Sunday, June 24, 2012

အရိုးပွရောဂါ အကြောင်း ( Osteoporosis အော့စတီရိုပရိုးဆစ် )


အော့စတီရိုပရိုးဆစ် ဆိုတာဟာ အရိုးတွေကို အားနည်းစေပြီး ရုတ်တသို့ သို့မဟုတ် မမျှော်လင့်တဲ့ အရိုးကျိုးခြင်း ဖြစ်ပွားစေမှု များစေ တဲ့အခြေအနေတစ်ခုဖြစ်ပါတယ် ။ အရိုးရဲ့သိပ်သည်းဆ ဆုံးရှုံးမှု ကို များစပြေီး အရိုးရဲ့ သန်မာမှုကို လျော့နည်းစေခြင်းကို ဆိုလိုပါတယ် ။ ဒီရောဂါဟာ တခါတရံမှာ ဘာလက္ခဏာ မှမပြပဲ ဘယ်လိုနာကျင်မှုမှမပြပဲနဲ့ ပိုပိုဆိုးရွားလာတတ်တာလည်းရှိပါတတ်ပါတယ်။ ယေဘူယျ အားဖြင့်တော့ လူနာဟာ အရိုးကျိုးခြင်းမှ တဆင့် နာကျင်ခြင်းကို ခံစားရခြင်း မတွေ့ကြုံရသမျှ အဲဒီလို အ ရိုးပွရောဂါ ဖြစ်နေပါတယ်လို့ သိရှိကြတာအလွန်ပင်နည်းပါကြပါသည် ။ အထူးသဖြင့် ဒီလို နာကျင်ခြင်းဟာလည်း ခါးနာခြင်း သို့မဟုတ် တင်ပဆုံရိုးမှာ နာခြင်းကို ကြုံတွေ့ရတတ်ပါတယ်။ အကယ်၍ သင့်မှာ အရိုးပွရောဂါကြောင့် ကျိုးဖူးတယ်ဆိုရင်တော့ နောက်ဆက်တွဲ တခြား အရာတွေပါဖြစ်ဖို့များနေပြါ့ပီ ။ သင့်မှာ အရိုးပွရောဂါရှိတယ်ဆိုရင်တော့ ကုသခြင်းကြောင့် အရိုးဆက်လက်ဆုံးရှုံးခြင်းတော့ နည်းပါးသွားသည် ။


ဘာကြောင့်များ အရိုးပွ ရောဂါဖြစ်တာလည်း ? မေးစရာရှိပါလိမ့်မည် .......

ဒီ အရိုးပွရောဂါ ဘာကြောင့်ဖြစ်ရတာလည်းဆိုတာ တိကျသေချာမသိရှိနိုင်ပေမဲ့ ဒီရောဂါ ဘယ်လို ဖြစ်ပွားပြီး ဘယ်လို ဆိုးရွားလာတယ်ဆိုတာတော့ ကောင်းကောင်းသိနေကြပါသည် ။ လူသားများရဲ့ အရိုးတွေဟာ ရှင်သန် ကြီးထွားနေသော တစ်ရှူးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားကြပါတယ် ။ ရေမြှုပ်သဏ္ဍာန်ရှိတဲ့ အရိုး သို့မ ဟုတ် trabecular bone ကို သိပ်သည်းတဲ့အရိုးသို့မဟုတ် cortical ရဲ့ အပြင်ဖက် အလွှာကနေ ဖုံးအုပ်ထား ပါတယ် ။ အကယ်၍ အရိုးဟာ အရိုးပွရောဂါကြောင့် အားနည်းလာပြီဆိုရင်တော့ ရေမြှုပ်သဏ္ဍာန် တွေထဲက အပေါက်ကလေးတွေဟာ ကြီးသထက်ကြီးလာပြီး များသထက်များလာပါတယ် ။(တင်ပြပေးထားသောပုံ ကြည့် ရှုလိုက်ပါ) ဒီလိုများလာတဲ့အခါမှာတော့ အရိုးရဲ့အတွင်းပိုင်းဖွဲ့စည်းမှုကို အားနည်းစေလာပြီဖြစ်ပါတယ် ။

လူသားတွေရဲ့  အသက် ၃၀ အရွယ်အထိ လူဟာ ယောင်္ကျားဖြစ်စေ မိန်းမဖြစ်စေ အရိုးကို ပုံမှန် ဖြစ်မြဲအတိုင်း ဆက်လက်ပြီးတည်ဆောက်နိုင်ကြပါတယ် ။လူသက်တမ်း အသက် ၃၅ နှစ်ကျော်သွားပြီဆိုရင်တော့ အရိုးတည်ဆောက်မှုဟာ ရပ်တန့်သွားပြီး အရိုးရဲ့ သိပ်ဆည်း ဆတွေဟာ လည်းရောနည်း ဆုံးရှုံးလာပြီဖြစ်ပါတယ် ။ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် ဆက်လက်မတည်ဆောက်နိုင်တော့လို့ ပါ ။ ဒီလိုအရိုးဆုံးရှုံးမှုဟာ သတ်မှတ်ထားတဲ့ အခြေအနေတရပ် သတ်မှတ်ချက်Point တစ်ခု ကိုရောက်ပြီဆိုတာနဲ့ အဲဒီလူမှာ အရိုးပွခြင်း Osteoporosis ရောဂါလို့  ပြောနိုင်ပါသည် ။ အရိုးပွခြင်း သို့ မဟုတ် အရိုးပွရောဂါ စတင်ဖြစ်ပေါ်နေပြီဆိုတာ ပြောဆိုလို့ ရနိုင်ပါသည် ။ ဒီအရိုးပွရောဂါသည် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားကြောင်းကို သုသေသနစာတမ်းများတွင် ဖော်ပြထားရှိပါသည် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...