Monday, September 23, 2013

*** ခင်ပွန်းကောင်းဆိုတာ ***


ချီကာဂို နိုင်ငံရှိ the University of Illinois တက္ကသိုလ်မှ စိတ်ပညာပါရဂူ တစ်ဦးဖြစ်သူ
 ဒေါက်တာ Sheela Raja ရဲ့ အကြံပြုချက် လေးကို မျှဝေလိုက်ပါရစေ။
ဒေါက်တာ့ဆီ စိတ်ပိုင်းဆိုင်ရာဖြေသိမ့်မှုအတွက် လာရောက်ဆွေးနွေး တိုင်ပင်ကြတဲ့ အိမ်ထောင်ရှင်အမျိုးသမီးအများစုကို လေ့လာကြည့်တဲ့အခါ၊ ခင်ပွန်းဖြစ်သူရဲ့ လစ်လှူရှုခံကြရ
သူများဖြစ်ကြပါတယ်တဲ့။
အိမ်ထောင်ရှင်မတွေက အိမ်မှုကိစ္စဗာဟီရများ၊ သား သမီးတာဝန်များ၊
ဆွေမျိုးကိစ္စများအပြင် ၀င်ငွေနဲ့ ထွက်ငွေမျှတအောင် စီမံခန်
့ခွဲရတာတွေကြောင့် စိတ်ဖိစီးမှုများပြားကြရပါ တယ်။
(မောင်တထမ်းမယ်တရွက်ဆိုသလို အပြင်အလုပ်ထွက်လုပ်ရသူ ဇနီးသည်များမှာတော့
ပိုမိုဝန်ပိစေပြန်ပါတယ်) အဲဒီအ ချိန်မှာ ခင်ပွန်းသည်ရဲ့ 
အမှတ်မထင်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ ဇနီးသည်ကို
စိတ်ဒဏ်ရာဖြစ်သွားနိုင်စေသလို၊ ခင်ပွန်းရဲ့  စ ကားတစ်ခွန်းကြောင့်
တနေကုန်စိတ်ပင်ပန်းတာတွေပြေပျောက်ပြီး အစွမ်းထက်တဲ့
ဗီတာမင်အားဆေးတဖုံသောက်လိုက်ရသလို အားပြည့်လန်းဆန်း လာစေနိုင်ပါတယ်။
ဒေါက်တာရဲ့ လေ့လာစမ်းစစ်ချက်များအရ၊ ခင်ပွန်းသည်ရဲ့  အရေးတယူ
ကျေးဇူးတင်စကားလေးတစ်ခွန်းက ဇနီးဖြစ်သူကို စိတ် ပိုင်းဆိုင်ရာ
တိုးတက်ကောင်းမွန်လာစေပြီးတော့ ညဘက်နှစ်ခြိုက်စွာအိပ်ပျော်စေကာ
စိတ်ကျရောဂါနဲ့ ခေါင်းတခြမ်းကိုက်ရောဂါ တွေပါ
သိသိသာသာလျော့ပါးသွားစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ခင်ပွန်းကောင်းဆိုတာ
၂-ယောက်ထည်းရှိနေချိန်မှာ မိမိ ဇနီးကိုမကြာခဏဆိုသလို “ မင်း ကတော့ ဒို
့မိသားစုအတွက်မရှိမဖြစ်ဘဲကွာ၊ မင်းရှိလို့ သာပေါ့၊ မင်းလည်းတော်တော်
ပင်ပန်း နေပြီနော် ” စတဲ့ စကားလေး တခွန်းဖြင့် ကျေးဇူးတင်စကားပြောပေးဖို
့နှုတ်မနှေးကြပါနဲ့ လို့  ဒေါက်တာက အကြံပြုထားပါတယ်။ ဒီလိုဂရုစိုက်
စကားလေးတွေကြောင့် ဇနီးသည်အတွက်သာမက၊ ခင်ပွန်းဖြစ်သူအတွက်ပါ
အိမ်ထောင်ရေးသုခဖြစ်စေမှာပါတဲ့။
ခင်ပွန်းကောင်းဆိုတာ….
• နံက်အိမ်ယာထတဲ့အခါ “ မင်းနေကောင်းလား၊ ကျန်းမာရေးဂရုစိုက်နော် ”
စိုးရိမ်စကား ပြောပေးတတ်သူ။
• နံက်စာစားတဲ့အခါ “ ကော်ဖီ ၁-ခွက် ကို ၂-ယောက် တူတူသောက်ကြရအောင်ကွာ ”
မျှဝေခံစားတတ်သူ။
• နံက်စာ ပြင်ဆင်(သို့ မဟုတ်)စားသောက်ပြီးတဲ့အခါ
ပန်းကန်ခွက်ယောက်ကူသယ်/ကူသိမ်းပေးတတ်သူ။
• ထမင်းစားတဲ့အခါ
“လက်ရာကတော့ရှယ်လ်ဘဲ…ယောကျာ်းအကြိုက်သိတဲ့မိန်းမ..ငယ်ငယ်တုန်းကစားခဲ့တဲ့
မေမေ့လက် ရာ အတိုင်းဘဲ” ချီးမွမ်းမြှောက်ပင့်ပြောတတ်သူ။
• အလုပ်သွားခါနီးတိုင်း အိမ်နောက်ဖေးမှာအလုပ်ရှုပ်နေတတ်တဲ့
ချစ်ဇနီးကိုမတွေ့ တွေ့ အောင်ရှာပြီး “မေကြီးရေ.. အလုပ် သွားပြီကွာ” လို
့အရေးတယူနှုတ်ဆက်တတ်သူ (လူလစ်ရင် အနမ်းဖြင့်နှုတ်ဆက်တတ်သူ)
• နေ့ လည်ဘက် ထမင်းစားချိန်(သို့ မဟုတ်)အားလပ်ချိန်မှာ ဖုန်း(သို
့မဟုတ်)ဖုန်းမတ်ဆေ့ခ်ျဖြင့် “မိန်းမရေ.. ဘာတွေ လုပ်နေတုန်းကွာ
ဒီမှာညောင်းနေလို့ ဇက်ကြောလေးလာဆွဲပေးပါဦး ” အရွှန်းဖောက်တတ်သူ။
• အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ မိသားစုအတွက် စားစရာလေးဖြစ်ဖြစ် ၀ယ်လာတတ်သူ။
• ညစာစားပြီး “ မင်းနာပါကွာ…ကိုယ်ပန်းကန်တွေဆေးလိုက်မယ်လေ”
(တကယ်မဆေးဖြစ်ပေမယ့် ဆေးတော့မယ်ဟန် လုပ်ပြလိုက်ပါဦး)
• ကလေးတွေ အိမ်စာလုပ်ပြီး/မပြီး စာကူစစ်ပေးတတ်သူ။ အလုပ်မှာ
ဘယ်လောက်ပင်ပန်းပင်ပန်း ကလေးကို ညအိပ်ယာ ၀င်ပုံပြင် ပြောပြတတ်သူ။
• မိမိအလုပ်နဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူကို ကောင်း၏/ဆိုး၏/ပျော်၏/စိတ်ညစ်၏…
ရင်ဖွင့်ပြောပြတတ်သူ။
• ဇနီးသည်ကို စိတ်ဝင်စားမှုရှိသူ/နွေးနွေးထွေးထွေးပွေ့ ဖက်တတ်သူ (လင့်ဝတ္တရားကျေသူ)
• ဆွေမျိုးများ နဲ့  အပေါင်းသင်းမိတ်ဆွေတွေရှေ့ မှာ ဇနီးသည်ကို ဖေးဖေးမမ
ဂရုစိုက်ပြတတ်သူ။
• သားသမီးတွေ ရှေ့ မှာ “ မင်းတို့ မေမေက ကျေးဇူးရှိတယ်နော်
မေမေ့စကားနားထောင် မေမေ့ကို စိတ်ညစ်အောင် မလုပ် ရဘူး” လို့  မကြာခဏ
ပြောပေးတတ်သူ။
• ဇနီးသည် အလုပ်ရှုပ်နေတဲ့အခါ ကလေးတွေကို အဖော်ပြုပေးတတ်သူ။
• အလုပ်ပိတ်ရက်တွေမှာ အခါအားလျော်စွာ မိသားစုကို သီးသန့် အချိန်ပေးပြီး
အပြင်ထွက်လည်ပတ်ပေးတတ်သူ။

အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀ပိုင်ဆိုင်ကြပါစေလို့  ဆန္ဒပြုရင်း။

(စေတနာများစွာဖြင့်……ပေါက်ပေါက်)

--
*promise.pauk*
*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို
့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

24-09-2013 နေ့ ထုတ် ပြည်ထောင်စုသတင်းစာင် မှာဖော်ပြခံရတဲ့ဆောင်းပါးလေးပါ။
FB မိတ်ဆွေများ အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀ပိုင်ဆိုင်ကြပါစေလို့  ဆန္ဒပြုရင်း။

(စေတနာများစွာဖြင့်……ပေါက်ပေါက်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...