Monday, September 2, 2013

သမ္ဗူဒ္ဓေ ဂုဏ်တော်များနှင့် သမ္ဗူဒ္ဓေဂါထာ အကြောင်း သိကောင်းစရာ



အဆူဆူသော ဘုရားရှင် အရေအတွက်ကို ဖော်ညွှန်းရာမှာ ယခုပွင့်ခဲ့ပြီးသော ဂေါတမမြတ်စွာဘုရား အလောင်းတော်ကြီးဟာ စိတ်ဖြင့်ဆုတောင်းခဲ့သော ခုနှစ်သင်္ချေသောကာလမှာ ပွင့်တော်မူကြကုန်သော သုံးသိန်းရှစ်သောင်းခုနှစ်ထောင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အား လည်းကောင်း၊
နှုတ်ဖြင့် ဖွင်ဟ မြွက်ဆို ဆုတောင်း ခဲ့သည့် ကိုးသင်္ချေသော ကာလအတွင်း ပွင့်တော်မူခဲ့ကြ ကုန်သော တစ်သိန်းနှစ်သောင်း ငါးထောင် ကုန်သော ဘုရားရှင်တို့အား လည်းကောင်း ၊ ကိုယ်ရော နှုတ်ပါ ပါရမီဖြည့်ခဲ့သည့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း အလောင်းတော်ကြီး ကိုယ်တိုင် တွေ့ကြုံဖူးမြော်ခဲ့ရသည့် နှစ်ဆယ့်ခုနှစ်ဆူ ကုန်သော မြတ်စွာဘုရား အဆူဆူ တို့ကို လည်းကောင်း ၊ စုပေါင်းလိုက်လျှင် အသင်္ချေအားဖြင့် (၅၁၂၀၂၇) ဆူကုန်သော အရေအတွက်ကို ရသည် ဖြစ်ရာ ဂေါတမမြတ်စွာဘုရားကိုပါ ဖြည့်စွက် စုပေါင်းသဖြင့် (၅၁၂၀၂၈) ဆူဟူ၍ ဖြစ်လာရကြောင်း သိခဲ့ရပါတယ်။

သမ္ဗူဒ္ဓေ ဘုရားရှိခိုးကို ပုဂံခေတ် "တထာ ဂတုပ္ပတ္တိ" ဗုဒ္ဓ၀င်ကျမ်းပြု
"အရှင်ဉာဏဂမ္ဘီမထေရ်" မြတ်က ရေးသား ဖွဲ့သီတော် မူခဲ့တယ်လို့လဲ
သိခဲ့ရပါတယ်။ "သမ္ဗူဒ္ဓေ အဌ၀ိသဉ္စ… "အစချီသော ပထမဂါထာတော်မှာ ဘုရားအလောင်းတော် ဘုရားဖြစ်ရန် ပါရမီဖြည့်စဉ် ပွင့်တော် မူသွားသော
ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို
သင်္ချာပြကာ ရေတွက်၍ ရှိခိုးသော ဂါထာဖြစ်ပါသည်။

"အပကာ ၀ါလုကာ ဂင်္ဂါ ….." အစချီသော ဒုတိယဂါထာတော်မှာ ဘုရား အလောင်းတော် ဘုရားဖြစ်ရန် စိတ်ဖြင့် ကြံစည်တောင့်တစဉ် ပွင့်တော်မူ သွားသော ဘုရားရှင်တို့ကို သင်္ချာ ရေတွက်ပြခြင်းမပြုဘဲ အားလုံးခြုံကာ
ရှိခိုပြီးလျှင် ထိုဘုရားရှင်တို့၏ တရား၊ သံဃာတို့ကိုပါ ရှိခိုးသောဂါထာဖြစ်သည်။

"နမက္ကာရနုဘာဝေန ဟိတွာ…….." အစချီသော တတိယဂါထာတော်မှာ ထိုဘုရား၊ တရား၊ သံဃာတို့အား ရှိခိုးသူတို့၏ အာသီသ (မျှော်လင့် တောင့်တ ချက်) ကိုပြသော ဂါထာဖြစ်သည်။ တစ်နည်းအားဖြင့် ထိုဘုရားရှင် တို့နှင့် တရား၊ သံဃာတို့၏ တန်ခိုးအာနုဘော် ထက်မြက် ကြီးမားကြောင်းကို သွယ်ဝိုက်သော အားဖြင့် ဖေါ်ပြသော ဂါထာဖြစ်သည်။

အားလုံးခြုံလိုက်ပါက ဘုရားရှင်အနန္တ၊ တရားတော်အနန္တ၊ သံဃာတော် အနန္တတို့၏ ဂုဏ်တော်တို့ကို ရည်ညွှန်းလေးမြတ်ကာ ရှိခိုးသော ဂါထာများပင် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနှစ်သာရ အလွန်ပြည့်ဝပြီး သဘာဝယုတ္တိလည်း ရှိလှပါတယ်။ ဒါ့အပြင် ဘုရားဟောပါဠိတော်များနှင့် ၎င်းတို့ရဲ့ အဖွင့် အဋ္ဌကထာတို့ကို မှီငြမ်းကာ ဖြစ်ပေါ်လာသော ဂါထာများဖြစ်လို့ သာဓက ယုတ္တိလည်း ရှိလှပါသည်။ ထို့ကြောင့် သမ္ဗူဒ္ဓေ ဂါထာတော်မြတ်ကိုကား ယုံကြည်စွာဖြင့် အလွန်ပင် လေးစားထိုက်၊ မြတ်နိုးထိုက်၊ ရွတ်ဖတ်ထိုက်လှ ပေသည်။

သမ္ဗူဒ္ဓေဂါထာ ရွတ်ဖတ်ပူဇော်နည်း

၁။ ကွမ်းဝါးသော် ရ-ခေါက်
၂။ ခေါင်းလျှော်သော် ၁၀-ခေါက်
၃။ ထမင်းစားသော် ၃-ခေါက်
၎။ အုန်းဆီလိမ်းသော် ၅-ခေါက်
၅။ ရေကြောင်းခရီးသွားသော် ၈-ခေါက်
၆။ ပန်းပန်သော် ၉-ခေါက်
၇။ အိပ်ရာဝင်သော် ၉-ခေါက်
၈။ ရန်သူနဲ့တွေ့သော် ၁၁-ခေါက်
၉။ စစ်တိုက်သော် ၉-ခေါက်
၁၀။ သန္ဓေဖွားခက်သော် ၉-ခေါက်
၁၁။ ခရီးသွားသော် ၂-ခေါက်
၁၂။ အကျဉ်းကျသော် ၁၀၀၀-ခေါက်

နေ့တိုင်း ရွတ်ဖတ်လျှင် ရရှိသောအကျိုး……. ဘေးရန်ကင်းစင်ခြင်း၊
လာဘ်ပေါ များခြင်း၊ ဘုန်းတန်ခိုး အာဏာကြီးမားခြင်း၊ ကျော်စောခြင်း၊
တင့်တယ်ခြင်း၊ ချစ်သူခင်သူ ပေါများခြင်း တို့ဖြစ်ပါသည်။

"သမ္ဗုဒ္ဓေဂါထာ ငါးမျိုး"
-----------------------

၁။ အရှေ့ကျွန်းသမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
သဗ္ဗတေဇံ သဗ္ဗဂုဏံ။
သဗ္ဗသုခံ လဘတုမေ၊
ဆရဝီ ဆရာ ဆရီဆ ဆာယံ။
ပစ္စဗုဒ္ဓါ မဟာတေဇံ၊
သဗ္ဗညုတာ ဥာဏဝရံ။
သဗ္ဗသတ္တရု သဗ္ဗဘယံ၊
ဝိနဿန္တု အသေသတော။ ။

၂။ မြောက်ကျွန်းသမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ပဉ္စသတ သဟသာနိ။
ဒွါဒသဉ္စ သဟသာကေ၊
ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ။
ပရာဇေတွာ မဟာဖုလ္လေ၊
နမာမိ သိရသာမဟံ။
တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

၃။ အနောက်ကျွန်း သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဝီသဉ္စ ဣမေဗုဒ္ဓါ။
ဧကတိံသ သဗ္ဗေဗုဒ္ဓါ၊
ဒွတ္တိံသစ မဟာဗုဒ္ဓါ။
ပဉ္စဝီသာ ဗုဒ္ဓါ နတ္တိ၊
တေတ္တိံသ ဗုဒ္ဓါဘာဝနာ။
ဧတေန ဗုဒ္ဓဂုဏေန၊
တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

၎။ တောင်ကျွန်းသမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟသာကေ။
ပဉ္စသတ သဟသာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

၅။ အောင်သမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဌဝီသတိ၊
မမဂစ္ဆဟိ ပုရတော။
ပဉ္စဗုဒ္ဓါ မဟာတေဇော၊
မမသီသေ နိသေသတိ။
ဒိဗ္ဗတီတင်္ခ ရက္ခ န္တု၊
မေ ဇယမင်္ဂလံ အဂ္ဂံ။
သဗ္ဗေပိ မေ နမဿာမိ၊
ဂုဏေ အာပတ္တိ ပုဂ္ဂလေ။
အရိယာနဉ္စ သဗ္ဗေသံ၊
သာဝကာနဉ္စ သဗ္ဗေသော။ ။

_/\_ အကိုတော်ဓမ္မစာပေ စုစည်းမှုများ _/\_

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...