Friday, June 15, 2012

မြန်မာနိုင်ငံက Gold Rush-- ရွှေတူးသမားတို.ရဲ. ဘ၀၊ သူတို.၏ အသံ။ Where is the the Chance for a Second Gold Rush(agriculture)?


by Aye Aye Soe Win on Friday, June 15, 2012 at 10:30pm 


အင်ဒိုနီးရှား မှာ ကမ္ဘာပေါ်မှာ သြချယူရလောက်တဲ. ရွှေ သိုက်တွေ ရှိတယ်။ရုရှားက ဒုတိယလိုက်တယ်။အာဖရိကမှာတော. တူးလာတာ နှစ်တွေ  ကြာပြီမို. အရင်လောက် မထွက်တော.ဘူး၊ အမေရိက ကတော. အာဖဂန်နစ်စတန်က သတ္တုသိုက်ရိုင်းတွေကို မျက်စေ.ကျနေတယ်။ ထူးခြားတာက အာဖဂန်၊ မြန်မာပြည် မြောက်ပိုင်းနဲ. တနင်္သာံ၇ီ၊ ပြီးတော. အင်ဒိုနီးရှားက မြေကြောတွေက ဆက် နွယ်မှုရှိနေတယ်။ ခုထိတော. မြန်မာပြည်က ရွှေ တူးသမိုင်းက ထိပ်တန်းလှို.၀ှက်ချက် တခုလိုပဲ။


Papuan strikes------ ကမ္ဘာပေါ်မှာ အကြီးဆုံးရွှေမိုင်း လို. သတ်မှတ်ခံ ရတဲ. ပေါပူန် ဒေသက အင်ဒိုနီးရှားရွှေလုပ်သားတွေ မနှစ် က ၂၀၁၁ ဂျူလိုင် မှာ ဆန္ဒပြကြတယ်။ သူတို.ရဲ. တောင်းဆိုသံတွေ ကို BBC  CBS TV and radio-Washington Times, New York Times တွေမှာ မနှစ်က ဒီအချိန်လောက်မှာပဲ  ကြားခဲ.ရတယ်။ ဖတ်ခဲ.ရတယ်။ အလားတူပဲ ဒစ်ဂျစ်တယ် ကင်မရာတွေ၊ ခိုးထုတ်တဲ. ဗွီဒီယိုတွေ ကြောင်. ဖြစ်နေတဲ. အခြေအနေတွေ ကို ကမ္ဘာကြီးက သိခဲ.ရတယ်။ အင်ဒိုနီးရှားရွှေလုပ်သားတွေရဲ. ဘ၀အခြေအနေက တောကြီးမျက်မဲထဲမှာ ကျောက်ခေတ်ကလို နိမ်.ကျ လွန်း၊ အခွင်.အရေးမဲ.လွန်းလှပါတယ်။ သတင်းထောက်တွေ ဦးဒဟို ခြေပေါက်မသွားနိုင်တဲ. နေရာ မှာ ဒီရွှေမိုင်းကြီး တည်ရှိတာက အကြောင်းတခုဖြစ်ပါတယ်။  ၁၁ လကြာတဲ. အခါ  ဒီနှစ် ၂၀၁၂ ဂျွန်လ ဆန်းပိုင်းလောက်ကစပြီး၊  မြန်မာပြည် က ရွှေလုပ်သားတွေက လည်း ဆန္ဒပြနေကြ တဲ. သတင်း ကို facebook ပေါ်က စသိ ခဲ.ရပါတယ်။ အင်ဒိုနီးရှားလောက် တောမနက်တဲ.  မြန်မာနိုင်ငံက ပိုဆိုးနေပြီး ဘာဆိုဘာမှ အတိအကျ မြင်ခွင်.ကြားခွင်. မရှိနိုင်လောက်အောင် ပိုပြီးမှောင်၊  ပိုပြီး တော နက်နေသလားပဲ။

အမှန်တရားလိုလားသူတွေ၊တဖက်သားရဲ. ဒုက္ခဆင်းရဲ ကို ကိုယ်ချင်းစာတတ်သူတွေ၊ ဘယ်စာအုပ်ဘယ်ဝါဒကိုမှ ကိုးကားစရာမလိုပဲ လူသားအချင်းချင်းကြားမှာရှိရမဲ. လူမှုစီးပွားမျှတခြင်းဆိုတဲ. ပေတံနဲ.သာ မိမိ နိုင်ငံရဲ. ယဉ်ကျေးမှု အစစ် ကို တိုင်းတတ် မြင်တတ် သူတွေ ကြားမှာ တကယ် ရင် ခုန်စရာကောင်းတဲ. အလုပ်သမားတိုက်ပွဲသတင်းတွေ ပဲဖြစ်ပါတယ်။

 အင်ဒိုနီးရှားကပေါ.ပူးန် ရွှေတွင်းတွေ က လူသူမရောက်တဲ. အလွန်ခက်ထန်ကြမ်းတန်းတဲ.တောကြီးမျက်မဲ မှာ တည်ရှိတာဖြစ်ပါတယ်။ မိုင်းပိုင်တဲ. ကုမ္ပဏီက အရီဇိုးနားက အမေရိကန် Freeport-McMoRan's ရွှေနဲ. ကြေးနီ တူးဖေါ်တဲ. သူတွေပါ။ အင်ဒိုနီးရှားလို စစ်ဗိုလ်ချုပ်တွေ အကြီးအကျယ် လပ်စားတဲ.နေရာမှာ Freeport Firm က တကဲ. power player လို.ပြောရင် ရပါတယ်။ အင်ဒိုနီးရှားရွှေ လုပ်သားတွေ ရဲ.  တနာရီ လခ က ၁.၈ ဒေါ်လာသာဖြစ်ပါတယ်။ ဒီတော. အင်ဒိုနီးရှားရွှေ လုပ်သားတဦးဟာ တနေ. ကို ၁၆--၂၀ ဒေါ်လာပဲ ရတယ်။ တွက်လိုက်ရင် သူတို. တလ လုံးလုပ်တဲ.လစာက ၂၅၀--၃၀၀ ဒေါ်လာ ပတ်ဝန်းကျင်ဖြစ်မယ်။ သူတို.ဆန္ဒပြကြတော. Freeport လုပ်ငန်းကြီး တခုလုံး လုံးဝရပ်သွားတာဖြစ်တယ်။  အရင် ဆယ်စု နှစ်တွေ ၁၉၉၈ အထိ ဆူဟာတို လက်ထက်မှာဗိုလ်ချုပ် ဆိုးကြီးတွေ၊ဒေသခံ ရဲမင်းတိုင်းမှုး ခရိုင်မှုး တွေ ကို အကြီးအကျယ် လပ်ထိုးပြီး အကာအကွယ်ယူ စီးပွားရှာခဲ.တဲ. Freeport ကုမ္ပဏီရဲ. ရွှေကြမ်းတင် သင်္ဘောံကြီးတွေ၊ ထရပ်ကားတွေ၊ လည်ပတ်မှုတွေအားလုံးဟာ ၂၀၁၁ နွေမှာ အလုပ်သမားသပိတ်တွေကြောင်.  ရပ်တန်.သွားခဲ.ပါတယ်။ ဒါ အင်ဒိုနီးရှား မှာ မနှစ်က ဂျူလိုင်က ဖြစ်ခဲ.တာပါ။ 

ကျမတို.နိုင်ငံက မြန်မာ ရွှေလုပ်သားတွေက ပိုခေါင်းပုံဖြတ်တာခံရပါတယ်။ သေအောင် ပင်ပင်ပန်းပန်းလုပ်ပါမှ တလလုံး ၄၅--၆၀ ဒ်ါလာ (၅၀၀၀၀ ကျပ်) ပတ်ဝန်းကျင်ရ တာပါ။ ဒီ လို အလွန်နည်းပါးတဲ. ကျွန်လစာ ကိုတောင်ရက်စက်စွာဖြတ်တောက် ပြီး  အလုပ်သမား၁၀၀၀၀ ကျော် ကို အလုပ်တွေ ရပ်ခိုင်း၊ သူတို.ကို မစာနာ၊ သူတို. ဘ၀၀မ်းစာရေးကို တရုတ်နဲ.လုပ်ထားတဲ. ကန်ထရိုက်တွေ ကြောင်. ပစ်ပယ်လိုက်တဲ. ရွှေတွင်းပိုင် ခရိုနီတွေ၊ စစ်ဗိုလ်ချုပ်တွေ ကြောင်. သာ ရမည်းသင်းရွှေလုပ်သားများ နေပြည်တော်သို. ချီတက်ပွဲ ဆိုတဲ. ရဲရဲ တောက် ပထမခြေလှမ်းကို  ကြားခဲ.ရတာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ လူ ၂၀၀၀ ကို ပိတ်ဆို. ထားတဲ. ရုပ်ဆိုးဆိုးလုံထိန်းတွေ ရဲ. ခရိုနီထိ  ဒါးကြည်.ဆိုတဲ.ဒီဇိုင်း တွေ ကို လည်းfacebook က တက် လာတဲ. ဓါတ်ပုံ အချို.ကတဆင်. သိခဲ.ရတာ ဖြစ်ပါတယ်။ စဉ်းစားလို.ကိုမရဘူး။ ဒုက္ခသည် ပြည်သူလူထုကို သူတို.က ရန်သူ တွေလိုပဲ အမြဲ ရှုမြင်တယ်။

သမရိုးကျတွေးရင် ရွှေလုပ်ငန်းဆိုတာသူဌေးဖြစ်မြန်တဲ.အရာမို. ဆိုတာ ရွှေပေါက်ပြီ လို. စလိုက်တာနဲ.လူတွေက စိတ်ဝင်စားကြတယ်။ ဒါပေမဲ. ဘယ်နိုင်ငံက ရွှေ တူးသမိုင်းကို ကြည်.ကြည်. လောဘသမားတွေ ကိုသာ ဒီလုပ်ငန်းကခေါ်ဆောင်လာတာများပါတယ်။ ။ ရွှေကသာ လောဘအုပ်စုတွေကို ခေါ်လာတာ၊ လောဘသမားတွေကတော. ရွှေ ကို ခေါ်မလာပါဘူး၊ သူတို.ခေါ်လာတာ မညီမျှ တဲ.ပြဿနာတွေသာဖြစ် ပါတယ်။ စီးပွားရေးတခု၊ကုန်ထုတ်လုပ်မှု တခုမှာ ကုန်ကြမ်းအဆင်.ကနေ ကုန်ချောအထိ အဆင်.ဆင်. ထည်.၀င်ရမှုတွေ၊ လူ.နဲ. ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်တွေ၊ အရင်းနဲ.အမြတ် အ၀င်အထွက် အားလုံးအချိုးညီညီမပါဝင်ပဲ တဖက်သတ်ဖြစ်နေ တဲ. လုပ်ငန်းတွေဟာ လူအများစုကို။သဘာဝကို  တိုက်ရိုက်ထိခိုက်စေရုံ ကလွဲလို. ဘာမှ ကောင်းကျိုးမပေးပါဘူး။ ဒါပေမဲ. ကာလိဖိုးနီးယား gold rush မှာတော.ထူးခြားချက် အချို. ရှိခဲ.တယ်။

ကာလီဖိုးနီးယား ရွှေ အလုအယက်ရှာ ကြခြင်း first gold rush ၁၈၄၈-၁၈၅၅။        ။ ရွှေတူးသမိုင်း ကတော.ထူးခြားချက် အချို. ရှိခဲ.တယ်။ ၁၈၄၈-၁၈၅၅ အတွင်း gold rush  က ၁၈၆၅ -၁၈၉၀ ကြားကာလတွေက အနောက်ဖက် ကမ်း တခုလုံးမှာ တိုးတက်ဖြစ်ပေါ်မှုတွေ ကို တိုက် ရိုက် အကျိုးပြုခဲ.တယ်။ တဖန် ၁၈၉၀-၁၉၂၀ အတွင်း မှာ မြောက်အမေရိက တိုက် ရဲ. အတွေးအခေါ်ပိုင်းဆိုင်ရာကဏ္ဍ တွေ ကို ကြည်.ရင် ဒီနိုင်ငံမှာ စိတ်ပိုင်းဆိုင်ရာအတိုးတက်ဆုံးလို. ခေါ်နိုင်တဲ.progressive era ခေတ်တခု ရခဲ. သလိုပဲ။  မညီမျှမှု အသီးသီး အတွက် စာနာမှု အများဆုံး ပါဝင်တဲ. အတွေးအမြင်တွေ ideals တွေ ကို အမြစ်ချပေးတဲ. Progressive era ကို တွန်းပို.တဲ. အကြောင်းတွေများစွာထဲက တခုမှာ အနောက်ဖက်ကမ်းက ပထမ ရွှေ၊  ဒုတိယ ရွှေဖြစ်တဲ. ဒီရွှေ စုနှစ်တွေ ကြားက ထိုးတက်လာတဲ. လူမှုစီးပွား အဆောက် အဦ တွေနဲ. သူတို.ခေတ်ကို ဦးဆောင်နိုင်တဲ. အမေရိကန်ကြီးများရဲ. ခေတ်မှီမှု ခေတ်ရှေ.ပြေး မှုတွေ နဲ. လည်း အများကြီးသက်ဆိုင်တယ်။ အဓိက ကတော. ဥပဒေတွေ၊ စီးမျဉ်းကန်.သတ်ချက်တွေ ကို လူအများစု အကျိုး ကို ကာကွယ်ဖို. အတွက်  စု၊ တု၊ ပြု ခဲ.တဲ. ကာ လ က ၁၈၆၀ ---၁၈၉၀ ကြား နှစ်တွေ ဖြစ်ပြီး ဒီဖက် ၂၀ရာစုနှစ်ရဲ. ထူးခြားတဲ.လူမှုနိုင်ငံရေး ပေါ်လစီ တွေ အတွက် အခြေခံတွေ ကို ၁၈၉၀--- ၁၉၂၀ အတွေးအမြင် နိုးကြားတိုးတက်သော နှစ်တွေ မှာ ပန္တွက် ချ ခဲ.တာ ဖြစ်ခဲ.တယ်။

၁၈၄၈ မတိုင်မီ  အဲဒီ.ကာလက ဆက်ခရိမန်တို ချိုင်.၀ှမ်းမှာ လမ်းကောင်းကောင်းတောင်မရှိ။ ဆန်ဖရန်စစ်စကို က လူ၅၀၀ပဲ ရှိတဲ. ရွာလေးတခု မျှသာ၊ တရားဥပဒေဆိုတာမရှိ။  တောကြီးမျက်မဲလိုဖြစ်နေတဲ. အမေရိကအနောက်ခြမ်းမှာ တနေ. ကို ၂၀၀၀ဒေါ်လာ ပျမ်းမျှဝင်တဲ. လုပ်ကွက်နဲ. ပိုင်ဆိုင်ခွင်.ရှိသူတဦးက သူ. အလုပ်သမားကို တနေ. ၁၀-၁၂ နာရီ အလုပ်ကြမ်းအတွက် ပျမ်းမျှ လုပ်အားခ က ၆--၁၀ ဒေါ်လာသာပေးပ်ါတယ်။ (အဲဒီ. ကာလ က အိမ် တလုံး က ၅၀၀ လောက်ပဲ တန်ပါတယ်) အဲဒီ.လုပ်ခထဲက စားရ လိုအပ်တာဝယ်ရ ခရီးစားရိတ်တွေ ကျန်းမာရေး အတွက်ဖယ်လိုက်ရင် တူးရ ဖေါ်ရတဲ. အလုပ်ကြမ်းသမားတွေ ကဘာမှ မရ ပါဘူး။

အမှန်က သူတို.ဘ၀တွေ က တကယ်ကြမ်းတမ်းပါတယ်။ ဒါပေမဲ. ရွှေ ထွက်လို.သတင်းကြီးနေတဲ. ကာလီဖိုးနီးယားပြည်နယ် က လုပ်ငန်းသစ်တွေ၊ သူဌေး အသစ်တွေ၊ ဘ၀တိုးတက်ဖို. စွန်.စားရွှေ.ပြောင်း နေထိုင်လိုသူတွေ၊ ဖိတ်ခေါ်ခဲ.ပါတယ်။ လွတ်လပ်မှု ကို ရှာ ဖို. အနောက် သို. မျှော်ရာ ဆိုတဲ. စိတ်ကူးက ခြံပိုင်၇ှင် တဦး ရွှေ တွင်းတွေ ထဲ က ရွှေစ လေး တခု ကို မမျှော်လင်.ပဲ သွားတွေ. က စခဲ.တဲ.  California Gold Rush သမိုင်းပါ။  ဘယ်နိုင်ငံမှာမဆို ရွှေမိုင်းတွေ ရွှေ ကြောတွေ ရှိတဲ.နေရာတွေမှာ မြစ်တွေ တောင်တွေကို ဖေါက်ခွဲပြီး စလေတဲ. ကနဦး ရွှေလုပ်ငန်းမှန်သမျှ အားလုံးလိုလို မှာ အကြီးစားလောဘသမားကြီးတွေ အမြဲရှိနေပါတယ်။ အဆင်ပြေတဲ. သူ က ရွှေလုပ်ကွက် မိုင်းတွင်း ဒါတွေကိုပိုင်တဲ. Mine Owners တွင်းသူဌေးတွေ နဲ. သူတို.စီက ၀ယ်ယူတဲ. Merchants ကုန်သည်  တွေက သာ အမြတ်မှန် သမျှ လှည်းနဲ.လှေနဲ. တိုက်ယူ ရ မတတ် ချမ်းသာသွားကြတာပါ။ 

ကာလီဖိုးနီးယားအိပ်မက်။ gold rush ခေတ်ကစတယ်။          ။ရွှေမိုင်းတူး ရွှေရှာ ရွှေတွင်းသူဌေးရောဂါ ပေါ်ပေါ်လေတိုင်း ဒီရောဂါဖြစ်နေတဲ.နေရာတွေ မှာ ဖြစ် ခဲ.တဲ.ရေတို ရေရှည် အကျိုးဆက်တွေ အများကြီးရှိပါတယ်။ အပြောင်း အလဲ တွေ၊ ကောင်းတဲ. social & economic reforms လူမှုစီးပွား တွေဖြစ်တာကိုတော. ဥပဒေလေးစားတဲ.၊ တဖက်စောင်းနငိးအဖြစ်မခံတဲ.၊ ကောင်း မွန် မှန်ကန်တဲ. နိုင်ငံ တွေမှာ ဒါတွေသွားတွေ. ရတယ်။

၁--ပညာတတ်တွေများပြီး ပညာတတ်တွေ က စတယ်။ အဆိုပြု ရလွယ်တယ်။ 
၂--ဖွံ.ဖြိုးရေးလုပ်ငန်းတွေ ကို အများအကျိုးအတွက် လုပ်နိုင်သူ လုပ်ချင်သူ တွေ ထဲမှာ သူဌေး ပညာတတ်တွေနဲ. အစိုးရ ကိုယ်တိုင်က လိုလိုလားလား  ရှိမှု က စတယ်။
၃--အများအကျိုးတွေ၊ လူမှုဖူလုံရေးတွေ၊ လူသားအချင်းချင်းကြားစီးပွား ရေး ကွာဟချက်ကို တတ်နိုင်သလောက် စိနိုင်ဖို. မျှတသင်.သလောက်မျှတစေဖို.၊ ခိုင်မာသေချာတဲ. ဥပဒေတွေကို ဖြစ်စေဖို.  အရအရပြုတဲ. သူတွေ က  အလွန် ရဲ ရင်.ပြီး မူဝါဒ ပိုင်း၊ အတွေးအခေါ်ပိုင်းမှာ ၊ သူမတူ တဲ. ဥာဏ်ကြီးရှင် intellectual elite တွေများတယ်။

ဒီလို မက်မောတောင်.တစရာ လူ.အရင်းအမြစ်အားကောင်းတဲ. နိုင်ငံမျိုးမှာ ဖြောင်.မတ်သော လူတော်တွေ ကဆောင်ယူတဲ. အသွင်ပြောင်းကာလတွေ ရှိခဲ.တယ်။ အဲသလို နို င်ငံတွေမှာ အလွန်.အလွန် ချမ်းသာတဲ.သူတွေ ကို အမြစ်ပြတ်ခြေမှုန်းစရာ လုံးဝ မလို သလို၊ လုပ်ခွင်.လည်းမရှိပါဘူး။ ကာလီဖိုးနီးယား ရွှေခေတ်ထ အပြီးမှာမှ ခု အများသိကြတဲ. အမေရိကန် အိမ်မက် ဆိုတာ ဖြစ်လာတာပါ။ American Dream ကို လူတွေ မသိခင်၊ ဒီ အမေရိကန်အိမ်မက်ကို အားကျပြီး နိုင်ငံအ၀ှန်းမှာ ကျယ်ကျယ်ပြန်.ပြန်.မရှာဖွေကြခင် California Dream ကာလီဖီုးနီးယား အိမ်မက် ဆိုတာက အရင်ဖြစ်ခဲ.ပေါ်ခဲ.တာ ဖြစ် တယ်။ ၁၈၄၈ မှာ ရွှေ ကို အလုအယက်ရှာတဲ. ကာလီဖိုးနီးယားကအိမ်မက် သစ်မပေါ်ခင် မှာ အဲဒီ.ဒေသက မက္ကစီကိုပိုင်တဲ. ပြည်နယ်။ ၁၈၄၈ အလွန် ၁၈၄၉ မှာ အဆင်ပြေ လွယ်ကူတဲ.ရွှေမိုင်းတွေက ရွှေတွေ အကြီးအကျယ်ထွက်ပြီးတဲ.နောက်  ဖယ်ဒရယ် အစိုးရက ကာလီဖိုးနီးယားကို ၁၈၅၀ မှာ မက္ကစီကို နိုင်ငံက ပြန်ဝယ်ယူလိုက်တယ်။ ဒါပေမဲ. Gold rushတိုင်းမှာအငြင်းပွားစရာ ပြဿနာတွေ ကနေရာတိုင်းမှာရှိခဲ.ပါတယ်။ အာဖရိက၊ အင်ဒိုနီးရှား က gold rush တွေက တော. လူဖြူတွေ ရဲ. သွေးစုပ်ခြင်းသက်သက်မျှသာ။ 

ကာလီဖိုးနီးယား မှာတော. သူတို.ဥာဏ် ကြီးတယ် ပြောရမလား၊ လူရည်လည်လွန်းတယ်ပြောရမလား၊ ပါးနပ်တဲ. အစိုးရတွေများ သူတို.လက်ဦးမှု ရယူပုံတွေ က တော်တော် ခြေလှမ်းကြဲ ၊ ခရီးရောက် ခဲ.တာတော.အမှန်ပဲ။ ၁၈၄၉ လောက်မှာ ကို ပွင်.လာတဲ. စီးပွားရေးတွေအသစ်တွေ၊ နဲ. အတူ တစစ များလာတဲ. လူဦးရေ ကြောင်. ကာလီဖိုးနီးယားဟာ အရင်ကာလီဖိုးနီးယား မဟုတ်တော.ဘူး။ တောင်းဆိုမှု အသစ်တွေ၊ လိုအပ်ချက်အသစ်တွေနဲ.အတူ၊ စိမ်ခေါ်မှုတွေ ဖြစ်လာ ရှိလာခဲ.တယ်။ တချိန်ထဲမှာပဲ  သစ်လွင်ကောင်း မွန်တဲ. အဖြစ်အပျက်တွေလဲ ကာလီဖိုးနီးယားမှာ မြန် မြန် ဆန်ဆန် ဖြစ်ပေါ်လာ ခဲ.တယ်။ ဆန်ဖရန်စစ်စကို နဲ. အနောက်ဖက်ခြမ်းဟာ ကမ္ဘာ. နေရာတိုင်းကလူသစ်တွေကို ကြို ဆိုနေ တဲ.၊ imagination and ideas စိတ်ကူးစိတ်သန်း အယူအဆ တွေနဲ.ပြည်.နေတဲ. နေရာ သစ်တခုဖြစ်ခဲ.တယ်။ ကျောင်းတွေ။ ဘုရားရှစ်ခိုးကျောင်းတွေ၊ လမ်းတွေ၊ ရထားလမ်းသစ်တွေ၊ ရွာသစ် မြို.သစ်တွေ၊ ကူးသန်းရောင်းဝယ်မှု လုပ်ငန်းသစ်တွေ၊ အခြားနိုင်ငံတွေသာမက အမေရိကန်က ကျန်တဲ. အပိုင်းတွေက ရွှေ.ပြောင်းနေထိုင်သူတွေ၊ ဆိပ်ကမ်းသစ်တွေ။ မြို.ပြ ရဲ.လိုအပ်ချက်အရ လူမှု အဖွဲ. အစည်းတွေ။ ဘဏ်တွေ၊ ဈေးဌာနတွေ၊ ဥပဒေပြု စီတီ ကောင် စီတွေ၊ မြူနီစပယ် အုပ်ချုပ်စီမံရေး ရုံးတွေ တခုပြီးတခုပေါ်လာတယ်။ 

ကာလီဖိုးနီးယားရဲ. ဒုတိယမြောက် ရွှေပေါက်ခြင်း၊။        ။ စိုက်ပျိုးရေး လုပ်ငန်းတွေ ကို Second gold rush of California လို.သင်္ကေတ စကားအရာ နဲ. တင်စားခဲ.ခြင်းဖြစ်ပါတယ်။ 

ကာလီဖိုးနီးယားမှာ ရွှေ ကြောတခု ထပ်တွေ.တဲ. အခြေအနေတွေ ၁၈၄၈-၁၈၅၅ နောက်ပိုင်း မှာ မြန်ဆန်စွာပေါ်ခဲ.တယ်လို.ဆိုရမယ်။ ဒီရွှေ အသစ်က မြေအောက် က တူးစရာ မလိုဘူး၊ မြေကိုဖျက် စီးပစ်စရာ၊လုံးလုံးမလိုအပ်ဘူး။ ဒီရွှေ အသစ်က မြေပေါ်မှာ သူ.ရာသီ ရောက်တိုင်း ရွှေ ကဲ.သို.အရောင်အ၀ါ ၀င်းပြီးရောက်လာတယ်။ ပတ်ဝန်းကျင်၊ ရေ မြေ တော တောင် နဲ. သဘာ ၀ ကို စောင်.ရှောက် ထိန်းသိမ်းတယ်။ ပြီးတော. ဒီ ရွှေ အသစ်က စားလို. ရ တယ်။ သောက်သုံးလို.ရတယ်။ စားရင် သောက်ရင် လူကျန်းမာ စိတ်ချမ်းသာစေတဲ. မြေပဒေသာက ပေး တဲ. တကဲ. ရွှေ။ အမည် အားဖြင်. လိမ္မော် သီးလို. ခေါ်ပါတယ်။ လိမ္မော် ခြံတွေနဲ. စပြီးလုပ်ဆောင်ခဲ.လို. သာ ဒုတိယရွှေတွင်း ပေါက်တဲ. ကာလီဖိုးနီးယားလို. တင်စား ပြောကြသော် လည်း တကဲ. အဓိပ္ပါယ်က  စိုက်ပျိုးရေးခြံ တွေ ၊ မြေပဒေသာ စီမံကိန်းတွေ ကို ရည် ညွှန်းခြင်းဖြစ်ပါတယ်။အမေရိကမှာ  အကြီးအကျယ် ပွင်.လန်း စည်ပင်ခဲ.တဲ.၊စီးပွားဖြစ် စိုက်ပျိုးရေး သမိုင်းအစက အဲသလိုဖြစ်လာခဲ.တာပါ။

Unpreငedented  Myanmar Gold Rush  အရင်က မဖြစ်ဖူးသေးသော ရွှေထွက်ရွှေပေါက် ရွှေ အလုအယက်ရှာကြမဲ. မြန်မာ. ရွှေခေတ်။  

လှို.၀ှက် ချက်တွေ၊ ပူးပေါင်းကြံ့စည်မှုတွေ အများကြီးရှိတယ်။ ဒိုင်းနမိုက် နဲ. ရှာ ကြတော.မှာ မို. လူတွေ ကို မလိုအပ်တော.တာ ဖြစ်နိုင်ပါတယ်။ အင်ဒိုနီးရှားမှာ mining and extraction contract   ရခဲ.တာ ကအမေရိကန် ကုမ္ပဏီပါ။ ခု တနင်္သာံရီ နဲ. ကျန်တဲ. ရွှေ ကျောတွေကို ၂၀၁၂ နှစ်ဆန်းပိုင်းကစပြီး  survey နဲ.recommendation-တွေ လုပ်ဆောင်ဖို. အတွက် အထူးအချိုအချောင် ဈေးနဲ. Concession ရထားတာ အမေရိကန် နဲ. တရုတ်က လက် နက်နဲ. ထုတ် တဲ. တရုတ်ကုမ္ပဏီ တခုပါ။ ကနေဒါက က ရွှေတူးကုမ္ပဏီဟောင်းကတော. China Gold Association and China International Mining နဲ.ပြန်စကားပြောနေပြီး၊ တော်တော်များများ က ဥိးသန်းရွှေ သားမက် ယူနန် က သံမှုး စီ အစီရင် ခံ ကြရတယ် လို. ကြားပါတယ်။ မြန်မာပြည်ရွှေသမိုင်းကတော.ဒီလောက်ပါပဲ။

Non-violent Strikes တွေ ကို ကြောက် ရွံ. သူ၊ ဒါးကိုင် ဒုတ်ကိုင် သေနတ်ကိုင်၊ ရွှေတွင်းပိုင်။ ခရိုနီအုပ်ချုပ်ရေးကို မေးခွန်းများမေးကြမယ်။   

။ခရိုနီ ကြီးတွေ က သူတို.ကိုသူတို. ကမ္ဘာ.တန်းဝင် စီးပွားရေး သမားကြီးတွေ လိုလို၊ အဖြစ်အပျက်အားလုံး အ၀င်အထွက်တွေ အားလုံးကို ထိန်း ချုပ်ထားနိုင်သလို မျက်နှာဗြောင်တိုက်နေကြ ဆဲပဲ။ တကယ် ဥာဏ်ရည်ဥာဏ်သွေးကြီးပြီး သတ္တိ ရှိတဲ. စီးပွားရေး သမားတွေဆို ပိုင်ဆိုင်မှု ရွှေ ငွေ ဘဏ် စာရင်းအင်းတွေ များ ဘာပူစရာ ရှိသလဲ။ ပြည်သူ.ကြား.ချပြ ဖို. တောင်းဆို သင်.ကြတယ်မဟုတ်ပါလား။ သွေးရိုးသားရိုးနည်းတွေ နဲ. ကြွယ်ဝလာသော စစ် ဗိုလ်ချုပ် ကြီးတွေ၊ဖြစ်လို.ကတော. သူတို. မိတ်ဆွေ ခရိုနီတွေ ရဲ. Business skills တွေကို ပြည်သူသိပါစေ၊ ကမ္ဘာကြီးသိပါစေ၊ သူတို. ဒီလိုလုပ်ရဲပါသလား။ ၂၀၀၆ က ၂၀၁၁ အထိစပြီး မဖြစ်လို.သာ ကမ္ဘာကို သူတို.တင်ပြတဲ. ရွှေ ထုတ် နှုန်းက မြန်မာတပြည်လုံးမှ တနှစ် ကို ၁၀၀ ကီလိုဂရမ် ပဲ ထွက်တယ်တဲ.။ ဖြစ်နိုင်ပါ.မလား။ စစ်အစိုးရ ကို အမြဲ ဆန်.ကျင် ခဲ.တဲ. KNU ရဲ.ပေါ်လစီ  ပြောင်း လဲ သွားရ တာ ငြိမ်းချမ်းရေး သက်သက် တခုထဲ ကြောင်.တော. မဟုတ်တန် ရာ ဘူး။ ၁၉၈၉ မှာ အစိုးရ စစ်တပ် က KNU ကရင်အဓိကစခန်းတွေ ကို ကြမ်းတန်းစွာခြေမှုန်းခဲ. တဲ. တိုက် ပွဲ တွေ မှာ တချက် ထဲနဲ. စူပါစတားဖြစ်သွားတဲ. ဗိုလ်မှုး ရွှေမန်း က KNUကို စိတ်ပိုင်း ဆိုင်ရာ အရနိုင်ပြီးသားလို.ပြော ရင် မ မှားနိုင်ဘူး၊ ဦးရွှေမန်း ရဲ. သူရ ဘွဲ.ဟာ ကရင် ကို အတိုက်ကောင်း လို. ရ ခဲ.တာ ဖြစ်လေတော.၊ ခု ကရင်ပြည်နယ်က စီးပွားရေး ဆို တာ ဥိးရွှေ မန်း ခွင်.ပြူချက် နဲ.သာ ဖြစ်ရ တာ မဟုတ်ပါလား။ ထူး ဂရုရဲ. ပိုင်ဆိုင်မှုတွေ၊ ကရင်ပြည်နယ် ကရွှေ တူး ရွှေရောင်း အစီအစဉ်တွေမှာတောင် ကရင်က သိပ် လွတ်လပ်တာ မဟုတ်ပါ။  ပေါင်း ပြီး စီးပွားရေးမလုပ် ရင် ဦးရွှေ မန်း ပို. လိုက်မဲ. စစ်တပ်ကို မနိုင်ပဲ အနာခံ အသေခံ ပြန်တွန်း လှန်ရမဲ.အတူတူ၊ စစ်နားနေချင်ပြီဖြစ်တဲ. ကရင်အစည်းအရုံး ကလည်း လုံးဝ agenda ပြောင်းသွားပါတော.တယ်။    

မြန်မာပြည်က တရားဝင်ပြတဲ.ပြတဲ.ရွှေထွက် စုစုပေါင်းစာရင်းက ၁၀၀ ကီလို ( တနှစ်လျှင် ၆၁ ပိဿာ  သို.မဟုတ် ၂၂၀.၅ ပေါင် မျှ)

၂၀၀၂ က စပြီး ၂၀၁၁ အထိ ဖြစ်ကတတ်စမ်း စာရင်းလိမ် လာတာ မြန်မာ ပြည်တနိုင်ငံလုံးက အထွက် စုစုပေါင်းက ၁၀၀ ကီလို ထဲ တဲ.။ ဖြစ်နိုင်ပါ.မလား။ ပေါက်ဈေးနဲ. ဆို ဒီလောက်နဲတဲ. ရွှေပမာဏ က ဒေါ်လာနဲ.ဘယ်လောက်ရမလဲ။ ဆာဗေးလုပ်မဲ.နိုင်ငံခြား ကုမ္ပဏီတွေတောင် နောက်ပိုင်း ရွှေ ထွက် သလောက်ပေးရမဲ. နှစ် စဉ်ပါဆင်.တေ.ဂ်ျ (%)မပါပဲနဲ.တောင် ၁၀- သန်းကနေ ၁၂ သန်း အထိ ပေးနေ ရတဲ. အခါ--ခုလို ရွှေ ကီလို၁၀၀ က ရမဲ. ရောင်း ရငွေက ၂သန်းကျော်ကျော်ပဲရှိတယ်။ 
နေပြည်တော်ဖြစ်မြောက်ရေးအတွက်၊ လက်နက်တွေရဖို.အတွက်၊ ဗိုလ်ချုပ်တွေ အချို. နဲ. သူတို.ရဲ. ပွဲစား ခရိုနီတွေ ကျိကျိက်များတက် ချမ်းသာလာဖို.အတွက် မြန်မာ ပြည် ဖက် က မြစ်တွေ။ သတ္တုမိုင်းတွေ။ တောတွေ တောင် တွေ၊ အမြစ်တောင်မကျန်အောင် အပင်လိုက်ပေးရတဲ. သစ်လုံးတွေ ။ ကျောက်သံပတ္တမြားတွေ ၊ တိုင်းပြည်မှာ ရှိသမျှ တရုတ်စီရောက်သွားတယ်။ အဿပြာ မပေါ်ခင် ခေတ်က လို ပစ္စည်း ၂ခုကို အလဲအလှယ် လုပ် ဘာတာစနစ် လုပ်ကြတယ်ဆိုတာ ခု မှ အစစ်အမှန် တွေ.ရတာပါပဲ။

မြန်မာပြည် က ခိုးကြောင်ခိုးဝှက် ခရိုနီ ရွှေ ကွက်မှထုတ်လုပ်မှု

ကမ္ဘာ.တရားဝင်စာရင်း.ရွှေ ထုတ်လုပ်မှု နှုန်း အရ တရုတ်က ရွှေတန် ပေါင်း ၃၆၀ အထွက်ပြတာ မြန်မာပြည် က ခိုးကြောင်ခိုးဝှက် ခရိုနီ ရွှေ ကွက်တွေက ထွက်တာတွေ အများကြီးပါတယ်ဆိုတာ စဉ်းစားထားကြပါ။
ကမ္ဘာကြီး က gold rush တိုင်းမှာ မြို.တွေဖြစ် ခဲ.တယ်။ လမ်းတွေဖြစ် ခဲ.တယ်။ တကဲ. ၀င်ငွေတွေကို သိခွင်.ရတယ်။ လူသားယဉ်ကျေးမှု ဆုံချက် များဖြင်. တည်ထောင်ထားတဲ. ကူးသန်းရောင်းဝယ်မှု လုပ်ငန်းတွေ ဖြစ်ခဲ.တယ်။ အမေရိက အနောက်ဖက်ခြမ်းရဲ. စမ်းပွင်.လာမှု၊ ယဉ်ကျေးမှု၊ စည်ပင်မှု၊ တွေက ၁၉ရာစုနှစ် အလယ်ပိုင်း က အနောက်ဖက်ကမ်း မှာ ဖြစ်တဲ. gold rushနဲ. second gold rush (massive sustainable modern agriculture) နဲ. လုံးဝဆိုင်တယ်။  အမေရိက အနောက်ဖက်ကမ်းဟာ သစ်သီးသစ်နှံ ပန်ူးမာလာတို. ပျော်ရာမြေ ဖြစ်လာခဲ. သလို၊ ရွှေရောင်လွှမ်းတဲ.စိုက်ပျိုးမြေတွေက သစ်လွင်တဲ. စီမံကိန်းကြီးတွေ နဲ. သုံးလေးနှစ်အတွင်း  အောင်မြင်စွာပေါ်ပေါက်လာ ခဲ . သလို၊ သြစထေးလျားကgold rush အပြီးမှာ မှာတော.  မဲလ်ဘုန်းမြိုပြ ကြီး တခုကို ရခဲ.သလို၊ မြန်မာပြည်မှာ ဘာများ ဖြစ်နိုင်သလဲ။ 

အကြီးဆုံးရွှေ ကြောများတည်ရာ

အင်ဒိုနီးရှားလား၊ ရုရှားလား၊ ပညာရှင်တွေ က မထိရသေးတဲ. gold deposit sites and uncovered gold veins တွေကို ဆပြီး တွက်ချက်ပြောကြတယ်။ တရုတ်မှာရွှေဒီလောက်မရှိ ဘူး၊ တရုတ်မဟုတ်တာတော. သေချာတယ်၊၊ ဒါပေမဲ.တရုတ်က ၂၀၁၀ မှာ ၃၄၅ တန် ထွက်ပေမဲ. သူ.နိုင်ငံ ပြည်တွင်း  ရွှေ သုံးစွဲမှု ကချည်း  ၅၁၀တန် ဖြစ်နေတယ်။ ခု တရုတ် က မြန်မာပြည်က ရမဲ.ရွှေတွေ နဲ. နောင် ၃နှစ်အတွင်း သူ. ရွှေ ထုတ်နှုန်းကို တန် ၄၀၀ က ၄၁၀ အထိ  မြှင်.တင်မယ် လို.ယုံကြည်စွာပြောနေတယ်။ မြန်မာနိုင်ငံက စစ်ခရိုနီတွေ ကတော.  မြန်မာ တပြည်လုံး တနှစ်ထွက် တာ က  ရွှေတနိ ၁ တန် ရဲ. ၁၀ပုံ တပုံ ပါပဲ တဲ.။(  ၁၀၀ ကီ လို က ၁ တန် ရဲ. ၁၀ပုံ တပုံ ၊ ၁၀၀၀ ကီလိဂရမ် `= ၁ တန်) ခု တရုတ်တွေ.ထားတဲ.၊ စိတ်တိုင်းကြမတူးရသေးတဲ. သို.သော် စက်ကြီးတွေနဲ. တူးရန်ပြင်နေတဲ.  ရွှေကြောက ခု ရွှေ လုပ်သားတွေ ဆန္ဒ ပြနေတဲ. မိုးထိတောင် က စတယ်၊  တင်္နံသာရီက KNUတပ်မဟာ ၅ လုံခြုံရေးပေးပြီး စောင်.ရှောက်ထားတဲ.  မဲ ၀ိုင် ပြီးတော. တင်္နံသာရီ အောက်ပိုင်း၊ မက်လောက်တယ်၊ ထူး ဂရုက မြေ ဧက ၄ သိန်းကျော်ပိုင်တယ်။ ကျွန်းတောတွေကတော.ပြောင်နေပြီ၊ ရှားပါးသတ္တု ( ရွှေ အပါအ၀င်) ဆက်တူးကြရန်ဆက်ရန်ရှိသေးတယ်။မြန်မာပြည်လိုမြေကျောမျိုးမှာ ရွှေ ရှိရင် ကြေးနီလည်းရှိတယ်။

ဒီတော. တရုတ်က ရွှေ စင် ဆို ပြိုင်ဖက်မရှိ အများဆုံးထုတ်လုပ်နိုင်တဲ. (# 1 on the 10 top gold producing countries )  ဖြစ်နေတယ်။ အာဖရိကမှာလည်း တရုပ်စီးပွားရေးစစ်ကအောင်မြင်နေတယ်။ ရွှေ ထုတ်တာနဲ. ပတ်သက်ရင် အာဖရိက၊ သြစထေးလီးယား၊ ရုရှား သူ.နောက် က ကျန်ခဲ.ပြီ။  လပ်ထိုးလပ်ယူခြင်းနဲ. နိုင်ငံငယ်လေးတွေကို  အဲဒီ.နိုင်ငံတွေ၇ဲ. အုပ်ချုပ်မှု စနစ် ကို ပါ ရ စရာ မရှိအောင် နဲ. ဖျက်ဆီးတဲ. နေရာမှာneo colonial leech  ဖြစ်နေတဲ. တရုတ်က လည်း တချိန်က အာဖရိက နဲ. အေရှ မှာ British Empire ကြီး ဂုတ်သွေးစုတ်တာနဲ.သိပ် မထူးပါ။ အာဖရိက က ၀ယ်တဲ. ရွှေ တွေ၊ မြန်မာပြည်က  အချောင်ရတဲ. ရွှေတွေ အားလုံးကို ရွှေ ချောပြု ပြီး China-made လုပ်တော. တရုတ်ကသာရွှေ အများဆုံးထွက်တဲ.နိုင်ငံဖြစ်နေတယ်။ ထုံးစံက အရှေ.ဖက်ပိုင်းကပြည်နယ်တွေမှာပဲ ရွှေ တူးနေကြ တရုတ် က ခု ၂၀၀၀ နောက်ပ်ုင်း၊ သိသိသာသာဆို ၂၀၀၆ နောက်ပိုင်းမှာ အနောက်ဖက်ပြည်နယ်တွေဖြစ် တဲ. ဂွေဂျို၊ ယူနန်တိုမှာ ပါ ရွှေ ထုတ်တယ် ဆိုပဲ။ အမှန် က မြန်မာ.နိုင်ငံက မြေတွေ ရေတွေ မြစ်တွေ ကို အကုန်သဲ. အကုန်ဖဲ.ပြီး အကြမ်းက အချောလုပ်တဲ. လုပ်ငန်းတွေ ကို  ယူနန်မှာ လုပ်ခဲ.တာသာဖြစ်တယ်။

တရုတ်မျော.ကြီး ရဲ. လက်ဝေခံ လို ဖြစ်နေတဲ. ဗိုလ်ချုပ်တွေ ကလဲ အမျော်အမြင် ဆိုတာ လုံးလုံးမရှိလေတော.၊ ရွှေ သတင်းဆို အကုန် ရတဲ.နည်းသုံးပြီးပိတ်တော.တာပဲ။ မြန်မာပြည်က ခု gold rush  ရွှေ အလုအယက်ရှာ၊ ရွှေ ကြောကြီးကို  လူသိပ်မသိဘူး။ တရုတ်သိတယ်။ ခရိုနီတွေ နဲ. ဗိုလ်ချုပ်တွေ သိတယ်။ အမေရိကန် မိုင်းတွင်း မိုင်းဖေါ်ကုမ္ပဏီ သိတယ်။သူတို.ထက် ပိုပြီး အမြတ် အစွန်း များများရမဲ.   ကုန်သည်တွေ သိတယ် ၊ တတ် ကျွမ်းတဲ. ကမ္ဘာ.ဘူမိဗေဒ ပညာရှင် တွေက ထွက်နှုန်း၊ဖေါ်ထုတ် လွယ်ကူမှု၊  နဲ. ရွှေတည်တဲ.မြေ သား ထု ထည် ကို ကြည်.ပြီး အင်ဒိုနီးရှား က ရွှေ သိုက်က ရုရှားက ရွှေ သိုက်ထက်ကြီးတယ်လို. ဆိုကြတယ်။အဲ ဒီတော.  အင်ဒိုနီးရှားက ရွှေ ကြော နဲ. တဆက်ထဲဖြစ်နေတဲ. မြန်မာပြည်ကရွှေကြောကြီးကို စိတ်ကူးနဲ. တဆက်ထဲဆက်ကြည်.ပါ၊ စစ်အာဏာရှင် ခရိုနီ တွေ အုပ်ထားတဲ. ဆလောင်းဖုံးအောက်က အံဇာတုံးရဲ. အရောင် ကိုသာ မြင်အောင်ကြည်.ကြပါ။

ခုမြန်မာပြည်က ရွှေကြောကို လျှော. မတွက်ကြပါနဲ.။ မြို.သစ်တခု ၇ဖို.၊ ခရို နီ ၃၀ လောက် နဲ. သူတို. အသိုင်းအ၀ိုင်း အများဆုံးလူ ၃၀၀၀-၅၀၀၀ လောက် ကို ပဲ အာရုံထားကြည်.ပါ။ နိုင်ငံ တခုလုံးက လူ ဦးရေေ၇ ဒီ အရေ အတွက် က မဖြစ်စလောက်လို.ပြောလို.ရပါတယ်။ ဒါပေမဲ. ဒီ လူ တစုရဲ. အဖျက်အား destructive power ကို သေသေချာချာ မရှင်းနိုင်ရင် သန်း၆၀ ထာဝရမျက်နှာငယ် ပြီး အားလုံး ဂျပန် နဲ.NGO  တွေ စီမှာ တောင်းစားနေရတဲ. ဘယ်လိုမှ လူစဉ်မီလာမှာ မဟုတ်တဲ. ဒီမိုကရေစီ မရှိဆုံး  ဒီမိုကရက်တစ် မြန်မာနိုင်ငံပဲ ဖြစ်လာမှာပါ။ ခုလဲ-မြန်မာပြည်မှာ မီးမျိုးစုံ လောင်မြိုက်နေဆဲပါ။ ပထမဆုံးအားလုံးဝိုင်းသတ်ရမဲ.မီးကတော. ခရိုနိတွေရဲ. ခေါင်ခိုက်နေတဲ. လောဘမီးပဲဖြစ်ပါတယ်။ ဒီမီးကို စသတ်ရမှာက အမျိုးသားတခုလုံးရဲ. တာဝန်ဖြစ်ပါတယ်။ ဒီမီး ကို မသတ်နိုင်ခဲ.ရင် မြန်မာပြည်မှာ လူစစ်စစ်ရယ် လို. ကျန်မှာ မဟုတ်ပဲ သမင်နဲ.ကျား ၂မျိုးသာ ရှိတဲ. လူနေလို.မရတဲ. တောကြီးမျက်မဲ တခု သာဖြစ်ကျန်ခဲ.မယ်။ သမင်မွေးရင်းကျားစားရင်း၊ သမင်မှန်သမျှ ကျားအတွက်သက်သက် သာ ဖြစ်လိမ်.မယ်။

ကာလီဖိုးနီးယားက ဒုတိယရွှေ နှစ်များမှာလိုအောင်မြင်တဲ. စိုက်ပျိုးရေးခြံတွေ၊ စနစ်တကျ စိုက်ပျိုးဆောင် ရွက် မှု တွေ ကို မြန်မာပြည်မှာတွေ.ချင်တယ်။၊ ခရိုနီ တွေ လုယူ မောင်ပိုင်စီးထားတဲ. မြေတွေ ပြန်ယူ၊ လယ်လုပ်သူလယ်ပိုင်ခွင်.ရှိလို.  ၀ါဝင်းနေတဲ.သစ်သီး ခင်းတွေ စပါးခင်းတွေနဲ. မြန်မာပြည်မှာ စားနပ်ရိက္ခာ ဖူလုံတဲ. စိုက်ပျိုးရေး ခေတ်၊ တရားမျှတခြင်းတွေ ထွန်းကားလာပြီးနောက် တောင်သူလယ်သမားကြီးတွေ မငိုကြွေး မပူဆွေးရ တဲ. ခေတ်တခေတ်ကိုတော. တနေ. မှာ အားလုံးပြန် ရောက်ကြမယ် လို. ထင်ပါတယ်။ အဲဒီ.နေ. ကို မရောက်သေးသရွေ.ကတော. သူတို. အရိပ်မဲ လက်မဲကြီးတစုံ အောက်မှာ ကြေမွ သွေးယိုနေသော မြန်မာနိုင် ငံတော် ၏ ပကတိ တရား သည်--------သူတို.လောဘ ရဲ.လောင်မီး၊ ထို.ကြောင်. ဒီမီးကို အများပြည်သူတွေ က ဇွဲကြီးကြီးဖြင်.မရ  ရအောင်ငြိမ်းသတ်ရမှာဖြစ်ပါကြောင်း၊ မီးသတ်ကား နဲ.တူသော မြန်မာ.လွှတ်တော် ကြီးတခု  မြန်မြန် ပေါ်ပေါက် ပါစေကြောင်း၊    

ကျေးဇူးပါ။
aye aye soe win
June 16, 2012

To  Us, the mother lode is the river-bed,
The river-bed of the Irrawaddy, her children and other things alike—
---Forests, mountains, green fields, and good earth
From where greatest gifts come to brighten the land.

To Them, the mother lode is in the looted gold,
The shadow of it so long yet inexplicably dark and narrow,
Ripping off every inch that made up of Motherland,
Look out! These thieves still keep her on fire.
(ဓါတ်ပုံက အင်တာနက်က ရတဲ. Grasberg Gold Mine at Papuan, Indonesia ပဲဖြစ်ပါတယ်။ လှ သလိုလိုနဲ. သေသေချာချာကြည်.ရင် ငရဲတွင်းကြီးနဲ. တူသလိုပဲ။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...