ကဒေါင်းအိုးဝေ၊ ဒေါင်းအိုးဝေ
အလှမွေး၍၊ ကျွေးတာနဲ့စား၊
လူယဉ်ပါးနေ. . . . ဒေါင်းအိုးဝေ။
ဧည့်သည်လာတိုင်း၊သခင်ခိုင်း
ခေါင်းမော့လည်ဖွ၊ခြေကိုကြွ၍
ဟိုမှ သည်မှ ၊ ခုန်ဆွဆွနှင့်၊
က တတ်လိုက်လေ. . ဒေါင်းအိုးဝေ။
အစာအသင့် ၊ရေအသင့်နှင့်၊
သခင့်အလို ၊ တေးသံချို မြ၊
က ဒေါင်းအိုးဝေ၊
အမျိုးဆွေမေ့ ၊ငယ်ဓလေ့ပျောက်၊
လူနားရောက်နေ... ဒေါင်းအိုးဝေ။
တစ်ကောင်ထိ၍ ၊မချိအောင်နာ၊
စာစာအော်ပြီး. . ၊ကျီးငှက်ထောင်သောင်း၊
ခေါင်းပေါ်မှာဝဲ၊မြင်ရလဲလေ. . .၊
က ဆဲ. . . ကနေ.... ဒေါင်းအိုးဝေ။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
Comment by MJ
(ခွပ်ဒေါင်းယောင်ယောင် ကဒေါင်းယောင်ယောင် ၊
တော်လှန်ရေးအရေခြုံ ၊ ဒေါင်းယောင်ဆောင်နေသူများအတ
0 comments:
Post a Comment