Sunday, September 8, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၉)

သစ်ထူးလွင်



Posted: 08 Sep 2013 01:39 AM PDT

စိုက် ပျိုးစရိတ်ချေးငွေ ထုတ်ပေးရန် လက်မှတ်ထိုးမပေးဟုဆိုကာ ရပ် ကွက်အုပ်ချုပ်ရေးမှူးကို တောင် ဒဂုံမြို့နယ် ကျီစုအနောက်ရပ် ကွက်မှပြည်သူများ စီတန်းလမ်း လျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သိရသည်။ စက်တင်ဘာ ၆ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့၏ခွင့်ပြုမိန့်ဖြင့် ကြွေးကြော် တောင်းဆိုချက်လေးချက်ကို ဆန္ဒ ထုတ်ဖော်ကြခြင်းဖြစ်၍ ယင်း ကြွေးကြော်ချက်များမှာ (က)လယ် သမားအခွင့်အရေးအပြည့်အဝ ရရှိရေး၊ (ခ)ကျီစုအနောက်ရပ် ကွက်စိုက်ပျိုးစရိတ်ချေးငွေအ ပြည့်အဝရရှိရေး၊ (ဂ)တရားဥပ ဒေစိုးမိုးရေး၊ (ဃ)ပြည်သူ့ဝန် ဆောင်မှုပျက်ကွက်သည့်ဝန်ထမ်း အလိုမရှိဟူ၍ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Sep 2013 12:02 AM PDT

မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့ အကြမ်းဖက်၊ မီးရှို့မှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများအနက် ခြောက်ဦးကို စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်မှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Sep 2013 11:58 PM PDT

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ အလုပ်သမားဥပဒေတွင် သတ်မှတ်ထားသည့် အချိန်ပိုထက်ပို ဆင်းခိုင်းသဖြင့် နောက်ဆုံးအကြိမ် သတိပေးခံရသော စက်ရုံ ၂၀ ကျော်ကို ခံဝန်ကတိ ထိုးခိုင်းထားပြီး နောက်ထပ်ကျူးလွန်ပါက တရားစွဲမည် ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 11:53 PM PDT
ဥရောပတိုက်၌ သေဆုံးသူ ၁ဝဦးလျှင် တစ်ဦးမှာ အဆုတ် ရောဂါများကြောင့် သေဆုံးခြင်း ဖြစ်ပြီး ဆေးလိပ် သောက်ခြင်းမှာ အဓိက အချက်ဖြစ်ကြောင်း European Respiratory Society အဖွဲ့မှ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ အတိတ်က ဆေးလိပ်သောက် သုံးခဲ့သည့် နှုန်းများကြောင့် လာ မည့်နှစ် ၂ဝအတွင်း အဆုတ်ကင် ဆာနှင့် နာတာရှည်ပိတ်ဆို့အ ဆုတ်ရောဂါ (COPD) ကြောင့် သေဆုံးသူ အရေအတွက်မှာ မြင့် မားလာမည်ဟုဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


Posted: 07 Sep 2013 11:47 PM PDT

လှိုင် သာယာမြို့နယ် ကျန်စစ်သားရပ် ကွက်တွင် ကျပ်သိန်း၁၀ဝပတ်ဝန်း ကျင်ဖြင့်ရောင်းချပေးမည့် အခန်း ပေါင်း၃၀၀ဝကျော် ပါဝင်သော ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ အား လာမည့်ဒီဇင်ဘာတွင် စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး
ရေးဦးစီး ဌာနမှ သိရသည်။ အဆိုပါကျန်စစ်မင်းတန်ဖိုး နည်းအိမ်ရာ တည်ဆောက်ရန် အတွက် မြေဧက၅ဝကျော်အသုံး ပြုသွားမည်ဖြစ်ပြီး လက်ရှိတွင် မြေနေရာတိုင်းခြင်း၊ လမ်းဖောက် ခြင်းများကိုပြုလုပ်ထားပြီး ယခုနှစ် ပွင့်လင်းရာသီရောက်ပါက နှစ်နှစ် နှင့်အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမင်းထိန်က ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 10:15 PM PDT

ပဋိပက္ခနှင့် အကြမ်းဖက်မှုများ မြန်မာနိုင်ငံဒေသများတွင် ဖြစ်ပွားခဲ့ပြီးနောက် လူ့အဖွဲ့အစည်းနှစ်ခု ငြိမ်းချမ်းစွာ ပြန်လည် အတူယှဉ်တွဲနေထိုင်နိုင်ရေး အတွက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာမှ ထင်ရှားသူများ ပါဝင်သည့် ဆွေးနွေးပွဲ ‘သင့်မြတ်ကြသူများ စကားဝိုင်း’ (Public Forum On Muslim-Buddhalist armony) ကို စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M-3 စားသောက်ဆိုင်တွင် ကျင်းပခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 10:11 PM PDT

တရုတ်- မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လို
င်း စီမံကိန်းမှ ရရှိသည့် သဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ၂၄ နာရီ လျှပ်စစ်မီးပေးမည်ဟု ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြောဆိုကြောင်း အဆိုပါဒေသခံများထံမှ သိရှိရသည်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Sep 2013 10:05 PM PDT

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေအတွင်း မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတွေကို သက်ဆိုင်ရာက ပြန်လည်ပြင်ဆင်ခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးက အခုလို ပြန်လည်ပြင်ဆင်ခွင့် ပြုခဲ့တာဖြစ်တယ်လို့ မွတ်စလင် လူ့အဖွဲ့အစည်းခေါင်းဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက RFA ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 09:52 PM PDT

နည်းပညာတက္ကသိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး) တွင် ကျောင်းခေါ်ချိန် ရာခိုင်နှုန်းကို  ၆.၉.၂၀၁၃တွင် ထုတ်ပြန် ကြေငြာခဲ့ ရာ ကျောင်းသားပေါင်း ၁၇၈ ယောက် စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်ခံခဲ့ရသည်။ တစ်နှစ်ပတ်လုံး ကျောင်းခေါ်ချိန် မပြည့်သူများ စာရင်းကို ထုတ်ပြန်ကြေငြာခဲ့ရာတွင် ကျောင်းခေါ်ချိန် မပြည့်သူများမှာ စုစုပေါင်း ၁၇၈ ယောက်ရှိပြီး ထို ကျောင်းသားများအား ယခုနှစ်စာသင်နှစ်တွင် နှစ်ကျအဖြစ် သတ်မှတ်ပြီး စာမေးပွဲဖြေဆိုခွင့် မပြုကျောင်းကိုလည်း တပါးတည်း ထုတ်ပြန်ထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 07 Sep 2013 09:08 PM PDT

-ဒီနေ့ (၇.၉.၂၀၁၃) ညနေ ၇ နာရီနဲ့ ၉ နာရီကြားမှာ ကလောမှာ
ဆိုင်ကယ်ဖမ်းပွဲကြီးတစ်ခုဆင်နွှဲ
ခဲ့ပါတယ်။ ဥပဒေစိုးမိုးရေးအတွက်၊
ယာဉ်အန္တရယ်ကင်းရှင်းရေးအတွက် လုပ်တယ်ဆိုပေမယ့်
တရားမျှတမှုမရှိဘူးဆိုတာကို ကလောမြို့က လူတွေသိကြပါတယ်။
ဆိုင်ကယ်တွေဖမ်းနေတယ်ကြားတော့ ဘယ်လိုဖမ်းတာလဲဆိုတာကို အသေအချာသိချင်လို့
ဖမ်းနေတဲ့နေရာကိုလာပြီး စောင့်ကြည့်ကြသူတွေလည်း အများအပြားပါပဲ။
အားလုံးလည်းမြင်ကြမှာပါ ….။ ယာဉ်ထိန်းရဲအင်အားနဲ့ အရံမီးသတ် စုစုပေါင်း ၈
ယောက်လောက် ပိတ်ဖမ်းနေပေမဲ့ မမြင်ချင်ယောင်ဆောင်ပြီးလွှတ်ပေး
လိုက်တဲ့ ၃
ယောက်စီးတဲ့ ဆိုင်ကယ်တွေ… နံပါတ်မပါတဲ့ဆိုင်ကယ်တွေ …. ဦးထုပ် မဆောင်းတဲ့
ဆိုင်ကယ်သမားတွေ ….အများကြီးပါပဲ။

-ဦးထုပ် မဆောင်းထားတဲ့ မီးသတ်သမား၊ ဆိုင်ကယ်ဦးထုပ်လည်းမဆောင်း
နံပါတ်လည်းမပါတဲ့ အရပ်ဝတ်ရဲတွေ၊ ဦးထုပ်လည်းဆောင်းမလာ
လမ်းပြောင်းပြန်လည်းတက်လာတဲ့ တပ်ထိန်းတစ်ယောက်၊ ၃ယောက်စီးပြီး
ယာဉ်ထိန်းရဲတွေ ကြားက အေးအေးဆေးဆေးဖြတ်သွားတဲ့ ဆိုင်ကယ်တွေ… ။ ဒီ ၂
နာရီကျော်ကျော်အတွင်းမှာဖြစ်သွာ
းတဲ့ မမြင်ချင်ယောင်ဆောင်မှုတွေ
-ယာဉ်ထိန်းရဲတွေဆိုင်ကယ်ဖမ်းပုံ
ကတော့ သမရိုးကျပါပဲ…။ ဆိုင်ကယ်ကို
အရှေ့တည့်တည့်က ပိတ်ပြီးတားမယ်။ နောက်ပြီးကျရင် ဆိုင်ကယ်သော့ကို
အရင်ဆွဲဖြုတ်မယ်။ ဆိုင်ကယ်တွေ တန်းစီထားတဲ့နေရာကို တွန်းလာခိုင်းမယ်။
ချလန်ဖြတ်မယ်။ ဖြတ်ထားတဲ့ချလန်တစ်ခုကို ကြည့်ကြည့်တော့ ရက်ချိန်းက ၁၃
ရက်နေ့တဲ့။ ယာဉ်ထိန်းရဲထဲက ၂ ပွင့်တစ်ယောက်ကို မေးကြည့်တော့ တရားရုံးမှာ
ဒါဏ်ငွေဆောင်ရမှာပါတဲ့။ ဥပဒေအတိုင်းလုပ်တာပါတဲ့။ ဒါဏ်ရိုက်တာက
သူတို့အလုပ်မဟုတ်ပါဘူး… တရားရုံးကလုပ်မှာပါတဲ့။ အဲ့ဒါဆိုရင် တနင်္လာနေ့
တရားရုံးဖွင့်ရင် ဆောင်လို့ရတာပဲ ဘာလို့ ၁
ပါတ်လောက်ခွာပြီးချိန်းတာတုန်း
လို့မေးတော့…အဲ့ဒါက အပြစ်ပေးတာလေတဲ့။
ခုနပြောတော့ တရားရုံးက အပြစ်ပေးတာ ကိုလုပ်တာဆိုလို့ ပြန်မေးတော့
မျက်ထောင့်နီနဲ့ လှမ်းကြည့်ပါတယ်။

-လိုင်စင်ပါတဲ့ဆိုင်ကယ်တွေ ၀ီးတက်ထားခဲ့လို့ မရဘူးလားလို့မေးတော့ ….
ညီလေး…၀ီးတက်ထားတဲ့ခေတ်က ကုန်သွားပြီ … မရတော့ဘူးလို့ပြန်ပြောပါတယ်။
အဲ့ဒါဆို ကားတွေကိုကျတော့ မီးပွိုင့်ဖြတ်မောင်းတာတို့လို
မျိုး
လမ်းစည်းကမ်းဖောက်ဖျက်တာမျိုးကျ
တော့ ဘာလို့ ၀ီးတက်တို့ လိုင်စင်တို့
ထားခဲ့လို့ရတာတုန်း လို့မေးတော့လည်း မကျေမနပ်နဲ့ကြည့်တာကိုပဲ
ခံရပြန်ပါတယ်။ စည်းကမ်းဖောက်တာကတော့ စည်းကမ်းဖောက်တာပါပဲ။ ဒါပေမဲ့
မြင်နေတွေ့နေတဲ့ ရဲဝန်ထမ်းတွေကိုက without တွေစီး
ဆိုင်ကယ်ဦးထုပ်မဆောင်းနဲ့ဆိုတော
့ ဘယ်လိုနားလည်းပေးရမယ်ဆိုတာ
မသိတော့ပါဘူး။ နောက်ပြီး ချောင်းပြီးအရိုက်ခံရသလိုပါပဲ။ တစ္ကယ္ကို ေ
စတနာရှိရင်ပေါ်တင်လုပ်လို့ရပါတယ်
။ တောင်ကြီးမှာဆိုရင် ဆိုင်ကယ်ဦးထုပ်က
ဘယ်အချိန်မှာမဆိုဆောင်းရမယ်ဆို
တဲ့ အသိက လူတိုင်းမှာရှိပါတယ်။
ကလောလိုမြို့ငယ်လေး တစ်ခုမှာကျတော့ ဒီလိုအသိမျိုးဝင်နေအောင်
လုပ်ဆောင်ထားခြင်းမရှိပါဘူး။ ယာဉ်ထိန်းရဲတွေကိုယ်တိုင်ကမှ
ဦးထုပ်မဆောင်းဘဲနဲ့ ငါတို့လည်း ဆောင်းမနေဘူးဆိုတဲ့ အသိမျိုးသာဝင်နေတာပါ။

-ည ၉ နာရီလောက်မှာ ဆိုင်ကယ်တွေကို ရဲစခန်းကိုပြန်သယ်ကြပါတယ်။
ဆက်ပြီးမဖမ်းတော့ပါဘူး။ သတ်မှတ်တဲ့ အစီးရေ (၃၅)စီး ပြည့်သွားပြီလို့
ဆိုပါတယ်။ အဲ့ဒီအချိန်မှာကျတော့ ယာဉ်ထိန်းရဲတွေရှေ့မှာ ဖြတ်သွားနေတဲ့
ဆိုင်ကယ်တွေက ယာဉ်ထိန်းတွေအတွက် လုံးဝသက်ဆိုင်မှုမရှိတော့တဲ့အတိ
ုင်းပါပဲ။
လမ်းပြောင်းပြန်တက်လာလည်း သူတို့နဲ့ မဆိုင်ဘူး … ၃ ယောက်စီးလာလည်း
မဆိုင်ဘူး။ ဘာဖြစ်ဖြစ်မဆိုင်တော့ပါဘူး။ ဥပဒေက
အချိန်အကန့်အသတ်နဲ့ထုတ်ပြန်ထား
တာလားလို့ တွေးမိပါတယ်။
-ရဲစခန်းမှာ ဒါဏ်ကြေးဆောင်ပြီး ပြန်ထုတ်လို့ရနိုင်မလားဆိုပြီး
စခန်းကိုလိုက်သွားပါတယ်။ အခုယာဉ်ထိန်းရုံးက စာတိုက်မြောက်ဖက်၊
သိမ်တောင်မုဒ်ဦးက၊ အရင် NLD ရုံးအဟောင်းမှာဖွင့်ထားပါတယ်။
အဲ့ဒီကိုရောက်သွားတဲ့အခါမှာ ခြံဝင်းထဲကနေ ယာဉ်ထိန်းတစ်ယောက်ရဲတစ်ယောက်ရဲ့
ဆဲဆိုနေသံကိုကြားရပါတယ်။ “ငါတို့က ခြံနဲ့ဝင်းနဲ့နေတာကွ…
ဝင်လာတဲ့သူခိုးတွေကို ရိုက်ပြီး အပြင်ဆွဲထုတ်လိုက်၊
ေ+ာက်ဆင့်မရှိဘဲဝင်မလာနဲ့ ….” စသည်ဖြင့်ဆဲဆိုနေပါတယ်။ ရဲစခန်းထဲကိုဝင်တာ
ဘာများအပြစ်ရှိလို့ ဒီလောက်ဆဲဆိုနေရတာတုန်းဆိုတာကို
မေးတော့ … ဒါ
ရဲစခန်းလို့ ဘယ်သူပြောတုန်းလို့ပြန်ပြောပါ
တယ်။ အစ်ကိုတို့ပြောတော့ ဒါ ..
ယာဉ်ထိန်းရုံးမဟုတ်ဘူးလားလို့ေ
မးတော့ …. ဟုတ်တယ်…….. ဒါပေမဲ့ မင်းတို့
ေ+ာက်လုပ်မရှိဘူး ၀င်လာစရာမလိုဘူးလို့ ပြန်ပြောပါတယ်။


-အခုအဖမ်းခံရသူတွေက စည်းကမ်းမဲ့ပါတယ်။ အပြစ်ရှိပါတယ်။ ခင်ဗျားတို့
ဖမ်းချင်ရင် ဖမ်းပါ။ ပွင့်ပွင့်လင်းလင်းဖမ်းပါ။ လူမသိသူမသိအချိန်
ချောင်းမရိုက်ပါနဲ့။ တရားဥပဒေစိုးမိုးစေချင်ရင်
စိုးမိုးအောင်လုပ်လို့ရပါတယ်။ စေတနာတော့ပါစေချင်တယ်။ အခုဟာက ၉
နာရီလည်းထိုးရော …. ခင်ဗျားတို့ရှေ့က စည်းမဲ့ကမ်းမဲ့ ဖြစ်ချင်သလို
ဖြစ်နေတာတွေကို လျစ်လျူရှုပလိုက်တယ်။ ဖမ်းချင်ရင် တောင်ကြီးလိုမျိုး
အမြဲတမ်းဖမ်းပါ။ နောက်ပြီး ဆိုင်ကယ်တွေကို တစ်ပါတ်သိမ်းထားမယ်ဆိုတာတော့
မလုပ်ပါနဲ့။ တနင်္လာနေ့တရားရုံးကိုတင်ပြီး အင်္ဂါနေ့လောက်ပြန်ထုတ်ပေးလို
့ရရင်
ထုတ်ပေးစေချင်ပါတယ်။ ကျွန်တော်တစ်ယောက်အတွက်မဟုတ်ဘူး
အဖမ်းခံရသူတွေအားလုံးအတွက် ပြောတာပါ။ နောက်ပြီး ဒီလူတွေထဲမှာ
ကျန်းမာရေးအရဆိုင်ကယ်ကိုလိုအပ်
သူတွေ… စီးပွားရေးအရလိုအပ်သူတွေ …
ဒီဆိုင်ကယ်တွေနဲ့ အလုပ်လုပ်နေတဲ့သူတွေ …. အလွှာပေါင်းစုံပါပါတယ်။
စည်းကမ်းရှိစေချင်ရင် ဒါဏ်ရိုက်ပြီးလွှတ်ပေးလိုက်ပါ။
ကိုယ့်အမှားနဲ့ကိုယ်မို့အားလုံး
က ကျေနပ်မှာပါ။ ဒါပေမဲ့ ဆိုင်ကယ်ကို
သိမ်းထားလို့ နစ်နာရတာတွေမရှိအောင်တော့ စဉ်းစားပေးရင်
ခင်ဗျားတို့စေတနာရှိကြောင်း အသိအမှတ်ပြုနိုင်ကြမှာပါ။

-ယာဉ်ထိန်းရဲတွေကပြောပါတယ်…. သူတို့တွေ အချိန်ပြည့် မဖမ်းနိုင်တာက
လူကြီးလမ်းကြောင်းတွေနဲ့ ရှုပ်နေလို့ပါတဲ့။ သူတို့လည်း မအားပါဘူးတဲ့။
အခုလည်း အထက်က စီမံချက်နဲ့ အစီးရေနဲ့ဖမ်းခိုင်းလို့ ဖမ်းတာပါလို့
ဆိုပါတယ်။

-ဒီတစ်ခေါက်ဖမ်းတာမှာ ကျွန်တော် မရှင်းတာက
၁။ ရဲတွေကိုယ်တိုင် စည်းကမ်းမလိုက်နာဘဲနဲ့ ပြည်သူကိုကျတော့ ဘာလို့ဖမ်းတာလဲ။
၂။ ယာဉ်ထိန်းဥပဒေမှာ ဖမ်းချင်တဲ့သူကိုဖမ်းလို့ရပြီး၊ လွှတ်ပေးချင်တဲ့သူကို
မသိချင်ယောင်ဆောင်လွှတ်ပေးလို
့ရပါသလား။
၃။ တရားရုံးက ဒါဏ်ရိုက်မှာလို့ပြောပေမဲ့ တရားရုံးကိုတင်တဲ့ရက်ကျတော့
ဘာလို့ (၉)ရက်နေ့၊ တနင်္လာနေ့မဖြစ်ဘဲနဲ့ ၊ (၁၃)ရက်နေ့ေ
သာကြာနေ့ဖြစ်နေရတာလဲ။ လူတွေကို သတ်သတ်မဲ့ နှိပ်စက်နေတာလား။
၎။ လိုင်စင်ရှိတဲ့ဆိုင်ကယ်တွေက ၀ီးတက်ထားခဲ့ပြီး
ချလံယူသွားလို့ရတယ်ဆိုတာ တစ်ကယ်ကို ခေတ်ကုန်သွားပြီလား။
၅။ ယာဉ်ထိန်းရုံးဝင်းထဲကို အပြင်လူဝင်ခွင့်မရှိဘူးလား။ ၀င်လာတဲ့သူကို
ရိုင်းရိုင်းဆိုင်းဆိုင်း ဆဲဆိုခွင့် ယာဉ်ထိန်းရဲတွေမှာ ရှိသလား။
၆။ အချိန်အကန့်အသတ်နဲ့ အကျိုးသက်ရောက်မှုရှိတဲ့ ယာဉ်ထိန်းဥပဒေတစ်မျိုးကို
ကလောမြို့မှာ အသစ်ပြဒါန်း ထားပြီလား။
၇။ ရဲဖြစ်လျှင် without ဆိုင်ကယ် ၊ နံပါတ်ပြားမပါ၊ ဦးထုပ်မဆောင်းဘဲ
မောင်းချင်သလိုမောင်းခွင့်ရှိပါ
သလား။ (ဓါတ်ပုံမှတ်တမ်းများရှိပါသည်)
ကလောသူ၊ ကလောသားများ ယာဉ်ထိန်းဘေးဒါဏ်မှ ကင်းဝေးကြပါစေ……..

ကလောသားတစ်ဦး ....

by Myanmar News Now



Posted: 07 Sep 2013 09:01 PM PDT

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့ မီးရထားမှ ဘုရားဖူးခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ဖို့ အတွက် အထူးရထားများကို တိုးချဲ့ပြေးဆွဲလျက်ရှိရာ ရန်ကုန်-ကျိုက်ထို ခရီးစဉ် အထူးအမြန် ရထားဖွင့်ပွဲကို စက်တင်ဘာလ ၇ ရက်နေ့မနက်က ရန်ကုန်ဘူတာကြီးမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ မီးရထားဟာဆိုရင် ယခုအခါမှာ ရထားလမ်းများ အသစ်ဖောက်လုပ်မှု၊ လမ်းဟောင်း များ ပြုပြင်နေမှုတွေနဲ့ ယခင်ရထား အဟောင်းတွေကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 08:27 PM PDT

ပြီးခဲ့တဲ့ လတုန်းက ဓါတုလက်နက်တွေ သုံးတိုက်ခိုက်ခဲ့တဲ့ အပေါ် ဆီးရီးယား အစိုးရကို အမေရိကန်က စစ်ရေးအရ အရေးယူမယ့် အစီအစဉ်ကို ထောက်ခံတဲ့ နိုင်ငံတွေ နှစ်ဆတိုးလာတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်ပါတယ်။ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရင့် ဖဲဗျူးနဲ့ အတူ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက အခုလို ပြောကြားလိုက်တာ ဖြစ်ပေမယ့် တိုးလာတာ ဘယ်နိုင်ငံတွေလဲ ဆိုတာ ကိုတော့ မစ္စတာ ကယ်ရီက ပြောမသွားခဲ့ပါဘူး။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry

Posted: 07 Sep 2013 07:22 PM PDT

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၆)နာရီ ခွဲ ကျော် အချိန်ခန့်တွင် မြိတ်မြို့ မြိတ်တောင် ရပ်ကွက် ၊ မြို့သစ်(၁)ရပ် ၊ ရွှေနှင်းဆီလမ်းနေ ဦးဝယ်၏ သား မောင်စိုးနိုင် အသက် (၁၆)နှစ်သည် မြိတ်မြို့ နောက်လယ်ရပ်နှင့် မြိတ်တောင်နယ်မြေ ရေနံမြေရပ် ဘုရားကိုင်ချောင်းကူး နောက်လယ် (၆)လမ်း တံတားအောက်၌ နောက်လယ်ဘက်ကမ်း ဘုရားကိုင် ချောင်းအတွင်း ရေကျချိန် ပလပ်စတစ် အဟောင်းများ လိုက်လံ ရှာဖွေရာ၌ ပလပ်စတစ်အိတ် အဟောင်း ဖြင့် ပတ်ထားသော အထုပ်တစ်ထုတ်အား တွေ့ရှိကောက်ယူစဉ် ကျည်ဘောက်နှင့် သေနတ် အပိုင်းအစအား တွေ့ရှိ ခဲ့ရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 07:00 PM PDT

၂ဝ၂ဝ အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပမယ့် မြို့ကို အဆိုတင်သွင်းထားတဲ့ တိုကျို ၊ အစ္စတန်ဘူးလ် နဲ့ မဒရစ် သုံးမြို့ထဲက တိုကျိုမြို့ကို ရွေးချယ်လိုက်ပါပြီ။ နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC အဖွဲ့ဝင်တွေရဲ့ လှိျု့ဝှက်မဲတွေကို ရေတွက်ပြီးတဲ့နောက် ဆုံးဖြတ် ရွေးချယ်ခဲ့တဲ့ မြို့နာမည်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တိုကျိုမြို့ကို ရွေးချယ်ကြောင်း ကြေညာလိုက်တဲ့ အိုလံပစ် ကော်မတီ ဥက္ကဌ Jacques Rogge

Posted: 07 Sep 2013 06:51 PM PDT

အစိုးရဝန်ကြီး ဌာနတွေမှာ မီဒီယာတွေ သတင်းရယူရေးမှာ အခက်အခဲ ဖြစ်နေရတာဟာ ဝန်ကြီးဌာနတွေမှာ လိုအပ်ချက်တွေ ရှိနေသလို သတင်းမီဒီယာတွေ ဘက်ကလည်း စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ သမ္မတရဲ့ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 06:42 PM PDT

တိုက်ပွဲများကြောင့် တောထဲထွက်ပြေး တိမ်းရှောင်နေသော မချမ်းဘောမြို့နယ် အင်ခါဂါကျေးရွာသား တစ်ရာကျော်ကို လုံခြုံရေး အခြေအနေများအရ သွားရောက် ခေါ်ယူခွင့်မရသေးဟု ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောသည်။ သြဂုတ် ၂၈ ရက်က မချမ်းဘောမြို့နယ်တွင် ခလရ ၁၃၇ နှင့် ကေအိုင်အေတပ်ရင်း ၇ တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲ စတင်ဖြစ်ပွား ခဲ့သော အင်ခါဂါကျေးရွာမှ ဒေသခံ ၁၀၀ ကျော်မှာ တောထဲသို့  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 06:17 PM PDT

ပြည်တွင်းရှိ နယူးဇီလန် နိုင်ငံထုတ် နို့ထွက်ပစ္စည်းများကို စစ်ဆေးရာ အစာအဆိပ်သင့် စေသော ပိုးမွှားများ မတွေ့ရကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ၏ ထုတ်ပြန်ချက်အရ သိရသည်။ နို့ထွက်ပစ္စည်းအချို့တွင် အစားအသောက်များတာရှည်ခံမှုကို လျော့နည်းစေသော Clostridium Sporogenes သာ ပါရှိနေပြီး ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိကြောင်း စက်တင်ဘာ ၆ ရက်က FDA မှ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အန္တရာယ်မရှိဟု ကြော်ငြာထားသည့် DUMEX နို့မှုန့်များ ဓာတ်ပုံ-SHEN XIANG/EPA


Posted: 07 Sep 2013 06:07 PM PDT

စက်တင်ဘာလ(၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 06:05 PM PDT

စက်တင်ဘာလ(၈)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 11:52 AM PDT

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ၀ိုင်းဝန်းကူညီပေးကြဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုအတွင်းရေးမှူး ရဲမှူးချုပ် ဦးခင်မောင်စီက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ အခုလ ၁၃ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အကြိုလုပ်ရှားမှုအဖြစ် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Sep 2013 11:49 AM PDT

Australia နိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ Liberal National ပါတီခေါင်းဆောင် Tony Abbott က ဝန်ကြီးချုပ်အဖြစ် အနိုင်ရသွားပါတယ်။ လေဘာပါတီခေါင်းဆောင် ဝန်ကြီးချုပ် Kavin Rudd က ရွေးကောက်ပွဲမှာ သူရှုံးနိမ့်သွားပြီဆိုတာကို လက်ခံပြောကြားလိုက်ပါတယ်။ Australia နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်လာမဲ့ Tony Abbott ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အားလုံးအဆင်ပြေစေဖို့ ဆုတောင်းခဲ့တယ်လို့ Mr. Rudd က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Australia နိုင်ငံရဲ့ မကြာခင် ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မယ့် သမားရိုးကျဝါဒီ ခေါင်းဆောင် Tony Abbott (စက်တင်ဘာ ၇၊ ၂၀၁၃)

Posted: 07 Sep 2013 11:46 AM PDT
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် ရပ်မိရပ်ဖများက လူငယ်များအား ဦးဆောင်ကာ ကိုယ့်အားကိုယ်ကိုး မူးယစ် ဆေးဝါးတိုက်ဖျက် ရေး လှုပ်ရှားမှု ပြုလုပ်နေကြကြောင်း စုံစမ်းသိရှိရပါသည်။ “မူစယ် နောင်မို၊ နောင်ယန်းရွာတွေက လူငယ်တွေကို ရပ်မိရပ်ဖတွေက ဦးဆောင်ပြီး မူးယစ်ဆေး ရောင်းဝယ် သုံးစွဲတဲ့ တဲတွေကို မီးရှို့ရှင်းလင်းတယ်။ လူငယ်အကျင့်စာရိတ္တ ပြုပြင်ရေး မူစယ်မြို့နယ် မန်ဟီးရိုးမြို့နယ်ခွဲ ဆိန်တိုက်ကျေးရွာ ဆိုပြီး အာဏာပိုင်တွေဆီမှာ ကျနော်တို့ စာတင်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဖမ်းဆီးရမိ ဆေးသုံးသူများနှင့် ပစ္စည်းများ

Posted: 07 Sep 2013 11:36 AM PDT

ဒီကနေ့ခေတ် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ အရင်အစိုးရခေတ်ကလို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်လို့ မရတော့ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ လွှတ်တော်အနေနဲ့လည်း အများပြည်သူလိုလား လက်ခံနိုင်တဲ့ ဥပဒေတွေကို လွှတ်တော်က ရေး ဆွဲပြဌာန်းသွားမှာဖြစ်ကြောင်း ရန်ကုန်မြို့က လွှတ်တော်ရုံးမှာပြုလုပ်တဲ့ ဆွေးနွေးပွဲ မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 07 Sep 2013 11:33 AM PDT

မြန်မာနိုင်ငံ ဒေသအသီးသီးမှာ စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး သုံးကြိမ်တိုင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် တရားမဝင်စီတန်းလည့်လည်ဆိုင်ရာ ပုဒ်မ-၁၈ နဲ့ တရားစွဲဆိုခံထားရတဲ့ သံတွဲမြို့ခံ ကိုစိုးဝေဟာ သံတွဲအကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေတာ ၅ ရက်ရှိနေပြီလို့ မိသားစုဝင်တွေက ဒီနေ့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...