Sunday, September 15, 2013

သစ်ထုးလွင် သတင်းစုစည်းမှု (၁၄-၉)

သစ်ထူးလွင်



Posted: 14 Sep 2013 04:37 AM PDT
          ကျွန်တော်တို့က ပြဿနာကောင်တွေလို့ ကင်ပွန်းအတပ်ခံရတဲ့ အထဲမှာ ပါတယ်။ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေကို မဆိုင်သလိုမနေဘဲ ငြိမ်ငြိမ်မနေတတ်ကြဘူး။ ကျွန်တော် အကြောင်းကိစ္စရှိလို့ ရန်ကုန်ပြန် ရောက်တဲ့အခါမှာ ကျွန်တော်နဲ့ ရင်နှီးကျွမ်းဝင်မှုတော့ သိပ်မရှိပေမယ့် သိကျွမ်းနေတဲ့ ရဲသားလေး တစ်ဦးနဲ့တွေ့ တဲ့အခါကြတော့ သူ့မှာ ပြောစရာစကားလေးတွေရှိနေတယ်။ စကားပြောကြရအောင်ပါတဲ့။ ခင်ဗျားတို့က ဖမ်းတဲ့ အမျိုး။ ကျုပ်ကကြောက်တယ်လို့ နောက်လိုက်မိတယ်။ ဟာဗျာ . . . ဟုတ်ပါဘူး။ ကျွန်တော်တို့မှာလည်း အခက်အခဲလေးတွေ ရှိတယ်ဗျ . . . . ဆိုပြီး ရင်ဖွင့်လာပါတယ်။

          အများသိထားပြီးဖြစ်တဲ့ ရဲအကြောင်း နည်းနည်းပြန်ပြောကြရအောင်ပါ။ ရဲတပ်ရင်းတွေမှာ နယ်ထိန်း တွေက ငွေရှာတယ်။ စခန်းမှူးကိုပေးရတယ်။ စခန်းမှူးကလည်း သူ့အထက်က မြို့နယ်မှူးဆိုသူကို သူ့နေရာ နဲ့သူ လစဉ်ပူဇော်ရတာမျိုးတွေရှိတယ်။ ဒီစကားတွေက ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေဆီက ကြားသိရတာတွေ ပါ။ တလောကပဲ သမ္မတကြီးက လောင်းကစားမှုတွေ ဟာ ဆင်းရဲမွဲတေမှုပြဿနာအတွက် အဓိကအကြောင်း အရင်းလို့ ဆိုပြီး ပပျောက်အောင် ထိထိရောက်ရောက် အရေးယူမယ်ပြောလို့ လောင်းစကားမှုတွေ ပပျောက် အောင်လုပ်လို့မရတဲ့အကြောင်း။ လောင်းကစားလုပ်ငန်းများ ကန့်သတ်ချထားပေးခြင်းဆိုင်ရာ ဥပဒေပြဌာန်းဖို့ ရေးခဲ့မိပါသေးတယ်။

          တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံးလို့ နာမည်ကြီး အရပ်တကာ နယ်တကာမှာ လုပ်ကိုင်နေတဲ့ လောင်းကစား လုပ်ငန်းတွေမှာကိုပဲ စခန်းမှူးကြီးတွေ မြို့နယ်မှူးကြီးတွေက ဒိုင်တွေနဲ့ပါတနာတွေ ဖြစ်နေတတ်ကြပါတယ်။ တစ်ခါကဆို မှတ်မိပါသေးရဲ့။ တပ်ကြပ်ကြီးတစ်ယောက် နှစ်လုံးကိုင်ပြီး ရော်စရာမရှိလို့ တိုင်ပတ်နေတဲ့ ကိစ္စ။ အဲဒီလိုအခါမျိုးမှာ ဘာဖြစ်သလဲဆိုရင် မရော်ဘဲထားလိုက်မယ်။ ဟိုလူ့ဖမ်းမယ်။ ဒီလူ့ဖမ်းမယ်ဆိုတော့ ထိုးမိတဲ့ သူကလည်း အပြစ်ဖြစ်လာရောလေ။ သူတို့စားနေရသမျှတော့ ဘာပြဿနာမှ မရှိခဲ့ဘူး။ ကံလေးထပြီး ပေါက်ကွက်တိုးပြီဆိုမှ ပြဿနာတွေက တက်တာ။ တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံးဆိုတာတွေက ထိုးတဲ့သူတွေ အတွက် အကာအကွယ်မရှိပေမယ့် ဒိုင်တွေအတွက်ကတော့ အကာအကွယ်ရှိပြီးသားပါ။ ဥပဒေတိတိကျကျ ပြဌာန်းထားခြင်းမျိုးမရှိပေမယ့် နယ်တကာ အရပ်တကာမှာ နှစ်လုံး ၊ သုံးလုံး ရောင်းသူတွေဟာ ရဲကြေး တပ်ကြေး ပေးပြီးလုပ်ကြရတာ ဖြစ်လို့ပါပဲ။

          ရဲသားလေး ရင်ဖွင့်လာတာကို ပြန်ဆက်ရရင် ရဲသားလေးက “ကျုပ်တို့က သာမန်ရဲသားအဆင့်ပဲ ရှိတယ်။ သွားတဲ့လာတဲ့နေရာမှာ လိုအပ်တဲ့ ဆိုင်ကယ်ဆိုတာကိုလည်း ကိုယ့်ဖသာကိုယ်စီစဉ်ရတယ်။ အခု ဆိုင်ကယ်မှာ မီးတိုင်တွေ တပ်ရမယ်ဆိုပြီး ညွှန်ကြားလာတော့လည်း ဘာမှ ထုတ်ပေးတာမဟုတ်ဘူး။ ကိုယ်တိုင်ပဲ လုပ်ကြရတာ။ ဆိုင်ကယ်ကို ဆေးအရောင်ပြောင်းတာကအစ မီတိုင်းတပ်ရတာရောဆိုရင် ၂၅၀၀၀ လောက်ကြတယ်။” လို့ လက်ရှိ ရဲဆိုင်ကယ်တွေမှာ မီးတိုင်တပ်ထားရတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။ အဲဒီ မီးတိုင်တပ်ထားတော့ မာဖီနဲ့ သွားပြီး စုံစမ်းစရာရှိလို့ စုံစမ်းရင်တောင် ရဲမှန်းသိနေလို့ အဆင်မပြေဘူးလို့လည်း ပြောပါသေးတယ်။ ဒါကတော့ သူတို့ကုန်ကျရတာနဲ့ သူတို့ရဲ့ အခက်အခဲကို ပြောတာပါ။

          နောက်တော့ ငွေဖြတ်တဲ့ကိစ္စကို ဆက်ပြောတယ်။ “စခန်းမှာ ရဲတပ်သား ၈၀ လောက်ရှိတယ်။ လိုင်ခန်း က ၄၀ စာလောက်ပဲ ရှိတယ်။ ကျွန်တော်တို့ဆို အပြင်မှာပဲနေတယ်။ မိသားစုလည်း ရှိတယ်ဗျာ။ လခက ၅၀၀၀၀ ကျော်ပေါ့။ ထောက်ပံ့ကြေးနဲ့ပါနဲ့ဆိုရင် ၁၁၀၀၀၀ ၀န်းကျင်လောက်ရတယ်ပေါ့ဗျာ။ တွက်ကြည့်ဗျာ တစ်နေ့မှ ၃၀၀၀ကျော်ပဲ ရှိတယ်။ တာဝန်ထမ်းဆောင်ရတာက ၂၄ နာရီ စတန်းဘိုင်ဖြစ်နေရတာပါ။ အဲဒီလစာ ထဲက မီးဖိုးဆိုပြီး ဖြတ်သေးတယ်။ ကျွန်တော် ပြောချင်တာက စခန်းထဲမှာနေလို့ လိုင်းခန်းမှာနေလို့ မီးဖိုးဆိုရင် ခံသာတယ်ဗျာ။ ကျွန်တော်တို့က အပြင်မှာ ငှားနေရတာလေ။ အဲဒါကို ဘယ်လိုပြောလဲဆိုတော့ မင်းတို့ စခန်းထဲ လာရင် မီးရောင်အောက်မှာ မနေဘူးလား။ မင်းတို့ဖုန်းတွေ အားမသွင်းဘူးလားဆိုပြီး ရှာကြံဖြတ်တာ။ သူ့နေရာ နဲ့သူ နယ်ထိန်းဆိုတာတွေ ရှိတယ်ဗျာ။ အဲဒီက လောင်းကစားဒိုင်တွေ ဘာတွေဆီက ရှာကြံပြီး စခန်းမှူးကို ပေးကြရတာ။ နာမည်ထွက်လာရင် အဲဒီနယ်ထိန်းလည်း ပြုတ်။ ထောင်လည်းကျတယ်ဗျ။ အထက် ကလူတွေကြတော့ ဘာမှ ဖြစ်တာမဟုတ်ဘူး။” လို့ ရင်ဖွင့်လာပါတယ်။

          ရဲတပ်သားတစ်ဦးရဲ့ ရင်ဖွင့်ချက်ကတော့ ဒီမျှပါပဲ။ အောက်ခြေဆိုတဲ့ ဘ၀တွေဟာ ဘယ်တော့မှ မသာယာပါဘူး။ အမျိုးမျိုးသော အကြောင်းကြောင်းကြောင့် ဖိနှိပ်မှုတွေ ရှိနေကြတဲ့အတွက် အခက်အခဲလေး တွေရှိကြပါတယ်။ ၀န်ထမ်းလောကမှာဆိုရင် ၀န်ထမ်းတွေအတွက် ပြည့်ပြည့်၀၀ ရရှိမှ အဂတိလိုက်စားမှုတွေ ပပျောက်မယ်ဆိုတာလည်း အားလုံးသိကြပါတယ်။ အဲဒီအတွက်လည်း ဖြည့်တင်းပေးလာတာတွေ ရှိပါတယ်။ ဘယ်သူစားရ စားရ ကျုပ်တို့ကတော့ ၀မ်းသာတဲ့အမျိုးပါ။ ကိုယ်စားရပြီးရော သူတစ်ပါး ဖြစ်ချင်ရာဖြစ် လုပ်တာ မျိုးမှ အပပေါ့။ အခုလည်း ရဲသားလေးတွေအတွက် ခိုင်းတဲ့နေရာမှာ လိုအပ်ချက်တွေကို ဖြည့်တင်းပေးဖို့က လည်း တစ်စိတ်တစ်ပိုင်းပါဝင်တယ်လို့ မြင်ပါတယ်။ သူ့တစ်သီးပုဂ္ဂလအတွက် မဟုတ်ဘဲ တာဝန်ထမ်းဆောင် ရာမှာ လိုအပ်တဲ့ကိစ္စတွေကို နိုင်ငံတော်က စီမံမပေးရင်လည်း စီမံပေးနိုင်အောင် စခန်းမှူး အစရှိတဲ့ ပုဂ္ဂိုလ်တွေ က တင်ပြကြရပါမယ်။ ချထားပေးတာတွေကို ကိုယ်တစ်ယောက်တည်း တုတ်ပြီး တပ်သားလေးတွေကို ဖြစ်သ လို လုပ်ခိုင်းတာမျိုး မဖြစ်ဖို့လည်း အရေးကြီးပါတယ်။

နောင်တော်လေး (ဘိုကလေး )

by Myanmar News Now


Posted: 14 Sep 2013 04:27 AM PDT
သောကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏ လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

မငြိမ်မသက်မှုများ ရှိနေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အင်အားပြင်းထန်သည့် ဗုံးပေါက်ကွဲမှုတစ်ခု သောကြာနေ့ နှောင်းပိုင်းက ဖြစ် ပွားခဲ့ရာ ကျပန်း အလုပ်ကြမ်းသမား ၉ ဦးသေဆုံးပြီး အခြား ၂၁ ဦး ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့ ယနေ့ ပြောကြားသည်။ သော ကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏ လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ဗုံးကို ယာယီရွက်ဖျင်တဲ တစ်ခုအတွင်း တပ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်ကြောင်း Manipur ရဲတပ်ဖွဲ့အကြီးအကဲ အမ်ကေ ဒက်စ်က AFP သို့ ပြောကြားသည်။

လူ ၉ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို ဒေသခံ ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက အတည်ပြုသည်။ ဒဏ်ရာရရှိသူများအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ဆရာဝန်များက ပြောကြားသည်။ သေဆုံး ဒဏ်ရာရရှိသူများမှာ ကိုလ်ကတ္တားအခြေစိုက် ကုမ္ပဏီတစ်ခုမှ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း သိရသည်။ ဗုံးခွဲတိုက်ခိုက်ခြင်း၏ အကြောင်းရင်း အတိအကျကို မသိရှိရသေးချေ။ အိန္ဒိယရှိ သူပုန်အုပ်စုကလည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားမှု မရှိကြောင်း သတင်းများက ဖော်ပြသည်။

ယခု ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာဒေသမှာ သူပုန်အုပ်စုများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကာလရှည်ကြာ မတည်ငြိမ်မှုများ ရှိခဲ့ပြီး ဒါဇင်နှင့်ချီသော လူမျိုးစုအဖွဲ့အစည်း နေထိုင်လျက်ရှိသည်။ ထို့အပြင် လက်နက်ကိုင် ပြောက်ကျားအုပ်စုငယ်များလည်း ရှိနေပြီး ၎င်းတို့က အိန္ဒိယအစိုးရကို ပုန်ကန်တော်လှန်နေကြသည်။ အဆိုပါ လက်နက်ကိုင် သူပုန်အုပ်စုများသည် ပြည်နယ်အတွင်း နယ်မြေထိန်းချုပ်မှုနှင့် ဆက်စပ်၍ ၎င်းတို့အချင်းချင်းလည်း မကြာခဏ ရင်ဆိုင်တိုက်ခိုက်လေ့ရှိသည်။

၁၉၄၇ ခုနှစ်က ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၇ ခုအနက် ပြည်နယ် ၆ ခုတွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၅၀,၀၀၀ သေဆုံးခဲ့ပြီးဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ လက်နက်ကိုင် ပုန်ကုန်တော်လှန်နေသည့် အုပ်စုများက ၎င်းတို့နေထိုင်ရာ နိုင်ငံ အရှေ့မြောက်ပိုင်းဒေသကို အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များက လစ်လျူရှုထားကြကြောင်း စွပ်စွဲထားသည်။

Planet Myanmar Network
Posted: 14 Sep 2013 04:24 AM PDT
တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော် အရာရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အ သတ်ခံရကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သိရှိရသည်။

''ဗိုလ်ဇော်မျိုးထက်ရဲ့ မျက် နှာကို ဓားနဲ့အမွှန်းခံရပြီးခေါင်း ဖြတ်ပြီးတော့ ဗိုက်ထဲခွဲထည့်ထား တယ်။ တခြားအဆင့်နှစ်ဦးကတော့ အသတ်ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်း ချမ်းရေး ကောင်စီ က ကေအိုင်အို ကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင် ရွက်ပေးဖို့ တရားဝင်စာပေးပို့ထား တယ်။ သူတို့ဆီကပြန်ကြားတာ မလာသေးဘူး။ ကေအိုင်အိုအနေ နဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ အပေါ်မူတည်ပြီး ဆက်လက် ဆောင် ရွက်သွား ပါမယ်'' ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ပွဲဖြစ်ပွားရာ ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အတွင်းနေရာသည် စစ်စခန်းနယ် မြေသတ်မှတ်မှုအရ ကေအိုင်အို နယ် မြေမဟုတ်ကြောင်း အဆိုပါတာ ဝန်ရှိသူမှ ဆက်လက်ပြောကြား ခဲ့သည်။ ကျဆုံးသွားသောအရာရှိ မှာ ဗိုလ်ဇော်မျိုး ထက်၊ ဒုတပ်ကြပ် စိုးနိုင်ဦးနှင့် တပ်သားခင်မောင် သန့်တို့ဖြစ်ကြောင်း၊ ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း သိရသည်။

''အောက်ခြေမှာ ထိတွေ့ မှုတွေဖြစ်လို့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်မှုတွေဖြစ်တာ လက်ခံလို့ ရပေမယ့် ဒီလိုဖမ်းဆီးသွားပြီး ရက် ရက်စက်စက်သတ်ဖြတ်တာမျိုး တော့လက်မခံနိုင်ပါဘူး''ဟု သမ္မတ ရုံးမှ တာဝန်ရှိသူက ဆက်လက် ပြောသည်။

ယင်းနှင့် ပတ်သက်ပြီး ဗိုလ် ဇော်မျိုးထက်၏ဖခင် ဦးမျိုးဦးက ''မိသားစုထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။ ဦးတေဇကို ရေခဲ တောင်မှ ကယ်ထုတ်ခဲ့တဲ့ ဗိုလ် တစ်ဦးဆိုတာလဲ ဟုတ်ပါတယ်။ ဖြစ်ပုံကတော့ တိုက်ပွဲမှာ တိုက် ရင်းနဲ့ ပျောက်သွား တယ်လို့ ဆို ပါတယ်။ ကျွန်တော်တို့သားကိစ္စ ကို ယခုလ ၅ရက်ကမှ သိရတာ ဖြစ်ပါတယ်''ဟု အတည်ပြုပြော ကြားခဲ့သည်။

ဗိုလ်ဇော်မျိုးထက် (နောက်တန်းဝဲမှ လေးဦးမြောက်) ကို ဦးတေဇအား ရေခဲတောင်မှ ကယ်တင်ခဲ့စဉ်က တွေ့ရစဉ်။

ဓာတ်ပုံ- ရောင်နီဦးဖေ့ဘွတ်ခ်
The Yangon Times

Posted: 14 Sep 2013 04:20 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၁၃

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇူလိုင်လမှစတင်ကာ ကျပ် ၁၅၀၀ နှုန်းဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အရေအတွက် ကန့်သတ် ရောင်းချပေးနေသည့် GSM လိုင်းကတ်များကို အရေအတွက် တိုးမြှင့်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ကျပ် ၁၅၀၀ တန် GSM မိုဘိုင်းလ်ဖုန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ဇူလိုင်လအတွက် လိုင်းကတ် နှစ်သိန်း၊ သြဂုတ်လအတွက် လိုင်းကတ် နှစ်သိန်းတစ်သောင်း ခွဲဝေ ရောင်းချပေးခဲ့ပြီး စက်တင်ဘာလ ခွဲတမ်းတွင် ထပ်မံတိုးမြှင့် ရောင်းချပေးနိုင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“လိုင်းအင်အား တိုးချဲ့ဖို့အတွက် ခုလည်းလုပ်နေတာပဲ။ ဖြည်းဖြည်းချင်းတော့ တိုးရောင်းသွားမှာပါ” ဟု ၎င်းကဆိုသည်။

GSM မိုဘိုင်းလ်ဖုန်းလိုင်းများ တိုးမြှင့်ချထားပေးပါက လက်ရှိ လိုင်းအင်အားနှင့် မလုံလောက်သည့်အတွက် သေချာပေါက် လိုင်းကျပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ကုမ္ပဏီများနှင့် ပူးပေါင်း၍ လိုင်းအင်အား တိုးမြှင့်ရန် လုပ်ဆောင်နေမှုမှာ စက်တပ်ဆင်သည့် အဆင့်သို့ မရောက်သေးကြောင်း မကွေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

“ဒီလအတွင်း တိုးဖို့တော့ မီပါ့မလားမသိဘူး။ ဘယ်လောက် ရောင်းပေးမလဲ ဆိုတာ တစ်ပတ်အတွင်း သိရမှာပါ” ဟု ၎င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) က ထုတ်ပေးနေသည့် CDMA လိုင်းကတ်များ အတွက်ပါ စက်အင်အား တိုးချဲ့တပ်ဆင်ခြင်း မရှိကြောင်း အဆိုပါ တာဝန်ခံ အင်ဂျင်နီယာက ထုတ်ဖော်ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် (MEC) တို့က ဧပြီလမှစတင်ကာ CDMA လိုင်းကတ် စုစုပေါင်း ၁ ဒသမ ၃၅ သန်းနှင့် GSM လိုင်းကတ် ၀ ဒသမ ၄၁ သန်းကို ကျပ် ၁၅၀၀ နှုန်းဖြင့် ခွဲဝေ ရောင်းချခဲ့သော်လည်း ပြင်ပဈေးကွက်တွင် အနိမ့်ဆုံး CDMA အတွက် ကျပ်ခြောက်သောင်း၊ GSM အတွက် ကျပ်တစ်သိန်းနှစ်သောင်းခန့် ဈေးပေါက်လျက် ရှိသည်။

The Voice Weekly

Posted: 14 Sep 2013 04:14 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၁၃

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က တယ်လီနော၊ အော်ရီဒူးစသော ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများနှင့်အပြိုင် တယ်လီဖုန်းခေါ်ဆိုခများ လျှော့ချကောက်ခံမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ပြောကြားသည်။

“ခန့်မှန်းခြေတော့ ကျွန်တော်မပြောနိုင်သေးပါဘူး။ သေချာတာကတော့ တယ်လီနောနဲ့ အော်ရီဒူးထက် ကျွန်တော်တို့ များဖို့မရှိပါဘူး” ဟု လျှော့ချမည့် နှုန်းထားနှင့် ပတ်သက်၍ ၎င်းကပြောဆိုသည်။

ဖုန်းခေါ်ဆိုခ လျှော့ချမည့် အချိန်ကိုလည်း အတိအကျ မပြောနိုင်သေးဘဲ စီစဉ်ဆဲသာ ရှိကြောင်း ၎င်းကဆိုသည်။

အင်တာနက် ချိတ်ဆက်ခ နှုန်းထားများကိုလည်း နောက်ပိုင်းတွင် အခြေအနေပေါ် မူတည်၍ ကောက်ခံချင်မှ ကောက်ခံတော့မည် ဖြစ်ကြောင်း ဦးအောင်မော်က ပြောဆိုသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် လက်ရှိတွင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့ကို ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ရန် ခွင့်ပြုထားပြီး ဖြစ်သည့် အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အသွင်ပြောင်းလဲ ဖွဲ့စည်းမည့် မြန်မာတယ်လီကွန်နှင့် ရတနာပုံတယ်လီပို့ကို အသွင်ပြောင်းလဲ ဖွဲ့စည်းမည့် ရတနာပုံ တယ်လီကွန်တို့မှာ အဆိုပါ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများနှင့် ဈေးကွက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

The Voice Weekly


Posted: 14 Sep 2013 04:11 AM PDT
မောင်တော၊ စက်တင်ဘာ ၁၃

အိန္ဒိယနိုင်ငံမှ ကုန်စည်များ အလုံးအရင်း ဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ်မှ ကြွက်သွန်နီ အပါအဝင် စားသောက်ကုန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေမှု ရပ်ဆိုင်းသွားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာမြို့ဘောင်ဒို ကုန်သွယ်ရေးဆိပ်ကမ်းမှ ကုန်သည်များက ပြောကြားသည်။

သြဂုတ်လ နောက်ဆုံးပတ်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အိန္ဒိယမှ ကြက်သွန်နီနှင့် တခြားစားကုန်များ အလုံးအရင်း ဝင်ရောက်လာပြီး ကုန်ဈေးနှုန်းများ ကျဆင်းနေသဖြင့် ရခိုင်ပြည်နယ်က တင်ပို့ကုန်များ ရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း မောင်တောမြို့ ကုန်သည်များထံမှ သိရှိရသည်။

သြဂုတ်လအတွင်းက တစ်ရက်လျှင် ကြက်သွန်နီကီလို ၄၅၀,၀၀ ခန့် ဘောင်ဒို ကုန်သွယ်ရေး ဆိပ်ကမ်းသို့ တင်ပို့ခဲ့ကြကြောင်း၊ ယခုလဆန်းပိုင်းမှစ၍ စားသောက်ကုန် တင်သွင်းမှု မရှိသလောက် နည်းသွားကြောင်း ဘောင်ဒို ကုန်သွယ်ရေးဂိတ်မှ ကုန်သည် ဦးထွန်းဦးကျော်က ဆိုသည်။

“ဆိပ်ကမ်းမှာ ကုန်ကျန်လောက်ပဲ ရှိတယ်” ဟု ၎င်းကပြောကြားသည်။

ကြက်သွန်နီ တစ်ကီလိုကို ဘင်္ဂလားဒေ့ရှ် တာကာ ၉၀ (၁ ဒသမ ၁၆ ကန်ဒေါ်လာ) ဈေးနှုန်းဖြင့် ယခင်လက ရောင်းချရသော်လည်း ယခုလတွင် တာကာ ၆၀ ဖြင့်သာ ရောင်းချနေရကြောင်း၊ ကြက်သွန်နီ တစ်ကီလို ဝယ်ဈေးမှာ ၆၃ တာကာ ပေးဝယ်ယူရသဖြင့် အရှုံးပေါ်နေကြောင်း မောင်တောမြို့မှ ကုန်သည်တစ်ဦးဖြစ်သူ ဦးညီညီက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စားကုန်ပစ္စည်းများသည် အိန္ဒိယနှင့် မြန်မာတို့မှ အဓိကတင်သွင်းနေကြပြီး အိန္ဒိယမှစားကုန်များ ဝင်ရောက်မှု အားကောင်းလျှင် ရခိုင်ပြည်နယ်က ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ်မြို့မှ ဒေသခံ ဦးသံသာမောင်က သုံးသပ်သည်။

ရခိုင်ပြည်နယ်က တင်သွင်းသည့် စားသုံးကုန် ပစ္စည်းများမှာ ပြည်တွင်းရှိ အခြားဒေသများမှ ဝယ်ယူတင်သွင်းရသည့် ကုန်ပစ္စည်းများဖြစ်၍ မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် သယ်ယူပို့ဆောင်စရိတ် များပြားကြောင်း ကုန်သည်များထံမှ သိရှိရသည်။

(ခင်မောင်အေး)
The Voice Weekly

Posted: 14 Sep 2013 04:06 AM PDT
facebook  မှာ ပြန့် နှံနေတဲ့ မြန်မာ့တပ်မတော်က စစ်သည်နှစ်ဦး ကျဆုံးနေတဲ့ ဓာတ်ပုံ
မြန်မာ့တပ်မတော်နှင့်ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတပ်မတော်အရာရှိတစ်ဦး ဖမ်းဆီးအသတ်ခံရမှုနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ
-

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရ အရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း


၁။ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းတွင် နယ်မြေခံတပ်ရင်းမှ တပ်စု ၁ စုသည် မချမ်းဘောမြို့ဝန်းကျင်အတွင်းပိ
ုင်း နယ်မြေအတွင်း နယ်မြေစိုးမိုးရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ရန်အတွက် သြဂုတ်လ ၂၈ရက်နေ့တွင် မလွတ်ဒမ်းကျေးရွာမှထွက်ခွာလာခဲ့ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ အင်အား ၂၀ ဦးခန့်မှ အသင့်စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၁ ဦးလူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ တွင် စစ်သည်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသည်။

၂။ ပျောက်ဆုံးအရာရှိအား ဆက်လက်ရှာဖွေခဲ့စဉ် မြေပြင်သတင်း စိစစ်ဖော်ထုတ်ချက်အရ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ်ဦးစီးအင်အား ၂၀ ဦးခန့်သည် သြဂုတ်လ ၂၇ ရက်တွင် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ၂၈ ရက်နေ့တွင် တပ်အား အသင့်စောင့်ကြို ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ ၂၉ ရက်နေ့တွင် ကေ အိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ အင်ခန်ဂါးကျေးရွာမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ၃၀ ရက်နေ့တွင် ပျောက်ဆုံးအရာရှိသည် ဘက်ဘက်လက်မောင်းတွင် လက်နက်ငယ်ဒဏ်ရာဖြင့် အင်ခန်ဂါးကျေးရွာ သို့ ရောက်ရှိလာရာ ၎င်းကျေးရွာရှိ ကေအိုင်အေ(ကချင်) လက်နက်ကိုင် အဖွဲ့နှင့် အဆက်အသွယ်ရှိသူတစ်ဦးမှ သွားရောက်သတင်းပို့ခဲ့ သဖြင့် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပါသည်။

ဖမ်းဆီးခံအရာရှိအား ပြန်လည်ရရှိရေး ဆောင်ရွက်နေစဉ် စက်တင်ဘာ ၅ ရက်နေ့တွင် အင်ခန်ဂါးကျေးရွာအနီး နေထိုင်သည့် ဦးဖုန်ဇော်လဆိုင်းနှင့် သားဖြစ်သူမောင်ဖုန်းဇောင်ခင်ဆို
င်းတို့မှ ၎င်းတို့တောင်ယာအနီးတွင် အပုပ်နံ့ရရှိကြောင်း တပ်မတော်သို့ လာရောက်အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ အင်ခန်ဂါးရွာ၏ မြောက်ဘက် မီတာ(၁၀၀၀) ခန့်အကွာ တောင်ယာသွားလမ်း၏ ညာဘက် ကိုက်(၁၀၀၀) ခန့်ရှိတောင်စောင်းနေရာတွင် မြေပုံတစ်ခုအား တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အရာရှိအား ရက်စက်စွာ ဦးခေါင်းဖြတ် သတ်ဖြတ်ပြီး မြုပ်နှံထားသည်ကို တွေ့ရှိခဲ့ရပါသည်။

၃။ တပ်မတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ေ
ဆာင်မှု လုပ်ငန်းစဉ်များအား အလေးအနက်ထားလုပ်ဆောင် လျှက်ရှိပြီး တွေ့ကြုံရသည့်အခက်အခဲ၊ သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲမှားသော ပြဿနာများအား သဘောထားကြီးမားစွာဖြင့်
ထိန်းသိမ်းဖြေရှင်းမှုများ လုပ်ဆောင်လျှက်ရှိပါသည်။ တပ်မတော်မှ ထိုသို့ဆောင်ရွက်လျှက်ရှိသော်
လည်း ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းဆောင်ရွက်စဉ် အချိန်တွင်ပင် ဖမ်းဆီးရမိသည့် အရာရှိအား ရက်စက်စွာသတ်ဖြတ် ခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိသည့် အရာရှိအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့် လူသတ်မှုကျုးလွန်သူ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွ
ဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ်နှင့်အပေါင်းအပါ ၂၀ဦးခန့်အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး
မချမ်းဘောမြို့ နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရပါသည်။

Popular Myanmar News Journal

Posted: 13 Sep 2013 09:23 PM PDT
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် မိုးရွာသွန်းမှု၍ ပေါက်ချောင်းရေ ကျဆင်းခြင်းကြောင့် ကမ်းပါးတိုက်စားမှုများ ဖြစ်ပေါ်လျှက်ရှိပါသည်။

အဆိုပါ ပေါက်ချောင်းရေမှာ ဂီရိမုန်တိုင်း တိုက်ခတ်စဉ်ကလည်း ရေကြီးမှုဖြစ်ပွားခဲ့ပြီး မြို့တွင်းသို့ ရေများ စီးဝင်ကာ လူ ၅ဦး သေဆုံးခဲ့ပြီး ရွှေပေါက်ပင်ရပ်ကွက် နှင့် အောင်ချမ်းသာ ရပ်ကွက်မှ အိမ်ခြေ ၁၀လုံးခန့် ပျက်စီးခဲ့ပါသည်။

အဆိုပါရေကြီးမှုမှာ ပေါက်မြို့နယ်အတွင်းတည ဆောက်လျှက်ရှိသော က.ပ.စ လက်နက်စက်ရုံသို့ ပစ္စည်းသယ်သော ကုန်တင်ယဉ်ကြီးများ ဖြတ်သန်းရန် ပေါက်ချောင်းမှ ကျောချောင်း ထဲသို့ စီးဝင်သည့် ချောင်းဝတွင် ၃ ပေခန့် မြင့်သည့် တာပေါင်များတည်ဆောက် ကားလမ်းဖေါက်ခဲ့ခြင်းနှင့် ဂီရိမုန်တိုင်း တိုက်ခတ်ချိန်တို့ ချိန်ကိုက်ဖြစ်သွားခြင်းကြောင့် ချောင်းလမ်းကြောင်းပြောင်းကာ မြို့တွင်းသို့ ရေများ အရှိန်အဟုန်နှင့် စီးဝင်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးမှ ပြောကြားပါသည်။

ယခုရေကြီး တိုက်စားမှုမှာ (၁၂.၉.၂၀၁၃) နေ့မှ စတင်ခဲ့ပြီး ယနေ့ (၁၃.၉.၂၀၁၃)နေ့တွင် ချောင်းကမ်းပါးရှိ အိမ်တစ်အိမ်မှာ ပျက်စီးသွားခဲ့ပြီး ကမ်းပါးရှိ နှစ် ၄၀ ခန့်သက်တမ်းရှိသော မန်ကျည်းပင် တစ်ပင်အပါအဝင် အပင်များ ပျိုလဲခြင်းများ ဖြစ်ပွားခဲ့ပါသည်။ ပေါက်မြို့နယ်ရှိ ပေါက်ပင်ကျောင်းနှင့် ကံစွယ်ကျောင်းမှ ကျောင်းထိုင်ဆရာတော်များ ဦးစီး၍ မြို့မိ၊မြို့ဖများနှင့် ပူးပေါင်းကာ ချောင်းရေကို လမ်းလွှဲရန်ကြိုးစားခဲ့ကြသော်လည်
း ရေများသည့်အတွက် လူများ ချောင်းအတွင်းမှ အပေါ်သို့ ပြန်တက်ခဲ့ရသည်ဟု သတင်း ရရှိပါသည်။

ယနေ့ ညနေပိုင်းတွင်မှသာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ လာရောက်ကြည့်ရှုသွားကြောင်းလည်း သိရှိရပါသည်။   ချောင်းလမ်းကြောင်း ပြောင်းလဲရန်အတွက် စက်ကြီးများ ငှားရမ်းအသုံးပြုလျက်ရှိပြီး ငှားရမ်းခမှာ တနာရီလျှင် ၅၀၀၀၀ ကျပ်ကျသင့်ကြောင်း သိရှိရပြီး အလှူရှင်များမှ လှူဒါန်းငွေနှင့် ၇နာရီခန့်ဖေါက်လုပ်ခဲ့သော်လည်း ရေတိုက်စားမှုမှာ စိုးရိမ်ဖွယ်အနေအထားတွင် ရှိနေသေးကြောင်း သိရှိရပါသည်။ ဂိရီတိုက်ခတ်ခဲ့စဉ်က ရေကြီးမှုဒါဏ်ကို ခံစားခဲ့ရသော မြို့သူ၊မြို့သားများမှာ ယခုနှစ်တွင်လည်း ဂရိတိုက်ခတ်ခဲ့စဉ်ကသကဲ့သို့ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျှက်ရှိပါသည်။

ဆရာတော်နှစ်ပါးဦးဆောင်၍ မြို့မိ၊ မြို့ဖများမှ ဦးစီးကာ ရေတိုက်စားမှုကို ကြိုးစားကာကွယ်လျက်ရှိသော်လည်း အကူအညီများ လိုအပ်လျှက်ရှိကြောင်း သိရှိရပါသည်။ နိုင်ငံတော်နှင့် အခြားအဖွဲ့အစည်းများမှ အကူအညီများ လိုအပ်လျှက်ရှိကြောင်း သိရှိရပါသည်။

by Myanmar News Now


Posted: 13 Sep 2013 09:16 PM PDT
ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့နားမှာ စိုးရိမ်ရေမှတ် ရောက်လာတဲ့အတွက် ရေဘေးကိုရင်ဆိုင်ဖို့ မန္တလေးမြို့ခံတွေ ပြင်ဆင်နေကြရပါတယ်။ မြို့ပတ်လမ်း တလျှောက် သဲအိတ်တွေနဲ့ ကာရံတာတွေ လုပ်နေသလို ဧရာဝတီမြစ်ကမ်း နံဘေးမှာ စိုက်ပျိုးထားတဲ့သီးနှံတွေကို ရေဘေးကနေ ကြိုတင် ကာကွယ်နိုင်ဖို့ အတွက်လည်း တာဝန်ရှိသူတွေက လုပ်ဆောင်နေကြပါ တယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး  ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာတော့ စိုးရိမ်ရေမှတ်ကိုရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီအတွက် ရေကင်း လုံခြုံရေး ချတာတွေနဲ့ သဲအိတ်အကာအရံတွေကိုရေဝင်နိုင်တဲ
့နေရာတွေမှာ မြို့အာဏာပိုင်တွေက လိုက်လံချထားနေပြီ ဖြစ်ပါတယ်။ မြစ်ရေတက်လာတဲ့ အခြေအနေကိုတော့ မန္တလေးမြို့ခံတဦးက အခုလိုပြောပါတယ်။

“မြစ်ကမ်းနဖူးက အရင်က အောက်ကိုတော်တော် ဇောက်နိမ့်တာပေါ့ဗျာ။ အခုကတော့ မြစ်ကမ်းနဖူးက ဒဲ့ (တည့်)ပေါ့ ရေပြင်နဲ့ အဲဒီအနေအထားတော့ ရောက်နေတာပေါ့။ ပုံမှန်တော့ ဆည်မြောင်းဦးစီးဌာနက အဲဒီမှာ ရေကင်းစောင့်တယ်။ အခုဟာကတော့ အောက်ကို သဲအိတ်တို့ ဘာတို့ ချတာပေါ့နော်။ ပြင်ထားတယ်။ အဓိက-က သူက ဒီ ရေတက်တဲ့နှုန်းကို ဌာနက အမြဲတမ်း အကြောင်းကြားနေရမှာပေါ့နော်။ အခုလည်း မိုးတွေတော့ မည်းနေတာပဲ။ အထက်ပိုင်းပေါ့နော်။ ကချင်ပြည်နယ်တို့ဘက်က မိုးကောင်းတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။”

ဒုဋ္ဌဝတီမြစ်ရေဟာ  စိုးရိမ်ရေမှတ် အထက်ကိုရောက်ရှိခဲ့ပြီးနောက် စဥ့်ကိုင်မြို့နယ်နဲ့ အမရပူရမြို့နယ်ထဲမှာရှိတဲ့  ကျေးရွာတချို့ ပြီးခဲ့တဲ့ရက်တွေက ရေနစ်မြုပ်မှုတွေဖြစ်အပြီးမှာတော
့  ဒုဌဝတီမြစ်ရေကြောင့် ဧရာဝတီ မြစ်ရေလျံမူတွေ ပိုပြီးဖြစ်လာတဲ့အကြောင်း၊ ဒါကြောင့် မြစ်နဘေးမှာစိုက်ထားတဲ့ ပဲခင်းတချို့လည်း ပျက်စီးမှုတွေရှိကြောင်းကိုလည်း မန္တလေးမြို့ခံ နောက်တဦးက ရှင်းပြပါတယ်။

“မန္တလေးမှာကြီးတယ်ဆိုတာက ပြင်ဦးလွင်ဘက်ကလာတဲ့ ဒုဌဝတီမြစ်ကလည်း ရေတိုးတယ်။ ဧရာဝတီမြစ် ဟို အထက်ပိုင်းက ဗန်းမော်-မြစ်ကြီးနားက လာတဲ့ မြစ်ဆုံကလာတဲ့ရေကလည်း ကြီးတယ်။ ကြီးတဲ့အတွက် မန္တလေးမှာလာပြီး ဆုံပြီး ရေပိုကြီးနေတာ။ ဒီရာသီဆိုတာက ဒီလို ကြီးရမယ့် ရာသီ မဟုတ်ဘူးလေ။ ဒီလို ရေတိုးရမယ့် အချိန်လည်း မဟုတ်ဘူးလေ။ အခုတော့ အချိန်မဟုတ်၊ အခါမဟုတ် ရေတွေ ကြီးနေတာ- ဧရာဝတီမြစ်ဘေးမှာ ရှိတဲ့ တချို့ ပဲအရင်(ပဲလျင်)ခေါ်တာပေါ့။ အခုကတော့ အများကြီးတော့ မကျဲရသေးဘူး၊ ကျဲတဲ့သူတွေတော့ ကျဲထားကြပြီ။ ပဲပုပ်တို့၊ ပဲယင်းတို့၊ အဲလို ပဲတွေတော့ ဧရာဝတီမြစ်ထဲက တောင်သူတွေက ကျဲထားကြတယ်။ လူစုံတက်စုံတော့ မကျဲရသေးဘူး။ ဒါပေမဲ့ ရေက ရောက်လာတယ်။”

စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီဆိုတာနဲ့ အချိန်မရွေး ရေတက်လာနိုင်ပြီး စိုးရိမ်မှုတွေ ရှိနေကြောင်း၊ ပဲခူးမြို့နဲ့ နေရာတချို့မှာလည်း ရေကြီးမှုတွေ ကြုံနိုင်ကြောင်း မိုးလေဝသနဲ့ ဇလာဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင်ကလည်း ပြောပါတယ်။

“မုတ်သုန်ကတော့ မဟုတ်တော့ဘူး။ မုန်တိုင်းမရှိဘူး၊ မုတ်သုန်မရှိဘူး-နော်။ အောက်ပြည်က ပိုဆိုးတယ်။ မိုးကပိုဆိုးတယ်။ ပဲခူးတိုင်း၊ ပြည်ရှိတယ်။ ပဲခူးရှိတယ်။ နောက် ရန်ကုန်တိုင်းက မင်္ဂလာဒုံတို့၊ နောက်ပြီးတော့ သထုံတို့ အဲဒီဘက်တွေမှာ လောလောဆယ်မှာ စိုးရိမ်ရေမှတ်ထဲရောက်နေတယ်။ ကျနော်ကတော့ ဂြိုဟ်တုအတိုင်းအတာကနေ ပြောပြတာပေါ့။ မိုး/ဇကတော့ စခန်းကနေ တိုင်းတာပေါ့နော်။”

မန္တလေးမြို့နဲ့ အနီးတဝိုက်မှာတော့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ နေသာချိန်ရှိပြီး မိုးရွာဖို့ ၈၀ % ရှိတယ်လို့ ဒေါက်တာထွန်းလွင်ရဲ့ မိုးလေဝသ ခန့်မှန်းချက် ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ စဥ့်ကိုင်မြို့နယ်၊ အမရပူရမြို့နယ်တွေမှာတော့ ပြီးခဲ့တဲ့ ၃ ရက်ခန့်က စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့တဲ့ အတွက် ရေကြီးခြင်း၊ ရေနစ်မြုပ်ခြင်းတွေကို ဒေသခံကျေးရွာသားတွေ ခံစားခဲ့ကြရတာပါ။ အနိမ့်ပိုင်းနေရာတွေမှာ လူတရပ်ကျော် နစ်မြုပ်တဲ့အတွက် နေထိုင် စားသောက်ရေး အခက်အခဲတွေ ကြုံရကြောင်း ဒေသခံတွေက ဆိုပါတယ်။ နှစ်အတော်ကြာမှာ အခုလို ရေကြီးတာမျိုးကို ထပ်ကြုံရတယ်လို့လည်း ဆိုကြပါတယ်။

မန္တလေးမြို့မှာတော့ လက်ရှိအခြေအနေမှာ မြစ်ရေတက်လာပေမဲ့ အိမ်တွေ နစ်မြုပ်တဲ့အထိ သိသာတဲ့ ရေကြီးမှုတွေ မကြုံရသေးဘဲ မကြာခင် ရေကြီးလာမှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်နဲ့ သြဂုတ်လတွေအတွင်းမှာလည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ မြစ်ရေကြီးမှုတွေကြောင့် လူအသေအပျောက်တွေလည်း ရှိခဲ့တာပါ။

ပြီးခဲ့တဲ့လတွေကပဲ သံလွင်မြစ်ရေ မိုးရေ မြစ်ရေ ကြီးမှုတွေ ရှိခဲ့ပြီး လက်ရှိအခြေအနေမှာတော့ ဒုဌဝတီမြစ်နဲ့ ဧရာဝတီမြစ်၊ သံလွင်မြစ်ရေကြီးမှုတွေနဲ့ ကြုံနေရတာလည်း ဖြစ်ပါတယ်ရှင်။

မအေးအေးမာ (ဗွီအိုအေ)

Posted: 13 Sep 2013 09:13 PM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ဟန်ဂေရီခရီးစဉ်မှာ ဟန်ဂေရီသမ္မတ Janos Ader နဲ့တွေ့ဆုံခဲ့သလို ဟန်ဂေရီ စီးပွားရေးတက္ကသိုလ်မှာလည်း တော်လှန်ရေးမှသည် ပြန်လည်တည်ဆောက်ရေးဆီသို့ ဆိုတဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟန်ဂေရီခရီးစဉ်နဲ့ ပတ်သက်လို့ ဟန်ဂေရီဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားတဲ့အကြောင်းကို မမေစန္ဒီက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မနက်ပိုင်းမှာ ဟန်ဂေရီနိုင်ငံ၊ ဘူဒါဘတ်စ် မြို့တော်ကို ပိုလန်နိုင်ငံကနေတဆင့် ဆိုက်ရောက်ခဲ့ပါတယ်။ ဟန်ဂေရီ ပါလီမန်ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်အရ ရောက်ရှိခဲ့တာပါ။ အဲဒီနောက် ဟန်ဂေရီသမ္မတ Janos Ader - ပါလီမန်ဥက္ကဋ္ဌတို့နဲ့ သီးခြားတွေ့ဆုံပြီး အရေးကြီးတဲ့ ပုဂ္ဂိုလ်များနဲ့အတူ နေ့လည်စာသုံးဆောင်ခဲ့ပါတယ်။

ဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟန်ဂေရီစီးပွားရေးတက္ကသိုလ်မှာ မိန့်ခွန်း တက်ရောက်ပြောကြားခဲ့ပါတယ်။ သူဟာ ဟန်ဂေရီသမ္မတနဲ့ တွေ့ဆုံရာမှာ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်ဆိုတာကို ဟန်ဂေရီနိုင်ငံ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zsolt Nemeth က ရှင်းပြခဲ့ပါတယ်။

“ဟန်ဂေရီလို ကွန်မြူနစ်နိုင်ငံဟောင်း ဥရောပနိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေကို ခေါင်းဆောင်နှစ်ဦးတို့ ဆွေးနွေးကြပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ ဘယ်လိုကူးပြောင်းကြသလဲ ဆိုတာတွေပါ။ ဒီအခြေအနေတွေဟာ ဥရောပအလယ်ပိုင်း နိုင်ငံတွေနဲ့ မြန်မာနိုင်ငံတို့ကို အတော်နီးကပ်စေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

ဒီလိုအတွေ့အကြုံမျိုးတွေ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခွင့်ရတဲ့အတွက်လည်း ကျနော်တို့ ဝမ်းသာပါတယ်။ သူမရဲ့ ကြိုးပမ်းမှုတွေအတွက် ဥရောပ အထူးသဖြင့် ဥရောပအလယ်ပိုင်းနိုင်ငံတွေရဲ့ အကူအညီကို ကမ်းလှမ်းခွင့်ရလို့လည်း ဝမ်းသာပါတယ်။ ဒီအသွင်ကူးပြောင်းရေးတွေဟာ နောက်ပြန်မလှည့်နိုင်တဲ့အဆင့်ကိ
ု မကျော်လွန်နိုင်သေးဘူးလို့ သူမထောက်ပြတာကိုလည်း ကျနော်တို့ သဘောတူပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စကိုလည်း ပြောဆိုကြပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုလည်း ဆွေးနွေးကြပါတယ်။”

ဟန်ဂေရီစီးပွားရေးတက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့
တဲ့ “တော်လှန်ရေးမှသည် ပြန်လည်ထူထောင်ရေးဆီသို့” - ဆိုတဲ့ မိန့်ခွန်းကိုလည်း ဒုတိယဝန်ကြီး Nemeth က တက်ရောက် နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။
“သူဟောပြောတဲ့ခေါင်းစဉ်က ‘From Revolution to Reconstruction’ ဖြစ်ပါတယ်။ မြန်မာပြည်အရေးကို လွန်ခဲ့တဲ့ ၂၅ နှစ်တာ လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲဟာ အရေးကြီးတဲ့အဆင့်တစ်ရပ်ဖြစ်တယ်
လို့ သူက ယူဆထားပါတယ်။ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး သဘောတူညီမှုရအောင် ညှိနှိုင်းနိုင်ကြမယ် ဆိုရင် ဒီအဆင့်ဟာ အရေးပါတဲ့အဆင့်တစ်ရပ်ပဲလို့ ဆိုပါတယ်။ ဒီလို ဖွဲ့စည်းပုံကိစ္စ ပြေလည်မှုရရင် ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တကယ့် ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာကျော် အကြမ်းမဖက်ရေး Non-Violence ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့လည်
း ဟန်ဂေရီ ဒုတိယဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

“သိပ်ကို ဂုဏ်ယူပါတယ်။ သူမဟာ ထူးချွန်ပြောင်မြောက်တဲ့သူပါ။ သူမရဲ့ အကြမ်းမဖက်လမ်းစဉ်ဟာ ကမ္ဘာအနှံ့ ကျယ်ပြန့်ပါတယ်။ အမေရိကန်ပြည်ထောင်စုက မာတင်လူသာကင်းတို့၊ အိန္ဒိယနိုင်ငံက မဟတ္တမဂန္တီတို့လို ပုဂ္ဂိုလ်ပါ။ သူမကို ဒီ ဟန်ဂေရီနိုင်ငံကို ဖိတ်ခေါ်ပြီး သူမရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုခွင့်ရတဲ့အတွက် ကျနော်တို့ အထူး ဝမ်းသာပါတယ်။”

ဟန်ဂေရီ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zsolt Nemeth ဗွီအိုအေ မြန်မာပိုင်းကို ရှင်းလင်းပြောကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ ချက်နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်ရှင်။

မေစန္ဒီ (ဗွီအိုအေ)

Posted: 13 Sep 2013 09:07 AM PDT

ရွှေဘို၊ စက်တင်ဘာ ၁၃ ရက်

ရွှေဘိုမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ဂေါက်ကွက်ကွင်းလမ်းမကြီးပေါ်တွင် ယခုလ ၁၁
ရက်နေ့ည ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က အမည်မသိလူငယ်နှစ်ဦး
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ ရရှိဒဏ်ရာများရရှိပြီး ထိုအရပ်၌
သေဆုံးလျက်ရှိကြောင်း ဒေသခံပြည်သူ များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာအရပ်သို့ အမှတ်(၄) တပ်မတော် တပ်သားသစ်
စုဆောင်းရေးတပ်မှ တပ်ကြပ်ကြီး ဦးခင် မောင်လတ်၊ ဦးဇော်နောင်၊နှင့်
ဦးစိုးအောင် ဆိုသူတို့မှ သွားရောက်ကြည့်ရှု့ခဲ့ကြသည်။ ထိုသူတို့၏
ပြောချက်များအရ “ ဂျိမ်းကနဲ ” အသံကြီးကြား၍ ပြင်ပသို့
ထွက်ကြည့်ခဲ့ခြင်းဖြစ်သည်ဟုဆို
သည်။
ထိုသို့ကြည့်ရှု့ခဲ့ရာတွင် ထနောင်းပင် သုံးပင်အကြား၌ TOYOBO – 125
အမျိုးအစား အနက်ရောင် ဆိုင်ကယ်တစ်စီင်္း ရောက်ရှိနေသည်ကို မြင်တွေ့ကြပြီး ၎င်း
ထနောင်းပင်များ၏ အရှေ့ဘက်နေရာတွင် နဖူးပေါက်ပြဲ၊ ၀ဲမျက်လုံးဖုယောင်၊
ခြေသလုံး ပွန်းပဲ့ဒဏ်ရာများဖြင့် လူငယ်တစ်ဦးသေဆုံးလျက်ရှိနေသည်
ကို
မြင်တွေ့ခဲ့ရသည်ဟုဆိုသည်။ ထို့နောက် ထနောင်းပင်များ၏ အနောက်ဘက်နေရာတွင်
ပါးစပ်၊ နှာခေါင်း သွေးထွက်ဒဏ်ရာများဖြင့်  လူငယ်တစ်ဦးသေဆုံးလျက်ရှိ
နေသည်ကို ထပ်မံ၍ တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများမှ ပြောသည်။

ယာဉ်တိုက်မှုဖြင့် သေဆုံးနေသူများဟု ယူဆရသူ ထိုလူငယ်နှစ်ဦးမှာ
မည်သူမည်ဝါဖြစ်သည်ကို မှတ်ချက်ပြုရန် လာ ရောက်ကြည့်ရှု့ကြသည့်
ရွှေဘိုဒေသခံများမှ ခွဲခြား၍မသိနိုင်ဟု ဆိုသည်။ ထို့ကြောင့်လည်း
အခင်းဖြစ်အရပ်သို့ ရောက်ရှိနေ သည့် ရဲအရာရှိမှ အမည်မ သိ
လူငယ်နှစ်ဦးသေဆုံးလျက်ရှိနေသည်
ကို တွေ့ရှိရကြောင်းဟု မှတ်တမ်းများ၌
ရေးမှတ်ယူ ဆောင်သွားခဲ့သည်။ သေဆုံးသူ လူငယ်နှစ်ဦးမှာ
မည်သူမည်ဝါဖြစ်ကြောင်း ဆက်လက်၍ စုံစမ်းဖော်ထုတ်နိုင်ရန် အတွက် ယခုလ ၁၂
ရက်နေ့ မနက် ၂၅ မိနစ်အချိန်ခန့်က အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အား
ရွှေဘိုမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၁ /၂၀၁၃ အရ အမှုရေး
ဖွင့်ခဲ့သည်ဟု ရဲစခန်းနှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ထိုသတင်းအား သီးခြားသတင်းအတည်ပြုချက်ရယူနို
င်ရန် ရွှေဘိုမြို့မရဲစခန်းသို့
အကြိမ်ကြိမ်ဖုန်းဆက်သွယ်ခဲ့သော်
လည်း ခေါ်ဆို၍ မရသဖြင့်
ဆက်လက်ကြိုးစားလျက်ရှိသည်။

အမည်မသိလူငယ်နှစ်ဦး အသက်သေဆုံးခဲ့ရသည့် အဆိုပါ
ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ပျက်စီးဆုံးမှု
ကာလတန်ဘိုးများ တွက်ချက်ရာတွင် ပျက်စီးဆုံးရှုံးမှုတန်ဘိုးမှာ ငွေကျပ်
ငါးသောင်းခန့်ရှိသည်ဟု မှတ်တမ်းရယူထားပြီး ဆိုင်ကယ်နှင့် ပတ်သက်၍လည်း
ယာဉ်မှတ်ပုံတင်ရှိ၊ မရှိတို့ကို ဆက်လက်၍ စီစစ်လျက်ရှိကြောင်း
ရဲစခန်းနှင့် နီးစပ်သူတစ် ဦးထံမှ စုံစမ်းသိ ရှိရသည်။

ရဲထုံးစံကတော့ အမှုကြီးတက်မှာမို့ သေမှုသေခင်းခံပြီးအမှုဖွင့်တယ်ဆို
တာ
လူသတ်မှုလောက်ပဲရှိတယ်။ ဒါတောင် ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၃၂၆
လိုဟာမျိုးပဲခံပြီးဖွင့်ပါတယ်..
။ ယာဉ်တိုက်မှုဟာ ယာဉ်တိုက်မှုပဲဖြစ်ရမှာပါ။
ဘာကြောင့် သေမှုသေခင်းဖွင့်တယ် ဆိုတာ နားမလည်နိုင်အောင်ဖြစ်ရပါတယ်ဟု
ရဲအပတ်စဉ် ၁၀ မှသင်တန်းဆင်းခဲ့သည့် ရဲမှူးကြီး (ငြိမ်း)တစ်ဦးမှ ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရဲစခန်းမှ တရားစွဲဆိုရန်အတွက် ရွှေဘိုမြို့နယ်
ဥပဒေရုံသို့ ဥပဒေအကြံပြုချက်များ တောင်းခံသည့် အခါ ဥပဒေရုံးမှ မည်ကဲသို့
အကြံပြုချက်များ ပြန်ကြားမည်ကို ဒေသခံ ဥပဒေပညာရှင်မှ
အထူးစိတ်ဝင်စားလျက်ရှိကြောင်း တရားလွှတ်တော် ရှေ့နေကြီးတစ်ဦးမှ
မှတ်ချက်ပြုပြောကြားသည်။

သတင်း၊ ကိုစိုးမိုးထွန်း(မုံရွာ)
by Myanmar News Now

Posted: 13 Sep 2013 09:06 AM PDT

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာ ဒေသခံအမျိုးသမီး ၃ဝ လောက်က ဒလမြို့နယ်အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေများနေတာကို ထိထိရောက်ရောက် အရေးယူပေးဖို့ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဒလမြို့ ရာဇသင်္ကြန်ဘုရားကြီးရှေ့ကနေ မြို့လယ်နာရီစင်အထိ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့တာလို
့ ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ မလှလှမြင့်က အခုလိုပြောပါတယ်။
“အဓိကကတော့ အမျိုးသမီးတွေ ကာကွယ်စောင့်ရှောက်ရေးပေါ့နော်၊ အခုရပ်ကွက်တွေမှာ အမျိုးသမီးတွေ မုဒိန်းမှုတွေ တအားဖြစ်လွန်းအားကြီးတယ်၊ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေကို ကာကွယ်လို့ရအောင်ဆိုပြီးတော့၊ နောက်ကလေးတွေ ကာကွယ်စောင့်ရှောက်ရေးအတွက်ဦး
တည်ပြီး ကျမတို့ဆန္ဒပြရခြင်းဖြစ်ပါတယ်”
ဒလမြို့အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေအပြင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ သိသိသာသာ များပြားလာနေတယ်လို့ ဆန္ဒပြသူအမျိုးသမီးတွေက ပြောပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒလမြို့ခံအမျိုးသမီးနဲ့ ကလေးငယ်တွေ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

RFA Burmese


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...