Tuesday, September 3, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၉)

သစ်ထူးလွင်



Posted: 03 Sep 2013 06:30 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်း မြို့နယ်၊ တောင်ပုံ ကျေးရွာတွင် ယခုလ ၁ ရက်နေ့ ညနေ ၃ နာရီ ခွဲအချိန်ခန့်က ကိတ်မုန့် (အစို) ၀ယ်ယူ စားသုံးသူ တစ်ဦး ပါးစပ်မှ အမြုတ်ထွက်၍ သတိလစ် မေ့မျှော ခဲ့သဖြင့် ကန့်ဘလူ မြို့နယ် ကုတင်တစ်ရာဆန့် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးဝါး ကုသမှုများ ခံယူလျက်ရှိကြောင်း ဒေသခံ ပြည်သူတစ်ဦးထံ မှ သိရှိရသည်။ ကိတ်မုန့် စားသဖြင့် အစာအဆိပ်သင့် သည်ဟု ယူဆရသူမှာ ကောလင်းမြို့နယ်၊ တောင်ပုံကျေးရွာနေ (ဘ) ဦးကြီးညို (မိ) ဒေါ်စိန်ဥတို့၏ သမီး မကြူကြူနိုင် အသက်(၂၇) နှစ်ဆိုသူသည် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 06:03 AM PDT

လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော လူငယ်သင်တန်းကျောင်းများသို့ ဒုစရိုက်မှုများ ကျူးလွန်၍ ရောက်ရှိလာသော လူငယ်များအနက် ၉၉ ရာခိုင်နှုန်းသည် ပညာရေးအားနည်းသူများ ဖြစ်ကြောင်း လူငယ်သင်တန်းကျောင်း (မန္တလေး) ကျောင်းအုပ်ကြီး ဦးကျော်သူနိုင်က The Voice သို့ ပြောကြားသည်။ ယင်းသင်တန်းကျောင်းသို့ ရောက်ရှိလာသော ကလေးများသည် အသက်ရှစ်နှစ်မှ ၁၆ နှစ်အရွယ်အထိဖြစ်ပြီး မူးယစ်ဆေးသုံးစွဲ၍ ရောက်ရှိလာ သူများလည်း ပါဝင်ရာ ၎င်းတို့ကို အခြေခံစာအရေးအဖတ် အ,သုံးလုံး သင်တန်းနှင့် ဘာသာရေး သင်တန်းတို့ကို အဓိကထား သင်ကြားပေးလျက် ရှိကြောင်း အဆိုပါ သင်တန်းကျောင်းထံမှ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 06:00 AM PDT

တိုင်းရင်းသားဒေသများရှိ အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် တိုင်းရင်းသား ဆက်ဆံရေးကော်မတီများ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။ အဆိုပါ NLD ပါတီ တိုင်းရင်းသား ဆက်ဆံရေးကော်မတီကို မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား လူမျိုးအများစု နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုလအတွင်းမှ စတင်ကာ ဖွဲ့စည်းလျက်ရှိပြီး အောက်တိုဘာလတွင် အပြီးသတ် ဖွဲ့စည်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 05:28 AM PDT

မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့်ရော အလယ်ပိုင်းဒေသတွေမှာ မိုးခေါင်တာကြောင့်  နိုင်ငံတ၀န်းက စိုက်ပျိုးမြေဧက သောင်းချီပြီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်နယ်တွေနဲ့ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ ရက်ကစပြီး ရေကြီးရေလျှံခဲ့သလို အလယ်ပိုင်းဒေသတွေမှာ ဒီကနေ့ထိ မိုးခေါင်နေတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လှိုင်းဘွဲ့မြို့ ရေကြီးစဉ်က (ဓာတ်ပုံ -Nandakyawthusoe )

Posted: 03 Sep 2013 05:25 AM PDT
တရုတ်နိုင်ငံက လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း  (CPI) ဟာ သမ္မတဦးသိန်းစိန်က ဆိုင်းငံထားဖို့ ကြေညာထားတဲ့ ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို စာချုပ်အတိုင်း ဆက်လုပ် သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ၂ ၇က်ကြာ ကျင်းပနေတဲ့  မြန်မာ့ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

ဒီအစည်းအဝေးကို confexhub  (ကွန်ဖက်ဟတ်) အဖွဲ့အစည်းရဲ့ အစီအစဉ်နဲ့  စွမ်းအင် ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဌာနနဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်းကျင်ပတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ စွမ်းအင် စီမံကိန်းတွေအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာ ဆန်းစစ်ချက် (CEIA) အစီအစဉ်တွေကို ထည့်သွင်းဆွေးနွေးဖို့ရှိပြီး  မနက်ဖြန်မှာ ဆွေးနွေးပွဲပြီးဆုံးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာ သတင်းယူနေတဲ့ ရန်ကုန် အခြေစိုက် ဒီဗွီဘီ သတင်းထောက် ကိုမျိုးဇော်လင်းနဲ့  ဆက် သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

by ကို​ထွေး​  (ဒီဗွီဘီ)



Posted: 03 Sep 2013 04:04 AM PDT

ချင်းပြည်နယ် ထန်တလန်မြို့နယ် အတွင်းရှိ မားလ်တောင်ကြောနှင့် ဇာနတ်တောင်ကြောကြားရှိ ကျေးရွာပေါင်း ၃၀ ခန့်တွင် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံတွေ့နေကြကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလာလ်မောင်ကျုံးက The Voice သို့ ပြောကြားသည်။ ရာလ်ပဲလ်၊ လုံလဲရ်၊ ဒေါရ်း၊ ဇန်တလန်၊ လုံဒိန်း၊ ဘုံစွား၊ ဘုံတလန်၊ ဆိုင်က၊ ရွာဘုတ် စသော ကျေးရွာများတွင် စားနပ်ရိက္ခာ ရှားပါးနေခြင်း ဖြစ်ကြောင်း၊ ယင်းဒေသတွင် ရာသီဥတု ပြောင်းလဲမှု၏ နောက်ဆက်တွဲအဖြစ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Sep 2013 03:27 AM PDT

၃-၉-၃၀၁၃ ရက်နေ့တွင် မူဆယ်(၁၀၅)မိုင် အကောက်ခွန်ယာဉ်ငယ် စစ်ဆေးရေးအဖွဲ့မှ လားရှိုးမှ မူဆယ် သို့ တက်လာသည့် (၈ည/၇၅၆၀) တိုယိုတာ လိုက်ထရပ်ယာဉ်အား စစ်ဆေးရာ တဖက်နိုင်ငံသို့ တရားမ၀င် တင်ပို့မည်ဖြစ်သော ကျောက်စိမ်းတုံးများ စုစုပေါင်း (၄၇၆)ကီလိုအား တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ ကျောက်စိမ်းတုံးများ တရားမ၀င် သယ်ဆောင်လာသည့် အဆိုပါ တိုယိုတာလိုက်ထရပ်ယာဉ်အား တပါတည်း သိမ်းဆည်းခဲ့ကြောင်း သိရရှိပါသည်။ တဖက်နိုင်ငံဖြစ်သည့် တရုပ်နိုင်ငံ သို့ တရားမ၀င်တင်ပို့မှုများ ရှိသောကြောင့် ရွှေလီ တွင် ကျောက်စိမ်းဈေးကွက် ကြီးမားနေရကြောင်း သိရရှိပါသည်။

စွမ်းသူလင်း

by Myanmar News Now

မူဆယ် (၁၀၅) မိုင်ဂိတ်မှာ  ကျောက်စိမ်းကား ဖမ်းဆီးရမိ


Posted: 03 Sep 2013 02:40 AM PDT

ချောင်း သာမှ မကျီးသို့ ဆက်သွယ်ထား သော မြေသားလမ်းမှာ ယခုရက် ပိုင်းအတွင်း လမ်းပျက်စီးမှုကြောင့် ခရီးသွားယာဉ်များ အခက်အခဲ များ ကြုံတွေ့နေရသည်ဟုသိရ သည်။ ရွှေသောင်ယံမြို့နယ်ခွဲရှိ ချောင်းသာကျေးရွာနှင့် မကျီး ကျေးရွာသို့သွားသော မြေသား လမ်းတွင် ခရီးသည်တင်ယာဉ် နှင့် ကုန်တင်ယာဉ်များ အားလုံး လိုလို ကြုံတွေ့နေရခြင်းဖြစ်သည် ဟု ဒေသခံများကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 02:33 AM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စပ်လျဉ်းတဲ့ သဘောထားကို ထုတ်ပြန်ဖွယ် ရှိပါတယ်။ လာမယ့် စက်တင်ဘာ ၆ ရက်နေ့ကျရင် ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဌာနချုပ်မှာ ကျင်းပမယ့်  ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှာ ဆွေးနွေးထုတ်ပြန်မယ့်အကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Sep 2013 02:28 AM PDT

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ဗီဇာသက်တမ်း လေးနှစ်ကုန် မြန်မာ လုပ်သားများ နေရပ်သို့ သုံးနှစ် ပြန်ပြီးမှသာ ပြန်လည် အလုပ်လုပ်ကိုင်ခွင့်ပြုသည့် မူဝါဒကို အချိန်တစ်လအထိသာ လျှော့ချကာ အလုပ်လုပ်ကိုင် ခွင့်ပြုမည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr Pravit Khiengpol က ပြောဆိုကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 02:09 AM PDT

အသက်မပြည့်သေးသည့် ကလေးတစ်ဦးကို ရဲတပ်ဖွဲ့သို့ အသက်လိမ်ပြီး သွင်းခဲ့သည်ဟု အဆိုပါကလေး၏ မိခင်က စက်တင်ဘာ ၂ ရက်တွင် မဇ္ဈိမကိုပြောသည်။ အဆိုပါကလေးမှာ အသက် ၁၆ နှစ်အရွယ်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးမှ ဖြစ်ကာ ကျောက်တံတားရဲစခန်းမှ အသက်လိမ်ပြီး ရဲတပ်ဖွဲ့အတွင်း သွင်းခဲ့သည်ဟု လက်ရှိရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် မောင်ကျော်ခိုင်လင်း၏ မိခင်ကမဇ္ဈမကိုပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 02:03 AM PDT

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင်နေထိုင်သော သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သည့် ဆရာဝန်တစ်ဦး ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည့် အမှုတစ်ခု စက်တင်ဘာ ၁ ရက်က ဖြစ်ပွားခဲ့ရာ ရန်ကင်းရဲစခန်းက အမှုဖွင့်စစ်ဆေးနေကြောင်း တိုင်းရဲဌာနကသတင်းထုတ်ပြန်သည်။ ယင်းနေ့ည ၁၀ နာရီကျော်အချိန်တွင် ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်ရှိ ရွှေအုန်းပင်အိမ်ရာ ၂ ၌ လူတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သတင်းရသဖြင့် မြို့နယ်ရဲစခန်းမှူး နှင့် သက်သေများက သွားရောက်စစ်ဆေး ခဲ့ကြရာ သေဆုံးသူ မှာ သင်္ဃန်းကျွန်းမြို့နယ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာန၏ ထုတ်ြပန်ချက်တွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 01:44 AM PDT

လူပေါင်း(၃၀)မျှကို ကွန်တိန်နာ အသေးစားလေး တစ်လုံးစာမျှ အခန်းထဲတွင် ပြွတ်သိပ်စုပြုံထည့်ကာ ချုပ်နှောင်ထားခြင်းသည် လူမဆန်သော ဖိနှိပ်မှု တစ်ခုအနေဖြင့် ပြစ်တင်စရာ ဖြစ်နေသော်လည်း အယ်လ်ဆာဗေးဒိုး အကျဉ်းဦးစီး အာဏာပိုင်များအတွက် ယင်းအခြေအနေကို ပြောင်းလဲရန် အဖြေမရှာနိုင်သေးဘဲ ရှိနေဆဲ ဖြစ်သည်။ နိုင်ငံအတွင်း ဆိုးရွားသောင်းကျန်းလွန်းလှသည့် MS-13နှင့် MS-18 လူရမ်းကား ဂိုဏ်းနှစ်ခုမှ အဖွဲ့ဝင်များကို အချင်းချင်း ရောနှောထားရန် မဖြစ်နိုင်သည့်နောက် သီးခြားခွဲထားရန်အတွက် ယခုကဲ့သို့ အကျဉ်းခန်းငယ်လေးများကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
၅ ဦးစာအခန်းတွင် လူ ၃၀ မျှ နေထိုင်ရသည့် အကျဉ်းသားများ နိုင်ငံအတွင်း ဆိုးရွားသောင်းကျန်း လွန်းလှသည့် MS-13နှင့် MS-18 လူရမ်းကား ဂိုဏ်းနှစ်ခုမှ အဖွဲ့ဝင်များကို အချင်းချင်း ရောနှောထားရန် မဖြစ်နိုင်သည့်နောက် သီးခြားခွဲထားရန်အတွက် ယခုကဲ့သို့ အကျဉ်းခန်းငယ်လေးများကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။






Posted: 03 Sep 2013 01:11 AM PDT

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ထဲမှာ တရုတ်နိုင်ငံမှာ သေဒဏ်ပေးခံခဲ့ရတဲ့ မူးယစ်ရာဇာ စိုင်းနော်ခမ်းအုပ်စုက ၀ှက်ထားခဲ့တဲ့ စိတ်ကြွဆေးတွေ ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ စက်တင်ဘာ ၂ ရက်နေ့ထုတ် New Light of Myanmar သတင်းစာမှာဖော်ပြပါတယ်။ တာချီလိတ်မြို့နယ် မိုင်းဖုန်း (က) ကျေးရွာမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ သန်းနဲ့ ညီမျှတဲ့  ကာလတန်ဖိုး ကျပ်ငွေ သန်း ၁၃၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားပေါင်း ၆ သိန်းခွဲကို ပလတ်စတစ်ပုံးပြာအောက်မှာ ၀ှက်ထားတာကို တွေ့ရှိခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 12:56 AM PDT

ကန်ကြီး ထောင့်မြို့နယ်အပိုင် ရှမ်းငူကျေး ရွာအနီးမှ ငဝန်မြစ်ထဲတွင် ခရီး သည်တင် ရှပ်ပြေးသင်္ဘောနှင့် စက်တပ်ပဲ့ထောင်လှေတို့ တိုက်မိ ရာ ပဲ့ထောင်တွင်ပါလာသည့် အ မျိုးသမီးတစ်ဦး ရေထဲပြုတ်ကျ၍ ပျောက်ဆုံးနေကြောင်း သိရသည်။ ပုသိမ်ခရိုင် ငပုတောမြို့ နယ် သင်္ကန်းကုန်းကျေးရွာမှ ပု သိမ်မြို့သို့ပြေးဆွဲသော နဒီရွှေစင် အမည်ရှိ ရှပ်ပြေးခရီးသည်တင် သင်္ဘောနှင့် သာပေါင်းမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာမှ အိမ် မဲမြို့သို့သွားရန် မောင်းနှင်လာ သည့် စက်တပ်ပဲ့ထောင်လှေတို့ တိုက်မိခြင်းဖြစ်ပြီး စက်လှေပေါ် တွင်ပါရှိသူများထဲမှ မချိုချိုအေး ၂၅နှစ်(ဘ)ဦးဘကျိုး၊ ကျောက် စရစ်ကုန်းကျေးရွာ သာပေါင်းမြို့ နယ်နေသူမှာ မြစ်အတွင်းပြုတ် ကျပြီး ပျောက်ဆုံးလျက်ရှိသည် ဟုသိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 12:53 AM PDT

မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်ရဲ့ သမီးဟာ ဒီနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့ပြီး သူ့ရဲ့ လွှတ်တော်အမတ်နေရာကို ပြန်ရလာခဲ့ပါပြီ။ နူရူး အီဇာ အန်ဝါက လူထုတရားမျှတရေး ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒါဟာ သူက မလေးရှားသမိုင်းမှာ အညစ်ပတ်ဆုံးလို့ ပြောတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ဒုတိယ လွှတ်တော်အမတ် သက်တမ်းဖြစ်ပါတယ်။ စွပ်စွဲခံရတဲ့ လိမ်လည်မှုအတွက် တောင်းပန်လွှာတွေ တင်သွင်းလိုက်တာကြောင့် အာဏာရ ညွန့်ပေါင်းအစိုးရရဲ့ ဘာရီဆန် အမျိုးသားပါတီအဖို့ အာဏာကို ဆက်ကိုင်စွဲခွင့် ရရှိသွားစေခဲ့တာပါ။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နူရူးလ် အီဇာ အန်ဝါ



Posted: 03 Sep 2013 12:45 AM PDT

ငွေဒဏ်သာ ထည့်သွင်း ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို လိုက်နာမှု အားနည်းနေသဖြင့် တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ပြစ်ဒဏ်ကို ထည့်သွင်း ပြင်ဆင်မည် ဖြစ်ကြောင်း အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ပြောကြားသည်။ အဆိုပါ ဥပဒေတွင် ငွေဒဏ်၊ ထောင်ဒဏ် နှစ်မျိုးလုံး ပြစ်ဒဏ်ချမှတ်နိုင်ရန် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန် စီစဉ်နေကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Sep 2013 12:40 AM PDT

ကိုရီးယား နိုင်ငံ ဘူဖျောင်းမြို့တွင် မြန်မာ တို့စားသုံးသည့်ကွမ်းသွေးများ မညစ်ပတ်စေရေးနှင့် ကွမ်းစား သုံးမှုလျှော့ချရေးအတွက် ပညာ ပေးလှုံ့ဆော်သည့် ကွမ်းကမ်ပိန်း ကို ယနေ့နံနက်ပိုင်းတွင် စတင် ပြုလုပ်နေပြီဖြစ်သည်။ မြန်မာစင်တာက ကမကထ ပြု၍ မြန်မာနိုင်ငံသားများ ပူး ပေါင်းပါဝင်သည့် ကွမ်းကမ်ပိန်း ပြုလုပ်ရာတွင် မြန်မာများကျင် လည်ရာဝန်းကျင်ရှိ ညစ်ပတ်နေ သော ကွမ်းသွေးများကို ဆေး ကြောခြင်း၊ လူမြင်ကွင်းများတွင် ပိုစတာ စတေကာများကပ်ခြင်း၊ လက်ကမ်းစာရွက်ဝေခြင်းတို့ကို လူအင်အား ၄ဝခန့်ဆောင်ရွက် ကြခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Sep 2013 12:37 AM PDT
မန္တလေး တိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်း ဇွန်မြို့နယ် မြို့သာစက်မှုဇုန်စီမံ ကိန်းနှင့်ပတ်သက်၍ ဒေသခံကျေး ရွာ ၁၂ရွာမှ လယ် ၄၀ဝခန့် မြေ လက်ကျန်အား ကုမ္ပဏီကြီးတစ်ခု မှ စက်ယန္တရားကြီးများဖြင့်လာ ရောက်၍ ပဲစင်းငုံစိုက်ခင်းများအား ထိုးကော်ဖျက်ဆီးမှုများ ပြုလုပ် ကာ ၎င်းနေရာမှအကွက်များအား ကုမ္ပဏီမှ သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Sep 2013 12:32 AM PDT

ရန်ကုန်၊ စက်တင်ဘာ ၃

၂.၉.၂၀၁၃ ရက်နေ့ ၂၃၅၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနေ ဒေါ်သန်းရီသည် နေအိမ်အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ် အိမ်ရှေ့ဧည့်ခန်းမှ ဆူညံသံများကြား၍ထကြည့်ရာ သားငယ်ဖြစ်သူ ဇော်သူရိန် (၃၈)နှစ်၊ (ဘ)ဦးအေးကြူ မှာ စိတ်ဖေါက်ပြန်ပြီး သစ်သားတုတ်ဖြင့် သမီးဖြစ်သူမမေဇော် အားရိုက်နှက်ခဲ့၍ လဲကျသွားစဉ် ခင်ပွန်းဖြစ်သူ ဦးအေးကြူအား ဆက်လက်ရိုက်နှက်နေသဖြင့် သားကြီးဖြစ်သူ ကိုဇော်မျိုးအေးမှ ၀င်ရောက်ဆွဲရာ ကိုဇော်မျိုးအေးအား ထပ်မံရိုက်နှက်ပြီး နေအိမ်မှ ထွက်သွားခဲ့သည်ကိုတွေ့ရှိခဲ့ရပါ
သည်။
ထိုသို့ရိုက်နှက်ခဲ့သဖြင့် မမေဇော်နှင့် ကိုဇော်မျိုးအေးတို့တွင် ဦးခေါင်း ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ဦးအေးကြူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့သောကြောင့် သားဖြစ်သူဇော်သူရိန်အား အရေးယူပေးပါရန် မိခင်ဖြစ်သူမှ တိုင်တန်းခဲ့၍ သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၂၇၇/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၅ ဖြင့်အရေးယူခဲ့ကာ ဇော်သူရိန်အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Posted: 02 Sep 2013 11:52 PM PDT

အီဂျစ်နိုင်ငံမှာ အကြီးဆုံး နိုင်ငံရေး အဖွဲ့အစည်းတခုဖြစ်တဲ့ မူဆလင် ညီအကိုတော်များအဖွဲ့ကို ဖျက်သိမ်းပြီး၊ အဖွဲ့ရဲ့ ဌာနချုပ်ကို ပိတ်ပစ်လိုက်ဖို့ တနင်္လာနေ့မှာပဲ တရားသူကြီးတွေက အကြံပြုလိုက်ပါတယ်။ မူဆလင် ညီအကိုတော်များအဖွဲ့ဟာ ဥပဒေပြင်ပက လုပ်ရပ်တွေ ရှိနေတဲ့အကြောင်း တရားသူကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့က အီဂျစ်တရားရုံးတော်ကို တင်ပြခဲ့တာ ဖြစ်ပေမဲ့ အကြံပြုချက်ဟာ မလိုက်နာမဖြစ် လိုက်နာရမယ့် ညွှန်ကြားချက်မျိုးတော့ မဟုတ်ပါဘူး။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Sep 2013 11:49 PM PDT

ဆီးရီးယားနိုင်ငံမှာ အတိုက်အခံတွေကို ထောက်ပံ့မှုဖြစ်စေပြီး ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) အာဏာကနေ ပြုတ်ကျသွားဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရအဖွဲ့က ခိုင်မာတဲ့ အစီအစဉ်တရပ် ရေးဆွဲနေတယ်လို့ အမေရိကန်ထိပ်တန်း အထက်လွှတ်တော်အမတ် ၂ ဦးက ပြောကြားသွားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အထက်လွှတ်တော်အမတ် John McCain (၀ဲ) နဲ့ အထက်လွှတ်တော်အမတ် Lindsey Graham (ညာ) တို့ နှစ်ဦး သမ္မတ အိုဘားမားနဲ့ ဆီးရီးယားအရေး ဆွေးနွေးပြီးနောက် တွေ့ရစဉ်။

Posted: 02 Sep 2013 11:45 PM PDT

မဲဆောက်-မော်လမြိုင် “NOK Air” လေကြောင်းလိုင်းသစ်ကို စက်တင်ဘာ ၁ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန်တွင် စတင်ပြေးဆွဲရာ မော်လမြိုင်လေဆိပ်မှ ပြန်လည် ထွက်ခွာပြီး ခရီးသည်အဖြစ် ဂျပန်နိုင်ငံသား တစ်ဦးသာ လိုက်ပါခဲ့သည်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ စက်တင်ဘာ ၁ ရက်၊ နံနက် ၁၀ နာရီတွင် “NOK Air” လေကြောင်း လိုင်းသစ်ကို ပထမဆုံးအကြိမ် မဲဆောက် – မော်လမြိုင် ခရီးစဉ် ပျံသန်းခဲ့ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Sep 2013 11:38 PM PDT

လတ်တလော၌ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလုပ်သားများအရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်သည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အဆိုပါအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်းနှင့် ယခုလ ၉ ရက်နေ့ ဝန်းကျင်တွင် သွားရောက်ရန် စီစဉ်ထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Sep 2013 11:26 PM PDT

အမေရိကန် ရေကူးသမား Diana Nyad ဟာ ကျူးဘားနဲ့ အမေရိကန်ကြားက အန္တရာယ်များလှတဲ့ ရေပြင်ကို ငါးမန်းတွေရန်က အကာအကွယ်ပေးတဲ့ သံလှောင်အိမ် အကူအညီမပါဘဲ ပထမဆုံးအကြိမ်အဖြစ် အောင်အောင်မြင်မြင် ကူးဖြတ်နိုင်ခဲ့ပါတယ်။ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးရေကူးသမား Nyad ဟာ ဆိုရင်တော့ ကျူးဘားနိုင်ငံ ဟာဗာနားမြို့တော်ကနေ မိုင်ပေါင်း ၁၁၀ လောက် ကွာဝေးတဲ့ ဖလော်ရီဒါပြည်နယ် တောင်ဘက်စွန်းကို အမေရိကန် ဒေသစံတော်ချိန် တနင်္လာနေ့ မွန်းလွဲပိုင်းမှာပဲ ရောက်ရှိလာခဲ့တာပါ။ ဒါဟာဆိုရင်တော့ ၅ ကြိမ်မြောက် ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...