Wednesday, September 18, 2013

ခေတ်ရှေ့ပြေးခဲ့သော လူသားတစ်ဦး (သို့ မဟုတ်) တော်မီ ကျော်နိုင်



တော်မီကျော်နိုင် ဆိုတာက ၁၉၇ဝကျော် ၈ဝကာလ မြန်မာ့ဂီတ စတီရီယို လောကမှာ ပြောစမှတ်ပြု ရမယ့် သူတွေထဲက တစ်ယောက်။ Playboy,LPJ စတဲ့ တီးဝိုင်းတွေ မှာ ဘေ့စ် ဂစ်တာသမား တစ်ဦး အဖြစ် ပါဝင်ခဲ့ပြီး ထိုခေတ် ကာလက စင်မြင့်ဖျော်ဖြေ ပွဲတွေမှာ အဆိုတော် တစ်ဦးလည်း ဖြစ်တဲ့ တော်မီကျော်နိုင် ရဲ့ ဘေ့စ် ဂစ်တာ လွယ်ပြီး မာန်ပါပါ ဟစ်ကြွေးဟန်တွေ က ထိုခေတ် ကာလ လူငယ် အများကြား ပြောစ မှတ်ဖြစ်ခဲ့ပါတယ်။
စင်ပေါ်မှာ လွတ်လပ်စွာ ပေါက်ကွဲတတ်တဲ့ တော်မီကျော်နိုင် က ၉ဝ ဝန်းကျင် နောက်ပိုင်း မှာတော့ သူ့ရဲ့ ဂီတ လှုပ်ရှားမှုများ အနည်းငယ် နှေးသွားခဲ့ပြီး ခင်ရာ မင်ရာ ဂီတဝိုင်းတွေ မှာသာ ပါဝင် ဖျော်ဖြေ ဖြစ်ခဲ့ပါတော့တယ်။
၂ဝဝ၉ ခုနှစ် မှာတော့ တော်မီ ကျော်နိုင် ဆုံးပါးခဲ့ပြီး ဂီတ အလုပ်က လွဲပြီး တခြား ဘယ် အရာကို မှမဖက်တွယ် ခဲ့တာ ကြောင့် မကွယ်လွန်မီ နှစ် ကာလတွေ မှာ နွမ်းလျ စွာနဲ့ ဘဝကို ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။ တော်မီကျော်နိုင် ကွယ်လွန်ချိန် မှာတော့ လူမသိ၊ သူမသိ သာမန်သာ ပြီးဆုံးခဲ့ တာကြောင့် ယခု ၂ဝ၁၃ ခုနှစ် ကာလမှာ သူ့ရဲ့ နီးစပ်ရာ မိတ်ဆွေတွေ စုပေါင်းပြီး တောမီ ကျော်နိုင် အမှတ်တရ လွမ်းဆွတ်ဖွယ် ပွဲလေး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ် ခဲ့တဲ့ တော်မီကျော်နိုင် အမှတ်တရ ပွဲကိုတော့ ဒရမ်သမား တစ်ဦးလည်း ဖြစ်သလို ဒါရိုက်တာ တစ်ဦးလည်း ဖြစ်တဲ့ ဇော်မင်း (ဆည်မြောင်း) က ဦးစီး ကျင်းပ ခဲ့တာဖြစ် ပြီး တော်မီကျော် နိုင်ရဲ့ ပတ်ဝန်းကျင်က ငယ်ပေါင်း များ အပြင် နိုင်ဇော် (Lazy Club)၊ ကိုစိုင်း (Guitar Library) စသူတို့လည်း တက်ရောက် ခဲ့ကြပါ တယ်။
“အဓိကက တော့ သူနဲ့ အတူ တွဲတီးလာခဲ့တဲ့ ခေတ်ပြိုင်တွေ ဖြစ်တဲ့ ကိုသိန်းတန်တို့၊ ကိုသန်းနိုင်တို့ စတဲ့ နာမည်ကျော်တွေ ခုချိန်ထိ အောင်မြင်စွာ ရပ်တည်နေနိုင် ကြတယ်။ ကိုတော်မီ ဆိုတာကလည်း ကျွန်တော် ဆရာ၊ နိုင်ဇော့် ဆရာ စသဖြင့် အားလုံး လေးစား ချစ်ခင်ရတဲ့ ဂီတ ဘိုးအေကြီး တစ်ယောက်ပေါ့။ ကျွန်တော် တို့ရဲ့ ဖီလင်က သူ့ကို ပြန်ပြီး Highlight လုပ်ပေးချင်တယ်။ သူ့မှာ သီချင်း ကောင်းတွေလည်း အများကြီး ရှိတယ်။ အနုပညာသမားက လူသေ သွားပေမယ့် Clear ဖြစ်တယ်။ လူ တစ်ယောက် ကို ဘယ်လို မြှင့်တင်ရမယ်။ ဘယ်လို အားပေးရမယ် ဆိုတာ ကိုပဲ သူစဉ်းစားတယ်။ သူ့အတွက် နဲ့ သူများတွေကို သိပ် အာရုံ မနောက်စေ ချင်ဘူး။ အဲ့ဒါလေးတွေ ကို ပြန်ပြီး လွမ်းဆွတ်တဲ့ ဂီတည လေးတစ်ခု ဖန်တီးဖြစ်တာပါ”လို့ ကိုဇော်မင်း (ဆည်မြောင်း) က ပြောပါတယ်။
ဆက်လက်ပြီး အဆိုပါ အမှတ် တရပွဲသို့ တက်ရောက်ခဲ့သူ နိုင်ဇော် (Lazy Club) ကလည်း “ကျွန်တော် ဂစ်တာသမား ပေါက်စဘဝမှာ ပထမ ဆုံး တွဲခဲ့တဲ့ နာမည်ကြီး အနုပညာ သမား က ကိုတော်မီပါ။ ကျွန်တော်တို့ လို ငချွတ် ကလေးတွေနဲ့ တွဲတီးတဲ့ အခါ မှာလည်း သူက မကဲ့ရဲ့ဘူး။ အဲဒီ တုန်းက ကျွန်တော် တီးတာတော် တော် ကို ညံ့ပါသေးတယ်။ ဒါပေမဲ့ ကိုတော် မီ ရဲ့ ချစ်ဖို့ကောင်းတဲ့ စိတ် ဓာတ်က လူငယ်တွေကို မြှင့်တင်ပေးတယ်။ သူက လူတစ်ဖက်သားကို စိတ်ဓာတ် ကျအောင် ဘယ်တော့မှ မပြောဘူး။ ကိုတော်မီ ရဲ့ ဖီလင်က စင်ပေါ်မှာ ပေါက် ကွဲမယ်။ လွတ်လွတ်လပ် လပ် တီးမယ်။ အဲ့ဒီမှာ သူ့ကို ကြည့်ပြီး ဘာ အတွေ့အကြုံ ရလဲ ဆိုတော့ သူပါ ဖောမန့် လုပ်တဲ့ အချိန်မှာ ကိုယ်တွေက မှီ အောင် လိုက်ရတယ်။
အဲဒါကြောင့် အခုချိန် ကျွန်တော် စင်ပေါ်မှာ Mood ပါပါ တီးနိုင်တယ် ဆိုတာ ကိုတော်မီ ဆီက သင်ခန်းစာတွေပဲ။ ကိုတော်မီ ကို ကျွန်တော် ချစ်လည်း ချစ်တယ်။ အဲဒါကြောင့် လည်း ဒီနေရာ ဒီပွဲလေးကို လာဖြစ်တာပါ။ အဓိပ္ပာယ် လည်း ရှိပါတယ်” လို့ နိုင်ဇော်က ပြောခဲ့ပြီး တော်မီကျော်နိုင် ဆိုတာ အထင်ကရ လူကြီး တစ်ဦး ဖြစ်ခဲ့ပါတယ် လို့လည်း ပြောပါတယ်။

Credit : ရဲရဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...