၉)
သစ်ထူးလွင် |
|
- ဂျာနယ်အယ်ဒီတာချုပ်နေအိမ်မှ ပစ္စည်းခိုးယူခံရမှုဖော်ထုတ်
-
ရေတိုက်စားမှုကြောင့် မကွေးမြို့သစ် ယင်းချောင်းတံတားချည်းကပ်လမ်းပျ
က်စီး - အစိုးရနှင့် ကေအိုင်အို လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ ဆွေးနွေး
- လယ်ယာမြေများရေကြီး ၊ရေနစ်မြုပ်
-
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြော
င်းမှုကာလ အခက်ဆုံးအချိန်ဖြစ်ဟု ဒေါ်စုပြော - အင်းစိန် အကျဉ်းဦးစီး အမျိုးသမီးဆောင် ညအချိန်မတော် အမျိုးသားတစ်ဦး ဝင်ရောက်
- ရွှေတောင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းသဖြင့် ရပ်ကွက်များသို့ရေ၀င်
-
ရာသီဥတုကြောင့်ကွန်ကရစ်တံတားတို
င် ၁ တိုင်ကျိုး - ရတနာပုံတက္ကသိုလ် ရေကြီးသော်လည်း သတ်မှတ်ရက်အတိုင်း စာမေးပွဲ ပြုလုပ်မည်
- ငွေစက္ကူအတု ကျပ်လေးသိန်းကျော် ထပ်မံတွေ့ရှိ၍ ကိုင်ဆောင်၊ သိမ်းဆည်း ထားသူ၏ ဇနီးနှင့် သားကို ဖမ်းဆီး
- ဒုက္ခသည် စခန်းတစ်ခုတွင် ဘင်္ဂါလီနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွား
- ယာဉ်ထိန်းရဲကို ကားဖြင့်တိုက်ပြေးသူ ဖမ်းမိ
- တပ်မတော်သားတစ်ဦး အရက်မူးပြီး အရပ်သားအိမ်ကိုသေနတ်ဖြင့်ပစ်
- စက်တင်ဘာလ (၁၅)ရက်နေ့ ထုတ် Reporter News Journal Issue - 37
- စက်တင်ဘာလ (၁၈)ရက်နေ့ ထုတ် Mobile Guide Issue 120
- စက်တင်ဘာလ (၁၈)ရက်နေ့ ထုတ် Smart Pro Journal, Volume-1, Issue-33
- ၄၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်
- မိုင်းဖြတ်မြို့နယ် တွင် ယာဉ်တိမ်းမှောက် ရာမှ ခရီးသည် ၉ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိ
- ဆူမားတြားမီးတောင်ပေါက် လူထောင်ပေါင်းများစွာ ထွက်ပြေးရ
- ထိုင်းစစ်တပ်နှင့် မူးယစ်ဂိုဏ်း ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံး
- တရားမ၀င် မြန်မာအလုပ်သမား ၂၈ ဦးပါ စက်လှေ မှောက်
- မြန်မာ့ကျောက်စိမ်း ဝယ်နိုင်သူနည်းပါးလာ
- မြန်မာ နိုင်ငံတွင် ဟိန္ဒူ ၊ ဂေါ်ရခါး ပထမဆုံး ၀ါဆိုသင်္ကန်းကပ်ပွဲ ကျင်းပ
- ဝန်ကြီး ဦးတင့်ဆန်းအမှု ဆက်လက်စစ်ဆေးရန် သင့်မသင့် စက်တင်ဘာ ၂၆ တွင် အမိန့်ချမည်
- ခင်ဦးမြို့နယ်ထဲကို ဆွေပြ မျိုးပြ ဟုဆိုကာ ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသားအား ရဲကအရေးယူ
Posted: 16 Sep 2013 06:56 AM PDT
၁၂.၉.၂၀၁၃ရက်နေ့ ၂၂၀၀အချိန် အလုံမြို့နယ်နေ ပေါ်ပြူလာ နယူးစ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းသည် နေအိမ်၌ အလုပ်ကိစ္စများ ဆောင်ရွက်ပြီး အိပ်ယာဝင်ခဲ့ရာမှ ၁၃.၉.၂၀၁၃ရက်နေ့ ၀၃၀၀ အချိန်ခန့်တွင် ဦးဖိုးနိုင်လင်း၏ဇနီးမှ အိပ်ယာမှနိုးစဉ် အခန်းရှိ ပစ္စည်းများအား စစ်ဆေးကြည့်ရာ စားပွဲပေါ်တွင်တင်ထားသည့် ASUS အမျိုးအစား Laptop Computer(၁)လုံး ၊ ဆင်းကဒ်ပါလက်ကိုင် ဖုန်း(၂)လုံး၊ ငွေကျပ်(၅၀၀၀၀)ပါပိုက်ဆံအိတ်(၁) သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 06:07 AM PDT
မကွေးမြို့ ယင်းချောင်းရေ တိုက်စားမှု ပြင်းထန်သဖြင့် မြို့သစ်မြို့နယ် တပ်ကုန်း ကျေးရွာ အနီး ယင်း ချောင်း တံ တား အရှေ့ဖက်ချည်းကပ်လမ်း ကျိုးပျက်သွားခဲ့သည်ဟု သတင်း ရရှိပါသည်။ ယင်းချောင်း တစ်ဖက်ခြမ်း တွင် သောင်ထွန်းပြီး အခြားတစ်ဖက်တွင် ရေကြောင်း ကျဉ်းကာ ရေစီးအား သန်လာသဖြင့် ယင်းချောင်းတံတား အခြေကို စက်တင်ဘာလ(၁၅)ရက် နံနက်(၅)နာရီ ကျော်ခန့်တွင် ရေလှိုက်စား ခံလိုက်သည်ဟု ဒေသခံများက ပြောပါသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ချောင်းရေ တိုက်စားမှုကြောင့် ယင်းချောင်း တံတား ချည်းကပ်လမ်းပျက်စီး ။သတင်း- ဓါတ်ပုံ Popular Myanmar News Journal |
||
Posted: 16 Sep 2013 05:33 AM PDT
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ရဲ့ အလုပ်အဖွဲ့ တွေဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဒီနေ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ကြိုတင် ဆွေးနွေး နေကြပါတယ်။ ဒီတွေ့ဆုံမှုဟာ အခုရက်ပိုင်းအတွင်း အစိုးရတပ်ဘက်က အရာရှိတဦးကို ကချင်လွတ်လပ်ရေး တပ်မေတာ် (ကေအိုင်အေ) က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဒီကေန့ နှစ်ဖက်အလုပ်အဖွဲ့တွေ မြစ်ကြီးနားမြို့မှာ ဆွေးနွေးညှိနှိုင်းကြတာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 05:22 AM PDT
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊မြန်အောင်မြို့နယ် ၊ ကျွဲတဲကုန်းအုပ်စု ၊တောင်ယာကြီးကုန်းကျေးရွာ လေးပမောကျေးရွာမှ တောင်သူ လယ်သမားများသည် လယ်ယာမြေများရေကြီး ၊ရေနစ်မြုပ် မှုကို ခံစားနေရပါသည်။ ထိုသို့ လယ်ယာမြေများ ရေကြီးရေနစ်မြုပ်မှု ခံစားနေရစဉ်မှာပင် ထိန်ပင်အင်းသမားများ မှ ငါးလုပ်ငန်းဦးစီးဌာန နှင့် နားလည်မှုရယူကာ သတ်မှတ်ပေးထားသော ဆယ်ချက်( ရေ လှောင်သောနေရာ) မဟုတ်ပဲ ရေစီးရေလာကောင်းသော တောင်ရိုး ပြာသာရွာဘက် မှ လာသော ချောင်း နှင့် ဆင်ကျုံးချောင်း နှစ်ခု ဆုံရာအောက် မှ ဆယ်ချက် ကို လာရောက်ချထားသည့် အတွက် ၄င်းဧရိယာအတွင်း မှ လယ်ဧက(၂၀)ကျော် မှ ယခုလက်ရှိအချိန်အထိ ရေမြုပ်နေပြီ စပါးစိုက်၍ မရတော့ပါ ။ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနဆိုင်ရာ အသီးသီး ကို အသိပေး အကြောင်းကြားသော်လည်း မည်သို့မျှ လာရောက် ဖြေရှင်ပေးခြင်း မရှိသည့် အတွက် ရေနစ်မြုပ်နေသော လယ်ဧက (၂၀)ကျော်မှ တောင်သူလယ်သမားများ အခက်အခဲများစွာ နှင့် ကြုံတွေ့နေရသောကြောင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဌာန အသီးသီး တို့ အား ဖြေရှင်းပေးပါရန် အသိပေး လိုက်ရပါသည်။ Phoe Thee by Myanmar News Now |
||
Posted: 16 Sep 2013 05:15 AM PDT
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ လက်ရှိ အချိန်ဟာ အခက်အခဲဆုံးနဲ့ စိမ်ခေါ်မှု အကြီးမားဆုံး အချိန်ဖြစ်ပြီး မှန်မှန်ကန်ကန် ရွေးချယ်လုပ်ကိုင်နိုင်ဖို့ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အရှေ့ဥရောပ ၃ နိုင်ငံ လေ့လာရေးခရီးစဉ်အတွင်း ချက်ပြည်သူ့ သမ္မတနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပရပ်ဂမြို့မှာ စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ ဖိုရမ် ၂၀၀၀ ဆွေးဆွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 03:36 AM PDT
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းရှိ အမျိုးသမီး အဆောင်ပေါ်သို့ ညအချိန်မတော် အမျိုးသားတစ်ဦး တက်ရောက်ကာ အမျိုးသမီး တပ်သားတစ်ဦး၏ ခြေထောက်ကို ကိုင်တွယ်ခဲ့သောကြောင့် ဖမ်းဆီး အရေးယူထားကြောင်း အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ရွာမအရှေ့ရပ်ကွက်၊ အေးသိဒ္ဓိ (၂) လမ်းတွင်နေသူ အသက် ၂၃ နှစ်အရွယ်ရှိ ကိုမျိုးသူ ဆိုသူသည် စက်တင်ဘာလ ၁၃ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် အင်းစိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းရှိ အင်ကြင်းလိုင်း အမျိုးသမီး အပျိုဆောင်ပေါ်သို့ တက်ရောက်လာကာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 03:31 AM PDT
နေပြည်တော်၊ စက်တင်ဘာ ၁၆ ၁၄-၉-၂၀၁၃ ရက်နေ့မှ ၁၅-၉-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့ ရဲဇာနည် |
||
Posted: 16 Sep 2013 03:27 AM PDT
နေပြည်တော်၊ စက်တင်ဘာ ၁၆
၁၅-၉-၂၀၁၃ ရက်နေ့ ၁၀၁၅ အချိန် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် မိုင်တိုင် အမှတ်(၆၇/၃-၄)ကြားရှိ တံတားအမှတ်(၄/၆၈)၊ အရှည် ၇၅ ပေ၊ အကျယ် ၂၄ ပေရှိ ခင်နိမ်းမူ ကွန်ကရစ်တံတားသည် ရာသီဥတုဒဏ်ကြောင့် ရေလယ်တိုင် ၄ တိုင်အနက် ၁ တိုင်မှာ ကျိုးကျ သွားခဲ့သည်။ အခင်းဖြစ်နေရာသို့ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှတပ် ရဲဇာနည် |
||
Posted: 16 Sep 2013 02:42 AM PDT
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်ကျေးရွာရှိ ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း ရေကြီးမှုများ ဖြစ်ပေါ်နေသော်လည်း ဒုတိယနှစ်ဝက် အတန်းတင် စာမေးပွဲကို ရက်ရွှေ့ပြောင်းလဲခြင်း မရှိဘဲ သတ်မှတ်ရက်များအတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ရူပဗေဒဌာနမှ ဆရာ၊ ဆရာမများထံမှ သိရသည်။ “စက်တင်ဘာ ၁၆ ရက်နေ့မှာ စာမေးပွဲစဖြေဖို့ သတ်မှတ်ထားတာ။ ကျောင်းထဲမှာ ရေတွေက တော်တော်များပေမယ့် စာမေးပွဲကတော့ ဖြေဖြစ်တယ်။ ရက်မရွှေ့ဘူး။ သွားလာရ ခက်ခဲနေတဲ့ အတွက် အခုတံတား ထိုးပေးနေပါတယ်” ဟု အဆိုပါ တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောကြားသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 02:28 AM PDT
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ကျူးကျော်တဲတွင် နေထိုင်သူ တစ်ဦးထံမှ ငါးထောင်တန်နှင့် တစ်ထောင်တန် ငွေစက္ကူအတုများ တွေ့ရှိပြီးနောက် အဆိုပါ ငွေစက္ကူအတု ကိုင်ဆောင်သူ၏ ဇနီးနှင့် သားဖြစ်သူကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထပ်မံဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၂) ရဲစခန်းထံ စုံစမ်းသိရှိရသည်။ အဆိုပါ ငွေစက္ကူအတုများ ယင်းအိမ်တွင် ဆက်လက်ကျန်ရှိနေသည်ကို တရားခံ၏ ဇနီးနှင့် သားဖြစ်သူက လာရောက် အပ်နှံခြင်း မရှိသည့် အတွက် ဆက်လက် အရေးယူ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 02:13 AM PDT
ပေါက်တောမြို့နယ်၊ ဆင်တက်မှော်ကျေးရွာ ဒုက္ခသည်စခန်းတွင် ဘင်္ဂါလီလူမျိုး ငါးရာခန့်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Sep 2013 02:10 AM PDT
ဗဟန်းမြို့နယ် တာမွေအဝိုင်းထိပ် မီးပွိုင့်တွင် စက်တင်ဘာလ ၁၃ ရက် ည ၇ နာရီခန့်က အငှားယာဉ်နှင့် အိမ်စီးယာဉ် တိုက်မိ၍ လာရောက် ရှင်းလင်းသော ယာဉ်ထိန်းရဲကို အငှားယာဉ်ဖြင့် တိုက်ကာ ထွက်ပြေးသွားသည့် ယာဉ်မောင်းကို စက်တင်ဘာလ ၁၄ ရက်တွင် ဖမ်းမိထားကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Sep 2013 02:01 AM PDT
ထားဝယ်မြို့၊ သပြေချောင်းကျေးရွာ၌ စက်တင်ဘာ၁၂ရက် ညပိုင်းတွင် အရက်မူးနေသော တပ်မတော်သားတစ်ဦးက အရပ်သားနေအိမ်ကို သေနတ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။ စက်တင်ဘာ ၁၂ရက် ည ဆယ်နာရီကျော်တွင် မိမိတို့နေ အိမ်နှင့်တွဲ၍ဖွင့်ထားသော ဈေးဆိုင်ကို အဆိုပါတပ်မတော်သားက ဖွင့်ခိုင်းခဲ့ပြီး တံခါးဖွင့်မပေးသဖြင့် သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ကြောင်း၊ ထိုအချိန်တွင် အိမ်အတွင်း၌ မိန်းမသားနှစ်ဦးသာရှိပြီး အဆိုပါတပ်မတော်သား ထွက်ခွာသွားပြီးနောက်ပိုင်း နာရီဝက်ခန့်ကြာမြင့်မှ သက်ဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိလာကာ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သေနတ်ဖြင့်အပစ်ခံရသည့် နေအိမ်ပိုင်ရှင်အမျိုးသမီးကပြော သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 01:56 AM PDT
|
||
Posted: 16 Sep 2013 01:50 AM PDT
|
||
Posted: 16 Sep 2013 01:44 AM PDT
|
||
Posted: 16 Sep 2013 01:24 AM PDT
အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချပြီး မိမိကိုယ်ကိုသတ်သေခဲ့မှုတစ်ခု ဒဂုံတောင်မြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 12:47 AM PDT
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ၊ ဆွပ်ပလောင်း ကျေးရွာအနီး ၊ ကျိုင်းတုံ - တာချီလိတ် ကားလမ်း မိုင်တိုင်အမှတ် ၅၅ ကီလိုမီတာနှင့် ၅၆ ကီလိုမီတာ အကြားတွင် စက်တင်ဘာ ၁၄ ရက်နံနက် ၁ဝ နာရီခွဲ အချိန်ခန့်က ကျိုင်းတုံမှ တာချီလိတ်သို့ ယာဉ်အမှတ် ၇က/၄၃၇၈ Light Turck အမျိုးအစား ယာဉ်သည် အရှိန်လွန်ကာ လမ်း၏ လက်ယာဘက် ပေ ၅ဝ ခန့် အနက်ရှိ နမ့်လုံချောင်း အတွင်းသို့ ထိုးကျ တိမ်းမှောက် ခဲ့သဖြင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၉ ဦးသေဆုံပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Sep 2013 12:33 AM PDT
အင်ဒိုနီးရှားနိုင်ငံ ဆူမား တြားကျွန်း၌ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ရာ ရွာသူရွာသား ထောင်ပေါင်းများစွာ တနင်္ဂနွေ နေ့က ထွက်ပြေးခဲ့ကြရကြောင်း၊ ကျောက်တုံးများ၊ ချော်ရည်ပူ များ၊ ပြာများသည် အနီးအနား ရွာများသို့ ကျရောက်ခဲ့ကြောင်း သက်ဆိုင်ရာမှ ပြောကြားခဲ့သည်။မြောက်ဆူမားတြား သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 12:31 AM PDT
မြန်မာနယ်စပ် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်က မယ်ဖာ့လုန်မြို့နယ်ထဲမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ကုန်သည်တွေ ပစ်ခတ်မှု ဖြစ်ပွားပြီး ၂ ဦး သေဆုံးကာ ရာဘဆေးပြား အလုံးရေ ၄ သောင်း ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ မယ်ဖာ့လုန်မြို့နယ် ဘန့်ဟွေ့နမ့်ခွန် ကျေးရွာအုပ်စုထဲမှာ မူးယစ်ဆေးဝါး သယ်ဆောင်မှု ရှိကြောင်း ကြိုသတင်းရရှိထားချက်အရ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ပြောက်ကျားတပ်ဖွဲ့ အမှတ် ၃၁ က တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဂိုဏ်းဝင်လာနိုင်ဖွယ်ရှိ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 12:10 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း ရေပိုင်နက်မှာ စက်တင်ဘာ ၁၂ ရက်နေ့မွန်းလွဲပိုင်းက မြန်မာအလုပ်သမား ၂၈ ဦးတင်ဆောင်ထားတဲ့ စက်လှေတစီးတိမ်းမှောက်မှုဖြစ်ပွာ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Sep 2013 12:05 AM PDT
တစ်နေ့တခြား
ဈေးနှုန်းမြင့်မာလာနေတဲ့ မြန်မာ့ကျောက်စိမ်းကို
ဝယ်ယူသူနည်းပါးလာနေတဲ့အတွက် ဈေးကွက်ပျက်သွားမှာ စိုးရိမ်နေရကြောင်း တရုတ်
ကျောက်မျက်ကုန်သည်တွေက ပြောပါတယ်။ ၂၀၀၅ ခုနှစ်ကစလို့ ပြီးခဲ့တဲ
့(၈)နှစ်အတွင်း အရည်အသွေးမြင့် မြန်မာ့ ကျောက်စိမ်းအရိုင်းတုံးတွေနဲ့
ကျောက်စိမ်း လက်ဝတ်ရတနာ အချောထည်တွေရဲ့ ဈေးနှုန်းဟာ
မှန်မှန်ကြီးမြင့်တက်လာခဲ့ရာက၊ အခုအခါ ၀ယ်နိုင်သူနည်းပါးလာနေတဲ့ အတွက်
မကြာခင်ဈေးကွက်ပျက်သွားနိုင်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Sep 2013 12:00 AM PDT
ကသာ မြို့နယ်တွင် စက်တင်ဘာ၁၅ရက် နံနက်၈နာရီခွဲက ဟိန္ဒူ-ဂေါ်ရခါး ဗုဒ္ဓဘာသာအသင်းနှင့် ဟိန္ဒူဗုဒ္ဓ ဘာသာ မြို့ပေါ်ဘုရားကျောင်း များဂေါပကအဖွဲ့တို့ ကြီးမှူးသည့် ဝါဆိုသင်္ကန်း လှည့်လည် ကပ်လှူ ပူဇော်ပွဲတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။ ယခင်က ဟိန္ဒူ-ဂေါ်ရခါး အနွယ်ဝင် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူများ၏ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအနေနှင့် ဝါဆိုသင်္ကန်း ကပ်လှူမှုများရှိခဲ့သော်လည်း ယခု လို ဟိန္ဒူ-ဂေါ်ရခါးလူ မျိုးများ စု ပေါင်း၍ မြို့ပေါ်သို့လှည့်လည် ပြသပြီးမှ ဝါဆိုသင်္ကန်းကပ်လှူ မှုမှာ မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်ကြောင်း ဟိန္ဒူမြို့ပေါ်ဘုရား ကျောင်းများ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဌေးက ယခုလို ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 15 Sep 2013 11:39 PM PDT
အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း မြေအရောင်း အဝယ်ကိစ္စနှင့်စပ်လျဉ်းသည့် တရား မမှုကို ဆက်လက်စစ်ဆေးရန် သင့် မသင့်ကို စက်တင်ဘာ၂၆ရက်တွင် မန္တလေးတိုင်းဒေသကြီး တရား ရုံး တွင် အမိန့်ချမှတ်သွားမည်ဖြစ် ကြောင်း ယင်းအမှုကိုစစ်ဆေးနေ သော မန္တလေးတိုင်းဒေသကြီး တရားသူကြီး ဦးကြည်သိန်းက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 15 Sep 2013 11:32 PM PDT
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ မြန်မာ့ မီးရထားဘူတာရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိ သော ရထားတပ်ဖွဲ့ဝင် ရဲတပ်သား ၀င်းကို နှင့်အဖွဲ့သည် ယခုလ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က မသင်္ကာဖွယ်ရာ နိုင်ငံခြားသား တစ်ဦးအား ဖမ်းဆီး၍ မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံခဲ့သည့် ဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ စုံစမ်းသိရှိရ သည်။ အဆိုပါ နိုင်ငံခြားသားတစ်ဦးသည် မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ခုတ်မောင်းထွက်ခွာလာခဲ့သော အမှတ်( ၄၂ ) အစုန် ဒုတိယ အမြန်ရထားကြီး ခင်ဦးမြို့ ဘူတာသို့ ဆိုက်ရောက်လာပြီးနောက် ရထားစီးခရီးသည်များနှင့်အတူ ဘူတာစင်္ကြန်ပေါ်၌ သွားလာနေသည်ကို --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment