Friday, September 13, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၉)

သစ်ထူးလွင်


Posted: 13 Sep 2013 06:22 AM PDT

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု ညောင်ပင်သာ ကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်က အရက်သေစာ သောက်စားမူးယစ်၍ ရွာအတွင်းလှည့်လည် အလှူခံနေသော သင်္ကန်းဝတ်နှစ်ဦးကို စစ်ဆေး၍ လူဝတ်လဲ အရေးယူခဲ့ကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သော ညောင်ပင်သာကျေးရွာ၏ ရာအိမ်မှူး ဦးမောင်ပြည့်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Sep 2013 05:18 AM PDT

ရန်ကုန် တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်း ရှောက်ပင်ခြံ(၈)ရပ် ကွက်အတွင်းရှိ မင်္ဂလာလမ်း၊ မ ဟာဆိုရှယ်လမ်း၊ အဝေယျာ လမ်း၊ ရတနာလမ်း၊ မဟာဘောဂ လမ်း၊ မာလာလမ်းနှင့် လှည်းတန်း လမ်းမ အပါအဝင် ဦးထွန်းလင်းခြံ လမ်းတို့ရှိ လူနေရပ်ကွက် တိုက် တန်းများရှေ့တွင် ညပိုင်းရပ်နား ထားသော မော်တော် ယာဉ်အစီး ရေ ၃ဝကျော်ခန့်၏ ကားဘီးများ ကို နံနက် ၁နာရီမှ ၃နာရီခန့် အ တော အတွင်း လူတစ်ဦး သို့မဟုတ် လူအုပ်စု တစ်စုတို့ က ချွန်ထက် သော ပစ္စည်းများဖြင့် ရည်ရွယ်ချက် ရှိရှိလိုက်လံ ထိုးဖောက်၍ လေ လျှော့ထားခဲ့ကြောင်း ထိုရပ်ကွက် နေ ကားပိုင်ရှင်များထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Sep 2013 05:13 AM PDT

မှောင်ခိုကုန်သွယ်မှု ပမာဏသည် တရားဝင် ကုန်သွယ်မှု ပမာဏထက် အဆ ၂၀ ခန့် ရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
မြေပေါ် ကုန်သွယ်ရေးထက် မြေအောက်ကုန်သွယ်ရေးက အဆ ၂၀ ခန့် ရှိနေသည့်သဘော။ ယင်းသို့ တရားမဝင်ကုန်စည် ကြီးစိုးနေမှုကို ပပျောက်စေရန်အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ လမ်းညွှန်ချက်ဖြင့် မှောင်ခိုကုန်သွယ်မှု တားဆီးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားမဝင် ကုန်သွယ်မှု ရွေ့လျားစစ်ဆေးရေးအဖွဲ့ (Mobile Team) များဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဖမ်းဆီးစစ်ဆေး အရေးယူခဲ့သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Sep 2013 05:07 AM PDT

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှ ၄၇ မိုင်ခန့်အကွာ ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်ခွဲ ပဇီကျေးရွာအနီးတွင် မန္တလေးမှ မိုးကုတ်သို့ သွားသည့် ခရီးသည်တင် မော်တော်ယာဉ်များကို ယူနီဖောင်းဝတ် အစိမ်းရောင် SSA အဖွဲ့က လက်ဖက်ရည်ဖိုး ဟုဆို၍ ငွေကြေးတောင်းခံသည့် ဖြစ်စဉ်များ ရှိကြောင်း မိုးကုတ်-မန္တလေး ရွှေပြည်ဟိန်း မော်တော်ယာဉ်အသင်း တာဝန်ရှိသူ ဦးဇော်ဦး က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


SSA တပ်သား တစ်ဦးအား တွေ့ ရစဉ်

Posted: 13 Sep 2013 03:48 AM PDT

ပိုလန်နိုင်ငံမှာ အာဏာရှင်အုပ်ချုပ်ရေးစနစ် ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်သွားခဲ့တဲ့အပေါ် အားကျခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလမ်းကြောင်းကို လိုက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပိုလန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပိုလန်ဒီမိုကရေစီခေါင်းဆောင် Lech Walesa (လက်ခ် ဗာဝင်ဆာ)ကို ပြောကြားခဲ့ပါတယ်။  ပိုလန်ဒီမိုကရေစီအပြောင်းအလဲကို ရှေ့ဆောင်ခဲ့သူ Lech Walesa ဟာ ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဖြစ်ခဲ့ပါတယ်။ မိမိတို့မအောင်မြင်ခင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံနဲ့အခြေအနေ အတူတူပဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအောင်မြင်လိမ့်မယ်လို့ အကောင်းမြင်ကြောင်း Lech Walesa ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Sep 2013 03:41 AM PDT

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ရှိ တရားရုံး တစ်ခုတွင် ဘတ်စ်ကားပေါ်၌ မိန်းကလေး တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ (၄)ဦးကို သေဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အသက်(၂၃)နှစ်ရှိ မိန်းကလေး တစ်ဦးအား ဝိုင်းဝန်း မုဒိမ်းကျင့် ညှင်းဆဲနှိပ်စက်ပြီး စွန့်ပစ်ခဲ့သဖြင့် မိန်းကလေး သေဆုံးခဲ့သည့် ပြစ်မှုနှင့် စပ်လျဉ်းပြီး တရားခံများကို သေဒဏ်ချမှတ်ကြောင်း ဒေလီတရားရုံးက ယနေ့ စီရင်ချက် ချမှတ်လိုက်သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘတ်စ်ကားပေါ်မှ မုဒိမ်းသမားများကို အိန္ဒိယအစိုးရ သေဒဏ်ချမှတ် အသက်(၂၃)နှစ်ရှိ မိန်းကလေး တစ်ဦးအား ဝိုင်းဝန်း မုဒိမ်းကျင့် ညှင်းဆဲနှိပ်စက်ပြီး စွန့်ပစ်ခဲ့သဖြင့် မိန်းကလေး သေဆုံးခဲ့သည့် ပြစ်မှုနှင့် စပ်လျဉ်းပြီး တရားခံများကို သေဒဏ်ချမှတ်ကြောင်း ဒေလီတရားရုံးက ယနေ့ စီရင်ချက် ချမှတ်လိုက်သည်။

Posted: 13 Sep 2013 03:21 AM PDT

ပြည်ပဘဏ်စာရင်း ငါးခုတွင် မြန်မာနိုင်ငံမှ အပ်နှံငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားမှု လုံးဝမရှိကြောင်းနှင့် ယင်းနှင့် ပတ်သက်၍ ခိုင်မာသည့် အချက်အလက် ပေးနိုင်ပါက အစိုးရက ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထုတ်ပြန်ပြောကြားသည်။ အဆိုပါအပ်နှံငွေများကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများ ကို လျှော်မပေးခဲ့ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဆိုသူကို ကိုးကား၍ ပြည်တွင်းသတင်းဌာန တစ်ခုက ဖော်ပြမှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ပြောကြားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Sep 2013 03:07 AM PDT

လူကုန်ကူးမှုဖြင့် စစ်တပ်မှဗိုလ်ကြီးတစ်ဦးကို စွပ်စွဲတိုင်တန်းသဖြင့် စက်တင်ဘာ ၁၁ ရက်တွင် မြောက်ဥက္ကလာပ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန် ထားသည်။ အဆိုပါအမှုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇွန်လက မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို တစ်ရပ်ကွက်တည်းနေ ဗိုလ်ကြီးတစ်ဦးက ထိုင်းနိုင်ငံတွင်တစ်နေ့လျှင် ဘတ်ငွေ ၃၀၀ ရမည့်အလုပ်လုပ်လိုပါက ၎င်းကိုယ်တိုင် လိုက်ပို့ပေးမည်၊ ကျပ်ငွေ ၁၆၀၀၀၀ ပေးရမည်ဟု ပြောဆိုခဲ့သည်ဟု တိုင်တန်းထားသည်ကို ရဲမှတ်တမ်းတွင် တွေ့ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Sep 2013 03:01 AM PDT

အမျိုးသားတစ်ဦး မိမိလည်ပင်းကို ဓါးမဖြင့်လှီးပြီးသေကြောင်း ကြံစည်ခဲ့သဖြင့် မြောက်ဥက္ကလာပ ရဲစခန်းက အမှုဖွင့်ပြီး ထိုသူကိုအရေးယူရန် လုပ်ဆောင်လျက်ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် ထိုအမှုတွင် သေကြောင်း ကြံစည်သူမှာ အသက် ၃၃ နှစ်အရွယ်ရှိ သံပန်း သံတံခါးလုပ်သည့် အမျိုးသား တစ်ဦးဖြစ်ပြီး ၎င်းသည် နေအိမ်နောက်ဖက်ခန်းတွင် သူ့လည်ပင်းကိုသူ အိမ်သုံးဓားမဖြင့် လှီးဖြတ်၍ သေကြောင်း ကြံစည်ခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Sep 2013 02:53 AM PDT

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရ လက်ထက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး ကွယ်လွန်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့၌ အင်တာနက်နှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။ ထိုကဲ့သို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နာရေးသတင်း ထွက်ပေါ်မှုကြောင့် ယခင်အစိုးရ လက်ထက်တွင် ဦးမောင်အေးကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ နေခဲ့ကြရသည့် တပ်အရာရှိကြီး/ငယ်များ၊ ဦးမောင်အေးနှင့် အဆင်မပြေသော စီးပွားရေး ခရိုနီများ အတွင်း စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်အဖြစ် အလျင်အမြန် ပျံ့နှံ့ ပြောကြားခဲ့ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကုလသမဂ္ဂမှ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့်အတူ တွေ့ရစဉ်


Posted: 13 Sep 2013 02:44 AM PDT

ရန်ကုန် ကလေးဆေးရုံကြီးသို့ အရေးပေါ် ခွဲစိတ်ရန်နှင့် ဆေးကုသရန် ရောက် ရှိလာသောလူနာများကို အခမဲ့ ကုသပေးမည်ဖြစ်ကြောင်း သိရ သည်။ ယင်းသို့ကုသပေးရာတွင် ဆေးမှာ အလွယ်တကူဝယ်ယူနိုင် သောဆေးဖြစ်ခြင်း၊ ဆေးရုံတွင် အဆင်သင့်ရှိပြီး လုံလုံလောက် လောက်ရှိသောဆေးဝါးများနှင့် ကုသရမည်ဆိုပါက ဆင်းရဲချမ်းသာ မရွေး ကုသပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ''လူတိုင်းတော့ မရဘူး။ဆေးကလဲ သိပ်ဈေးမကြီးဘူး၊ ရောဂါကလဲ အသည်းအသန်ဖြစ် နေရင်တော့ ဒီဆေးတွေကို ပေးသုံး တယ်။ လူတိုင်းကိုတော့ ဆရာ တို့ မပေးနိုင်သေးဘူး။ တချို့ကို တော့ ပေးတယ်။ ဒါပေမဲ့ ဆေးရုံ ကို အရေးပေါ်ရောက်လာတယ်၊ အရေးပေါ်ခွဲစိတ်ဖို့ ရောက်လာ တဲ့လူနာတွေကို ဆရာတို့ အခမဲ့ ပေးနိုင်အောင် ဆေးဝါးတွေကို စုဆောင်းထားတယ်။ အရင်တုန်း ကတည်းကလဲ လုပ်ပေးတယ်။ အခုတော့ ပိုပြီးတော့ လုပ်ပေး လာနိုင်တယ်''ဟု ရန်ကုန်ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာသန်း ထိုက်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 13 Sep 2013 02:29 AM PDT

စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင် က သာမြို့ (၁၀)ရပ်ကွက် အတွင်းသို့ စက်တင်ဘာ ၇ ရက် နံနက် ၁နာရီ မှစတင်ကာ မြစ်ရေတက်မှုကြောင့် စက်တင်ဘာ ၁ဝရက် ညနေ ၅နာ ရီတွင် မြစ်ရေလွှမ်းကာ လူနေ အိမ်အခိျု့မှာ ရေမြုပ်လျက်ရှိနေ ကြောင်း သိရသည်။ ''မြစ်ရေက ကျွန်တော်တို့ ကသာခရိုင် မိုးလေဝသနဲ့ ဇလ ဗေဒဦးစီးဌာနက တိုင်းတာချက် အရကတော့ စက်တင်ဘာ ရ ရက် နံနက် ၁နာရီကစတင်မြစ်ရေ တိုးခဲ့ပါတယ်။ အဲဒီနေ့ကတော့ စင်တီမီတာ ၉၂၀ လောက် မြင့် တက်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း မှာတော့ မြစ်ရေဟာ တဖြည်း ဖြည်း နေ့စဉ်ရက်ဆက်ဆိုသလို မြင့်တက်လာတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကသာမြို့အနီး လူနေအိမ် ရပ်ကွက်အခိျု့ ရေနစ်မြှုပ်နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - လေပွေနီ(အင်းတော်) ကသာမြို့အနီး လူနေအိမ် ရပ်ကွက်အခိျု့ ရေနစ်မြှုပ်နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - လေပွေနီ(အင်းတော်)


Posted: 12 Sep 2013 11:36 PM PDT


ခေတ်မီပွင့်လင်းလာတဲ့ လူမှုအဖွဲ့အစည်းမှာ လက်မထပ်ခင် အတူနေတာတွေ များလာတဲ့အပေါ် လူတွေရဲ့ ကွဲပြားတဲ့ အမြင်တွေကို စုစည်းထားတာပါ။

ဒီအစီအစဉ်မှာ မကြားဝံ မနာသာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ စကားလုံးတွေ ပါဝင်နိုင်တယ်ဆိုတာကို ကြိုတင် အသိပေးအပ်ပါတယ်။

မြန်မာ မီဒီယာတွေကြားမှာ သိပ်ပြောလေ့ပြောထ မရှိတဲ့ အကြောင်းအရာတခုကို တင်ဆက်ပေးမှာပါ။

အဲဒါကတော့ လူငယ်အတွဲတွေ လက်မထပ်ပဲ အတူနေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လင်းလက်ကြယ်စင်ကနေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

မြန်မာလူငယ်တွေက ဒီကိစ္စအပေါ် ဘယ်လိုမြင်ကြပါသလဲ?

လူငယ်တွေကြားမှာ ဒီကိစ္စ တွေ ဘယ်ကြောင့် ခေတ်စားလာတာလဲ? လူငယ်တွေအကြားမှာ လက်မထပ်သေးပဲ လင်မယားလို အတူနေတဲ့ ကိစ္စတွကို လူငယ်တွေက ဘယ်လို စဉ်းစားနေကြပါသလဲ?

ဒီအကြောင်းတွေကို လင်းလက်ကြယ်စင်က တင်ဆက်ထားပေးပါတယ်။

ကိုယ်တိုင်ပါဝင် ဆွေးနွေးချင်တယ် ဆိုရင်တော့ လင်းလက်ကြယ်စင်ရဲ့ Facebook စာမျက်နှာ www.facebook.com/llksradio မှာ ၀င်ရောက်ဆွေးနွေးနိုင်သလို @www.soundcloud.com/llksradio မှာလည်း Download လုပ်ပြီး Smart Phones တွေကနေ နားဆင်နိုင်ပါတယ်။


Posted: 12 Sep 2013 11:10 PM PDT


လူရှေ့သူရှေ့မှာ စုံတွဲတွေ သည်းသည်းလှုပ်ချစ်ကြတာကို တခြားလူတွေက ဘယ်လိုမြင်လဲဆိုတာကို တင်ဆက်ပေးထားတာပါ။ လင်းလက်ကြယ်စင်

Posted: 12 Sep 2013 11:09 PM PDT
ရှမ်းပြည်နယ်၊ ကလောမြို့၊ ကလောရဲစခန်းတွင် သြဂုတ် ၁၁ ရက်က လူသတ်တရားခံဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်း ခံထားရသူ မြင်းမထိရွာသား (၄) ဦးသည် သေဆုံးသူ၏ ညီအစ်ကိုအရင်းများ ဖြစ်ကြပြီး ရန်ငြိုးရန်စရှိသူ ရွာသားတစ်ဦး၏ မရေမရာ လိမ်လည်သတင်းပေး တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်းသာ ဖြစ်ကြောင်း သေဆုံးသူ၏ ညီမဖြစ်သူ မသူဇာထွေးက ပြောကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Sep 2013 10:59 PM PDT

နေပြည်တော်-ပျဉ်းနားမြို့ အရှေ့ခြမ်း တောင်ပေါ်ကျေးရွာ ဘိုမကျေးရွာအုပ်စု (ဘိုမအောက်ရွာ)၊ အမှတ် (၁၄၀) မူလတန်းကျောင်းမှ ပညာရေး ၀န်ထမ်း များအား နှောင့်ယှက်စော်ကားခြင်း၊ ရိုင်းပျစွာ ပြောဆိုခြင်း၊ အသရေပျက်အောင် ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ကျေးရွာအုပ်ချုပ်သူ လူကြီးများရှေ့၌ပင် လေးစားမှု၊ ရိုသေကိုင်းရှိုင်းမှု မရှိဘဲ တာဝန်ခံ ကျောင်းအုပ်ကြီးနှင့်တကွ ပညာရေးဝန်ထမ်း ဆရာများကိုပင် ခြိမ်းခြောက် ပြောဆိုမှုများအား သက်ဆိုင်ရာများသို့ တင်ပြ တိုင်ကြား ထားပါသော်လည်း ထိရောက်စွာ အရေးယူမှု မရှိခဲ့သည့်အပြင် မြို့နယ်ပညာရေးမှူးကလည်း ကျောင်းသို့ ပြန်လည် တာဝန်ထမ်းဆောင်ရန် သို့မဟုတ် ထွက်စာတင်ဟု ပြောကြားခဲ့၍ … အဆိုပါ ဆရာ/ ဆရာမများ တောင်ပေါ်ဒေသရှိ မိမိတို့ စာသင်ကျောင်းသို့ သွားရောက် တာဝန် ထမ်းဆောင်မှုများ မရှိခဲ့ကြောင်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မူလတန်းကျောင်း တစ်ကျောင်းအားတွေ့ ရစဉ်

Posted: 12 Sep 2013 10:02 PM PDT

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမား အများအပြားဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ဇူလိုင်လတွေက ထွန်တုံးတိုက်ပွဲတွေလုပ်ခဲ့ကြလို့ ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)တွေနဲ့ တရားစွဲခံနေရပါတယ်။ လယ်သမားအရေးကူညီပေးသူတွေအဆိုအရတော့ မော်ကျွန်းတမြို့ထဲမှာတင် တရားစွဲခံ လယ်သမား ၃၀၀ ကျော်ရှိပြီး အမှုပေါင်း ၁၅၈ မှုရှိတယ်လို့ သိရပါတယ်။  လယ်အမှုတွေကို မော်ကျွန်းမြို့နယ် တွဲဖက်တရားသူကြီး ဒေါ်ခင်နီနီအေးက ကိုင်တွယ်ကြားနာ စစ်ဆေးရာမှာ တရားလိုဘက်ကိုပဲ ရုံးတော်မှာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး တရားခံလယ်သမားကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အမိန့်တွေ ချမှတ်နေတယ်လို့ မော်ကျွန်းဒေသခံတွေက Myanmar News Now ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Sep 2013 09:58 PM PDT

ပိုလန် နိုင်ငံ၊ ဝါဆော မြို့တော်ရှိ ဝါဆော တက္ကသိုလ် မှာ မနေ့ ညနေပိုင်း က ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီ နဲ့ ပညာရေး အကြောင်း နဲ့ ပတ်သက်တဲ့ ဘာသာရပ် ဆိုင်ရာ ပို့ချချက် ကို ဟောပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ ဟာ ပိုလန်နိုင်ငံ နဲ့ နှိုင်းစာရင် ဆယ်စုနှစ် များစွာ နောက်ကျနေခဲ့တဲ့ အကြောင်း၊ အခု မှ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ရောက်ခါစ ဘဲ ရှိသေးတဲ့ အကြောင်း တွေ ပြောခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပိုလန် နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်

Posted: 12 Sep 2013 09:51 PM PDT

ဟုတ်ကဲ့ပါ၊ ဒီ ပြည်ပအပ်နှံငွေ ၁၁ ဘီလီယံကိစ္စ စပြီးထွက်လာတာက ပြည်တွင်း သတင်းမီဒီယာ တွေပေါ်မှာ ပါဖြစ်ပါတယ်။ သူတို့ ကိုးကား ရေးသားထား တာကတော့ Bank Information Center လို့ခေါ်တဲ့ ကမ္ဘာ့ဘဏ္ဍာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေပေါ့လေ World Bank တို့ IMF တို့ ADB တို့ အဲ့ဒီ့လိုအဖွဲ့အစည်းတွေကို စောင့်ကြည့်တဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့က အာရှဆိုင်ရာ အစီအစဉ်ရဲ့ မန်နေဂျာ Jelson Garcia ဖြစ်ပါတယ်။ ဒီအကြောင်းကို ဒီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက ရန်ကုန်မြို့မှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ တစ်ခုအတွင်း မစ္စတာဂါဆီယာက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Sep 2013 09:42 PM PDT

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေသတ္တု
တူးဖော်ရေး လုပ်ငန်းများသည် လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေး
ဆောင်ရွက်ထားရှိမှု အလွန်နဲပါးသည့်အတွက် လုပ်ငန်းခွင်အတွင်း မကြာခဏ
လူသေဆုံးရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံ နာမှုကူညီရေးအသင်း
ကွန်ရက်ထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Sep 2013 09:37 PM PDT

စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပင်ဖာဖာကျေးရွာ အနောက်ဘက် နှစ်မိုင်ခန့်အနီးရှိ ဝှေပိန်းချောင်း ရွှေလုပ်ကွက်တွင် ယခုလ  ၉ ရက်နေ့ ညနေ ၃ နာရီ ခွဲအချိန်ခန့်က မြေပြို၍
ရွှေလုပ်သား လေးဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း ပင်ဖာဖာကျေးရွာခံ ပြည်သူတစ်ဦးမှ ဆက်သွယ်ပြောကြားသည်။ အဆိုပါ မြေပြိုကျ၍ လူလေးဦးသေဆုံးခဲ့ရသည့် အခင်းဖြစ်အရပ်သို့ ဟုမ္မလင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဦးနှင့် အဖွဲ့မှလည်း လာရောက်ခဲ့သည်ဟု ထိုသူက ဆက်လက်၍ ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် ရွှေလုပ်ငန်းမှ မြေပြိုကျမှု မြင်ကွင်းတခုအား တွေ့ ရစဉ်

Posted: 12 Sep 2013 09:25 PM PDT

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့နယ် (၁၀၅)မိုင် စစ်ဆေး ရေးဂိတ် တုန်ခန်ရွာအနီးတွင် စက်တင်ဘာ ၅ ရက်က ဌာနပေါင်းစုံပါဝင်သည့် တာဝန်ရှိစစ်ဆေးရေးအဖွဲ့များက တရုတ်ပြည်သို့ တရားမဝင်သယ်ဆောင်မည့် SURF ယာဉ်ပေါ်မှ မြွေဟောက်နှင့် မြွေမျိုးစုံထည့်ထားသည့်  စီဝိုင်စီရောင်စုံ ပိတ်အိတ် ၂၆ အိတ်ကို သိမ်းဆည်းရမိသည်။   ယင်းအိတ်များထဲမှ မြွေဟောက် ၁၉၂ ကောင်၊  ငန်းစောင်း ၉၄ ကောင်၊ လင်းမြွေ ၁၃၂ ကောင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Sep 2013 09:22 PM PDT

အရပ်ဖက် အုပ်ချုပ်ရေးပိုင်းမှာ လုံခြုံရေးရဲတပ်ဖွဲ့က လိုက်နာစောင့်ထိန်း ရမယ့် နိုင်ငံတကာ စံနှုန်းကျင့်ဝတ်ဆိုင်ရာ သင်တန်းတရပ်ကို ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကြီးတန်းရဲ တာဝန်ရှိသူတွေကို လေးရက်ကြာ ပို့ချဆွေးနွေးနေပါတယ်။ ICRC နဲ့ မြန်မာအာဏာပိုင်တွေအကြား အခုလို လူသားချင်းစာနာမှု လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အခုလို ပူးတွဲဆောင်ရွက်နိုင်တာဟာ အရေးကြီးတဲ့ ခြေလှမ်း တရပ်ဖြစ်တယ်လို့ ICRC က ပြောပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ

Posted: 12 Sep 2013 09:18 PM PDT

ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာသိမ်းဆည်းတာကို ခံရသူတစ်ဦးက ဒေသ အာဏာပိုင်ရုံးထဲကို ဝင်ပြီး သေနတ်နဲ့ပစ်ခတ်မှုတစ်ခု ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ထိုင်ဗမ်းမြို့(Thai Binh City) မှာ ဖြစ်ပွားခဲ့ပါတယ်။ လူလေးယောက်ကို ပစ်ခတ်ရမှာ တစ်ဦးသေဆုံးသွားပြီး သေနတ်သမားက သူ့ကိုယ်သူ ပြန်ပစ်ပြီး အဆုံးစီရင်ခဲ့တာပါ။ သေနတ်သမား( Dang Ngoc Viet )  ဟာ သူပိုင်တဲ့မြေကို ဒေသဖွံ့ဖြိုးရေးအတွက် သိမ်းယူဖို့ လုပ်နေတယ်ဆိုတာကို သိခဲ့ရပြီးတဲ့နောက်ပိုင်း အခုလိုဝင်ရောက်ပစ်ခတ်ခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Sep 2013 05:45 PM PDT
မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်အစိုးရရဲ့မူဝါဒကို လေ့လာတဲ့အခါမှာ အစိုးရချင်း ဆက်ဆံရေးအပြင် မြန်မာပြည်သူတွေ၊ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ပါ ထိတွေ့ဆက်ဆံမှုတွေ ပိုများလာတာကို တွေ့ရပါတယ်။ ပြောင်းလဲလာတဲ့ တရုတ်အစိုးရရဲ့ မူဝါဒအပေါ် လေ့လာသူတွေရဲ့အမြင်ကို RFA သတင်းထောက် ကိုကျော်သူ က တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...